Channel Myanmar

Drama

Jobs (2013) 6.0
Jobs (2013) Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie

Jobs (2013)

Ghostlight (2024) 7.7
Ghostlight (2024)  ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့IMDb rating 7.8 အထိ ရရှိထားတဲ့Family Dramaအမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း-ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူနေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့်စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်းထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက်ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကိုဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။ File size…2.19GB/ 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Ghostlight (2024)

Notes on a Summer (2023) 5.5
Notes on a Summer (2023)  မာတာဆိုတဲ့ ကောင်မလေးတစ်ယောက်က ကောင်လေးဖြစ်သူနဲ့ မက်ဒရစ်မှာ အတူနေပြီ ပိတ်ရက်မှာ မိသားစုရှိတဲ့ ဂီဂျွန်မြို့လေးကိုပြန်တဲ့အချိန် သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အဆက်ဟောင်းနဲ့ ပြန်တွေ့ပုံတွေ အကြောင်းကို Drama ဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါတကယ်ကို ဇာတ်လမ်းက ဒါပါပဲ ဒါပေမဲ့ တကယ့်ကိုအမှန်တကယ်လောကကြီးထဲ ဖြစ်ပျက်နေတာကို ရိုက်ပြထားတာမို့ အတော်လေး လက်တွေ့ဆန်ပါတယ် တချို့အခန်းတွေမှာတော့ ၁၈ ယောက်စုကြည့်ရတဲ့ အပိုင်းတွေပါလို့ မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ဘူးလို့ သတိပေးပါရစေ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:23:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue
movie

Notes on a Summer (2023)

Scarborn (2023) 7.2
Scarborn (2023)  အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Scarborn (2023)

Kailasa Kasidre (2024) 7.6
Kailasa Kasidre (2024) Kailasa Kasidre 2024 ပျားရည်ဆမ်းခရီးလမ်းဒီတစ်ခါမှာတော့ စော်မလိုက်တတ်တဲ့ဘဲကြီးတွေနဲ့ တော်ကီအလန်းနဲ့မချုပ်တတ်တဲ့လူတွေဖို့ ဟာသလည်းရ ပညာလည်းရမဲ့ကားလေး တင်ဆက်ပေးထားပါတယ်ဒီပါ့ခ်နဲ့ အန်ဂျလီတဲ့ သူတို့တွေ့ဆုံပုံက မီးပွိုင့်မိရင်းစခဲ့တယ် ဘေးချင်းယှဉ်ရပ်မိရင်း ဇာတ်လမ်းဖြစ်တည်ခဲ့ပုံက ရုပ်ရှင်ဆန်ဆန်ပေါ့ မြင်မြင်ချင်း သဘောကျမိသွားလို့ အန်ဂျလီ့နောက်တစ်ကောက်ကောက်လိုက်ရင်း သူ့ဖြစ်တည်မှုတွေကို အသေးစိတ်စုံစမ်းခဲ့တယ်အရမ်းလိုချင်နေရင် ရကိုရတယ်ဆိုတဲ့ သူ့ခံယူချက်နဲ့ ဒီပါ့ခ်တစ်ယောက် အန်ဂျလီ့ကိုရဖို့ကြိုးစားရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခုထဲပါသွားခဲ့ရတယ် အန်ဂျလီကလည်း ခေသူမဟုတ် ရုပ်လေးရော ဘော်ဒီလေးပါမိုက်တဲ့အပြင် အလုပ်အကိုင်လေးကလည်းကောင်းဆိုတော့ တော်ရုံလူစိတ်ထဲမထည့်တတ်သူလေး ဒီလိုကောင်မလေးအချစ်ကိုရဖို့ ဒီပါ့ခ်တစ်ယောက် ဘယ်လိုတွေကြိုးပမ်းပြီး ဘာတွေဆက်ဖြစ်သွားမယ် သူ့ဘဝဘာတွေပြောင်းလဲကုန်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 2.6GB/ 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ Alex ~ ToMo
movie

Kailasa Kasidre (2024)

2024
Theppa Samudram (2024) 8.1
Theppa Samudram (2024) Theppa Samudram 2024 လူပျောက်ရှာပုံတော်IMDb -8.2/10Plot twistများများနဲ့ တေလဂူ crime drama ကိုနှစ်သက်တဲ့ CM Bollywood ပရိသတ်တွေအတွက် တေလဂူမင်းသားကြီး Arjun Ambatiရဲ့ Crime dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ဖောင်ဒေးရှင်းတည်ထောင်သူအင်ဒူ ၊ အင်ဒူကို တိတ်တခိုးချစ်ရပေမဲ့ ငြင်းခံရမှာကြောက်လို့ပြောမထွက်တဲ့ဗီဂျေးနဲ့ အမှုကိုစုံစမ်းမယ့်SI ဂနေ့ရှ်တို့ပေါင်းပြီး အမှုဖော်ထုတ်ကြပုံကို ကြည့်ရှုခံစားရမှာပါ။သပ်ပါဆာမူဒရမ်ဆိုတဲ့ရွာလေးမှာ 2006 ခုနှစ်ကစလို့ 6 နှစ်တစ်ကြိမ် ကျောင်းသူလေးတွေ ပျောက်ဆုံးမှုဖြစ်နေပါတယ်။ ရဲဘက်ကလည်း ဟိုလူထင် ဒီလူထင်နဲ့ အမှုမပေါ်တာ အခု 2024 မှာ အန်ဂျလီဆိုတဲ့ကောင်မလေးပါ ထပ်ပြီး ပျောက်ဆုံးသွားတဲ့အထိပါပဲ။ဘယ်သူမှ မဖော်ထုတ်နိုင်သေးတဲ့ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ဖြစ်လာတာကတော့ SIအသစ်ဂနေ့ရှ် တစ်ဖက်က နယ်သရာဖောင်ဒေးရှင်းအင်ဒူကလည်း ဒီအမှုကိုအစရှာဖို့ကြိုးစားရင်း သူ့ကိုချစ်နေတဲ့ ဗီဂျေးဆိုတဲ့ အော်တိုကားသမားလေးလည်း အမှုထဲပါဝင်လာတဲ့အခါ...တွင်းနက်ကြီးလိုပဲ တစ်စတစ်စ အမှုလိုက်လေ သံသယဖြစ်စရာလူတွေက ပိုများလာလေနဲ့ ဒီလူ 3 ယောက် ပျောက်သွားတဲ့မိန်းကလေးတွေကို ရှာဖွေပြီး တရားခံကိုဖော်ထုတ်နိုင်မလား ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ...
movie

Theppa Samudram (2024)

2024
Saamaniyan (2024) 6
Saamaniyan (2024) Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Saamaniyan (2024)

2024
To Live Through Death ( 2024 ) 6
To Live Through Death ( 2024 ) အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ CM ရဲ့ပရိသတ်တွေအတွက် အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကို အကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပစိဖစ်သမုဒ္ဒရာအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ အိမ်ခြေမဲ့ လေလွင့်သူတွေအတွက်နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျွိုင့်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျွိုင့်လမ်းပေါ်မှာ ဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့ လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့် သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်က အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမိန်းကလေးကို ခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကို ဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက် ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ...... လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.55 GB / 942 MB Quality : WEB-DL ...
movie

To Live Through Death ( 2024 )

Life Hotel ( 2024 ) 6
Life Hotel ( 2024 ) အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်... ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို... မိသားစုကလည်း လက်မခံ... ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး...ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး... နှိမ့်ချချင်ကြတယ်... ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်...ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်... ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ... သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား...ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား... နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Filesize : 1.48 GB / 888 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama ...
movie

Life Hotel ( 2024 )

Coyote’s Bloodbath / Blue Wolf’s Bloody Lore (2024) 5.7
Coyote’s Bloodbath / Blue Wolf’s Bloody Lore (2024) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ တရုတ်တော်လှန်ရေး ဇာတ်ကားပဲဖြစ်ပါတယ် ၁၉၄၄ ခုနစ် ဟယ်နန်ပြည်နယ်လုံးဝပျက်စီးသွားခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ အမှတ်၁ စစ်ဆင်ရေးကို အမှတ်၈ ကြည်းတပ်က ဘယ်လိုတိုက်ထုတ်ခဲ့လဲ‌ဆိုတာကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်ကျော်ထန်ရဲ့ သစ္စာဖောက်မှုကြောင့် ဟယ်နန်ပြည်နယ်တစ်ခုလုံး ဖက်ဆစ်နွံထဲနစ်သွားတဲ့အချိန်မှာ ခေါင်းဆောင်မှူး ချန်ထျန်းဖန့်နဲ့ လက်ထောက်လူလန်တို့ဦးစီးပြီး စစ်နည်းဗျူဟာတွေကို ရွှေ့ပြောင်းကာ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ပါတယ် အဲ့ထဲကမှ ချင်ဖုန်းခေါင်း‌ေဆာင်တဲ့ ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ကတော့ နာမည်ကြီးပဲဖြစ်ပါတယ်ချင်ဖုန်းဦးဆောင်ပြီး ဂျပန်စစ်တပ်ရဲ့ လက်နက်တိုက်ကို ဖောက်ခွဲခဲ့ပြီး ပင်မတပ်ရင်းအတွက် အချိန်ပိုရအောင်ဖန်တီးပေးခဲ့ပေမယ့် ရှင်းအန်းမြို့ကိုရောက်တဲ့အချိန်မှာတော့ ကျော်ထန်ရဲ့ လှည့်ကွက်ထဲကို ကျရောက်သွားခဲ့ပါတော့တယ် ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ရဲ့ တိုင်းပြည်အတွက် ပြတ်သားတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့တာကြောင့် နောက်ဆုံးမှာ ရန်သူတွေကို အနိုင်ရသွားခဲ့ပါတော့တယ် စစ်ကားကြိုက်တဲ့ပရိတ်သတ်တွေအတွက် တင်ဆက်ပေးတာမို့လို့ လက်လွတ်မခံဘဲ ကြည့်ရှုလိုက်ပါနော် Filesize : 1.37 GB / 770 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , War Runtime : 1h 19 min Subtitle : Myanmar Subtitle ( ...
movie

Coyote’s Bloodbath / Blue Wolf’s Bloody Lore (2024)

18×2 Beyond Youthful Days ( 2024 ) 6.6
18×2 Beyond Youthful Days ( 2024 ) CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်...ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်...သူ့နာမည်က အာမီတဲ့... သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့... အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး... ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း... ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့...အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်... အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်... ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်... Filesize : 792 MB / 467 MB Quality : WEB-DL 1080p , ...
movie

18×2 Beyond Youthful Days ( 2024 )

Buster’s Mal Heart (2016) 6.1
Buster’s Mal Heart (2016)  "Buster's Mal Heart" ရုပ်ရှင်ကတော့ ဒါရိုက်တာSarah Adina Smith က ကိုယ်တိုင်ရေးသားပြီးဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ surrealistလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကောင်းဖြစ်ပါယတ်။Fredie Mercury ရဲ့ ဘဝအတ္ထုပတ္တိရုပ်ရှင်မှာ FredieMercury အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rami Malek ကဒီကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ ဝေးလံခေါင်သီတဲ့အသိုက်အဝန်းကလူမနေတဲ့ အပန်းဖြေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးဆောင်းရာသီမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jonah လို့အမည်ရတဲ့ တောင်ပေါ်လူသားတဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ခြောက်လှန့်မှုတွေနဲ့ သူ့ရဲ့အတိတ်င မိသားစုဘဝဟောင်းမှအမှတ်ရစရာတွေနဲ့အတူ Jonah ဟာ ရုန်းကန်နေရတာဖြစ်ပြီး"Buster" လို့ခေါ်တဲ့ နာမည်ပြောင်နဲ့ ရေဒီယိုအစီအစဉ်နဲ့ဟောပြောပွဲတွေကို ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူပါ။ဒီရုပ်ရှင်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပေါင်းစပ်ဖန်တီးထားပြီး နှင်းတွေထူထပ်တဲ့ တောင်ပေါ်မှာ တဦးတည်းနေထိုင်တဲ့‌ဒါမှမဟုတ် သမုဒ္ဒရာအလယ်က လှေငယ်တစင်းထဲမှာ တကိုယ်တည်းကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ File size…1.39GB / 647MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 36m Genre ….. Crime ...
movie

Buster’s Mal Heart (2016)

Fight Against Evil Ⅱ (2023) 5.9
Fight Against Evil Ⅱ (2023) 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။ Filesize : 1.1 GB / 667 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Fight Against Evil Ⅱ (2023)

2023
Serenity (2019) 5.5
Serenity (2019)  တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ..ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကိုဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီးငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကိုငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက်သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင်ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန်ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက်သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကိုသူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကိုနှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီးသတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆိုလာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်းလုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလားဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလားဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေအများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB/888MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Drama , Mystery Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Serenity (2019)

Pretty Woman (1990) 7.1
Pretty Woman (1990)  Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie

Pretty Woman (1990)

1990
4K HEVC
Don’t Get Derailed (2018) 5.6
Don’t Get Derailed (2018) အိမ်ထောင်ရေးဆိုတာ လူတိုင်းအတွက် ဘဝပုစ္ဆာတွေထဲက အခက်ဆုံးပုစ္ဆာတစ်ခုပါပဲ။ ရှင်းနော့နဲ့ ယန်ရော့ပင်းတို့ရဲ့ ဘဝဟာ စိတ်ချမ်းသာစရာကောင်းပြီး အေးချမ်းသာယာခဲ့ပါတယ်။တစ်နေ့မှာ ရှင်းနော့ရဲ့ သူငယ်ချင်းဝေးဝေးနဲ့တွေ့ခဲ့ပြီး ဝေးဝေးက သူ့အိမ်ထောင်ရေးကံကောင်းကြောင်း ကြွားလုံးတွေ ထုတ်ခဲ့တဲ့အတွက် ရှင်းနော့ရင်ထဲမှာ သူ့ယောကျာ်းအပေါ် အားမလို အားမရဖြစ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ယန်ရော့ပင်းက ဇနီးဖြစ်သူရဲ့ ပြဿနာလုပ်မှုတွေကြောင့် စိတ်ရှုပ်နေရတဲ့အချိန်မှာ အလုပ်က ဝန်ထမ်းအသစ်တစ်ယောက်နဲ့ လမ်းမှားပေါ်ရောက်သွားခဲ့ပါတယ်။ရှင်းနော့ကလည်း ခန္ဓာကိုယ်လှပဖို့အတွက် ယောဂကစားရင်း နည်းပြဆရာနဲ့ အနေနီးသွားတဲ့အခါ...... သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.04 GB / 592 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

Don’t Get Derailed (2018)

Before the Fall (2004)
Before the Fall (2004)  နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်‌တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ‌ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ဖရက်ဒရစ်ရဲ့ အဖေက‌တော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Before the Fall (2004)

Tuesday (2024)
Tuesday (2024)  A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ်ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre... Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Tuesday (2024)

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)