Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
Barbershop 2: Back in Business (2004)
ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့...နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Comedy, Drama Subtitle….Myanmar ...
movie
Barbershop 2: Back in Business (2004)
Unpredictable/ Nieobliczalna (2024)
အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ယောက်ျားစိတ်အလိုကျနေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။**Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(736 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Unpredictable/ Nieobliczalna (2024)
The Clearing (2004)
The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။"The Clearing" ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Clearing (2004)
7.8
The White Ribbon (2009)
ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre... Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
The White Ribbon (2009)
7.5
Skunk (2024)
IMDb 7.5/10 ထိရရှိထားပြီး Winner ၂ဆု နဲ့ Nomination ၁ခုထိ ရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ.....လီယမ်ဟာ abusive ဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်နှက် နှိပ်စက်ခံလာရင်းကနေ အဖွဲ့တစ်ခုကနေ သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအဖွဲ့ထဲမှာနေရင်း သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ရင်ဆိုင်ပုံ ဒီအဖွဲ့ထဲမှာ ရန်သူတွေ မိတ်ဆွေတွေ နဲ့နေထိုင်သွားပုံကို ကြည့်ရှူရမှာပါ။ဒီဇာတ်ကားရဲ့ Genre ကို Thriller/Drama လို့သတ်မှတ်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ စိတ်အနှောက်အယှက်ပေးနိုင်တဲ့ တချို့ ရိုက်ချက်တွေလည်း ဒီကားထဲမှာပါဝင်ပါတယ်။ဒီကားကို ဒတ်ခ်ျဘာသာစကားကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာကိုမှ တစ်ဆင့်မြန်မာလိုထပ်ပြန်ရတဲ့အတွက် လိုအပ်ချက်တချို့ရှိနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ဗျ။ File size…(3.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
Skunk (2024)
5.6
A Prince (2023)
A Prince (2023)ယခုဇာတ်ကားဟာဆိုရင် ထူးဆန်းတဲ့တင်ဆက်ပုံမျိုးနဲ့ ဇာတ်ကားလို့ပဲ ဆိုရမှာပါ။ ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်ပြီး ခံစားချက်အမျိုးမျိုး ပေးနိုင်မယ်လို့ ထင်ပါတယ်။ IMDb rating အနေနဲ့တော့ 5.6, Rotten Tomatoes 70% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပီရဲယ်ဂျိုးဆက်ဖ်ဟာ ဥယျာဉ်ပန်းမန် စိုက်ပျိုးခြင်းပညာကို သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူ့အဖေဟာ မုဆိုး၊ သူ့အမေဟာ တိရစ္ဆာန်ရုပ်လုံးသွင်းတဲ့ပညာရှင်တို့နဲ့အတူ ကြီးပြင်းခဲ့ရတဲ့သူပါ။ ဒါပေမယ့် သူ့အဖေနဲ့အမေဟာ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်နေကြတာမို့လို့ စိတ်ဒဏ်ရာရခဲ့သူပါ။ ပီရဲယ်ဂျိုးဆက်ဖ်ဟာ အတန်းထဲမှာ ထူးခြားနေတဲ့သူမို့ အတန်းထဲကို စာလာသင်တဲ့ ဆရာရဲ့ ဂရုစိုက်မှုကို ခံရပါတယ်။ ပီရဲယ်ဟာ ဥယျာဉ်မှူးအလုပ်လုပ်ရင်း သူ့ရဲ့ ဆန်းပြားတဲ့ လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုပွင့် ထွက်လာပြီး ဘဝကို ရှေ့ဆက်လျှောက်ဖို့ကြိုးစားပါတော့တယ်.....အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 573MB Format… mp4 Duration…. 1h ...
movie
A Prince (2023)
2023
3 Days 2 Nights in Poblacion (2024)
3 days 2 nights in Poblacion (2024)ကောင်မလေးတွေရဲ့ဘဝမှာ သူတို့ဘော်ဒါကောင်မလေးတွေနဲ့ အတူတူခရီးတွေထွက် ဘားတွေသွား စားချင်ရာတွေစား လုပ်ချင်တာတွေလုပ် စသည်ဖြင့် အတူတူပျော်ရွှင်ကြဖို့ တစ်ခါလောက်တော့ စိတ်ကူးယဉ်ဖူးမှာပါ Girls Night တို့ Girls Trip တို့ပေါ့ ယောကျာ်းလေးတွေက အဲ့လိုမလုပ်ချင်ဘူးလားဆိုတော့ မဟုတ်ပါဘူး လုပ်လွန်းလို့ခက်နေတာပါ အဲ့တော့ အခုတစ်ခါပရိသတ်ကြီးကို တင်ဆင်ပေးမယ့်ကားလေးက စိတ်ကူးယဉ်ရုံတင်မကပဲ နှစ်ယောက်ထဲအပြတ်ကဲတဲ့ကောင်မလေးနှစ်ယောက်အကြောင်း ဖြစ်ပါတယ် ဖိလစ်ပိုင်ရဲ့ Night Life တွေမှာ အသဲကွဲနေတဲ့သူငယ်ချင်းကို ကုစားပေးရင်း အချစ်သစ်ကိုရှာဖွေပေးရင်း ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေကြတဲ့အခါ မီးရောင်စုံ တေးသံစုံတွေအောက်မှာ ဘာတွေဆက်ဖြစ်မလဲကတော့ ပရိသတ်ကြီးကပဲ ကြည့်ရှုအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 789MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie
3 Days 2 Nights in Poblacion (2024)
2024
5.8
Unfinished (2018)
Unfinished (2018)၁၉၈၆ ခုနှစ် စစ်အေးတိုက်ပွဲအပြီးမှာ တောင်၊မြောက် ကိုရီးယားနဲ့ အရှေ့၊အနောက်ဘာလင်နိုင်ငံရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်ဒီရုပ်ရှင်ကတော့ အဲဒီခေတ်က တောင်၊မြောက်ကိုရီးယား သူလျှိုတွေ ဂျာမနီနိုင်ငံမှာ ခြေရှုပ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်အိုယောင်မင်းက သုတေသနပဲလုပ်ချင်တဲ့ ပါမောက္ခဖြစ်ပေမဲ့ သူများရဲ့ လှည့်ဖျားခြင်းကိုခံရပြီး မြောက်ကိုရီးယားသူလျှိုအဖြစ်နဲ့ ဂျာမနီကို ရောက်လာခဲ့ပါတယ် ဖြစ်ချင်တော့ သူက သူလျှိုဆိုတာကို ဖော်ထုတ်ခဲ့လို့ မိသားစုကို ပြန်ပေးဆွဲခံရပြီး သူ့ရဲ့မိသားစုဝင်တွေကို ပြန်ကယ်တင်ဖို့ကြိုးစားသွားမှာပါ သူလျှိုတွေပြည့်နေတဲ့နိုင်ငံမှာ မိသားစုကိုကယ်တင်ဖို့က တော်တော်ခက်ခဲပါတယ် ဒါပေမဲ့ အိုယောင်မင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်ခဲ့ပါတယ် အဆုံးမှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်မလားဆိုတာကို ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 508MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
Unfinished (2018)
2018
5.5
Starve Acre (2023)
ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်....သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ...သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်...အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း...သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်...အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Starve Acre (2023)
7.1
Casualties of War (1989)
ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကိုချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Casualties of War (1989)
5
(18+) Honey (aka) Miele di donna (1981)
Miele di donna aka honey(1981)ဒီတစ်ခါ DS ရဲ့ ဝါရင့်ပရိသတ်ကြီးအတွက် ငယ်ငယ်ကခွေထိုးကြည့်ဖို့ အသဲအသန်ငှါးပြီး အသေအလဲခိုးကြည့်ခဲ့ရတဲ့ Old but gold ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဇာတ်ကားလေးက ပြင်သစ်ကားလေးဆိုတော့ ထုံးစံအတိုင်းပြောရရင် သဘာဝကိုသဘာဝအတိုင်းချပြပြီး ရသမြောက်စေတဲ့ ပန်းချီကားလေးပေါ့ဗျာအခုဇာတ်ကားလေးထဲမှာလည်း ထုတ်ဝေသူတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး သူ့ဝတ္ထုကိုဖတ်ကြည့်ခိုင်းတဲ့ စာရေးဆရာမရဲ့ဇာတ်လမ်းဟာ ဘယ်လောက်သဘာဝဆန်မလဲဆိုတာ ပရိသတ်ကြီးပဲခံစားကြည့်ရှုဆုံးဖြတ်ပေးဖို့ ပြောလိုပါတယ် File size…2.64GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by AndrewMason
movie
(18+) Honey (aka) Miele di donna (1981)
1981
4.8
Super Nani (2014)
Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie
Super Nani (2014)
2014
6.6
Polarized (2023)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်းမိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီးဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာမြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေမန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေဖြစ်လာချိန်မှာတော့...။ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင်တာမို့ ...
movie
Polarized (2023)
6.5
Janet Planet (2023)
ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီးတွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကိုကြိုတင်အသိပေးပါစေ။ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်းဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ်သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင်ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့တင်စားထားတာမျိုးပါ။ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီရိုက်ပြထားပါတယ်။အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်းအာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက်တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီဝင်လာခဲ့ကြပါတယ်။အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘောလူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့စိတ်ထဲကျန်နေခဲ့မှာပါ။ဆိုတော့... ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…3.14GB ...
movie
Janet Planet (2023)
6.4
Hard Miles (2023)
၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာစိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကိုလမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီကReview ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခုဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေကလူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Hard Miles (2023)
7.5
Pearl (2022)
Pearl (2022)~ IMDb - 7.5/10, Rotten Tomatoes - 90% ~Hereditary တို့ Midsommar တို့လို မာစတာပိစ် Horror Thriller ကားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောကြတဲ့ The House of the Devil ကို ရိုက်ခဲ့တဲ့ Ti West ဟာ 2022 မှာ A24 နဲ့ပေါင်းပြီး X နဲ့ ပြန် Comeback ခဲ့ပါတယ်။ X ဟာ အတော်အောင်မြင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့အပြင် စတီဖင်ကင်းရဲ့ ချီးကျူးမှုပါခံခဲ့ရတယ်။ သူ့ Prequel ဖြစ်တဲ့ Pearl ကလည်း မာတင်စကောဆေးစိလို ရုပ်ရှင်လောကရဲ့ ဆရာကြီးက ချီးကျူးတာပါခံခဲ့ရသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတင်မကသေးပဲ A24 ဖန်တွေကလည်း ...
movie
Pearl (2022)
2022
5.7
Ichikei’s Crow The Movie (2023)
Michio Iruma ကတော့ တိုကျိုခရိုင်တရားရုံးရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာတရားရုံးမှ ထွက်ခွာပြီး နှစ်နှစ်အကြာမှာ အိုကာယာမစီရင်စုရှိ Setouchi မှာ တရားသူကြီးတစ်ဦးအဖြစ် လုပ်ဆောင်နေတာပေါ့ ....လက်ရှိမှာတော့ သူက ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ကာကွယ်ရေးဝန်ကြီးနှင့် ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေရတာပါ...နောက်ထပ် အမှု့တစ်ခုကိုလည်း လက်ခံထားပြီးနောက်ဒီအမှု့နှစ်ခုက ဆက်စပ်မှု့တွေ ရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါ ဘာတွေ ဆက်လုပ်မလဲ...( ဘာသာပြန်ပြိး အညွှန်းရေးသားထားသူကတော့ Kiwi ပါ )File size_(1.6GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie
Ichikei’s Crow The Movie (2023)
6.2
M (2007)
M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
M (2007)
6.7
Primer (2004)
Primer (2004) Genre – Drama, Sci-fi, Thrillerအင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီးလုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကိုတခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကိုတစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့်သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ File size… 1.7 GB / 892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Drama/Sci-Fi/Thriller Subtitle…. Myanmar Subtitle (Hard ...
movie
Primer (2004)
6.5
The Education of Charlie Banks (2007)
Fred Drust ရိုက်ကူးတဲ့ The Education of Charli Banks ကတော့ သူငယ်ချင်းဆက်ဆံရေးနဲ့ အမှားကိုပြန်ပြင်ဖိုကြိုးစားတဲ့အကြောင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ကြွယ်ဝစွာနဲ့ ရိုက်ကူးထားတဲ့ ကောလိပ်လူငယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Charli Banks က သူငယ်ငယ်က အရမ်းကြောက်ခဲ့တဲ့ လူကြမ်းသူငယ်ချင်း Mick Leary ကို ပါတီပွဲခေါင်မိုးထပ်မှာ ကောင်လေးနှစ်ယောက်ကို ရန်ဖြစ်ပြီးသေမတက်ရိုက်နှက်မှုနဲ့ ရဲကို ခိုးပြီးတိုင်ကြားခဲ့တယ်။ ဒါပေမဲ့ Charli က Mick သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်မှန်းသိရင် Mick ရဲ့လက်ချက်ကိုမိမှာကြောက်ပြီး မျက်မြင်သက်သေကို ပြန်ရုတ်သိမ်းခဲ့တာမို Charli ထောင်ကနေ လွတ်လာခဲ့တယ်။ဒီလိုနဲ့သုံးနှစ်ကြာပြီး Charli နေတဲ့ ကောလိပ်အဆောင်ကို Mick ပြန်ရောက်လာတော့ Charli သူ့ရဲ့ လျှိဝှက်ချက်ကို ဆက်ထိန်းထားနိုင်မလား၊ Mick ကရော အရင်လို မဆိုးသွမ်းတော့ဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတဲ့အဆက်ကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ...
movie
The Education of Charlie Banks (2007)
First
13
14
15
16
17
Last
Previous
Next