Channel Myanmar

Drama

Indrani – Epic1: Dharam vs Karam (2024) 7.1
Indrani – Epic1: Dharam vs Karam (2024) Indrani: Epic-1 Dharam vs Karam ( 2024 ) "စူပါဂဲလ်အင်ဒရာနီ"CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်..သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့ အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို သိရှိသွားပါတော့တယ်..ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်း သူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို ကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်..လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn ...
movie

Indrani – Epic1: Dharam vs Karam (2024)

2024
She Hate Me (2004)
She Hate Me (2004)  ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie

She Hate Me (2004)

Widow Clicquot (2023) 6.3
Widow Clicquot (2023)  💠 မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံ​​ခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို့ ''ရှန်ပိန်လောကရဲ့ဖွားအေကြီး''လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ဓဝင်အမျိုးသမီးကြီးတစ်ဦးပါ💠 ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရပြီး ၁၉ရာစုအစောပိုင်းလူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့​ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဥိီးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာစပျစ်ခင်းနဲ့စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲကဆက်ပြီးဥိီးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်💠 ကွယ်လွန်သူယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ ​အခက်အခဲမျိိုးစုံလူမျိုးစုံကိုရင်ဆိုင် ''လောကဓံဆိုတာဘာလဲ မမှုဘူး ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်''ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လို့လူသိများတဲ့ 1. *Veuve Clicquot Yellow Label Brut* 2. *Veuve Clicquot Rosé* 3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့်Legendအမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်💠 ကလီကိုးစုံတွဲရဲ့နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးး.... File size…(1.2 GB)/(525 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Drama Subtitle….Myanmar ...
movie

Widow Clicquot (2023)

The Door in the Floor (2004)
The Door in the Floor (2004) သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(837 MB) Quality….Webrip  720p Format…mp4 Duration….01:51:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Door in the Floor (2004)

Inside I’m Dancing / Rory Oshea Was Here (2004)
Inside I’m Dancing / Rory Oshea Was Here (2004) မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ "Rory O'Shea Was Here" ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O'Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ...
movie

Inside I’m Dancing / Rory Oshea Was Here (2004)

Paparazzi (2004)
Paparazzi (2004) Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Paparazzi (2004)

Mr. 3000 (2004)
Mr. 3000 (2004) အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ်ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်ညွှန်းရေးသားသူ - April ...
movie

Mr. 3000 (2004)

In the Land of Women (2007) 6.4
In the Land of Women (2007)  In The Land Of Women (2007)စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(1.3GB)/(750MB) Quality_Blu-Ray ...
movie

In the Land of Women (2007)

Casshern (2004)
Casshern (2004) ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Casshern (2004)

Moments We Shared ( 2024 ) 6.1
Moments We Shared ( 2024 ) Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie

Moments We Shared ( 2024 )

Boiling Point (2023) 7.6
Boiling Point (2023) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao 
movie

Boiling Point (2023)

Innocent Voices (2004)
Innocent Voices (2004) IMDb Rating (7.8/10)El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့‌ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ File size…(3.3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Drama, War  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Innocent Voices (2004)

Nahir (2024)
Nahir (2024) Imdb - 4.7/10အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား ...
movie

Nahir (2024)

Unexpected (2022)
Unexpected (2022) (IMDb 4.4/10)မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ........အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း....ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား...... သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့........ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(810 ...
movie

Unexpected (2022)

Jade Dynasty ( 2019 ) 6.0
Jade Dynasty ( 2019 ) စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ... ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း.... မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား... အရသာပဲပေါ့နေမလား... ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား... ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့... Filesize : 2.45 GB / 1.40 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime ...
movie

Jade Dynasty ( 2019 )

2019
The Overseas Killer ( 2024 ) 5.7
The Overseas Killer ( 2024 ) ဂျပန်တွေ တရုတ်ပြည်မှာ ကြီးစိုးစဉ်ကာလ ဖက်ဆစ်ခေတ်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် နိုင်ငံက အဆင်မပြေတုန်း နိုင်ငံခြားထွက် ပညာသင်ခဲ့တဲ့ လူငယ်တွေထဲက လူငယ်တစ်ယောက် အမိမြေပြန်ရောက်ချိန်မှာ... သူ့အဖေအပါအဝင် တစ်မိသားစုလုံး သေတဲ့အပြင် အိမ်ပါပြာကျသွားခဲ့တာကိုမြင်ခဲ့ရတယ်...တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလည်း ခေတ်မကောင်းလို့ လက်ဆင့်ကမ်းအမွေဖြစ်တဲ့ လက်သီးသိုင်းကို အစွဲပြုပြီး ကြေးစားလူသတ်သမားဖြစ်နေခဲ့တာပေါ့...ဒီတော့ ပြည်တော်ပြန် မောင်ချိုယွင်လေးတစ်ယောက် ပြောင်းလဲနေတဲ့ အမိမြေပေါ်မှာ တတ်စွမ်းသလောက် တိုင်းပြည်နဲ့ လူမျိုးအပေါ်ပဲ အကျိုးပြုမလား... ကြေးစားလူသတ်သမားအနေနဲ့ ငွေတွေစုပြီး အမိမြေကို ကျောခိုင်း အသက်ရှင်ဖို့ ထွက်ခွာမလား... ကြည့်လိုက်ကြရအောင်..... Filesize : 1.6 GB / 854 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Action Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK  
movie

The Overseas Killer ( 2024 )

The Assassins ( 2012 ) 6
The Assassins ( 2012 ) မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei - Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား......အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 2.74 GB / 1.25 GB Quality : WEB-DL 1080p , 720p Format : mkv  Genres : Action , History Runtime : 1h 47 min Subtitle ...
movie

The Assassins ( 2012 )

Winny (2023) 6.5
Winny (2023)  ၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Winny (2023)

Oceans Are the Real Continents (2023) 6.4
Oceans Are the Real Continents (2023) Oceans are the real Continent (2023)IMDb 6.6/10ကျူးဘားနိုင်ငံမှာ အကျပ်အတည်းအမျိုးမျိုးကြောင့် လူတွေအလုံးအရင်းနဲ့ နိုင်ငံကနေပြောင်းရွှေ့ထွက်ခွာကြတဲ့ အကြောင်းကို မိသားစုလေးတစ်စုကိုအခြေပြုပြီး ရိုက်ကူးထားတဲ့ ကျူးဘန်းကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသားလေး ၂ယောက်အမေ အီဒစ်သ်တို့လင်မယားဟာ ကျူးဘားနိုင်ငံသားတွေဖြစ်ကြပါတယ်။ အီဒစ်သ်ဟာ ရုပ်သေးရုပ်ကပြဖျော်ဖြေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမရဲ့အမျိုးသားနဲ့အတူ တခြားနိုင်ငံကိုရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ဖို့ပြင်နေပါတယ်။ဒါပေမဲ့ တစ်ချက်ချက် အမျိုးသားဖြစ်သူနဲ့လည်း အတိုင်အဖောက်မညီဖြစ်ပြီး စကားတွေများရတတ်တာပေါ့ ယောက်ျားလေးများရဲ့ သဘာဝနဲ့ မိန်းကလေးတို့ရဲ့ သဘာဝအရ။ဒါပေမဲ့လည်း နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမေရိကကိုသွားဖို့ ပြင်ဆင်စရာအားလုံးပြင်ဆင် စီစဉ်စရာအားလုံးစီစဉ်ပြီးသွားတဲ့နောက်မှာ သူတို့မိသားတစ်စု နိုင်ငံကနေ အဆင်ပြေပြေထွက်ခွာပြီး မိသာစုလေးပျော်ရွှင်စွာ ဆုံစည်းနိုင်မလား အလွဲလွဲ အကွဲကွဲလေးတွေ ဖြစ်လာဦးမလားဆိုတာတော့ ဇာတ်ကားထဲမှာ အဖြေရှာဖော်ထုတ်ကြည့်စေချင်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ဖြစ်ပါတယ်ခင်ဗျ။ File size… 1.5GB / 561MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Ko Wunna
movie

Oceans Are the Real Continents (2023)

2023