Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.7
Chile ’76 (2022)
ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို ...
movie
Chile ’76 (2022)
5.8
Friday After Next (2002)
Friday After Next (2002)IMDb-5.8ဇာတ်လမ်းအညွှန်းခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီးတိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာသူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size… ...
movie
Friday After Next (2002)
2002
5.7
Thunder Rescue ( 2023 )
ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Thunder Rescue ( 2023 )
8
Toby (2023)
Toby (2023) "တုနှိုင်းမဲ့မေတ္တာ" IMDb - 8.1/10ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား...လူမိုက်တယောက်ရဲ့သွားရာလမ်းလား...ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 866MB Quality…WEB DL 1080p ...
movie
Toby (2023)
2023
6.5
Blindness (2008)
IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့.... File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Blindness (2008)
8.1
The Miracle Worker (1962)
RT 96% နဲ့ IMDb 8.1 ရရှိထားတဲ့ ဇာတ်ကားဟောင်းလေးကိုCM ကနေ ပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ အာသာပန်က ရိုက်ကူးထားတာ ဖြစ်ပြီးမင်းသမီး အန်းဘန်ခရော့ထ်နဲ့ ပတ်တီဒုခ်တို့က အဓိက သရုပ်ဆောင်ထားပါတယ်။၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပြီးသရုပ်ဆောင်တွေရဲ့ အကောင်းဆုံးသော တင်ဆက်မှုတွေကို ခံစားကြရမှာပါ။ ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့သူ၊ စာပေနိုဗယ်ဆု မရရှိခဲ့ပေမဲ့ဆန်ကာတင်စာရင်းထဲထိ ပါဝင်နိုင်ခဲ့တဲ့ မျက်မမြင်စာရေးဆရာမ ဟယ်လင်ကယ်လာရဲ့ ငယ်ဘဝဇာတ်ကြာင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတိုင်းလေးစားရတဲ့ ဟယ်လင်ကယ်လာရဲ့ သနားစရာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်အပိုင်းအခြားတစ်ခုကိုအံ့ဩမှင်သက်စွာ ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွေးကင်းစ အရွယ်မှာနေမကောင်းဖြစ်ပြီး မျက်စိကွယ်၊ နားမကြား ဖြစ်သွားရတဲ့ဟယ်လင်ကယ်လာလေးကို အန်နီ ဆော်လီဗန်ကသင်ကြားပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မျက်မမြင်ဖြစ်တဲ့ အန်နီဆော်လီဗန်ဟာဟယ်လင်ကယ်လာလေးကို ကမ္ဘာကြီးမှာ ရှိသမျှအရာတွေအားလုံးကို သိစေချင်စိတ် ဖြစ်လာခဲ့ပါတယ်။သင်ကြားပေးရာမှာလည်း မသန်စွမ်းသူတစ်ယောက်အနေနဲ့ မဟုတ်ဘဲသာမန်လူတစ်ယောက်လို ဘဝကို ဖြတ်သန်းနိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။ ဟယ်လင်ကယ်လာလေးကို သနားချစ်နဲ့ အလိုလိုက်ထားတဲ့မိဘတွေနဲ့ ကလေးကို ...
movie
The Miracle Worker (1962)
1962
6.2
This Is 40 (2012)
This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့ Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie
This Is 40 (2012)
2012
6.9
The Grifters (1990)
The Grifters (1990)~ IMDb - 6.9/10, Rotten Tomatoes - 91% ~National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ဒီရုပ်ရှင်ကို Crime ဝတ္ထုနယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို ...
movie
The Grifters (1990)
1990
5.8
The Battle For Justice ( 2023 )
The Battle for justiceဆိုတဲ့ဇာတ်ကားကတော့ တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းက သတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီး ကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက် မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ ချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား...... ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကို ဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား...... နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Battle For Justice ( 2023 )
5.9
Ban Drugs ( 2023 )
ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့...... စခန်းမှူးကျန့်(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့....အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့... ရဲအရာရှိလေးဝမ်သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ...... ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ban Drugs ( 2023 )
7.2
Maestro (2023)
Maestro (2023)~ IMDb - 7.2/10, RT - 80%, Meta - 78% ~Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a ...
movie
Maestro (2023)
2023
7.4
Trumbo (2015)
ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie
Trumbo (2015)
7.1
First Reformed (2017)
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie
First Reformed (2017)
7.3
Six Weeks (2022)
Six Weeks (2022)~ IMDb rating - 7.3/10 ~ဒီကားလေးကတော့ စထွက်လာတည်းက ရုပ်ရှင်ဆုပေးပွဲတွေမှာ Nomination တွေဝင်၊ ဆုတွေရခဲ့တဲ့ ဟန်ဂေရီ ဒရာမာကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~စိတ်ကျန်းမာရေးမကောင်းတဲ့အမေရယ် ညီမတစ်ယောက်ရယ်နဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းနေရင်း တဖက်မှာလည်း ဥရောပဖလားမှာ အနိုင်ရ အိုလံပစ်ကို ဝင်ပြိုင်မယ်ဆိုတဲ့ အတွေးနဲ့ကြိုးစားရင်း ရည်းစားဖြစ်သူ ခရစ်စီယန်နဲ့ မတော်တဆ ကိုယ်ဝန်ရသွားတဲ့ ဆိုဖီယာတစ်ယောက် ရည်းစားကလည်း တာဝန်မယူခေါင်းရှောင်နေတာကြောင့် ကလေးလိုချင်နေတဲ့ အမ်မာနဲ့ဂါဘာတို့ဆီ ကလေးကို ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟန်ဂေရီနိုင်ငံရဲ့ ဥပဒေအရ မွေးစားခွင့်ဟာလည်း ကလေးမွေးပြီး ခြောက်ပတ်အကြာမှသာ တရားဝင်ဖြစ်တာကြောင့် အဲဒီခြောက်ပတ်အတွင်း အမေရင်းဖြစ်သူ ဆိုဖီယာတစ်ယောက် ဘယ်လို ခံစားချက်တွေ ရင်ဆိုင်မှုတွေ တွေ့ကြုံရလဲဆိုတာ ရိုက်ကူးပြသထားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 725MB Quality - ...
movie
Six Weeks (2022)
2022
6.5
The Four Feathers (2002)
The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie
The Four Feathers (2002)
8.7
Tagaru Palya (2023)
Tagaru Palya (2023) "ချိုကုတ်မွှေတဲ့ ရိုးရာပွဲ"IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်...။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့...။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
Tagaru Palya (2023)
2023
7.0
Falimy (2023)
Falimy (2023) "မိစားသု" IMDb 7.1/10မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ "Family"ကို "Falimy"လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.39GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Falimy (2023)
2023
6.8
A Christmas Carol(2009)
A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie
A Christmas Carol(2009)
2009
7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)
နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie
The Hunger Games: The Ballad of Songbirds & Snakes (2023)
4K HEVC
6.5
The Queen of Black Magic (2019)
ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie
The Queen of Black Magic (2019)
First
98
99
100
101
102
Last
Previous
Next