Channel Myanmar

Drama

Anonymous ( 2023 ) 6
Anonymous ( 2023 ) ဒီတစ်ခေါက် CM ချစ်ပရိသတ်တို့အတွက် မှုခင်းရဲအရာရှိတစ်ယောက်ရဲ့ အမှုတစ်ခု ဖြေရှင်းပုံကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကလေးထဲမှာ ချင်စစ်ဟောက်ဆိုတဲ့ မှုခင်းရဲအရာရှိတစ်ယောက် သူ့တာဝန်ထမ်းဆောင်စဉ်မှာပဲ သူ့လက်ဦးဆရာ ချန်ကော်အန်းက လူတစ်ယောက် အရိုက်ခံရတဲ့အတွက် ICU ရောက်သွားရာကတင်စတာပေါ့...ချင်စစ်ဟောက်က လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိတာမို့ သူ့ဆရာအရိုက်ခံရတဲ့အမှုနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ လျန်ကျန့်ခွန်းကို ချက်ချင်း ပြဿနာရှာဖြေရှင်းခဲ့တာပေါ့...ဒါကြောင့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဌာနကို ပြောင်းရွေ့ခံလိုက်တာပေါ့... ဒီလိုပဲ တစ်ဖက်က လျန်ကျန့်ခွန်းကလည်း ချင်စစ်ဟောက် သူ့ကို စောင့်ကြည့်နေတာကို ကာကွယ်ဖို့ ကြိုးစားနေပြန်တာပေါ့...ကဲ တကယ့်တရားခံက လျန်ကျန့်ခွန်းဖြစ်နေမှာလား... ချင်စစ်ဟောက်ကရော အမှုမှန်ပေါ်အောင် ဖြေရှင်းနိင်မှာလား... ချန်ကော်အန်းကရော ဘာလို့ အရိုက်ခံခဲ့ရတာလဲ.... အစဉ်အလာမပျက် ဇာတ်ကားလေးကို ဒေါင်းလို့ ကြည့်ရင်း အဖြေရှာကြည့်လိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( ...
movie

Anonymous ( 2023 )

Apocalypto (2006) 7.8
Apocalypto (2006) Apocalypto (2006)IMDb Rating (7.8 ) / Rotten Tomatoes (65%)လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ.... မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က ...
movie

Apocalypto (2006)

2006
4K HEVC
[18+] Nude Model (2016)
[18+] Nude Model (2016) ကြော်ငြာတွေကို ဖန်တီးရတဲ့ ဒါရိုက်တာဂန်အင်နာက ကြော်ငြာတွေကို ဖန်တီးလိုက်သူ့ချစ်သူ ပရိုဂျူဆာလေးနဲ့ ချစ်ကြည်နူးလိုက်နဲ့ ဘဝလေးက သာယာနေတာပေါ့ဒါပေမဲ့ တစ်နေ့မှာ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့ သူ့ချစ်သူကောင်မလေးကဘဝင်မကျကြောင်း ဖြုတ်ပစ်စေချင်ကြောင်း ပြောလာတယ်အဲဒီပန်းချီကားလေးက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီးတော့ကိုယ်လုံးတီးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံဖြစ်တယ်အဲဒါက ဒါရိုက်တာဖြစ်ဖို မရွေးချယ်ခင်မှာ ပန်းချီဆရာဖြစ်ဖို စိတ်ကူးအိပ်မက်နဲ့နောက်ဆုံး ရေးခြယ်ခဲ့တဲ့ ပန်းချီကားဖြစ်တာကြောင့် သူ့ချစ်သူ ဘဝင်မကျကြောင်းပြောတဲ့အခါမှာအဲဒီပန်းချီကားရေးဆွဲခဲ့ပုံ အမှတ်တရတွကို ပြန်လည် အောက်မေ့လာခဲ့မိတယ်အဲဒီနောက်မှာ ပန်းချီကားထဲက မော်ဒယ်လေးနဲ့ ‌ပြန်ဆုံခဲ့တဲ့အခါမှာတော့ ...ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော် ချစ်ကြည်နူးပုံတွေ ကွက်ကွက်ကွင်းကွင်းပါတာမို မိသားစုနဲ့ ကြည့်ရှုဖို မသင့်တော်ပါဘူးနော် File Size : 1.44GB / 511MB Quality : WEB-DL  1080P / 720p Format…mp4 Duration…01:02:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard ...
movie

[18+] Nude Model (2016)

Cobweb(2023) 7.0
Cobweb(2023) Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho  Im Soo Jung  Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး  ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့   ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့  ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့   တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့  ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie

Cobweb(2023)

Fifi (2022) 6.7
Fifi (2022) Fifi (2022) ========= IMDb Rating - 6.7/10ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီး ပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီး သူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ် ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်း နွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့ နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်း ရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ် အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.9 GB) / (796 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......C'mon Encoder..........SWM
movie

Fifi (2022)

2022
Martin Luther King (2023) 7.4
Martin Luther King (2023) Martin Luther King(2023)"ချုံကြားမှ ဘုံဖျားသို့" IMDb-7.3/10ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။ တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့ မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေ နိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင် ဥက္က‌ဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။ သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့...။ တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။ အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie

Martin Luther King (2023)

2023
First Knight (1995) 6
First Knight (1995) First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie

First Knight (1995)

1995
Imprisoned Ⅱ : There is No Escape from Fate ( 2023 ) 5.9
Imprisoned Ⅱ : There is No Escape from Fate ( 2023 ) ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Imprisoned Ⅱ : There is No Escape from Fate ( 2023 )

Imprisoned: Survival Guide for Rich and Prodigal ( 2015 ) 5.9
Imprisoned: Survival Guide for Rich and Prodigal ( 2015 ) ယွီရစ်ချန်ဟာ ပတ်ဝန်းကျင်မှာ ကားကောင်းတွေ မိန်းမလှတွေနဲ့ ဝန်းရံခံထားရတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ အရက်မူးချိန် ကားမောင်းပြီး အဘွားအိုတစ်ယောက်ကို တိုက်မိသွားတဲ့အတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့ရပါတယ်။ထောင်ထဲရောက်သွားမှ ထောင်ထဲက ကမ္ဘာက အပြင်ကမ္ဘာနဲ့ တခြားစီ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲက စည်းမျဉ်းတွေကို သိရင် အေးချမ်းစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ယွီရစ်ချန်က သူ့ရဲ့ သူဌေးသားအမြင်နဲ့ ငွေအင်အားတွေကို အသုံးချပြီး ထောင်ထဲက ဘဝအရည်အသွေးကို မြင့်တင်ခဲ့ပါတယ်။သူ့ရဲ့ ရန်သူ အားကျီးက သူနဲ့ထောင်တစ်ခုတည်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းနိုင်ပြီး ဘဝကို ပေါ့ပျက်ပျက် ဖျက်သန်းနေခဲ့တဲ့ သူဌေးသားတစ်ယောက်ဟာ ထောင်ထဲမှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရပြီး ဘဝအပေါ် အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 48 min Subtitle ...
movie

Imprisoned: Survival Guide for Rich and Prodigal ( 2015 )

Reporting for Christmas (2023) 5.8
Reporting for Christmas (2023)  ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ ...
movie

Reporting for Christmas (2023)

Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Rise of the Planet of the Apes (2011) 7.6
Rise of the Planet of the Apes (2011) RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size…   6.3 GB / 1.7 GB /  935MB Quality… BluRay 4K /  1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar ...
movie

Rise of the Planet of the Apes (2011)

2011
4K HEVC
War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie

War for the Planet of the Apes (2017)

2017
4K HEVC
Love Reset(2023) 7.2
Love Reset(2023) Love Reset(2023)*************** Kang Ha Neul နဲ့ Jung So Min တို့ရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days 🔥 Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာအတော်များများသိကြမှာပါ.... ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ....ကားထွက်တော့ ထင်ထားတာထက်ပိုရယ်နေရတယ်.... ဇာတ်လမ်းအကျဉ်း....ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖို့ကြိုးစားနေတဲ့ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်....အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့ဖူးစာပါလာတယ်.... အခက်အခဲတွေကြားထဲကမှ သူတို့အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..ဇာတ်လမ်းက ခုမှစတာ....မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ...၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်းလုံးဝကွဲပြားနေတယ်...ဒီလိုနဲ့ပဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File size… 2.12GB & 827MB Quality…WEB-DL 720p Format…mp4 Duration….1h 59m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Stary Htet , Phyu Sin ...
movie

Love Reset(2023)

Boys Don’t Cry (1999) 7.5
Boys Don’t Cry (1999)  2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့...........LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / ...
movie

Boys Don’t Cry (1999)

Dhoomam (2023) 5.6
Dhoomam (2023) Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie

Dhoomam (2023)

2023
Frybread Face and Me (2023) 7.3
Frybread Face and Me (2023) Frybread Face and Me (2023)~ IMDb - 7.3/10, Rotten Tomatoes - 100% ~Coming of Age အမျိုးအစားဆိုတော့ ကလေးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရ ခဏပေါင်းများစွာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ တခြား CoA ကားတွေနဲ့မတူဘဲ ပိုထူးတာက ဒီရုပ်ရှင်က အမေရိကန်တိုင်းရင်းသား အင်းဒီယန်းတွေရဲ့ ဓလေ့ကို ထင်ဟပ်စေတာပဲဖြစ်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း အမေရိကန်တိုင်းရင်းသားတစ်ယောက်ပဲ။ ဒီဇာတ်လမ်းကလည်း သူ့ငယ်ဘဝကို သူကိုယ်တိုင် ပြန်ပြောင်းပြောပြနေတာပဲ။မြို့ပေါ်မှာ ကြီးလာတဲ့ကလေးကို အမေရိကန် အနောက်တောင်ဘက်က နာဗာဂျိုတိုင်းရင်းသားမျိုးနွယ်တွေနေတဲ့ဆီက သူ့အဘွားဆီ တစ်နွေပို့ပြီး အဲဒီမှာ ကျင်လည်ခိုင်းရာက အဲဒီကလေးကြုံရတဲ့ မှတ်မိနေတဲ့ အဖြစ်တွေကို ကျွန်တော်တို့ မြင်ရလိမ့်မယ်။ ရုပ်ရှင်တစ်ကားဆိုတာထက် ငယ်သူငယ်ချင်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေတဲ့ ဖီလင်မျိုးလည်း ...
movie

Frybread Face and Me (2023)

2023