Channel Myanmar
Documentary
Taylor Swift: Miss Americana (2020) 8.0
Taylor Swift: Miss Americana (2020) (Unicode)အားလုံး မျှော်လင့်နေကြတဲ့ ၂၀၂၀ ထဲမှာ လောလောလတ်လတ် ထွက်ရှိထားတဲ့ အမေရိကန်ပေါ့ပ် နဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် ရဲ့မှတ်တမ်းရုပ်ရှင် Miss Americana ကို တင်ဆက်ပေးလိုက်ပါတယ်…ဒီမှတ်တမ်းရုပ်ရှင်လေးဟာ IMDb – 8/10 နဲ့ Rottem Tomatoes – 90% တောင်ရရှိထားပါတယ်ဒီရုပ်ရှင်လေးဟာ တေလာဆွစ်က သူ့ရဲ့ဘဝအစိတ်အပိုင်းလေးတွေကို ခင်ဗျားတို့ဘေးနားမှာ ထိုင်ပြောနေတဲ့ အတိုင်း ကြည့်ရှုခံစားရမှာပါ…တေလာဆွစ်နဲ့အတူတူ ခင်ဗျားအပြင်ထွက်မယ်…သူနဲ့အတူတူ ရှိုးပွဲတွေလိုက်မယ် …သူနဲ့အတူ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်မယ် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းမယ်…သူ့သီချင်းတွေ နားထောင်ရင်း သူနဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ အတိုင်းပေါ့…ကန်းထရီးသီချင်းတွေကိုဆိုတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာအခုဆိုရင် အသက် ၃၀ နားကိုချဉ်းကပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ …ဒီအသက်အရွယ်အထိ သူဘယ်လို အားတင်းခဲ့ရတယ် ဘယ်လိုရဲရင့်ခဲ့ရတယ်ဘယ်လိုရင့်ကျက်ခဲ့ရတယ်ဆိုတာတွေကို …. ၁နာရီနဲ့ ၂၅ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာခင်ဗျားတို့ ...
movie
Taylor Swift: Miss Americana (2020)
2020
True Sight : The International 2019 Finals 9.0
True Sight : The International 2019 Finals TI 9 ရဲ့  True Sight ထွက်လာပါပြီ။ ဒီ TS က အရင် TI8 လောက် ရင်ခုန်ဖို့မကောင်းပေမယ့် True sight ကြည့်ရတာအားရဖို့ ကောင်းပါတယ် စိတ်ချမ်းသာစရာကောင်းပါတယ်။ ဒိုတာ သမိုင်းရဲ့ အကောင်းဆုံး အသင်းလို့ ပြောလို့ရတဲ့ အိုဂျီ ကို ကြည့်ရတာ အားရသလို၊ TI ချန်ပီယံဟောင်း Liquid ရဲ့ စည်းလုံးမှုနဲ့ စိတ်ဓာတ်က ရှုံးသွားတဲ့အချိန်မှာတောင် ကျေနပ်စရာကောင်းပါတယ်။ တကယ်ကို အားပေးလို့ကောင်းတဲ့ ၂ သင်းကို True Sight မှာ ကြည့်ရတာ OG Liquid ဖန်အားလုံး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ဘာပဲပြောပြော ဒိုတာရဲ့အနှစ်ဖြစ်တဲ့Feeling, Fun, Friendship နဲ့Surprise တွေ ပေးနိုင်ခဲ့တဲ့ ၂ သင်းပါပဲလို့ ဂုဏ်ပြုပါတယ်။ Little Neo က ဘာသာပြန်ပေးထားပြီးThit San Khant မှ ...
movie
True Sight : The International 2019 Finals
2019
The Elephant Queen (2019) 8.0
The Elephant Queen (2019) Imbd 8.0 ရရရှိထားပြီးတော့ rotten tomato 90% ထိ္ ရ ရှိထားပါတယ်ဆင်ဘုရင်မ အက်သီနာနဲ့ဆင်မိသားစုတို့ကသူတို့ နေထိုင်တဲ့ ရေအိုင်ပတ်ဝန်းကျင်က ခြေချောင်းအရွယ်သာရှိတဲ့အိမ်နီးချင်း တိရိစ္ဆာန် တွေနဲ့အတူယှဉ်တွဲနေထိုင်ပုံ ကို တင်ဆက်ပြသထားပါတယ်အဲ့နောက်မှာ အာဖရိက ဒေသရဲ့ မိုးခေါင်ရေရှားမှု ကြောင့်သူတို့ရဲ့ ရေအိုင်က ခန်းခြောက်သွားတာကို ရင်ဆိုင်ကြုံတွေ့ကြရပြီးဒုက္ခ ရောက်ခဲ့ကြပါတယ် အဲ့ရေအိုင်နားမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ပဲပူပြင်းခြောက်သွေ့တဲ့ရာသီမှာ ခှိုလှုံလို့ရမဲ့ နေရာကို ရှာဖို့ ဆင်မိသားစုကိုဦးဆောင် လမ်းပြမဲ့ ဆင်မျိူးနွယ်စု ဘုရင်မ အက်သီနာ ရဲ့စွမ်းဆောင်ရည်တွေကို ကြည့်ရှုခံစားရမဲ့Discovery documentary ကောင်းလေးတခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Cinema for Peace Awards 2019 မှာInternational Green Film ...
movie
The Elephant Queen (2019)
The Game Changers(2018) 8.6
The Game Changers(2018) The Game Changers(2018)အၫႊန္း******************************IMDb....8.1(unicode)ပုံမှန်ဆို Documentary တင်ဖို့အတွက် ကျွန်တော်တို့ တော်တော်စဥ်းစားရပါတယ်... ဘာလို့ဆို ကြည့်ရှုသူတွေပျင်းတတ်သလို ဇာတ်လမ်းအမျိုးအစားအရ စိတ်ဝင်စားစရာလည်း နည်းနေတတ်တာမျိုးပေါ့... သို့ပေမယ့် ဒီ Documentary ကျတော့ စိတ်ဝင်စားစရာကောင်းလို့တင်ဆက်ပေးလိုက်တာပါ....တစ်ယောက်တည်းရဲ့အတွေ့အကြုံတင်မဟုတ်ပဲ နာမည်ကျော်အားကစားသမားတွေနဲ့ ငယ်ငယ်ကတည်းကအားပေးနှစ်သက်ခဲ့တဲ့ အာနိုးမင်းသားကြီးရဲ့ကိုယ်တွေ့အဖြစ်လေးတွေကိုမျှဝေထားပါတယ်... ရှေးယခင်က လုပ်ကိုင်ကြိုးစားခဲ့တာတွေ ဘယ်လိုအခက်အခဲတွေကို ဖြတ်သန်းခဲ့တာတွေ ကို စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့အပြင် ကြည့်ရှုသူတွေလည်းဗဟုသုတရ ပျင်းရိစရိစရာမကောင်းဘဲစဆုံးကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ...ပြီးတော့ လူတော်တော်များများမသိတဲ့ လျှို့၀ှက်ချက်တွေကိုလည်း ဖော်ပြထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....(zawgyi)ပုံမွန္ဆို Documentary တင်ဖို့အတွက် ကျွန်တော်တို့ တော်တော်စဉ်းစားရပါတယ်... ဘာလို့ဆို ကြည့်ရှုသူတွေပျင်းတတ်သလို ဇာတ်လမ်းအမျိုးအစားအရ စိတ်ဝင်စားစရာလည်း နည်းနေတတ်တာမျိုးပေါ့... သို့ပေမယ့် ဒီ Documentary ကျတော့ စိတ်ဝင်စားစရာကောင်းလို့တင်ဆက်ပေးလိုက်တာပါ....တစ်ယောက်တည်းရဲ့အတွေ့အကြုံတင်မဟုတ်ပဲ နာမည်ကျော်အားကစားသမားတွေနဲ့ ငယ်ငယ်ကတည်းကအားပေးနှစ်သက်ခဲ့တဲ့ အာနိုးမင်းသားကြီးရဲ့ကိုယ်တွေ့အဖြစ်လေးတွေကိုမျှဝေထားပါတယ်... ရှေးယခင်က လုပ်ကိုင်ကြိုးစားခဲ့တာတွေ ဘယ်လိုအခက်အခဲတွေကို ဖြတ်သန်းခဲ့တာတွေ ကို စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့အပြင် ကြည့်ရှုသူတွေလည်းဗဟုသုတရ ပျင်းရိစရိစရာမကောင်းဘဲစဆုံးကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ...ပြီးတော့ လူတော်တော်များများမသိတဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ပြထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Po Haymar Aung ပဲဖြစ်ပါတယ်....File Size : (850 MB) and (330 MB) Quality ...
movie
The Game Changers(2018)
2018
Léa & I (2019) 6.1
Léa & I (2019) Lea (လေယာ) ဆိုတဲ့ Cystic Firbrosis ရောဂါသည်မလေးအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ လေယာရဲ့သူငယ်ချင်းက ဇာတ်ကြောင်းပြောသူအနေနဲ့ အဓိက ပါဝင်ထားပါတယ် Cystic Fibrosis ဆိုတာကတော့ Five Feet Apart ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ ရောဂါပဲ ဖြစ်ပါတယ် မြန်မာလို အနီးစပ်ဆုံး ပြောရရင်တော့ အရည်ပြွန်အနာဖေးတက် ရောဂါ လို့ နာမည်တပ်ရမလားပါပဲ မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်ပြီးတော့ အနောက်နိုင်ငံသားတွေမှာ အဖြစ်များပါတယ် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ ရှိသေးဘဲ သက်သာအောင် ပိုဆိုးမလာအောင် လုပ်နိုင်တာပဲ ရှိပါတယ် လေယာကတော့ အနောက်တိုင်းဆေးပညာကို ကျော်လွန်ပြီး ဆေးမြီးတိုတို့ နတ်ဆရာတို့နဲ့ ကုဖို့ ကြိုးစားတဲ့အကြောင်းပါ ဆေးပညာ နဲ့ ဆေးမြီးတိုတို့ နတ်ဆရာတို့ကြားက အယူအဆတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ မြင်တွေ့ရပါမယ် မှတ်တမ်းရုပ်ရှင်ဆိုပေမယ့် ဒါရိုက်တာရဲ့ တင်ပြပုံအခင်းအကျင်းကောင်းမှုတွေကြောင့် ပျင်းရိစရာကောင်းနေမှာ မဟုတ်ပါဘူး စကြည့်မိပြီဆိုတာနဲ့ ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှူဖြစ်မှာပါ Translated By : August Encoded By : XCode
movie
Léa & I (2019)
2019
XY Chelsea (2019) 4.2
XY Chelsea (2019) ဒီဇာတ်လမ်းဟာ ချယ်လ်ဆီးမန်းနင်း ဆိုတဲ့ အမေရိကန်ရဲ့အတွင်းရေးတွေကို ဖွင့်ချခဲ့တဲ့လူ တစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ (Documentary) နိုင်ငံရေးမှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်အမေရိကန်က Snowden (စနိုးဒန်) တို့ ဆိုရင်တော့မသိသူ မရှိသလောက်ပါပဲ။အမေရိကန်ရဲ့ နိုင်ငံရေး အမွှေစိန်ကြီးများပေါ့လေ။အဲဒီလို အမွှေစိန်များထဲကမှ Bradley Manning တစ်ဖြစ်လဲလိင်ပြောင်းခွဲစိတ်မှုခံယူထားသူ Chelsea Manning (ချယ်လ်ဆီး မန်းနင်း)ဆိုတာကတော့ အမေရိကန် စစ်သား အဲလေ..စစ်သမီး (ထားပါတော့ whatever)တစ်ဦးဖြစ်ပြီး အီရတ်စစ်ပွဲအာဖဂန်စစ်ပွဲတွေရဲ့ လျှို့ဝှက်ချက်တွေအပါအဝင်အမေရိကန် အစိုးရအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို WikiLeaksဝီကီလိခ် လို့ခေါ်တဲ့ ထိပ်တန်းသတင်းများပေါက်ကြားရာဝက်ဘ် တစ်ခုဆီကို ပေးပို့ခဲ့သူဖြစ်ပါတယ်။အဲဒီလိုပေးပို့လိုက်တဲ့ စစ်ရေး နိုင်ငံရေးသတင်းတွေကိုစစ်ကြည့်လိုက်တော့ Document ပေါင်း ၇၀၀၀၀၀ (၇သိန်းကျော်)ခန့် ရှိပါသတဲ့။အဲဒီလိုပေါက်ကြားစေခဲ့တဲ့အတွက်ကြောင့် ၂၀၁၀ခုနှစ်မှာ အကျဉ်းချခံခဲ့ရပြီး၂၀၁၇မှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။အဲဒီကိစ္စတွေ စဖြစ်တုန်းကတော့ သူကBradley Manning ဘဝပဲရှိသေးတာပေါ့လေ။၂၀၁၃ မှာတော့ သူဟာ ငယ်စဉ်တည်းကအမျိုးသမီးလိုနေချင်သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးချယ်လ်ဆီး အဲလစ်ဇ်ဘတ် မန်းနင်း ဆိုတဲ့နာမည်နဲ့Trans ...
movie
XY Chelsea (2019)
2019
The Great Hack (2019) 7.1
The Great Hack (2019) IMDb – 7.10 / Rotten tomatoes – 85%ပထမဦးဆုံးပြောချင်တာက ဒီရုပ်ရှင်ဟာ အပျော်ကြည့်ဖျော်ဖြေရေးရုပ်ရှင်မဟုတ်ပါဘူး …၂၀၁၆ အမေရိကန် မှာ ရွေးကောက်ပွဲအပြီးမှာ Facebook နဲ့ Cambridge Analytica ကုမ္ပဏီတို့ကြားအကြီးအကျယ်ပွဲဆူခဲ့တဲ့နည်းပညာဆိုင်ရာ တရားမဝင် မဲဆွယ်မှုတွေအသုံးချပြီး လူတွေကို လှည့်စားခဲ့တာတွေ မဟုတ်မမှန် နိုင်ငံရေးဝါဒဖြန့်မှုတွေလုပ်ခဲ့တာတွေကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်…ဒီရုပ်ရှင်ကိုဘယ်လိုလူတွေကြည့်သင့်လဲ ?ဒီမေးခွန်းကိုဖြေရရင် Facebook လိုလူမှုကွန်ယက်အသုံးပြုသူတွေ မဖြစ်မနေကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် …ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ သိမ်းဆည်းအသုံးချခံနေရပါတယ်၂၀၁၆ ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေလုပ်တုန်းကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သုံးပြီးလူတွေကို ဖျားယောင်းခဲ့လို့ အဲ့ဒီကုမ္ပဏီတွေ တရားစွဲခံရပါတယ်ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုစည်းရုံးခဲ့လဲ ဒီထဲမှာ အားလုံးပါပါတယ် ...
movie
The Great Hack (2019)
2019
Free Solo (2018) 8.2
Free Solo (2018) မဖြစ်နိုင်တဲ့အရာတွေ လုပ်ပြတဲ့အခါ ကျနော်တို့ အရမ်းသဘောကျ ကြပါတယ်။ ဘယ်လိုလုပ်သွားတယ် ဆိုတာကိုလဲ သိချင်ကြပါတယ်။ ၂၀၁၇ ခုနှစ် ဂျွန်လ ၃ ရက်နေ့က မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားပါတယ်။ ပေ ၇၅၀၀ ကျော်မြင့်တဲ့ အယ်လ်ကပ္ပိတန် လို့ခေါ်တဲ့ တောင်စောင်းကို လူတစ်ယောက် တက်သွားပါတယ်။ "နေပါဦး အယ်လ်ကပ် ကို လူတွေတက်နေတာ ၁၉၅၇ ခုနှစ် ကတည်းကပဲ။ ဘာများထူးဆန်းလို့လဲ" လို့မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက ကြိုးတွေနဲ့ တက်ကြတာပါ။ အခု တစ်ယောက်ကတော့ ကြိုးမပါဘဲ တက်ခဲ့ပါတယ်။ Free Solo လို့ခေါ်တဲ့ ကြိုးမပါဘဲ တောင်တက်တဲ့ အားကစားတစ်ခု ရှိပါတယ်။ အဲ့ဒါက ဘယ်လောက်တောင်မှ ခက်ခဲပြီး အန္တရာယ်များ သလဲဆိုရင် မအောင်မြင်ရင် သေဖို့တစ်လမ်းပဲ ရှိပါတယ်။ ကြိုးမပါတဲ့ အတွက် ဒုတိယအကြိမ် ပြန်ကြိုးစားခွင့် ဆိုတာ မရှိပါဘူး။ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် အဲလက်စ်ဟွန်နိုးရဲ့ အယ်လ်ကပ်ကို ကြိုးလွတ်တက်ဖို့ ကြိုးစားတဲ့ အကြောင်းကို ကြည့်ရမှာပါ။ လူသားတစ်ယောက်အနေနဲ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားရင်း ဘာတွေပေးဆပ် လိုက်ရသလဲ ဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ အဖြေရှာနိုင်ပါတယ် ဒီ မှတ်တမ်းရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San ...
movie
Free Solo (2018)
2018
Grass is Greener (2019) 7.1
Grass is Greener (2019) အများမျှော်လင့်တောင်းဆိုနေကြတဲ့ ၂၀၁၉ ခုနှစ်ထဲ ထွက်ရှိထားတဲ့ Grass is Greener ဆိုတဲ့ Documentary ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်….IMDb အနေနဲ့ 7.1/10 ရရှိထားပါတယ်ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မေရီဝါနာခေါ် ဆေးခြောက်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ လူမျိုးရေးကိစ္စတွေမူးယစ်တိုက်ဖျက်ရေးတွေနဲ့ ပြဿနာတက်ခဲ့ပုံတွေအမေရိကန်သမ္မတတွေက ဆေးခြောက်နဲ့တကွ ဆေးခြောက်သုံးစွဲသူတွေကို ဖိနှိပ်ခွဲခြားခဲ့ပုံတွေဆေးခြောက်နဲ့ပတ်သက်ပြီး မဟုတ်မမှတ် ဝါဒဖြန့်ခဲ့တာတွေကို တိတိကျကျ ဖော်ပြထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…ဒီရုပ်ရှင်ထဲမှာ ဆေးခြောက်နဲ့ပတ်သက်တာတွေကို ဖော်ပြထားခြင်းအားဖြင့် ဆေးခြောက်နဲ့ ဆက်စပ်နေတဲ့ ဂီတသမိုင်းကြောင်းတွေကိုလည်း တီးမိခေါက်မိဖြစ်သွားမှာဖြစ်တဲ့အတွက်ဆေးခြောက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် ဂီတသမိုင်းဆိုင်ရာ ဗဟုသုတတချို့ကိုလည်း တီးခေါက်မိသွားမှာပါ….အမေရိကန် နိုင်ငံရေးအပါအဝင်ပေါ့...Hip Hop … Jazz…နဲ့ Reggae ဂီတတွေ ရဲ့ Legendary အချို့ကို အင်တာဗျူးထားတဲ့ ကဏ္ဍတွေလည်း စုံစုံလင်လင်ပါရှိပါတယ်မေရီဂျိန်း ပရိသတ်တွေသာမက အခြားပရိသတ်တွေလည်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်“မေရီဂျိန်းဟာအပြစ်ကင်းတဲ့ သဘာဝပန်းပွင့်လေးတစ်ပွင့်ပါ”(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zuel Khant ...
movie
Grass is Greener (2019)
2019
Butterfly Kisses (2018) N/A
Butterfly Kisses (2018) ဒီဇာတ်ကားလေးကတော့ Documentary လေးပါ ဇာတ်လမ်းလေးကတော့ filmmaker တစ်ဦးဟာ သူ့ရဲ့ယောက္ခမအိမ်ကိုအလည်သွားခဲ့ပါတယ် အဲ့ အိမ်က 1970 ၀န်းကျင်က ဆောက်ထားတဲ့အိမ်ဆိုပါတော့ အဲ့အိမ်မှာ အထူအဆန်းလေးတွေဖြစ်တာကို video လေး ရိုက်ကူးထားတာပါ သူဟာအိမ်ထဲ မှာရှာတွေ့ခဲ့တာကတော့ video box လေးတစ်ခုပါ အဲ့ video flim လေးတွေကို video နေ့မအိပ်ညမအိပ်ပဲ ဆက်ဆက်ကြည့်တဲ့အခါမှာ လူတွေရဲ့ စူးစမ်းလေ့လာမှုအတော်များများကိုတွေ့ခဲ့ပါတယ် အကြောင်းကတော့ အချိန်အကြာကြာမျက်တောင်မခက်ပဲ နေကြတာကို ပဲ horror ဆန်ဆန် ဇာတ်လမ်းလေးလဲ ဖြစ်တာမို့ ရင်တမမ နဲ့ ကြည့်နေရမှာပါ ... ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးလဲဖြစ်ပါတယ် Documentary လေးဆိုတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုပါဘူး ဇာတ်လမ်းလေးကိုပဲကြည့်လိုက်ရအောင်...
movie
Butterfly Kisses (2018)
2017
Reversing Roe (2018) 7.3
Reversing Roe (2018) လူတွေဟာ အသက်ရှုတာချင်းတူကြပေမယ့် အမြင်တွေမတူကြပါဘူး။ လောကမှာ ဒီလိုကိစ္စမျိုးတွေ အများကြီးပါ။ ဒွိဟဖြစ်စရာတွေနဲ့ ဆုံးဖြတ်ရခက်တဲ့ အကြောင်းအရာတွေထဲမှာ ကိုယ်ဝန်ဖျက်ချခြင်းကလည်း ကိစ္စရပ်ကြီးတစ်ခုအနေနဲ့ရှိနေပါတယ်။ Reversing Roe ကတော့ ဖွံ့ဖြိုးပြီး ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးဆုံးဖြတ်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ USA မှာတောင် ကိုယ်ဝန်ဖျက်ချခြင်းပြဿနာမှာ ဝိဝါဒကွဲပြားပြီး နိုင်ငံရေးသမိုင်းတစ်လျှောက် ပဋိပက္ခတွေ ဖြစ်ခဲ့တာကို မီးမောင်းထိုး ရိုက်ကူးပြသထားတာပါ။ ကိုယ်ဝန်ဖျက်ချခြင်းခွင့်ပြုတဲ့ဥပဒေကို အမျိုးသမီးအခွင့်အရေး ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုလို့ယူဆပြီး ထောက်ခံတဲ့သူတွေရှိသလို…… ဘာသာတရားနဲ့ လူသားချင်းစာနာမှုအရ တားဆီးချင်သူတွေလည်းရှိနေပါတယ်။ Reversing Roe မှာတော့ ၁၉၈၀ပြည့်နှစ်များမှစပြီး အခုချိန်ထိ ဝိဝါဒကွဲကာ ဥပဒေကို ခွင့်ပြုသင့် မပြုသင့် တိုက်ပွဲဝင်နေကြဆဲ ပုံရိပ်တွေ၊ အကြောင်းအရာ၊ ခေတ်ကာလ နဲ့ နိုင်ငံရေးအခြေအနေတွေကို စုံလင်စွာကြည့်ရှုခံစားရပြီး သင်ကိုယ်တိုင်တောင် ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုသင့် မပြုသင့်ကို မေးခွန်းထုတ်ချင်လာအောင် ဆွဲဆောင်နိုင်မည့် သုတရသစုံလင်တဲ့ ဖြစ်ရပ်မှန် ပညာပေး တစ်ကားဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီ ပညာပေးရုပ်ရှင်ကို ဘာသာပြန်ထားတာကတော့ Bommy Chan ဖြစ်ပြီး ကိုယ်တိုင်ပဲ အညွှန်းရေးပေးထားပါတယ်
movie
Reversing Roe (2018)
2018
Whitney(2018) 7.2
Whitney(2018) Whitney(2018) IMDb...7.2 ၁၉၈၀နဲ့ ၁၉၉၀ကျော်ကာလတွေမှာ အမေရိကရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကျော်ခဲ့တဲ့ ပေါ့ပ်အဆိုတော် သရုပ်ဆောင်မင်းသမီး Whitney Houstonရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုမှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။  1991 ခုနှစ်တုန်းက ကမ္ဘာ့အလှဆုံးအမျိုးသမီး ၅၀ စာရင်းကို People မဂ္ဂဇင်းကနေရွေးချယ်ပေးတဲ့အခါ သူမလည်းပါဝင်ခဲ့ပါတယ်..ရုပ်ရှင်သရုပ်ဆောင်စဉ်တုန်းက လည်း အောင်မြင်ခဲ့ပါတယ် ...အထူးသဖြင့် မင်းသားကြီး Kevin Costner နဲ့ရိုက်ကူးခဲ့တဲ့ The bodyguard(1992)ဇာတ်ကားမှာပေါ့.. သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ဆုပေါင်းများစွာရရှိခဲ့သလို အရောင်းရဆုံး စံချိန်တွေလည်းတင်ခဲ့ပါတယ်... .သူ့ရဲ့ငယ်ရွယ်စဉ်ဘဝကနေ သေဆုံးခဲ့တဲ့နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားခဲ့တာတွေကို  သူ့ရဲ့မိသားစုဝင်တွေ သူ့ရဲ့မိတ်ဆွေတွေ သူနဲ့နီးစပ်သူတွေကို တွေ့ဆုံမေးမြန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်ပြီးနောက်ပိုင်းမှာ ကြုံတွေရတဲ့အခက်အခဲတွေ၊ အမှားတစ်ခုလုပ်မိတာနဲ့ ပရိတ်သတ်ဆီကဆိုးရွားတဲ့တုံ့ပြန်မှုတွေခံရပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Whitney Houstonရဲ့ သီချင်းတွေကိုလည်း နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်.... File Size : (875 MB) and (398 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Documentary , Biography , Music | Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Whitney(2018)
2018
[18+] Hot Girls Wanted (2015) 6.1
[18+] Hot Girls Wanted (2015)  IMDb (6.1) / Rotten Tomatoes (82%)၁၈နှစ်၊၁၉နှစ် ဆိုတဲ့အရွယ်ဟာ ရင့်ကျက်ပြီလို့ ခေါ်နိုင်မလား။ အမှားတွေ မလုပ်မိဘူးလို့ရော ပြောနိုင်မလား။ အရွယ်နဲ့မမျှတဲ့ အောင်မြင်မှုမျိုးနဲ့ ဝင်ငွေမျိုး လိုချင်ကြတဲ့ ဆယ်ကျော်သက်လေးတွေဟာ လမ်းမှားရောက်ဖို့ ပိုလွယ်တတ်တယ်လို့ လက်ခံထား ကြပါတယ်။ သူတို့တွေဟာ ငယ်ရွယ်ကြတယ်။ ဘဝအတွေ့အကြုံ နုနယ်သေးတယ် ။ အဲ့လိုအချိန်မှာ ပိုးဖလံကောင်လေးတွေလိုပဲ မီးအလင်းရောင်နောက်ကို အာသာငမ်းငမ်းလိုက်ကြပါတော့တယ်။ လောဘဆိုတဲ့ မီးအလင်းရောင်နောက်ကို မဆင်မခြင်လိုက်မိရင်တော့ မီးလုံးဘေးနားက အသာထိုင်စောင့်နေတဲ့ အိမ်မြှောင်ကြီးတွေရဲ့ ကျွတ်ကျွတ်မြည်အောင် ဝါးစားခြင်းကို ခံရပါလိမ့်မယ်။ဒီdocumentary ထဲမှာတော့ ၁၈နှစ် ၁၉နှစ် အရွယ်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြတ်လမ်းက အောင်မြင်ချင်တဲ့ မိန်းကလေးတွေ လမ်းမှားရောက်ပြီး ဒုက္ခရောက်ကြပုံတွေကို ရိုက်ကူးပြထားပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်လို့ ကိုယ်မသိသေးတဲ့ အပြာဇာတ်ကားတွေရဲ့နောက်ကွယ်က အမှန်တရားတွေကို ဂရုဏာသက်ဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။အပြာမင်းသမီးလုပ်ဖို့ လမ်းကြောင်းကို ရွေးချယ်ကြတဲ့ မိန်းကလေးတွေကို "မိုက်မဲလိုက်တာ" ...
movie
[18+] Hot Girls Wanted (2015)
2015
Avicii: True Stories (2017) 8.6
Avicii: True Stories (2017) EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက် ၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။ နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ ...
movie
Avicii: True Stories (2017)
2017
Williams(2017) 7.8
movie
Williams(2017)
2017
Mummies: Secrets of the Pharaohs (2007) 6.6
Mummies: Secrets of the Pharaohs (2007)  အီဂျစ် ပြည်လို့ ပြောလိုက်တာ နဲ့ လူတိုင်း အရင်ဆုံး ပြေးမြင်မိမှာက ပိရမစ်တွေနဲ့ မံမီတွေပါပဲ။ရုပ်ရှင်တွေ စာအုပ်တွေ ပန်ချီကားတွေ ကဗျာတွေမှာလဲ ပိရမစ်တွေ မံမီတွေ အကြောင်းကိုအမျိုးမျိုးရေးသားဖော်ပြကျပါတယ်။ခေတ်သစ် ကမ္ဘာကြီးက လျှင်မြန်စွာ နည်းပညာသစ်တွေ တိုးတက် လာနေပြီ ဖြစ်သလိုအဲ့နည်း ပညာ တွေရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့ အဖြေရှာမရခဲ့တဲ့ မံမီတွေ အကြောင်းထူးခြားဆန်းကျယ်မှု့တွေကိုလေ့လာနိုင်လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်လေးကလည်း ဖာရို တွေရဲ့ မံမီတွေ ဆီကနေရတဲ့ ဒီအန်အေတွေကိုစုစည်းလေ့လာခြင်းဖြင့် သိပ္ပံပညာရှင်တွေဟာ မျိုးရိုးဗီဇဆိုင်ရာ တွေကို လေ့လာနိုင်ကြောင်း အဲ့လေ့လာ မှု့တွေက နေတစ်ဆင့် သေနှုန်းမြင့်တဲ့ရောဂါတွေအတွက်ကုသရာ နည်းလမ်းတွေကို ဘယ်လိုရှာဖွေနိုင်ကြောင်းပြသထားတာပါ။ ရှေးခေတ်အီဂျစ်မှာ ဦးခေါင်းခွံ ခွဲစိတ် ကုသမှု့ တွေတောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတာပညာရှင်တွေက တွေ့ရှိထားဖူးပါတယ်။ ဒီတော့ ဒီဖာရို တွေဆီမှာ ခေတ်သစ်လူသားတွေထက်ကို ရှေ့ရောက်နေတဲ့ နညးပညာတွေများ ပိုင်ဆိုင် ထားကျသလား..... ?တကယ်ပဲ ...
movie
Mummies: Secrets of the Pharaohs (2007)