Channel Myanmar

Drama

The Dancing Hawk (1977) 6.7
The Dancing Hawk (1977)  ဘဝမှာ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ အပြစ်မဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့ ကိုယ့်အပြစ်လို့ ပြောကြတာပါပဲ.... ဒီကားလေးထဲမှာတော့ ဆင်းဆင်းရဲရဲ ဒုက္ခပေါင်းများစွာနဲ့ မွေးလာခဲ့ပေမဲ့ ကြိုးစားရုန်းကန်ခဲ့လို့ မြို့ပေါ်က စက်ရုံကြီးတစ်ရုံမှာ ရာထူးမြင့်ပိုင်းရသွားတဲ့သူအကြောင်းရိုက်ပြထားတာပါ......ရာထူးရသွားပေမဲ့ အဲဒီနေရာကိုရောက်ဖို့ သူဘာတွေရင်နှီးခဲ့ရလဲ ဘာတွေပေးဆပ်လိုက်ရလဲ အဆင့်မြင့်သွားတဲ့ဘဝနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုရောရပါ့မလား......သာယာတဲ့ဘဝလေးထက် ချမ်းသာပြီးစိတ်ပူနေရတဲ့ဘဝကပိုကောင်းနိုင်ပါ့မလား စတာတွေကို အေးအေးဆေးဆေးရိုက်ပြထားတာမို့ အေးအေးဆေးဆေးလေးသာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့..... File size…(1.6 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

The Dancing Hawk (1977)

Hostiles (2017) 7.2
Hostiles (2017) Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie

Hostiles (2017)

2017
4K HEVC
Halls of Montezuma (1951) 6.6
Halls of Montezuma (1951)  ဒီကားလေးကတော့ ၁၉၅၁ အမေရိကန် world war II အကြောင်းကိုပြန်ရိုက်ထားတဲ့War/actionစစ်ကားလေးပါ မင်းသား Robert Wagner ရဲ့ပထမဆုံး credited screen role ပါဝင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်ရဲ့ဂျပန်တွေအပိုင်းစီးထားတဲ့ကျွန်းကိုအမေရိကန်ကြည်းတပ်ကပြန်ယူတဲ့စစ်ကားကောင်းလေးဖြစ်ပါတယ်Richard Booneရဲ့ debutကားဖြစ်ပြီးကျွန်းကိုပြန်သိမ်းဖို့ကြိုးစားကျတဲ့အခါဘယ်လိုအခက်အခဲတွေတွေ့ပြီးဂျပန်တွေရဲ့ဒုံးကျည်တည်နေရာကိုတပ်ကြပ်ကြီးနဲ့တပ်သားတွေဘယ်လိုရှာကြမလဲဆိုတာရင်ခုန်စွာကြည့်ရမဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် စစ်ကားကြိုက်တဲ့သူတွေလက်လွှတ်မခံသင့်တဲ့ကားလေးပါ File size…(3.1GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Halls of Montezuma (1951)

The Birthday Boy (2024) 8.7
The Birthday Boy (2024) The Birthday Boy (2024) "မွေးနေ့ရှင်"ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဥ်းကတော့အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက် အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့ စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန် ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး ... ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာ ထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.8GB / 892MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Birthday Boy (2024)

2024
After (2023) 6
After (2023) After 2023ပဲရစ် လူတိုင်းက City of Romanceလို့ တင်စားရတဲ့မြို့ရဲ့ ကလပ်တစ်ခုမှာ ဆုံတွေ့ခဲ့တဲ့ ဖီလစ်စီနဲ့ဆာအစ်ကလပ်ဆိုတဲ့အတိုင်း ကခုန်မူးရူးကြရင်း စကားတွေပြောရင်းနဲ့ ပါတီပွဲဆက်တစ်ခုကိုလိုက်ဖို့ ဖီလစ်စီက ဆာအစ်ကိုဖိတ်ရင်း ဖီလစ်စီအိမ်ကိုရောက်ဖို့ ဖြစ်လာတဲ့အခါ...လူတိုင်းရဲ့ အိပ်မက်မြို့တော်လို့တင်စားရတဲ့ ပဲရစ်မြို့ရဲ့ လှပတဲ့နောက်ကွယ်က လူမျိုးရေးခွဲခြားမှုတွေ ရုန်းကန်ရတာတွေ ပင်ပန်းမှုတွေနဲ့ night lifeနောက်ကွယ်က လူတွေကြားမှာ လျော့ပါးလာတဲ့ခံစားချက်တွေအကြောင်း ဆွေးနွေးသွားပုံလေးတွေကို ရှုစားလိုက်ရအောင်ပါ။ File size…1.5GB / 556MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex
movie

After (2023)

2023
Secretariat (2010) 7.2
Secretariat (2010)  တစ်ချိန်က ပြိုင်မြင်းလောကရဲ့ အမြန်ဆုံးမြင်းဖြစ်ခဲ့တဲ့စက်ကပ်ထရီးရက် 25 နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးတော့triple crownကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်မြင်းကြီး ဘစ်ရက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ biography sport dramaကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။မြင်းပြိုင်ပွဲ‌ ခေတ်စားတဲ့နိုင်ငံတွေမှာတော့ Secretriatကိုမသိသူမရှိကြပေမဲ့ ဒီမှာလည်း ပြိုင်မြင်းအကြောင်း စိတ်ဝင်စားသူတွေရှိရင်တော့ ကြည့်ဖူးထားသင့်တဲ့ရုပ်ရှင်‌လေးပါပဲ။ဒန်ဗာမှာ အိမ်ရှင်မလုပ်နေတဲ့ ပန်နီချနရီတစ်ယောက် အမေဆုံးသွားတဲ့အကြောင်း ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် သူ့ရဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာပါတယ်။ အဲဒီမှာပဲ အဖေလည်းသတိမေ့ရောဂါအခြေအနေဆိုးနေပြီ မိသားစုလုပ်ငန်းဖြစ်တဲ့မြင်းမွေးခြံလုပ်ငန်းကြီးကလည်း အုပ်ထိန်းသူမရှိတော့ ဖရိုဖရဲပေါ့။ဒီလို အမျိုးသားတွေကြီးစိုးတဲ့ ပြိုင်မြင်းလောကထဲကို မိဘအမွေမို့ထိန်းဖို့ ဖြစ်လာတဲ့ လူသစ်အမျိုးသမီးပန်နီချနရီ၊ လူတွေရဲ့ အထင်သေးမှု လှောင်ပြောင်မှုတွေကြားက သူယုံကြည်ရတဲ့ မြင်းမွေးခြံကလူတွေနဲ့ သူရွေးချယ်ထားတဲ့ သူ့ကိုသိပ်ချစ်တဲ့ မြင်းနီကြီး Secretriatနဲ့အတူ ယောက်ျားကအစ အစ်ကိုအဆုံး တစ်လောကလုံးနဲ့ ဘယ်လိုဆန့်ကျင်ရင်း triple crownဆုကို ဘယ်လိုယူပြမလဲဆိုတာရှုစားကြရအောင်ပါ။ File size…2.22GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 3m Genre ….. ...
movie

Secretariat (2010)

Phir Aayi Hasseen Dillruba (2024) 6.1
Phir Aayi Hasseen Dillruba (2024) Phir Aayi Hasseen Dillruba (2024) "ချစ်ရပါသော" IMDb - 6.3/10စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.78GB / 817MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Phir Aayi Hasseen Dillruba (2024)

2024
Eulogy (2004)
Eulogy (2004) IMDb 6.5/10 ************************************* ဇာတ်လမ်းက​တော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး... File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si 
movie

Eulogy (2004)

Forever (2023)
Forever (2023) ဘောလုံးအားကစားအကြောင်းရိုက်ကူးထားတဲ့ Sport/Drama ရုပ်ရှင်ကားကောင်းလေးပါ။မီလာနဲ့ကီယာတို့က လင်ဒန်လို့ခေါ်တဲ့မြို့လေးမှာ ကျောင်းတက်နေကြပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ မီလာနဲ့ကီယာက အမြဲ စားအတူ သွားအတူဖြစ်ပြီး မိဘတွေအချင်းချင်းလည်းသိကျွမ်းကြပါတယ်။ အမျိုးသမီးကျောင်းဘောလုံးအသင်းမှာလည်း မီလာနဲ့ကီယာက ရှေ့တန်းကစားကြတာပါ။မီလာရဲ့အိပ်မက်က ဂိုသီယာမြို့မှာကျင်းပတဲ့ ဂိုသီယာဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့ပါ။ ဒီလိုနဲ့ မီလာတို့ရဲ့အမျိုးသမီးကျောင်းဘောလုံးအသင်းလေးဆီကို ဆွီဒင်နိုင်ငံကိုယ်စားပြုပရိုပလေယာတစ်ဦးဖြစ်တဲ့ လိုလိုလို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်က နည်းပြလုပ်ပေးဖို့ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့အတွက်အနာဂတ်တက်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ မီလာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကီယာကတော့ နောက်ပိုင်းမှာ သူမ လျှောက်ချင်တဲ့လမ်းက မီလာနဲ့မတူတော့တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်အကြားမှာ အဖုအထစ်လေးတွေဖြစ်လာခဲ့ပြီး တစ်ဖက်မှာလည်း မီလာဟာ သူမဘ၀ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့လမ်းကို ဆက်လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုလည်း ဆက်ထိန်းထားဖို့ရာကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်လေးကအတော်ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားမှာ အမျိုးသမီးအသင်းတွေဟာလည်း အမျိုးသားအသင်းတွေနည်းတူ ရင်ဘောင်တန်းနိုင်ကြကြောင်း ခေသူတွေမဟုတ်ကြကြောင်းကိုမီးမောင်းထိုးရိုက်ကူးပြထားပြီး တခြားပေးချင်တဲ့မက်ဆေ့ခ်ျလေးတွေလည်းပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အချိန်ပေးကြည့်ရှုဖို့ရာတန်တဲ့ လူငယ်ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Forever (2023)

Otherness / Alteritasts (2023)
Otherness / Alteritasts (2023) ဒီဇာတ်ကားလေးကတော့ LGBTQIA+ အသိုင်းအဝိုင်းမှာမှ Lesbian (အမျိုးသမီးချင်းချစ်ခင်စုံမက်သူ) တွေကို အင်တာဗျူးမေးမြန်းထားတာကို ရိုက်ကူးထားပြီး လိင်စိတ်တိမ်းညွတ်မှု၊ လိင်စိတ်ခံယူမှု၊ လိင်စိတ်ကွဲပြားမှုတို့ကို ပိုမိုသိရှိနားလည်လာအောင် အဖြေရှာထားပြီးတော့ ဒီကနေတဆင့် လူမျိုးရေးခွဲခြားမှုတွေ၊ လူလူချင်း ချစ်ခင်စုံမက်မှုတွေ၊ သမားရိုးကျ ကျား/မ ဆက်ဆံရေးတွေတင်မဟုတ်ပဲလူ့စိတ် လိင်စိတ် အကုန်လုံးကို အမေးအဖြေလုပ်ရင်း မျိုးဆက်သစ်တွေအတွက် ပိုမိုအထောက်အကူဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ LGBTQIA+ အသိုင်းအဝိုင်းကို မသိရှိ မနားလည်သေးတဲ့သူတွေလည်း အနည်းအကျဉ်းပဲဖြစ်ဖြစ် ပိုပြီးတော့ နားလည်သဘောပေါက်လာအောင် ကြည့်ရှုသင့်သလို ဒီအသိုင်းအဝိုင်းထဲက လူတွေကလည်း ဒီဇာတ်ကားလေးကို ကြည့်ရှုပြီး သူတို့အတွေ့အကြုံတွေကို ထပ်တူနားလည်ပေးနိုင်မှာပါ File size…(1.3 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Drama, Documentary  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Otherness / Alteritasts (2023)

Montréal Girls (2023)
Montréal Girls (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.2/10 ရရှိထားတဲ Comedy/Romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Montréal ဆိုတာက ကနေဒါက နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်ပြီး ဇာတ်ကားနာမည် Montréal Girls ဆိုတာကတော့ အဲဒီမြို့က ကောင်မလေးတွေကို ညွှန်းဆိုထားတာပါ။ရာမီက ဆေးကျောင်းတက်ဖို့ သူ့ရဲ့အန်ကယ်အိမ်ကို ရောက်လာခဲ့ပြီး တီးဝိုင်းလုပ်တဲ့ သူ့ဝမ်းကွဲအစ်ကိုရဲ့ ကောင်းမှုနဲ့ Montréal က ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ သိကျွမ်းခဲ့ပါတယ်။ ထင်မထားတဲ့အချိန်မှာ ပေါ်လာပြီး ရုတ်တရက် ပျောက်ပျောက်သွားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရာ့ဇ်ရယ်၊ ရာမီပြောသမျှကို နားထောင်ပေးပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ဒက်ဇီရယ်၊ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျှောက်ရဲတဲ့ ဆိုဖီယာရယ်ပေါ့။ကဗျာဆရာဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို ချောင်ထိုးပြီး ဆုံးပါးသွားတဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလိုက်လျောရင်း ဖခင်ဖြစ်သူကိုလည်း ကြောက်လို့ ဆေးကျောင်းလာတက်နေရပေမဲ့ ဘဝရဲ့ ဦးတည်ချက်ပျောက်ဆုံးသလိုဖြစ်နေတဲ့ ရာမီက သူ့ဘဝကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရှိလာနိုင်မှာလား၊ ကောင်မလေးတွေထဲက ဘယ်သူကရော ရာမီ့ရဲ့ကဗျာတွေအတွက် ဈာန်နတ်သမီးဖြစ်လာနိုင်မလဲ၊ ...
movie

Montréal Girls (2023)

Champion (2018) Chaem-pieon 6.4
Champion (2018) Chaem-pieon ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။ File size…(2.7 GB ...
movie

Champion (2018) Chaem-pieon

2018
Nadanna Sambhavam (2024) 6.4
Nadanna Sambhavam (2024) Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nadanna Sambhavam (2024)

2024
Dormitory (aka) Yurt (2023) 6.9
Dormitory (aka) Yurt (2023) Domitory (2023) Genre – Drama IMDB – 6.9/10ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတဲ့ တူရကီ ဒရမ်ကားလေး ဖြစ်ပါတယ်။အာမက်ဆိုတာက အထက်တန်းကျောင်း တက်နေတဲ့ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် အင်္ဂလိပ်စာလည်း တော်သလို အိမ်ကလည်း ချမ်းသာတဲ့ထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက စလာတယ် ဖခင်ဖြစ်သူက ဘာသာရေးကို အလွန်အမင်း ယုံကြည်သက်ဝင်သူ ဖြစ်တဲ့အလျောက် သားဖြစ်တဲ့လူကို သူ ငယ်ငယ်တုန်းက မရခဲ့တာမျိုး မဖြစ်ခဲ့တာမျိုးကို သားဖြစ်သူကျမှ ဇွတ်အတင်း ဖြစ်စေချင်တဲ့ တစ်ဖက်သတ်ဆန္ဒတွေနဲ့ အစ္စလာမ် လူငယ်ဘာသာရေးအဆောင်ကို ပို့ပါတော့တယ်။အဲဒီမှာပဲ ညအိပ် မနက်ကျ ကိုယ့်ကျောင်းကိုသွား ပြီးရင် အဆောင်ပြန် ဘာသာရေးလုပ် အဆောင်အလုပ်တွေလုပ် စသဖြင့်ပေါ့လေ။ ဒါပေမဲ့ အဆောင်မှူးရဲ့ တင်းကြပ်ပြီး သာမန်ထက်လွန်ကဲတဲ့ ဘာသာရေးအမြင်တွေ ခိုင်းစေမှုတွေ ရွယ်တူတခြားလူငယ်တွေရဲ့ အနိုင်ကျင့်မှုလေးတွေကြား အာမက်တစ်ယောက် စိတ်တွေညစ်နေရင်းနဲ့ ပျော်ပျော်နေတတ်တဲ့ ဟာကန်ဆိုတဲ့ လူငယ်လေးနဲ့ သူငယ်ချင်း ဖြစ်လာပြီး ...
movie

Dormitory (aka) Yurt (2023)

2023
Borderless Fog (2024) 5.8
Borderless Fog (2024)  "Borderless Fog" ရုပ်ရှင်ဟာ ဒါရိုက်တာ Edwinရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာစီးဝင်နေတာပါ။စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကိုနက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကိုခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard ...
movie

Borderless Fog (2024)

Indian 2: Zero Tolerance (2024) 5.7
Indian 2: Zero Tolerance (2024) Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

Indian 2: Zero Tolerance (2024)

2024
Be With Me (2023) 6
Be With Me (2023) ထိုင်ဝမ် F4 မင်းသား Vic Chou နဲ့ Ariel Lin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖူယွဲ့ဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့ အဖေကိုပြုစုဖို့အတွက် အလုပ်ကိုထားခဲ့ရတယ်။ ပြင်လက်စ ထိုင်ပေကအိမ်ဟောင်းကြီးကိုလဲပစ်ခဲ့ရပြီး မိသားစုနဲ့အတူကျားရီကိုပြန်ခဲ့ရတယ်။ဇာတိပြန်ပြီးအဖေ့ကိုအဖော်လုပ်ပေးတဲ့နေ့ရက်တွေမှာ ဖူယွဲ့ဟာ သူ့အဖိုးရဲ့အမှတ်တရတွေနောက်လိုက်ခဲ့ပြီး အဖိုးရဲ့ယုံကြည်မှုနဲ့ဒဏ္ဍာရီကိုပြန်အမှတ်ရလာခဲ့ပါတယ်။ အတိတ်ကိုပြန်အမှတ်ရရင် လက်လွှတ်သင့်သူကို လက်လွှတ်နိုင်ခဲ့ပြီး ဘဝအသစ်စဖို့ အသစ်သစ်တွေကို လက်ခံလာနိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 3.64 GB / 1.60 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama  Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon  Encoded by LK  
movie

Be With Me (2023)

The Neon Highway (2024) 6.1
The Neon Highway (2024)   ဒီကားလေးကတော့ ၁၉၉၀ ၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ တီဝိုင်းအကြောင်းကို ရိုက်ပြထားတယ်လို့လည်းပြောလို့ရပါတယ် တကယ့်ဇာတ်လမ်းကတော့ ကော်လင်းညီကိုနှစ်ယောက်ဟာ သူတို့ပွဲထွက်ခွင့်ရဖို့အတွက် ဘားတစ်ခုမှာသီချင်းဆိုခဲ့ရတယ် သို့ပေမဲ့ အကိုရိန်းကိုပဲ ထုတ်လုပ်သူတွေကသဘောကျပြီး ညီလော့ဒ်ကိုသဘောမကျကြပါဘူးအဲ့အကြောင်းပြောကြရင်းနဲ့ ညီကိုနှစ်ယောက်ကားမတော်တဆဖြစ်ခဲ့တယ် ပြီးတော့ဂီတနဲ့ပတ်သတ်ပြီးဘာမှလည်းမလုပ်ခဲ့ဘဲ အနေဝေးသွားခဲ့တယ် အဲ့လိုနှစ်တွေကြာတော့ ရိန်းမှာလည်းမိသားစုရှိလာတယ် သို့သော်အဆင်မပြေကြပါဘူး တစ်နေ့သူအလုပ်အော်ဒါရလို့ အိမ်တစ်အိမ်သွားရာမှာ တကယ့်ဂန္တဝင် ကန်ထရီအဆိုတော်ကြီး မစ္စတာကလောက်ဒ်အဲလန်နဲ့တွေ့ခဲ့တယ် အဲ့လိုနဲ့ အရင်က သူနဲ့ သူ့ညီသီချင်းကိုဆိုပြခဲ့တယ်တနေ့ရိန်းက ပိုက်ဆံလိုလို့သူ့သီချင်းကိုသွားရောင်းခဲ့တယ် ကလောက်ဒီဆီကိုပေါ့ သို့ပေမဲ့ ကလောက်ဒ်ကလည်း အသက်ကြီးနာမည်ကြီးထမင်းငတ်ဖြစ်နေပြီ ဒါမဲ့သူတို့အကြံစည်တစ်ခုထုတ်ခဲ့ပြီး ဂီတမြို့တော်နာ့ချ်ဗီလာကိုသွားခဲ့ကြတယ် သူတို့အကြံစည်ကဘာလဲ သူတို့နာ့ချ်ဗီလာကိုဘာသွားလုပ်ကြတာလဲ ဘာတွေဖြစ်မှာလဲဆိုတာ ကြည့်ရှူလိုက်ကြရအောင် File size…(1.7 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Drama, Family, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

The Neon Highway (2024)

The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009