Channel Myanmar

Drama

Into the Darkness (2020) 6.4
Into the Darkness (2020)  Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိကအသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကိုနာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရောသူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီးကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ....  File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle ...
movie

Into the Darkness (2020)

Out of The Darkness (2022) 6.5
Out of The Darkness (2022)  ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင်ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်းသူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကိုဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကိုတစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ...
movie

Out of The Darkness (2022)

Vavien (2009)
Vavien (2009)  IMDb rating - 7.5/10ဒီနေ့တော့ပရိတ်သတ်ကြီးကို Comedy Drama Thriller ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Celal ဆိုတဲ့သူက အကြွေးတွေဝိုင်းဝိုင်းလည်နေတဲ့ လျှပ်စစ်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့အကြွေးတွေကရုန်းထွက်နိုင်တဲ့သူက သူ့မိန်းမရဲ့စုဆောင်းငွေတွေကိုတပ်မက်ပြီး သူ့မိန်းမကိုမက်လုံးပေး ပျော်ပွဲစားထွက်ဖို့ပြောပါတော့တယ် ယောက်ျားကလွဲရင်ကျန်တာမမြင်တဲ့သူ့ဇနီးကလည်း သူ့ယောက်ျားက ပျော်ပွဲစားထွက်မယ်ပြောတော့ ရာသီဥတုမကောင်းတဲ့ မိုးရွာတော့မယ့်နေ့မှာတောင် သူငယ်ချင်းတွေကိုခေါ်ပြီး သူတို့မိသားစုလေးပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခဲ့ကြပါတယ်ဒီလိုနဲ့အပြန်လမ်းမှာ Celal ရဲ့ဇနီးက ကားတံခါးကနေ ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားတဲ့အခါမှာတော့...ရဲတွေကဘယ်လိုလိုက်ရှာပါစေမတွေ့ခဲ့ပါဘူး သူ့ယောက်ျားလည်း သူ့မိန်းမကိုသေပြီလို့အောက်မေ့ပြီးအပျော်ကြီးပျော်နေချိန်မှာ သူ့မိန်းမပြန်ရောက်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို့ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(844 MB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre...Comedy, Drama, Thiller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie

Vavien (2009)

My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
Frozen River (2008) 7.1
Frozen River (2008)  Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး.......... File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Frozen River (2008)

Flowers of Mold (2023) 6
Flowers of Mold (2023) Flower of Mold (2023)‘စွန့်ပစ်ခံရတာတွေက ရှင့်အကြောင်းကို ပိုပြီးရိုးသားစွာ ပြောပြနေတာမလို့’ဇာတ်အိမ်အဆန်းလေးမှကြိုက်တတ်တဲ့သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ဆန်းဆန်းလေး ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။တိုက်ခန်းတွဲတစ်ခုမှာ တစ်ယောက်တည်းအိမ်ငှါးနေထိုင်တဲ့ ‘ဟန်ဂျီဆူး’ဆိုတဲ့မိန်းကလေးက သာမန်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကိုင်ပြီး အများအမြင်မှာလည်း သူလိုကိုယ်လိုလူတစ်ယောက်ပါ။ဒါပေမယ့် သူ့မှာလူသိမခံနိုင်တဲ့ မကောင်းတဲ့အကျင့်ဆိုးတစ်ခုရှိနေတာပါ။အဲဒီသူ့ရဲ့မကောင်းတဲ့ဉာဉ်ဆိုးနဲ့ပဲ တိုက်ခန်းတွဲက လူတစ်ယောက်ချင်းစီရဲ့ အကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်တတ်ပါတယ်။ ဒီလိုပဲနေ့စဉ်ဖြတ်သန်းလာရင်းနဲ့ တစ်နေ့မှာ ဘေးခန်းကို ချောမောတဲ့ကောင်လေးတစ်ယောက်ပြောင်းလာတဲ့အခါ စိတ်ဝင်စားမိပါတော့တယ်။ဒီလိုနဲ့ ‘ဝူဂျယ်’ဆိုတဲ့ အနေအေးတဲ့ကောင်လေးနဲ့ လျို့ဝှက်ချက်ပိုင်ရှင်ကောင်မလေး ‘ဟန်ဂျီဆူး’ တို့နဲ့ ဘယ်လိုတွေအနေနီးစပ်သွားကြမလဲ သူ့ရဲ့လူသိမခံနိုင်တဲ့ အကျင့်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျောကြည့်ရှုနိုင်ပါပြီနေ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 800MB | 306MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ThantSin Encoder ..... Aaron
movie

Flowers of Mold (2023)

2023
The Last Descent (2016) 5.5
The Last Descent (2016) The Last Descent (2016) ===================ဒီကားလေးကတော့ 2009 ခုနှစ်တုန်းက အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာ ရှိတဲ့ Nutty Putty ဆိုတဲ့ ဂူတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်း လေးကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း - ဂျွန် နဲ့ သူ့မိသားစုတို့ အားလပ်ရက် မွေးရပ်မြေကို ပြန်တဲ့အချိန်မှာ Adventure ထွက်ရတာကို သဘောကျတဲ့ ဂျွန် နဲ့ သူ့အကိုတို့ အစိုးရဘက်က အန္တရာယ်ရှိတယ် လို့ ယူဆပြီး 2 နှစ်ကြာပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့တဲ့ Nutty Putty ဂူထဲကို ဝင်ပြီး စွန့်စားခန်းဖွင့်ဖို့ရာ ဖြစ်လာပါတော့တယ်။ အသွားမတော်တစ်လှမ်း အစား မတော်တစ်လုပ်ဆိုသလိုပဲ ဂျွန်နဲ့ သူ့အစ်ကိုတို့နှစ်ယောက်သား သွားရင်းသွားရင်းနဲ့ မြေပုံထဲတောင်မပါပဲ ဂူရဲ့အနက်ဆုံးအပိုင်းထဲထိရောက်သွားပြီး ဂျွန်တစ်ယောက် လျှိုတစ်ခုထဲကို အမှတ်မထင်ဆင်းမိသွားရာကနေ အခန့်မသင့်ပဲ ဘယ်လိုမှ ပြန် မထွက်နိုင်ဖြစ်သွားပါတော့တယ်။အတိုချုံးပြောရရင်တော့ သာမာန်ကယ်ဆယ်ရေးကားမျိုးဆိုပေမယ့် ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်လို့ အတော်လေးစိတ်ဝင်စားဖို့ရော ဝမ်းနည်းဖို့ရော တော်တော် ကောင်းပါတယ်။ အဲတော့ ဂျွန်တစ်ယောက် ဂူထဲကနေ အသက်ရှင်လျှက်ပြန်ထွက် နိုင်ပါ့မလား ဂျွန်ကိုဘယ်လိုကယ်ထုတ်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ...
movie

The Last Descent (2016)

2016
Stalked by My Stepsister (2023) 6.4
Stalked by My Stepsister (2023) Stalked by My Stepsister (2023) ======================= IMDb Rating - 6.4/10ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့ကို အသည်းတယားယား၊ ရင်ထဲကလိကလိနဲ့ လောင်မြိုက်ကြည့်ရှုရမဲ့ ကားတစ်ကားကိုတင် ဆက်ပေးပါမယ်။ အပြင်ပန်းမှာ ပန်းနုသွေးအင်နိုးစန့်ပြီး နောက်ကွယ် မှာ ချောက်ချကြိုးကိုင်နေတဲ့ လင်ပါသမီးနဲ့ သူ့လှည့်ကွက်ထဲရောက် နေတဲ့မယားပါသမီးတို့ရဲ့ အားပြိုင်မှုလို့ပဲပြောရမ‌ပေါ့။ဇာတ်လမ်းကတော့ဒီလိုပါ။ ခန့်နဲ့ လော်ရာတို့လက်ထပ်လိုက်ကြတော့ သူတို့မှာ သမီးတစ်ယောက် စီပါလာတယ်။ ခန့်ရဲ့သမီးကဒက်ဗင်၊ လော်ရာ့သမီးက မက်ဒီ။ ခန့်နဲ့လော် ရာတို့က အခုကြိုက်အခုလက်ထပ်လုပ်လိုက်တော့ အဲဒီညီအစ်မလောင်း နှစ်ယောက်က အချင်းချင်းမသိခဲ့၊မတွေ့ဖူးကြဘူး။ တစ်ရက်ကျ ဒက်ဗင် က လန်ဒန်မှာကျောင်းတက်နေရာကနေပြန်လာပြီး အဲဒီ၄ယောက်လုံး တစ်အိမ်တည်းအတူနေဖို့ဖြစ်လာတယ်။ဒက်ဗင်က အရမ်းချိုသာယဉ်ကျေးပြီး ပြီးပြည့်စုံတဲ့ညီမတစ်ယောက်ပုံစံ ဟန်ဆောင်နေပေမဲ့ သူအိမ်ရောက်လာကတည်းက အမေနဲ့သမီးကြား သွေးခွဲ၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အကုန်မက်ဒီ့အမှားအဖြစ် ပုံချခံရ၊ မက်ဒီ့ဘေးနားက ချစ်ရတဲ့သူတွေလည်း အန္တရာယ်ကျရောက် လာတဲ့အခါမှာတော့...။မက်ဒီတစ်ယောက် ဒက်ဗင့်လှည့်ကွက်တွေကြားဘယ်လောက်ထိ ခံနေ ရပြီး ဘာတွေပေးဆပ်လိုက်ရမလဲ၊ သူဒက်ဗင့်လှည့်ကွက်ထဲကနေရုန်း ထွက်နိုင်ပါ့မလား၊ နောက်ဆုံး မက်ဒီပဲဖော်ထုတ်နိုင်မလား၊ အရင်က ဒက် ဗင်ရှင်းပစ်ခဲ့တဲ့ သူ့အဖေရဲ့ဇနီးလောင်းတွေလိုပဲ မက်ဒီတို့သားအမိ အဆုံး သတ်သွားပြီး ဒက်ဗင်ပဲနိုင်သွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.42 ...
movie

Stalked by My Stepsister (2023)

2023
Papa (2012) 6
Papa (2012) PAPA (2012)ဇာတ်လမ်းရဲ့ အဓိကဇာတ်‌ကောင်ဖြစ်တဲ့ ရှင်းချွန်းဆော့ဟာ အိုင်ဒေါလ်‌မန်နေဂျာအနေနဲ့ တက်သစ်စ နာမည်ကြိးအဆိုတော်မလေးကို စင်တင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ ပြဿနာက ထိုအဆိုတော်မလေး ပျောက်ဆုံးသွားခြင်းပါပဲ။ အဲ့လိုနဲ့ ကုမ္ပဏီငွေရှင်ရဲ့ မြေမြှုပ်မခံရဖို့အရေး လူရှာရင်း အမေရိကမှာ သောင်တင်နေပါတော့တယ်။ အမေရိကမှာ နေထိုင်ခွင့်ရရှိဖို့ အိုမီယောင်းနဲ့ ဟန်ဆောင်လက်ထပ်လိုက်ပြီး ကလေး ၆ ယောက်အဖေရာထူး ရသွားတဲ့သူ။ ကားမတော်တဆမှုနဲ့ အိုမီယောင်း သေဆုံးသွားတဲ့နောက်မှာ အရွယ်စုံ ကလေး ၆ ယောက် အုပ်ထိန်းခွင့်ကို ယူရင်း၊ သူ့ရဲ့အိုင်ဒေါလ် ရှာပုံတော်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.7GB | 688MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie

Papa (2012)

2012
Allure (2017) 5.1
Allure (2017) Allure (2017) ==========လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့ သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာ သန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့် သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလို အယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီး အချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေက စွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရ မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (452 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Allure (2017)

2017
Bad Blood (2023) 6.1
Bad Blood (2023)  ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ....။ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျမင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ....။မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကိုအများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေလက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်...အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့သာစိတ်ကူးခဲ့ပါတော့တယ်....ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ...။ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရအလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး...လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး...။ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုကဖမ်းခေါ်သွားတဲ့အခါမှာတော့...လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကိုအက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...။  File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bad Blood (2023)

Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
Rapture (2023) 8.5
Rapture (2023) Rimdogittanga (2023) IMDb-8.5/10နှစ်စဉ်အချိန်အခါတစ်ခုရောက်တိုင်း ညဘက်တွေမှာ ရှားပါးတဲ့ပုစင်းရင်းကွဲတမျိုး ထွက်ပေါ်လာတတ်တာကြောင့် ရွာသူရွာသားတွေက မီးတုတ်တွေနဲ့ရှာကြတာပေါ့။ဖမ်းလို့ရလာတဲ့အကောင်တွေကို အချဉ်တည်ကြ ကြော်စားကြနဲ့ စားစရာအလို့ငှာ ရှာကြတာပါ။တစ်ညမှာတော့ ဆယ့်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် တောထဲမှာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ သဲလွန်စဆိုလို့ သစ်ပင်ပေါ်မှာတင်နေတဲ့ အင်္ကျီလေးကလွဲရင် ဘာမှထပ်မသိရပါဘူး။ ဒီလိုပဲ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ညဘက်ဆိုလူစိမ်းတွေရွာထဲဝင်လာပြီးလူတွေဖမ်းတာမျိုး ဖမ်းသွားတဲ့လူတွေကို ဆေးရုံကြီးတွေပို့ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်တာမျိုး စတဲ့ ကောလဟလတွေ ပြန့်နေပါတယ်။ဒီလိုနဲ့ ညဘက်တွေဆို ရွာထဲမှာ ကင်းလှည့်ရပါတော့တယ်။ ဒီကြားထဲမှာ ဘုရားကျောင်းက ထုတ်ပြန်ထားတဲ့သတင်းစကားကလည်း အံ့ဖွယ်မယ်တော်မယ်ရီရုပ်တု ကြွချီလာခြင်းနဲ့အတူ ရက်ပေါင်းရှစ်ဆယ်တိတိအမှောင်လွှမ်းပါမယ်တဲ့။ထာ၀ရဘုရားမှာယုံကြည်ခြင်း မရှိသူတွေကို သေမင်းတမန်တွေက လာရောက်ခေါ်ဆောင်ပါမယ်တဲ့။ ဒီလိုကြောက်စရာကိစ္စနှစ်ခုကြားမှာ ရွာသူရွာသားတွေက ကြောက်ရွံ့နေကြရပါတော့တယ်။ တစ်ညမှာ သူစိမ်းတစ်ယောက်ကိုဖမ်းမိပြီး ဝိုင်းဝန်းထိုးကြိတ်ကြတဲ့အခါမှာတော့...။ ဖြစ်ပေါ်နေတဲ့ ကိစ္စနှစ်ခုဟာ ဆက်စပ်နေမလား...။ အဖွဲ့အစည်းတစ်ခုခုကပဲ ဒီကိစ္စတွေကိုနောက်ကွယ်က ခြယ်လှယ်နေတာလားဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.46GB /  946MB Quality…1080p WEB DL / 720p Format…mp4 Duration….2h ...
movie

Rapture (2023)

The Phantom Lover (1995) 6.6
The Phantom Lover (1995) The Phantom Lover (1995)~ IMDb - 6.6/10, Rotten Tomatoes - 60% ~လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The ...
movie

The Phantom Lover (1995)

1995
The Shepherd (2023) 6.1
The Shepherd (2023)  ဒီကားလေးကတော့ Disneyကထွက်လာတဲ့ ကြာမြင့်ချိန်၃၈မိနစ်သာသာ short filmအမျိုးအစားမူဗီလေးပါ...။Christmasအမီထွက်လာခဲ့တာဖြစ်ပြီး ဗြိတိန်စာရေးဆရာFrederick Forsythရဲ့ ၁၉၇၅ခုနှစ်ထွက် The Shepherdဆိုတဲ့ဝတ္ထုကိုရိုက်ကူးထားတာပါ...။ဒီဝတ္ထုကိုစရေးခဲ့စဥ်က စာရေးဆရာဟာ ဇနီးဖြစ်သူအတွက် Christmas giftအနေနဲ့ Ghost Storyတစ်ပုဒ်လောက်ပေးချင်လို့ရေးသားခဲ့တာပါ....။၁၉၇၄ခုနှစ်ဝန်းကျင်မှာ ဗြိတိန်တော်ဝင်လေတပ်နဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့ပုံပြင်တွေအတော်များများရှိသလို Forsythကိုယ်တိုင်ကလည်း လေယာဥ်မှူးဟောင်းတစ်ယောက်ဖြစ်နေလေတော့...ခရစ်စမတ်အမီအိမ်ပြန်ချိန်မှာ ပင်လယ်ပြင်ကိုတစ်ကိုယ်တော်ဖြတ်ပျံတဲ့လေယာဥ်မှူးအကြောင်း ပုံပြင်လေးရေးသားခဲ့ပါတယ်...။ပုံပြင်လေးကဘယ်လိုလေးဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုနိုင်ပါပြီ...။ File size…439MB / 193MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….38m Genre ….. Short , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Shepherd (2023)

The Legend of Detective Sleek Rat 1: The Bloody City (2016) 5.8
The Legend of Detective Sleek Rat 1: The Bloody City (2016) တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ...... ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 28 min Subtitle : Myanmar ...
movie

The Legend of Detective Sleek Rat 1: The Bloody City (2016)

Death Stranding ( 2023 ) 6
Death Stranding ( 2023 ) ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့......ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့...... ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Death Stranding ( 2023 )

Full Moon (2023) 6.1
Full Moon (2023) Full Moon (2023)ခြောက်ခြားပုံပြင်အိပ်ရာဝင်ပုံပြင်တွေဟာ လူတိုင်းရဲ့ငယ်ဘဝကို လှ‌ပစေတဲ့အရာဖြစ်သလို ဘဝရဲ့လက်ကျန်သက်တမ်းမှာ စိုးမိုးသွားတဲ့အရာဆိုလည်းမမှားဘူးအိပ်ရာဝင်ပုံပြင်တွေကနေ လူ့ဘဝကြီးမှာ ကျင့်ကြံနေထိုင်သင့် ပြုမူသင့်တဲ့အရာလေးတွေထည့်ပြောရင်းဆုံးမတတ်ကြတယ်ဒီဇာတ်လမ်းကတော့ အထက်ပါအကြောင်းအရာတွေနဲ့ ကွဲလွဲနေတဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်နဲ့အစပျိုးတယ် သမီးလေးအတွက် ဖခင်ဖြစ်သူပြောပြတဲ့အိပ်ရာဝင်ပုံပြင်ဟာ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ်မထင်မှတ်ဘဲပြောမိတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ်ပြောပြရင်း အဲဒီခြောက်ခြားစရာအရာက သူတို့အနားချဉ်းကပ်လာတာကိုသတိမထားမိခဲ့ကြဘူး ဒီမိသားစုကြား ခလောက်ဆန်လာမဲ့ အဲဒီခြောက်ခြားစရာတစ်ခုက.....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 600MB Quality…1080p WEB DL /720p Format…mp4 Duration….1h 36mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Full Moon (2023)

2023
The Velveteen Rabbit (2023) 6.7
The Velveteen Rabbit (2023) The Velveteen Rabbit (2023) ====================== IMDb Rating - 6.7/10Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ ...
movie

The Velveteen Rabbit (2023)

2023
Sophie’s Choice (1982) 7.5
Sophie’s Choice (1982)   လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie's Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို ...
movie

Sophie’s Choice (1982)