Channel Myanmar

Drama

Café Daughter (2023) 5.6
Café Daughter (2023)  ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ်တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက Cafe Daughterပါ File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Café Daughter (2023)

Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

The Loneliest Planet (2011) 5.6
The Loneliest Planet (2011) The Loneliest Planet (2023) Genre – Drama, Thrillerစေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn ...
movie

The Loneliest Planet (2011)

With Love and a Major Organ (2023) 6.9
With Love and a Major Organ (2023)  IMDb 6.9ဒီတစ်ခါမှာဆိုရင် သိမ်သိမ်မွေ့မွေ့လေး ခံစားရမယ့် စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လူသားတွေရဲ့ 'နှလုံးသား' ကို အရာဝတ္ထုတွေနဲ့ ဖွဲ့ဆည်းထားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး အန်နာဘယ်ရဲ့ နှလုံးသားကတော့ မီးအိမ်လေးတစ်ခုပါ လူသားတွေက စိတ်ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပြီး ရှင်သန်ဖို့ကြိုးစားကြပြီး စက်ရုပ်ဆန်ဆန် နေထိုင်လာကြပါတယ်LifeZapp ဆိုတဲ့ အက်ပလီကေးရှင်းကို လူကြိုက်များကြပြီး ရွေးချယ်မှုတိုင်းကို မိမိဘက်က စဥ်းစားစရာမလိုဘဲ app က သူ့ဘာသာသူ ရွေးချယ်ပေးတဲ့ app ပါ အန်နာဘယ်ကတော့ အားလုံးနဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီး... စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်တဲ့ ပန်းချီဆရာမလေးပါတစ်နေ့မှာ သူဟာ ဂျော့ဂျ်ဆိုတဲ့ ယောကျာ်းတစ်ယောက်ကို ချစ်မိသွားခဲ့ပေမယ့် ခံစားချက်အေးစက်တဲ့ ဂျော့ဂျ်အပါအဝင် အန်နာ့သူငယ်ချင်းတွေကြောင့် ဖြည်မဆည်နိုင်တဲ့ အခါမှာ .... ဘယ်လိုအဆုံးစွန်လုပ်ရပ်တွေ လုပ်မိမှာလဲ ဇာတ်အလှည့်အပြောင်းတချို့နဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးကို ညွှန်းပေးလိုက်ပါတယ် File size…(1.2 GB)/(530 Mb) Quality….Webrip ...
movie

With Love and a Major Organ (2023)

Hula Girls (2006) 7.0
Hula Girls (2006) The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie

Hula Girls (2006)

Only the River Flows (2023) 6.7
Only the River Flows (2023) ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie

Only the River Flows (2023)

One for the Road (2023) 6.6
One for the Road (2023)  IMDb- 6.6/10မူးနေရင်းနဲ့ ကားကို ပါကင်နေရာရွှေ့လိုက်မိရာကနေ အရာရှိတွေဆီ မိသွားပြီး လိုင်စင်အသိမ်းခံလိုက်ရတဲ့ မာ့ခ်၊ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းဖြစ်စေဖို့နဲ့ သူ့ရဲ့လိုင်စင်ပြန်ရဖို့အတွက် မာ့ခ်တစ်ယောက် အရက်ဖြတ်နိုင်ဖို့ ကုထုံးသင်တန်းတက်ရပါတော့တယ်။ ဒီသင်တန်းမှာအောင်မှ လိုင်စင်ကို ပြန်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေတက်ရပါတော့တယ်။ဒီလိုနဲ့ သင်တန်းမှာ ဟယ်လန်နာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ကြရင်း ......... မာ့ခ်နဲ့ ဟယ်လန်နာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲ ... မာ့ခ်တစ်ယောက်ရော အရက်ကို ကျော်လွှားနိုင်ပြီး လိုင်စင်ကို ပြန်ရနိုင်မလား .... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(930 Mb) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura 
movie

One for the Road (2023)

Shooter (2007) 7.2
Shooter (2007) Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့  Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie

Shooter (2007)

2007
4K HEVC
1922 (2017) 6.3
1922 (2017)  1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%)Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။ 2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။ The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ ...
movie

1922 (2017)

2017
4K HEVC
Freeland (2020) 6.0
Freeland (2020)  မြိုပြရဲ့မွန်းကျပ်မှုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာနဲ့ခေတ်ရေစီးကြောင်းတွေရဲ့ များပြားလွန်းတဲ့တောင်းဆိုချက်တွေကိုစိတ်ထဲက ခဏလွှတ်ချထားခဲ့ပြီး ကော်ဖီလေးတစ်ခွက်နဲ့ လေကောင်းလေသန့်ရမဲ့ မိုးနံ့သင်းသင်းပြတင်းပေါက်နားထိုင်ပြီး နားကြပ်ကိုတပ်အသံကိုအဆုံးထိချဲ့ပြီး ဒီဇာတ်ကားလေးထဲမှာ စီးမျောလိုက်ကြရအောင်ခင်ဗျာ။ဒီဇာတ်ကားလေးမှာတော့ ဒဗ်လိုခေါ်တဲ့အမျိုးသမီးကြီးတစ်ဦးရဲ့ဆေးခြောက်လုပ်ငန်းလေးတစ်ခုဟာ အစိုးရရဲ့ ပြောင်းလဲသတ်မှတ်လာတဲ့ ပိတ်ဆိုမှုတွေ၊ ခေတ်စနစ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကြား ယိမ်းယိုင်ကြပ်တည်းလာခဲ့တယ်။ခေတ်နဲ့အမှီလိုက်ဖိုကို ငြင်းဆန်ခဲ့ပြီး သမရိုးကျအတိုင်းရှေ့ဆက်ခဲ့တဲ့စီးပွားရေးသေးသေးလေးတစ်ခုဟာ ခေတ်စနစ်ကြားမှာဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထွေထွေထူးထူးမရှိပဲအေးအေးလူလူ vibe လေးပဲသွားထားပြီးတော့ သဘာ၀တရားကြီးရဲ့အလှအပတွေ၊ ကျေးငှက်တွေရဲ့ အော်သံလေးတွေ၊ မြူတွေဝေ့နေတတ်တဲ့တောင်တန်းကြီးတွေ၊ နယ်အစွန်အဖျားဒေသရဲ့ အလှအပတွေနဲ့ ဇာတ်ကောင်တွေရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကိုကွက်ကွက်ကွင်းကွင်းချပြထားတဲ့ဇာတ်ကား‌ကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.36GB / 654MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Freeland (2020)

Steve Jobs (2015) 7.2
Steve Jobs (2015) ၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာမပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားကUniversal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲMichael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့Steve Jobs Biography ဖတ်ပြီးကတည်းကသူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့်ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple ...
movie

Steve Jobs (2015)

A Letter from Kyoto (2023) 5.8
A Letter from Kyoto (2023)  ဒီဇာတ်ကားလေးက Family Dramaဇာတ်လမ်း အမျိုးအစားလေးဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Cha Mi- kyun၊ K pop girl group Secret ရဲ့အဖွဲဟောင်း  Han Sunhwa၊ Han Chae-ah နဲ့ Song Ji-hyunတိုကအဓိက ပါဝင်ထားပါတယ်.. ဇာတ်လမ်းအကျဉ်း ************** A letter form Kyotoဇာတ်ကားလေးက အကျင့်စရိုက်မတူညီကြတဲညီအစ်မသုံးယောက်နဲ့သူတိုအမေရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်.ဟွာဂျာဆိုတဲ့ အမျိုးသမီးက ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက်ဘူဆန်မြို၊ယောင်းဒိုမြိုနယ်မှာ သမီး၃ယောက်ကို ပျိုးထောင်ခဲ့ပါတယ်သမီးအကြီးဆုံးဖြစ်တဲ့ ဟယ်ဂျင်းကတော့ ယောင်းဒိုမှာပဲ အမေနဲ့အတူနေထိုင်ပြီးတော့ အိမ်ရဲ့စားဝတ်နေရေးကို ထောက်ပံ့နေသူပါသမီးအငယ်ဆုံး ဟယ်ဂျူကတော့ အထက်တန်းအောင်ပြီးတဲ့နောက်အကသမားဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုယောင်းဒိုကို စွန့်ခွာပြီး ဆိုးလ်ကို သွားချင်နေသူဖြစ်ပါတယ်.သမီးလတ် ဟယ်ယောင်းက ဆိုးလ်မှာ အလုပ်လုပ်နေပြီး တစ်ရက်တော့အလုပ်မှာအဆင်မပြေတာကြောင့် ယောင်းဒိုက အမေ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတယ် အမေ့အိမ်မှာ နေရင်းကနေ အမှတ်မထင်ကျိုတိုကနေ ပိုထားပြီး ဂျပန်လို ရေးထားတဲ့စာတစ်စောင်ကိုတွေ့လိုက်ပြီးနောက် အမေ့ရဲ့ငယ်ဘဝအကြောင်းကိုစပ်စုပါတော့တယ်အဲဒီအချိန်မှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ဟွာဂျာရဲ့နှလုံးသားဟာအတိတ်က ...
movie

A Letter from Kyoto (2023)

My Otaku Girlfriend aka Mi Novia Otaku (2023) 6.7
My Otaku Girlfriend aka Mi Novia Otaku (2023) My Otaku Girlfriend (2013) မန်ဂါကြိုက်တဲ့ကျွန်‌တော့်ရဲ့ချစ်သူလေးIMDb 6.7/10ရုပ်ပြတွေကိုရေးရတာနှစ်သက်တဲ့ကောင်လေးတစ်ယောက်ဟာ Oxford မှာ စီးပွားရေးမဟာတန်းတက်ဖို့ schorlarship လျှောက်ရန် စာတွေနဲ့လုံးပန်းနေရင်း သူ့ရဲ့ အလွန်နာမည်ကြီးနေတဲ့ ဇာတ်လမ်းကိုဆက်မရေးတော့ဘဲ ပစ်ထားပြီးစာပဲကြိုးစားနေခဲ့ပါတယ်သူရေးတဲ့ဇာတ်လမ်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပေမဲ့ သူ့ရဲ့ဘဝကတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်တစ်ရက်မှာတော့ သူ့ရဲ့ fan အကြီးစားဖြစ်တဲ့ကောင်မလေးတစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့ပျင်းရိစရာကောင်းတဲ့ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲသွားမလားဆိုတာကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်) File size…2GB / 989MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

My Otaku Girlfriend aka Mi Novia Otaku (2023)

2023
The Rapture aka Le Ravissement  (2023) 7
The Rapture aka Le Ravissement (2023) Le Ravissement (2023) "လင်ဒီယာ" CM ပရိသတ်ကြီးအတွက် ရီဗျူးကောင်းတွေ ရရှိထားတဲ့ ပြင်သစ်စကားပြော ရိုမန့်/ဒရာမာ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်အထီးကျန်ခြင်းက လူတစ်ယောက်ကို ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲ အမှားတွေအားလုံး အဲဒီနေ့က စတင်ခဲ့တယ် ကိတ်မုန့်တစ်လုံးနဲ့ လင်ဒီယာ ပြာယာခတ်ပြီး လမ်းဖြတ်ကူးလာတာကို သူမြင်တယ် လင်ဒီယာက သဘောကောင်းတဲ့ သားဖွားဆရာမလေးဖြစ်ပြီး သူကတော့ ဘတ်စ်ကားဆရာပါ အဲဒီနေ့က လင်ဒီယာ သစ္စာဖောက်ခံရတဲ့နေ့ဖြစ်ပြီး တစ်ညမှာတော့ စိတ်ပင်ပန်းနေတဲ့ လင်ဒီယာ ဘတ်စ်ကားပေါ်မှာ အိပ်ပျော်သွားလေရဲ့ နိုးလာတော့ ခရီးသည်တစ်ယောက်မှ မရှိတော့ဘူးဒီလိုကနေ လင်ဒီယာနဲ့ သူ တစ်ညတာ ကုန်ဆုံးဖို့ ဖြစ်သွားတယ် တကယ်တော့ ဒါက သူ့အတွက် တစ်ညတာဆိုရုံပါပဲ အသည်းကွဲနေတဲ့ လင်ဒီယာကပဲ ကုစားဖို့ရာ သံယောဇဥ်ကြိုးချည်ဖို့ အလိမ်အညာတစ်ခုကို ကျူးလွန်မိသွားချိန်မှာတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Alex ~ ToMo ~ Yunni တို့ ဖြစ်ပါတယ် File size… 1.8GB / 761MB Quality…WEB DL ...
movie

The Rapture aka Le Ravissement (2023)

2023
Caught In Time ( 2020 ) 6.3
Caught In Time ( 2020 ) ဒီတစ်ခါ ဇာတ်ကားလေးကတော့ အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက်တော့ ရှယ်သဘောကျမယ့်ကားအမျိုးအစားပဲဖြစ်ပါတယ် အချိန်ဆိုတာ တစ်မိနစ် တစ်စက္ကန့်လေးကအစ အရေးပါတယ်ဆိုတဲ့ စကားက ဒီကားနဲ့ လုံးဝကွက်တိဖြစ်ပါလိမ့်မယ်ဒီကားထဲကဓားပြအဖွဲ့ဟာ ဘယ်လောက်တောင်ကျွမ်းကျင်အဆင့်လဲဆိုရင် ခေါက်ဆွဲပြုတ်နေတဲ့ ၁၀မိနစ်အတွင်းမှာ ဘဏ်ကို ဓားပြသွားတိုက်ပြီး ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲအေးဆေးပြန်လာစားနိုင်တဲ့အထိကို အလန်းဇယားတော်တာပါနော် ခေါက်ဆွဲပဲစားရုံတင်ပဲမထင်လိုက်ပါနဲ့ ရဲတွေအတွက် ခေါက်ဆွဲတောင် ဝယ်ကျွေးသွားပါသေးတယ်အဲ့လောက်ထိ အခန့်မှန်းမှာရော အလုအယက်မှာရော ရဲတွေထက် ရှေ့တစ်လှမ်းအမြဲစောနေတဲ့ ဓားပြအဖွဲ့ကို အပြောင်းရွှေ့ကျလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျုံချန်က အမိ ဖမ်းနိုင်ပါ့မလား ဓားပြအဖွဲ့ကရော လှည့်စားမှုတွေနဲ့ ရဲတွေကို ဆက်ပြီးပိုင်ပိုင်နိုင်နိုင်ကစားသွားနိုင်ဉီးမလားဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါတော့နော် Filesize : 5.16 GB / 1.57 GB / 868 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

Caught In Time ( 2020 )

4K HEVC
A Writer’s Odyssey ( 2021 ) 6.5
A Writer’s Odyssey ( 2021 ) ဒီတစ်ခေါက်ကတော့ yang mi ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ ဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလားဇာတ်လမ်းအကြောင်းအရာလေးကတော့... ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့ သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါ တစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကို ရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ "နတ်ဘုရားသုတ်သင်သူ" ဆိုတဲ့ ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ ထင်ထားပေမဲ့လည်း "နတ်ဘုရားသုတ်သင်သူ" ဝတ္ထုက လက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေက ကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ Filesize : 1.94 GB / 1.02 GB Quality : WEB-DL 1080p , 720p Format : mkv  Genres : Fantasy , Action , Adventure , Drama Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

A Writer’s Odyssey ( 2021 )

Scamsgiving ( 2023 ) 6.0
Scamsgiving ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သရုပ်ဆောင်ကောင်းကြတဲ့ လိမ်ရာမှာ ပိရိတဲ့ လူလိမ်သားအမိကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Single Mom တစ်ယောက်ဖြစ်တဲ့ ယွင်ကသူ့သား ဂျေဆန်နဲ့အတူ ဆန်ဖရန်ဆစ်စကိုရဲ့ တရုတ်တန်းမှာ စတိုးဆိုင်ဖွင့်ထားတဲ့ အန်ဒီ့ဆီမှာ ဂျေဆန်ငယ်ငယ်ထဲက နေကြတာပါသူတို့သားအမိတွေက လိမ်လည်ရာမှာ ပိရိကျွမ်းကျင်တာကြောင့် ငှားကြတဲ့သူတွေလည်းအများအပြားပါပဲ အဲ့လိုနဲ့ တစ်နေ့မှာတော့ သူတို့က ပရောဂျက်ကြီးကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အဲ့ဒါကတော့ ထိုင်ဝမ်ရဲ့ ထောင်လင် ကြွေထည်ရဲ့ ဥက္ကဌ apple ကိုလိမ်ဖို့ပါပဲဥက္ကဌကြီးက လွန်ခဲ့တဲ့ နှစ်၂၀ တုန်းက သူ့အမှားကြောင့် သေဆုံးသွားတဲ့ သားဖြစ်သူ အားရှင်းကို လွမ်းဆွတ်နေတာဖြစ်ပြီး လူလိမ်သားအမိက ဒါကို ချက်ကောင်းကိုင်ပြီး ပန်းကန်စုတ်တစ်လုံးကို အားရှင်းလက်ရာပါဆိုပြီး လိမ်လည်ရေးအစီစဉ်ကို စခဲ့ပါတယ်ပြီးတော့ ဂျေဆန်က အားရှင်းရဲ့သားဖြစ်သူပါလို့ပါ လိမ်လည်ထားတာကြောင့် ဂျေဆန်တို့သားအမိနဲ့ အန်ဒီတို့ ဥက္ကဌကြီးရဲ့ ဖိတ်ခေါ်မှုနဲ့ ထိုင်ဝမ်ကိုရောက်လာခဲ့ပါတော့တယ် ကဲအဲ့တော့ ဂျေဆန်ရဲ့ဘဝအမှန်က ဘာလဲ နောက်ဆုံးမှာ လိမ်လည်မှုက ပေါ်သွားမှာလား ဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော် Filesize : 1.74 GB / 874 MB Quality : WEB-DL 1080p , 720p Format : mkv Genres ...
movie

Scamsgiving ( 2023 )

Light Light Light aka Valoa valoa valoa (2023) 7.1
Light Light Light aka Valoa valoa valoa (2023) Light Light Light 2023 လှပသောနွေဦး Imdb 7.1 လူတွေရဲ့ သတိမဲ့မှုကြောင့်အပူလွန်ကဲပြီး ရိန်းကအဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ရတယ် ဒီရလဒ်အနေနဲ့ကတော့ အမှုန်တိမ်တိုက်ကြီးဖြစ်တည်ရွေ့လျားခဲ့ပြီး ရေဒီယိုသတ္တိကြွတွေနဲ့ လူတွေကိုထိခိုက်စေလာလို့ ပြောင်းကြရွေ့ကြအချိန် ဒီလိုအရွှေ့အပြောင်းထဲ မီမီဆိုတဲ့ကလေးမလည်းအပါပေါ့မြို့ငယ်လေးကိုကျောင်းပြောင်းလာခဲ့တဲ့သူမ အရာရာကအသစ်အဆန်းဖြစ်လို့ ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲပေါ့ ဒီလိုနဲ့သူတွေ့ဆုံခဲ့ရတာက မာရီယာ မာရီယာ့ကိုအိမ်က သူငယ်ချင်းရစေချင်ခဲ့တာပါအမြဲတမ်းတစ်ယောက်တည်းရပ်တည်လာတဲ့သူမအတွက် မီမီ့ကိုရခဲ့တော့ စာလည်းအတူလုပ် အတူစားအတူအိပ်ရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်လေးတွေတိုးလာတာပေါ့ လှပတဲ့နွေဦးမှာ ထွက်ပေါ်လာမဲ့ သူတို့၂ဦးရဲ့အလှပဆုံးသော အမှတ်တရတွေကိုခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.7GB / 757MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ ToMo
movie

Light Light Light aka Valoa valoa valoa (2023)

2023
Customs Frontline ( 2024 ) 6.0
Customs Frontline ( 2024 ) တစ်နှစ်နေမှ တစ်ကားသာထွက်တဲ့ Nicolas Tse ရဲ့ 2024 ခုနှစ် အက်ရှင်ဇာတ်ကားသစ်လေးပါ။ သူ့ကိုတော့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအနေနဲ့ ဟွားဝူချွဲလို့သိကြပါတယ် ( ငါးကလေး ဇာတ်လမ်းတွဲမှ ) နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဦး ပေါ့ ကိုယ်တွေရဲ့ ဂျစ်ကန်ကန် Tse ဟာ ဒီကားမှာတော့ ဆိပ်ကမ်းအကောက်ခွန်အရာရှိအဖြစ်နဲ့uniform နဲ့အထာကျနေပါတယ်။ဇာတ်လမ်းကတော့ မုန်တိုင်းအပြီးမှာ အလောင်းတွေအပြည့်နဲ့ မှောင်ခိုသင်္ဘောတစ်စီး ဟောင်ကောင်ကမ်းနားရောက်လာပါတယ်။ နိုင်ငံခြားသားအလောင်းတွေအပြည့်နဲ့ ဘယ်ကလာမှန်းမသိတဲ့ ကုန်တင်သင်္ဘောတစ်စင်းမှာ ဘယ်လိုလျှို့ဝှက်တွေနဲ့ပြည့်နေမလဲဆိုတာ ရဲတွေကရှာဖွေကြရပါတော့တယ်ဒီလိုနဲ့ အတွင်းကျကျစစ်ဆေးရင်း ကျယ်ပြန့်တဲ့ လက်နက်မှောင်ခိုမှုကြီးတစ်ခုမှန်း သိလာရတဲ့အခါ ကမ္ဘာအကောက်ခွန်ပူးပေါင်းရေးကော်မတီနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စုံစမ်းကြပြီး နောက်ကွယ်ကကြိုးကိုင်နေတဲ့ အဓိကတရားခံကို ဘယ်လိုဖေါ်ထုတ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ အကြောက်တရားမရှိ မတွန့်မဆုတ်ပဲ အမှန်တရားပေါ်လာတဲ့အထိ ဘယ်လိုကြိုးစားဖေါ်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Filesize : 9.51 GB / 2.34 GB / 1.22 GB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Action , Drama Runtime ...
movie

Customs Frontline ( 2024 )

4K HEVC
Father of the Milky Way Railroad (2023) 6.3
Father of the Milky Way Railroad (2023) Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie

Father of the Milky Way Railroad (2023)

2023