Channel Myanmar

Documentary

Juice WRLD: Into the Abyss (2021) 7.8
Juice WRLD: Into the Abyss (2021) Juice WRLD: Into The Abyss (2021) ခင်ဗျားတို့ပတ်ဝန်းကျင်မှာတွေ့ရတဲ့ စိတ်ရောဂါသည်ကလေးတစ်ယောက်က ခင်ဗျားဘဝမှာဘယ်လောက်ထိအရေးပါနိုင်မလဲ။ စိတ်မကောင်းဖြစ်မယ် သူ့ကိုဖေးမမယ် ဒီလောက်ထိမပိုဘူး တွေးထားကောင်းတွေးထားလိမ့်မယ်။ဒါပေမဲ့ ADD စိတ်ရောဂါသည်ကလေးတစ်ယောက်က လူငယ်တွေရဲ့အသံ လူငယ်တွေရဲ့အမွေ ဖြစ်လာပြီး ‌တသသ ပြောနေရမယ့်လူမျိုးဖြစ်‌လာမယ်ဆိုရင်ရော...... ခင်ဗျားသေချာပေါက်အံ့ဩသွားမှာပဲ။ဟုတ်ပါတယ် အဲ့ဒီ ADD ဖြစ်နေတဲ့ကောင်လေးဆိုတာ Juice WRLD ပါပဲ။Billboard Best Artist ဆုရှင်၊ ‌သူသေဆုံးပြီးတာတောင် သူ့သီချင်း သူ့အနုပညာတွေကိုနေရာတိုင်းမှာ ကြားနေရဆဲ၊ လူငယ့် အသံ လူငယ့်မျှော်လင့်ချက်၊ Juice WRLD ဟာဒီလိုဂုဏ်တွေနဲ့လူမျိုးပါ။တဖက်မှာလည်း သူ့ရဲ့စိတ်အခြေအနေကို‌ ကောင်းကောင်းမထိန်းချုပ်နိုင်မှု၊ ငွေပုံကြားထဲက အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု ဒါတွေဟာ Juice WRLD တွေ့ကြုံနေရတဲ့ပြဿနာတွေပါ။အသက် 21 နှစ်သာရှိသေးတဲ့ Juice WRLD အတွက် လောကဓံဆိုတဲ့ချောက်က သိပ်နက်တယ်နဲ့တူပါတယ်၊ December 8 ရက် 2019 မှာတော့ သူတပ်ပြန်ဆုတ်သွားခဲ့ပါတယ်။သူမသေဆုံးခင်အချိန်၊ ...
movie

Juice WRLD: Into the Abyss (2021)

2021
Harry Potter 20th Anniversary: Return to Hogwarts (2022) 8.6
Harry Potter 20th Anniversary: Return to Hogwarts (2022) Harry Potter 20th Anniversary: Return to Hogwarts (2022)=========================================IMDb Rating - 8.6/10၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson ...
movie

Harry Potter 20th Anniversary: Return to Hogwarts (2022)

2022
Flee (2021) 8.2
Flee (2021) Flee ( 2021) ================================= IMDb - 8.2/10Awards - 50 Wins and 75 Nomniationsဒီရုပ်ရှင်ရဲ့အမျိုးအစားက Animated Documentary ပါ။ ဒီလိုအမျိုးအစား ရုပ်ရှင်တွေက မရှားပေမဲ့ မပေါလှပါဘူး။ သူ့ပုံစံကတော့ ဖြစ်ရပ်မှန်တွေကို Animation နဲ့ ပြသပြီး Documentaryရိုက်ထားတဲ့ အခန်းလေးတွေပါ ကြားညှပ်ပြသွားတဲ့ ပုံစံပါပဲ။Flee မှာတော့ အခြေအနေ အကြောင်းကြောင်းကြောင့် Animationဘက် ပိုအားသာပါတယ်။ ပြောရရင် ဆယ်စက္ကန့်လောက် ဆယ်ခန်းစာ၀န်းကျင်ကလွဲရင် လုံး၀ Animation သက်သက်ပါပဲ။ Documentary ဆိုပေမဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံကောင်းတော့ Animation ကောင်းကောင်း တစ်ကားကြည့်နေရသလိုပါပဲ။ ပျင်းစရာတစ်ကွက်မှ မရှိတဲ့အပြင် ဖြစ်ရပ်မှန်တွေဖြစ်တဲ့အတွက် ဗဟုသုတလည်းရစေမှာပါ။ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့ စစ်အတွင်း အခြေအနေကိုပါ သိရှိနိုင်ပါလိမ့်မယ်။ဇာတ်ကြောင်းကတော့ အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေဖြစ်တော့ နိုင်ငံကထွက်ပြေးပြီး တခြားနိုင်ငံတွေမှာ ခိုလှုံခဲ့ရတဲ့ ပြည်သူတွေထဲက မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားပါ။ ...
movie

Flee (2021)

2021
Freddie Mercury: The Final Act (2021) 7.8
Freddie Mercury: The Final Act (2021) Freddie Mercury: The Final Act (2021)~ IMDb - 7.8/10 ~အရှက်တရားနဲ့ လိင်စိတ် ဘယ်သူက အင်အားသာမယ်ဆိုတာ တွေးကြည့်ကြရအောင်လားဗျာ။ လူ့လောကကြီးထဲရောက်လာပြီး ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းသူတစ်ယောက်အနေနဲ့ လူသားဗီဇသဘောအရ မဖြစ်မနေ ရင်ဆိုင်ရမယ့် အရွယ်ရောက်လိင်စိတ်က သိပ်ကို ပြင်းထန်တယ် အင်အားကြီးတယ်။ လူသားမျိုးစိတ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ သဘာဝတရားက ထည့်သွင်းပေးလိုက်တဲ့ ဗီဇစိတ်ပေါ့။အရှက်တရားဟာ အသိဉာဏ်မြင့်မားတဲ့ မျိုးစိတ်မှာပဲ တွေ့ရတဲ့ ဗီဇတစ်ခုပါ။ လိင်စိတ်ကတော့ သတ္တဝါတိုင်းမှာ တွေ့ရတယ်ပေါ့လေ။ လူ့လောကထဲ ရှင်သန်ရပ်တည်ကြရင်းနဲ့ ရှက်စိတ်နဲ့ လိင်စိတ် အားပြိုင်ရတဲ့အခိုက်အတန့်ကို ဘယ်လိင်မဆို ခံစားဖူးကြပါလိမ့်မယ်။လိင်စိတ်ဖြေဖျောက်ခြင်းနဲ့အတူ တွဲပါလာတဲ့ ရောဂါဆိုးကြီးတစ်ခုရှိပါတယ်။ AIDS (အေ့စ်) လို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ရောဂါပါ။ အဲဒီရောဂါ စတင်ဖြစ်ပွားတဲ့သူတွေက လိင်တူဆက်ဆံလိုတဲ့ အမျိုးသားတွေ ဖြစ်နေကြတာထူးဆန်းပါတယ်။ ကမ္ဘာတစ်ဝှမ်းကို ရုတ်တရက်ကြီး ပျံ့နှံ့လာတဲ့ ‌ကပ်ရောဂါကြီးကို အကြောက်ပိုကြတဲ့ လူတွေက ...
movie

Freddie Mercury: The Final Act (2021)

2021
Break the Silence: The Movie (2020) 8.3
Break the Silence: The Movie (2020) Break The Slience: The Movie (2020)==============================ဒီတခါမှာ နာမည်ကြီး K Pop Gp တစ်ခုဖြစ်တဲ့BTS အဖွဲ့ရဲ့ Documentary လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Burn the stage, Bring the soul နောက်မှာထွက်ရှိလာတဲ့ဒီ Movie ဟာဆိုရင် ရုံတင်ပြသမဲ့စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပေမယ့်လည်းကိုဗစ်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ရုံမှာ ကြည့်ခွင့်မရလိုက်ပါဘူးဒီBTS အဖွဲ့ရဲ့ အောင်မြင်မှုတွေက ချက်ချင်းရလာတာမဟုတ်ပါဘူး အဖွဲ့ Disband ဖို့အထိပါဆွေးနွေးခဲ့ရလောက်တဲ့ထိကို အမျိုးမျိုးသော ထိုးနှက်မှုတွေ ကြုံတွေ့ခဲ့ရပြီးတော့Turning Point တွေဖြစ်လာတဲ့ထိ သူတို့တွေအများကြီးကြိုးစားခဲ့ရတယ် ပေးဆပ်ခဲ့ရပါတယ်သီချင်းတွေဖန်တီးရရင်ကို ပျော်ရွှင်နေတဲ့ဒီကောင်လေး ၇ ယောက် တခါမှအိမ်မက်တောင်မမက်ဘူးတဲ့အရာတွေ လက်တွေ့ဖြစ်လာတဲ့အခါမှာ ပျော်ရွှင်မှုလည်းရှိရသလို စိတ်ဖိစီးမှုတွေစိုးရိမ်မှုတွေ ရှိလာကြတယ်ဒီ Documentary ထဲမှာဆိုရင် 2019မှာ 14 လတာ လုပ်ခဲ့တဲ့ Love Yourself Speak Yourself World Tour ရဲ့ ...
movie

Break the Silence: The Movie (2020)

2020
14 Peaks: Nothing Is Impossible (2021) 8.0
14 Peaks: Nothing Is Impossible (2021) 14 Peaks: Nothing Is Impossible (2021)=======================================IMDb Rating - 8.0/10"ဘ၀မှာ အိပ်မက်ကြီးကြီးမက်ဖို့ မကြောက်ပါနဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ လောကကို သက်သေပြလိုက်ပါ" ကမ္ဘာပေါ်မှာ မီတာ ၈၀၀၀ အထက်မြင့်တဲ့ တောင် ၁၄ လုံးပဲ ရှိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဒီ မီတာ ၈၀၀၀ အထက်ကို တက်ရတာ ကြေးကြီးတဲ့ ကစားပွဲတစ်ခုလိုပါပဲ။ ဒီ တောင် ၁၄ လုံးကို ပထမဆုံး တက်နိုင်ခဲ့သူက တောင်တက်သမား Reinhold Messner ပါ။ ၁၆ နှစ်တာအချိန်ယူခဲ့ရပါတယ်။ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ နီပေါက လူထူးဆန်းတစ်ယောက်အကြောင်းကို တောင်တက်သမား လောကမှာ တပြောပြောဖြစ်လာကြတယ်။ သူ့နာမည်က Nims Purja တဲ့။သူက ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးကို ၇ လအတွင်း အပြီးတက်ပြမယ်လို့ ကြွေးကြော်လိုက်တယ်။ ဒီဇာတ်လမ်းဟာ စိတ်၀င်စားစရာကောင်းတဲ့ လူတစ်ယောက်အကြောင်းပါ။ ...
movie

14 Peaks: Nothing Is Impossible (2021)

2021
BLACKPINK: THE MOVIE (2021) 7.6
BLACKPINK: THE MOVIE (2021) Blackpink : The Movie (2021)တစ်ကမ္ဘာလုံးက BLINK​တွေအားလုံး ​​မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင် အခုချိန်မှာ​တော့ Digital Streamingအ​နေနဲ့ ထွက်ရှိလာပြီဖြစ်တာ​ကြောင့် ​ အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု​ တွေအတွက် အ​ကောင်းဆုံးတင်ဆက်​ပေးလိုက်ပါပြီ၊ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentက​နေ Debutခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအ​​နေနဲ့ YGက စီစဉ်​ပေးခဲ့တဲ့ Project​တွေထဲက တစ်ခုပါ၊ THE MOVIEထဲမှာ 2018ခုနှစ် "IN YOUR AREA"နဲ့ 2021 "THE SHOW"ထဲက live performance​တွေကို မြင်​တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့သီချင်း​တွေနဲ့ ​​ဖျော်ဖြေမှု အလန်းစား​တွေကို ​​​သေချာမြင်​တွေ့ခံစားရ​တော့မှာပဲ ဖြစ်ပါတယ်၊ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး ၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်​တွေရဲ့ အမှတ်တရ​ဖြစ်ရပ်တွေ၊ တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ​တွေ၊ အ​တွေ့အကြုံ​တွေနဲ့ အသည်း​ကျော်​လေး​တွေရဲ့ ငယ်ဘဝဖြတ်သန်းပုံ​လေး​တွေ၊ အထူးအင်တာဗျူးလေး​တွေကိုလည်း သီးသန့် film​​​လေး​ကိုယ်စီနဲ့ ရိုက်ကူး​​ပေးထားပါတယ်စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music ...
movie

BLACKPINK: THE MOVIE (2021)

2021
The Rescue (2021) 8.4
The Rescue (2021) The Rescue (2021) DocumentaryIMDb - 8.4/10ဆုပေါင်း ၉ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။၂၀၁၈ လောက်က မြန်မာပြည်နယ်နဲ့ နီးစပ်နေတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် သမ်လန်ဂူထဲမှာ ပျောက်သွားတဲ့ ထိုင်းကလေး ၁၃ ယောက်အကြောင်းကို အားလုံးသိကြမှာပါ...ဒီကလေးတွေ ပျောက်ဆုံးမှုကို US, UK ထိုင်းရေတပ်အပြင် ကမ္ဘာအရပ်ရပ်က ကယ်ဆယ်ရေးတွေ၊ အဖွဲ့တွေနဲ့ လာရောက်ကယ်ဆယ်ခဲ့ကြပြီး အတော်လေး ဟိုးလေးတကျော်ဖြစ်သွားပြီး ကမ္ဘာ့အရေးတစ်ခုဖြစ်သွားခဲ့ပါသေးတယ်ဒါပေမယ့် ဒီကယ်ဆယ်ရေးကို အဓိကဦးဆောင်ခဲ့ပြီး ကလေး ၁၃ ယောက်ကိုကယ်ထုတ်ပေးခဲ့တဲ့ ဗြိတိန် လူမျိုး ကမ္ဘာ့အတော်ဆုံးရေငုပ်သမား ၂ ယောက်အကြောင်းကိုတော့ သိပ်သိကြမယ် မထင်ဘူး..NatGeo ကလွှင့်တဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ဒီကယ်ဆယ်ရေးကို သူတို့ နှစ်ယောက်ဘယ်လိုတွေ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့တယ်ဆိုတာအပြင် မြန်မာပြည်က ပုဂ္ဂိုလ်ထူးအချို့ကိုလည်း တွေ့ရမှာပါ... တကယ်ဖြစ်ပျက်ခဲ့တာကို ရိုက်ကူးထားတဲ့အပြင် Rating 8.4 လောက်ရထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ကြည့်ရှုသင့်တာတော့ ...
movie

The Rescue (2021)

2021
Arsène Wenger: Invincible (2021) 8.4
Arsène Wenger: Invincible (2021) Arsène Wenger: The Invincible (2021)လူသားတွေရဲ့ ဘဝဆိုတာ အရှုံးနဲ့အနိုင် ဒွန်တွဲနေတတ်တာမျိုးဗျ၊ အဲ အရှုံးနည်းတဲ့လူကျ လူတော်ဖြစ်လာပြီး အရှုံးမရှိတဲ့သူကျ ပြိုင်ဘက်ကင်း(The Invincible)ဆိုပြီးဖြစ်လာတယ်။ဒီ Documentary တစ်ခုလုံးမှာ အာဆင်နယ်အသင်းကို အာဆင်ဗန်းဂါးရောက်လာတဲ့အချိန်က‌နေစပြီး နှုတ်ဆက်သွားတဲ့အချိန်အထိ သူဒီအသင်းကိုဘာတွေလုပ်ပေးခဲ့တယ်၊ ဘာတွေပေးဆပ်ခဲ့လဲဆိုတာ မြင်ရပါမယ်။တစ်ရာသီလုံးရှုံးပွဲမရှိဆိုတဲ့ ရွှေဖလားကိုဘယ်လိုမျိုးရအောင်ယူခဲ့တာလဲဆိုတဲ့ အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ဆိုရင် အာဆင်ဝင်းဂါးနဲ့တွဲမြင်ရတဲ့ထိ၊ အာဆင်ဝင်ဂါးဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ မွေးဖွားလာရသလား ထင်ရတဲ့အထိကို အာဆင်နယ်ကိုပေးဆပ်ခဲ့ပါတယ်။ဒီအကြောင်းတွေကို အာဆင်ဝင်းဂါးအပြင် အာဆင်ရဲ့တပည့်တွေဖြစ်တဲ့ ဗီရဲရာ၊ ကီရွန်၊ ဘားကမ့်၊ အာဆင့်ရဲ့ masterpiece ဖြစ်တဲ့ သီရာရီ အွန်နရီ သူတို့က ပြန်‌လည်ပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပါပြီး ဆာ အဲလက်စ်ဖာဂူဆန်ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးရဲ့ခင်ဗျာ။ပရီးမီးယားလိဂ်မှာ အသင်းပေါင်း 20 ရှိပါတယ် ၊ The invincible ဆိုတဲ့ အသင်းကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။နိုင်ငံတကာက လိဂ်ပေါင်း များစွာမှာ ဘောလုံးအသင်းပေါင်းများစွာရှိပါတယ်၊ ...
movie

Arsène Wenger: Invincible (2021)

2021
Azzurri: The Road to Wembley (2021)Blue Dream 7.4
Azzurri: The Road to Wembley (2021)Blue Dream Azzuri.Road to Wembleyအီတလီစကားဖြစ်တဲ့ Azzuri ဆိုတာ The Blues လို့အဓိပ္ပာယ်ရပါတယ်၊ အပြာသားတွေပေါ့လေ။၂၀၂၀ ကတည်းကကျင်းပရမယ့် Euro 2020 ဖလားဟာ၊ Covid ကြောင့် တစ်နှစ်ရွေ့ဆိုင်းပြီး မနှစ်က အင်္ဂလန်မှာကျင်းပခဲ့ပါတယ်။ အသင်းတိုင်းလည်းအကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေနဲ့ အင်္ဂလန်တို့ကလည်း ဗိုလ်လုပွဲထိတက်လာနိုင်ခဲ့ပြီး၊ တစ်ဖက်မှာလည်း အုပ်စုကို ပေးဂိုးမရှိနဲ့တက်လာခဲ့တဲ့ ရော်ဘတ်တို မန်ချီနီရဲ့ အီတလီသားတို့ကလည်း ဗိုလ်လုပွဲထိကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်သားတို့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုနဲ့ အီတလီသားဂိုးသမား ဒွန်နာရာမာရဲ့ အကောင်းဆုံးပုတ်ထုတ်ကာကွယ်မှုတွေကနေ အီတလီသားတို့ အပြာရောင်အိပ်မက်ကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ဒီ Documentary ကတော့ အီတလီသားတို့ရဲ့ ဗိုလ်လုပွဲအထိဖြတ်သန်းလာပုံတွေကို အီတလီသားတစ်ယောက် အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဘောလုံးသမားတွေရဲ့ ကမ်ပိန်းအတွင်းမှာ တစ်နေ့တာဖြတ်သန်းပုံ၊ နေ့စဉ်နေထိုင်ပုံ၊ လေ့ကျင့်ရေး ဆင်းပုံတွေကို အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီဖန်တွေအတွက်တော့ တကယ့်ဂုဏ်ယူစရာနဲ့ ကြည်နူးစရာအဖြစ် တသသ ပြန်ကြည့်နေရမယ့် Documentary တစ်ခုပါပဲ။ File size…(1.6 GB)/(850 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:01:00 Subtitle….Myanmar Subtitle ...
movie

Azzurri: The Road to Wembley (2021)Blue Dream

Adele One Night Only(2021) 8.4
Adele One Night Only(2021) Adele : One Night Only (2021)25 album ထွက်ရှိပြီးနောက် ခြောက်နှစ်အကြာမှာ Grammy ဆုကြီးကို 15 ကြိမ်တိတိဆွတ်ခူးထားတဲ့ Adele ဟာလေးခုမြောက် စတူဒီယို album 30နဲ့အတူ ပရိသတ်ကြီးရှေ့ကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိလို့ လာပါပြီ။ဒီ Concert Movie လေးမှာ Adele ရဲ့ အကျော်ကြားဆုံး သီချင်းဟောင်းမြောက်များစွာအပြင်နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ ထွက်ရှိလာမဲ့ 30album ထဲက သီချင်းတွေကိုလည်း ဖျော်ဖြေပေးထားပါတယ်။ဒါပေမဲ့ ထူးခြားချက်တစ်ခုကတော့ သီချင်းတွေကြီး သီဆိုသွားတာမျိုး မဟုတ်ဘဲ30album မြစ်ဖျားခံရာ အကြောင်းအရင်းများစွာကိုပါ အင်တာဗျူးလုပ်ရင်း ဖြေကြားပေးခဲ့ပါတယ်။ပရိသတ်ကြီးတို့ သိကြတဲ့အတိုင်းပဲ Adele ဟာ အင်တာဂရမ် Live လုပ်ရင်း30 Album ဟာ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ရေးစပ်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ကြောင်း ဖြေကြားခဲ့တာပါ။ဒီ Album ကနေ တဆင့် မအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေးဘဝ၊ ...
movie

Adele One Night Only(2021)

2021
Justin Bieber: Our World (2021) 5.2
Justin Bieber: Our World (2021) Justin Bieber : Our World (2021)This Is My World Documentary ထွက်ပြီး ဆယ်နှစ်အကြာမှာ Our World အမည်ရ Documentary လေးထွက်ရှိလာပြီဖြစ်ပါတယ်။2010 ခုနှစ်ဝန်းကျင်တွေမှာ Justin Bieber ဆိုတဲ့နာမည်ဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပဲ့တင်ထပ်နေခဲ့သလိုပဲ၊ အဲ့အချိန်တုန်းက Justin ကို သဘောမကျခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။ "Baby" သီချင်းနဲ့ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ Justin Bieber ဟာ ဆယ်နှစ်အတွင်းမှာ ဘဝအချိုးအကွေ့ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အရည်အချင်းရှိ အဆိုတော်တစ်ယောက်ဆိုတဲ့အချက်ကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ဒီ Our World Documentary ကို လော့စ်အိန်ဂျလိစ်မြို့မှာတည်ရှိတဲ့ Beverly Hilton ဟိုတယ်ရဲ့ မိုးမျှော်ထပ်မှာ ရိုက်ကူးခဲ့တာပါ။ ကိုဗစ်ကြောင့် ရှိုးပွဲကို လူအယောက် ၂၄၀ ပဲတက်ရောက်ခဲ့ရပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်းသန်းနဲ့ချီပြီးကြည့်ရှုခဲ့ကြပါတယ်။ My World album ကစလို့ Believe, Purpose, Changes စတဲ့ Album ထဲက သီချင်းပေါင်းမြောက်များစွာကို သီဆိုဖျော်ဖြေထားပါတယ်။ စတိတ်အပြင်အဆင်ကလည်း ...
movie

Justin Bieber: Our World (2021)

2021
Britney Vs Spears (2021) 6.9
Britney Vs Spears (2021) Britney Vs Spears (2021)==================IMDb Rating - 6.9/10တချိန်တခါက ဘရစ်တနီတစ်ယောက် ဘယ်လောက်ထိ ကျော်ကြားအောင်မြင်ခဲ့လဲဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။အနုပညာရှင်တွေအောင်မြင်လာတာနဲ့အမျှ ပါပါရာရာဇီတွေက သတင်းတွေအတင်းလိုက်ယူကြတယ်။ နောက်ကနေ ကားနဲ့အတင်းလိုက်တာတို့၊ သွားတဲ့နေရာတိုင်းနောက်ကအတင်းလိုက်တာတို့ စတာတွေလုပ်လာကြတယ်။ အဲဒါအပြင်ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး​တော့ သားနှစ်ယောက် အုပ်ထိန်းခွင့်နဲ့ပတ်သတ်ပြီး တရားရင်ဆိုင်ရတဲ့အထိတွေဖြစ်ခဲ့တဲ့ချိန်မှာ ဘရစ်တနီတစ်ယောက်Mental breakdown ပါဖြစ်ခဲ့ပါတယ်။ လူတိုင်းက သူမကိုရူးသွားပြီ ရူးနေပြီလို့ပြောကြပြီးတော့ ဖခင်ဖြစ်သူ ဂျေမီက ဒီကိစ္စကိုအကြောင်းပြပြီး အုပ်ထိန်းခွင့် လျှောက်ခဲ့ပါတယ်။ ဒီအုပ်ထိန်းခွင့်ဟာဆိုရင် အုပ်ထိန်းသူက အရာအားလုံးကို သူစိတ်တိုင်းကျချယ်လှယ်လုပ်ပိုင်ခွင့်ရှိပြီး၊ လွတ်လပ်ခွင့်ကိုပါ ပိတ်ပင်နိုင်တဲ့ထိလုပ်နိုင်ပါတယ်။ဒီလိုမျိုး အုပ်ထိန်းခံရတဲ့သူတွေက တကယ်တော့ ရှင်လျက်နဲ့ မသေမချင်းနှိပ်စက်သလိုမျိုးပါပဲ အခုဆိုရင် ဘရစ်တနီတစ်ယောက်လူအခွင့်အရေးဆုံးရှုံးနေတာ ၁၀နှစ်ရှိပါပြီ။ ဂျာနယ်လစ် ဂျန်နီအယ်လစ်ကြူနဲ့ ရုပ်ရှင်ဖန်တီးသူ အယ်ရင်လီကားတို့ဟာ ဘရစ်တနီရဲ့လွတ်လပ်ခွင့်ပြန်လည်ရရှိဖို့အတွက် အင်တာဗျုးတွေလုပ် သက်သေတွေစုဆောင်းရင်းနဲ့ ဘရစ်တနီ ဘယ်လိုအကြောင်းအရာမျိုးတွေကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီ Documentary ထဲမှာသိရှိနိုင်မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae ...
movie

Britney Vs Spears (2021)

2021
The Class of 92 (2013) 8.0
The Class of 92 (2013) IMDb Rating(8.0) / Rotten Tomatoes (100%)မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုရင် 92 ခုနှစ်အတန်း.. Class of 92 ကစားသမားတွေကို မသိသူရှိမယ်မထင်ပါဘူး ယူနိုက်တက်တို့ရဲ့ရာဇဝင်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်တဲ့ 99 ခုနှစ်ရာသီ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့မှုမှာလဲ Class of 92က အသင်းသားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ် ဒီဇာတ်လမ်းကတော့ Class of 92ကစားသမားတွေဖြစ်တဲ့အပြင် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ ဖီးလ်နဗီးနဲ့ ဂယ်ရီနဗီးတို့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းကို အသားပေး ဖော်ပြထားတာဖြစ်ပါတယ် 1992 ကနေ 99ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိအကြောင်းတွေပါဝင်ပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား အင်္ဂလိပ်ဘောလုံးလောကရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ အင်္ဂလိပ်ဘောလုံးပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ်ရူးသွပ်မှုတွေကိုလဲ သိမြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Documentary အမျိုးအစားဖြစ်ပြီး သရဲနီတစ်ယောက်အတွက်လုံးဝမေ့ထားလို့မရတဲ့ ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားရင်း Class of 92 ကစားသမားအကြောင်းတွေ ယူနိုက်တက်အကြောင်းတွေကိုပါ အတွင်းကျကျ တစ်ဝကြီးခံစားနိုင်မှာပဲဖြစ်ပါကြောင်း.....။(အညွန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်)  File size…(2.5 GB) / (1.6 GB) / ...
movie

The Class of 92 (2013)

Manchester United: For the Glory (2020)
Manchester United: For the Glory (2020) မန်ချက်စတာယူနိုက်တက်လို့ဆိုလိုက်တာနဲ့ မသိသူမရှိတဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ဘောလုံးအသင်းကြီးတစ်သင်းကို အမြန်ဆုံးပြေးမြင်မိကြမှာပါပဲ ကမ္ဘာတစ်လွှားပရိတ်သတ်သန်းပေါင်း ၆၅၀ကျော်ရှိတဲ့ ယူနိုက်တက်ဟာ အခုလက်ရှိ အင်္ဂလန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံး အလပ်အသင်းတွေထဲကတစ်သင်းဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းဆိုကြမယ်မထင်ပါဘူး မန်ချက်စတာယူနိုက်တက်ကို ၁၈၇၈ခုနှစ်မှာ နယူတန်ဟိဒ် ဆိုတဲ့နာမည်နဲ့ စတင်တည်ထောင်ခဲ့ပြီးတော့ အသင်းသက်တမ်းဟာ နှစ်ပေါင်း ၁၄၀ကျော်ခဲ့ပြီပဲဖြစ်ပါတယ် အသင်းသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ ကျရှုံးမှုတွေ ကြမ္မာဆိုးတွေ အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ခဲ့ရပါတယ် ဒီဇာတ်လမ်းဟာ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး နည်းပြဘတ်စ်ဘီရဲ့ နာမည်ကျော် Busby Babesအသင်းအကြောင်း မြူးနစ်လေယာဉ်ပျက်ကျမှုအဖြစ်ဆိုးအကြောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ၉၀ခုနှစ်အသင်းအကြောင်း အသင်းရဲ့အရေးပါဆုံးကစားသမားတွေအကြောင်း မဟာပြိုင်ဖက်အသင်းတွေအကြောင်းနဲ့ ဖာဂူဆန်အနားယူသွားပြီနောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းများကို အချက်အလက်များနဲ့တကွ ရှင်းလင်းတင်ပြထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်ပရိတ်သတ်များနဲ့ ယူနိုက်တက်ရဲ့သမိုင်းကို သိလိုသူများ မဖြစ်မနေကြည့်ရှုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်။  File size…(1.2 GB) and (800 MB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mar Tizas
movie

Manchester United: For the Glory (2020)

Lionel Messi The Greatest(2020) 7.0
Lionel Messi The Greatest(2020) Lionel Messi The Greatest(2020)အညွှန်း***********************************(မက်ပုဖန် ငဒိုဖန်ဆိုပြီး ရန်ဖြစ်မနေကြပါနဲ့ဉီး....)လီယွန်နယ် မက်ဆီလို့ ​ပြောလိုက်တာနဲ့ ကျွန်​​တော်တို့မျက်လုံးထဲ မြင်လာမှာက Camp Nou ရဲ့ မြက်ခင်းစိမ်း​​တွေပေါ်​ ပြေးလွှား​နေတဲ့ ဂြိုလ်သားတစ်​​ယောက်-သူ့အရပ်အ​မောင်းက 1.7 m ပဲရှိတယ်။ -ဒါ​ပေမယ့် သူ့မှာ အသင်းလိုက်ဆုဖလား​အောင်မြင်မှု ၃၆ကြိမ်ရှိတယ်။🏆 -Ballon D'or ​​​ခြောက်ဆုရှိတယ်။🏅 - ဥ​ရောပ ​ရွှေဖိနပ်ဆု ​​ခြောက်ဆုရှိတယ်။ -တစ်ဦးချင်းဆုတံဆိပ်​တွေ ရာနဲ့ချီပြီးရှိတယ်။သူ့​ခြေတစ်စုံမှာ ကျွန်​တော်တို့ အားလုံး​ စီး​မြောခဲ့ကြဖူးတယ်။ ​ခြေ​ထောက်နဲ့ ​​ပြတဲ့ ​မှော်အတတ်မှာ သူဟာ တဖတ်ကမ်းခပ် ကျွမ်းကျင်တယ်။သူဟာ အာဂျင်တီးနားရဲ့ သူရဲ​ကောင်း၊ ဘာစီလိုနာရဲ့ ဘုရင်၊ ​ဘောလုံး​လောကရဲ့ နတ်ဘုရား ဖြစ်တယ်။​​​​ဘောလုံးသမိုင်းတစ်​လျှောက် အ​ကောင်းတကာ့ အ​ကောင်းဆုံး​တွေထဲက တစ်​ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီ ရဲ့ ကစာသမားဘဝအ​ကြောင်း documentary video ​လေးကို မက်ဆီရဲ့ ပရိသတ်​တွေ အတွက်​ရော၊ ​အခြား​​သော ဘောလုံးပရိသတ်အားလုံးအတွက်ပါ တင်​ပေးလိုက်ပါတယ်။  File Size :600MB Quality ...
movie

Lionel Messi The Greatest(2020)

Sir Alex Ferguson: Never Give In (2021) 8.6
Sir Alex Ferguson: Never Give In (2021) Sir Alex Ferguson: Never Give InIMDb Rating- 8.6/10မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ...ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ်ဖူးကြမှာပါ...တကယ်တော့ Manchester is Red ဖြစ်နေကြတာဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရှုံးမပေးကြေးစိတ်ဓာတ်နဲ့ မန်ယူခေတ်ကို မှီခဲ့ကြလို့ပါပဲ။"အောင်မြင်မှုဆိုတာ အရှုံးမပေးတာကနေအစပြုပါတယ်..."ဖာဂူဆန်ဟာ ဉုံဖွဆိုပြီး အောင်မြင်လာတာတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပဲမဟုတ်လား..အဲ့လိုပဲ ဖာဂူဆန်အနေနဲ့ ဘောလုံးလောကမှာ ဆာအဲလက်စ်ဆိုတဲ့နာမည်တစ်ခု မရလာခင်ဘာသာရေး၊ နည်းပြမှု၊ ကစားသမားဆက်ဆံရေးစတဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကို လုံးဝအရှုံး မပေးဘဲ ကြိုးစားခဲ့တဲ့ပုံကို Interview, Flashback ပုံစံနဲ့ဖာဂူဆန်ရဲ့သား ဂျေဆင်ဖာဂူဆန်ကိုယ်တိုင် ရိုက်ကူးထားတာပါ။The rest is history and You know who he is.  File size…(2 GB) and (1.2 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle ...
movie

Sir Alex Ferguson: Never Give In (2021)

Pelé (2021) 7.1
Pelé (2021) Pelé (2021)=========IMDb Rating 7.1/10ပီလီ... ဘောလုံးချစ်သူတိုင်း ပီလီကို မသိရင် ရာဇဝင်ရိုင်းသွားလိမ့်မယ်လို့တောင် ပြောလို့ရပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ပီလီ၊ ဘောလုံးဘုရင် ပီလီ၊ ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးရယူထားနိုင်တဲ့ ကစားသမား ပီလီ သူ့ကိုတော့ မသိတဲ့သူမရှိပါဘူး။ သူ့ကြောင့်ပဲ ကမ္ဘာပေါ်က ဟိုမရောက်ဒီမြောက် နိုင်ငံလေးက တစ်ကမ္ဘာလုံးသိတဲ့ ဘရာဇီးဆိုပြီးဖြစ်လာခဲ့တာပါ။ သူ့ကို ဘရာဇီးနိုင်ငံရဲ့တော်ဝင်မင်းသားလို့တောင် သတ်မှတ်ထားကြပါတယ်။ ဘရာဇီးလူမျိုးဖြစ်ရတာ သူ့ကြောင့် ဂုဏ်ယူတတ်လာကြပါတယ်။ ဒါပေမဲ့ ဘရာဇီးနိုင်ငံကို စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ သူဘာလုပ်ခဲ့လဲဆိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ရဲ့အရှိန်အဝါကြီးမားမှုကို အာဏာရှင်က အခွင့်ကောင်းယူဖို့ ကြိုးစားတာကိုလည်း သူကမသိကျိုးကျွန်ပြုနေခဲ့ပါတယ်။ သူသာနိုင်ငံရေးမှာဝင်ပါခဲ့ရင် ဘရာဇီးသမိုင်းက အပြောင်းလဲကြီးပြောင်းလဲသွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ လုံးဝဝင်မစွက်ဖက်ခဲ့ပါဘူး။ သူ့စိတ်ထဲမှာဘောလုံးပဲရှိပါတယ်။ အဲဒါကြောင့် သူ့ရဲ့နိုင်ငံသားတွေအပေါ် တင်နေတဲ့အကြွေးကို ၁၉၇၀ မက္ကစီကိုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အနိုင်ယူပြီး အာဏာရှင်အောက်ကျရောက်နေတဲ့ သူ့နိုင်ငံအတွက် စိတ်အားတက်ကြွစရာတစ်ခုပေးနိုင်လိုက်ပါတယ်။ သူ့ရဲ့အောင်မြင်မှုက အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးအတွက် ဘာမှအထောက်အကူမဖြစ်ပေမဲ့ ဘရာဇီးလူမျိုးတွေက ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်သေးတယ်ဆိုတာကို ပြပေးပြီး မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ ဘောလုံးဘုရင်ပီလီကတော့ နိုင်ငံရေးမှာ ...
movie

Pelé (2021)

2021
The Dissident (2020) 8.2
The Dissident (2020)  The Dissident 2020အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့IMDb 8.2/10 နဲ့ Rotten Tomatoes 97%ရရှိထားတဲ့Spy Documentary ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်၂၀၁၈ တုန်းက ဝါရှင်တန်ပိုစ့်သတင်းစာတိုက်ကပင်တိုင်ဆောင်းပါးရှင် ဂျမားခါရှိုဂီ ပျောက်ဆုံးသွားတဲ့သတင်းကို ကြားလိုက်ကြမှာပါအစ္စတန်ဘူက ဆော်ဒီကောင်စစ်ဝန်ရုံးထဲအဝင်သာရှိပြီး ပြန်ထွက်မလာခဲ့တဲ့ ဂျမားရဲ့ ဖြစ်တည်မှုကိုသို့လော သို့လော မေးခွန်းတွေထုတ်ကြတဲ့အကြောင်းဂျမားရဲ့ ဆော်ဒီမှာနေခဲ့တဲ့ဘဝဇာတ်လမ်းနဲ့လွတ်လပ်စွာ ပြောဆိုခွင့်ရရှိအောင်ဘယ်လိုတွေ ကြိုးစားခဲ့ရတဲ့အကြောင်းကို ကြည့်ရှုကြရမှာပါအမေရိကန်သမ္မတဟောင်းထရမ်ပ့်နဲ့ဝါရှင်တန်ပိုစ့်တည်ထောင်သူ ဂျက်ဖ်ဘီဇိုတို့ရဲ့ ပုံရိပ်အချို့ ပါဝင်ခဲ့တဲ့အပြင်Cyber Army နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရေးအကြောင်းကိုပါ ပြသထားတဲ့အတွက်A-must-watch documentary တစ်ခု ဖြစ်ပါကြောင်း ။(Reviewed by Jerrica )  File size…(1.9 GB) and (1.2 GB) Quality…WEB-DL 1080p and 720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jerrica
movie

The Dissident (2020)