Channel Myanmar

Documentary

Inside the Mind of a Dog (2024) 7.2
Inside the Mind of a Dog (2024) ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။ File size… 1.9GB / 909MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard ...
movie

Inside the Mind of a Dog (2024)

Hidden Letters ( 2024 ) 5.6
Hidden Letters ( 2024 ) တရုတ်နိုင်ငံ ဟူနန်မှာ အမျိုးသမီးတွေအချင်းချင်း လျှို့ဝှက်ချက်တွေ မျှဝေဖို့သုံးတဲ့ အမျိုးသမီးစာဆိုတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အမျိုးသမီးတွေရဲ့ ခြေထောက်ကို သေးအောင်ချည်တုပ်ထားပြီး အခန်းထဲက ထွက်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန်မှာ အချင်းချင်း ဘဝမှာရှင်သန်ဖို့ အားပေးကြဖို့အတွက် အမျိုးသားတွေ နားမလည်တဲ့ ဘာသာစကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အမျိုးသမီးစာက ခေတ်တစ်ခုမှာ အမျိုးသမီးတွေ ရုန်းထွက်ချင်လို့ ပုန်ကန်ခဲ့တဲ့ သင်္ကေတတစ်ခုပဲပေါ့ ......ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အမျိုးသမီးစာကို ဆက်ခံသူ ၃ ဦးဖြစ်တဲ့ ဟဲ့ယင်ရှင်း၊ ဟူရှင်းနဲ့ ဝူမုစီးတို့ကို အဓိကထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခြေထောက်ချုပ်နှောင်ခြင်းမခံရတော့တဲ့ တရုတ်နိုင်ငံက ၂၁ ရာစု အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အရွယ်မတူတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ပြီးတော့ အမျိုးသမီးစာကို အထင်သေးသူ၊ အသုံးချပြီး အကျိုးအမြတ်ရချင်သူတွေကလည်းရှိနေခဲ့ပါတယ်။ အမျိုးသမီးစာကို သမိုင်းမှာပဲ မကျန်စေချင်တဲ့တွေကလည်း ကြိုးစားရင်းနဲ့ပေါ့  Filesize : 1.46 GB / 729 MB Quality : WEB-DL HEVC 1080p ...
movie

Hidden Letters ( 2024 )

Otherness / Alteritasts (2023)
Otherness / Alteritasts (2023) ဒီဇာတ်ကားလေးကတော့ LGBTQIA+ အသိုင်းအဝိုင်းမှာမှ Lesbian (အမျိုးသမီးချင်းချစ်ခင်စုံမက်သူ) တွေကို အင်တာဗျူးမေးမြန်းထားတာကို ရိုက်ကူးထားပြီး လိင်စိတ်တိမ်းညွတ်မှု၊ လိင်စိတ်ခံယူမှု၊ လိင်စိတ်ကွဲပြားမှုတို့ကို ပိုမိုသိရှိနားလည်လာအောင် အဖြေရှာထားပြီးတော့ ဒီကနေတဆင့် လူမျိုးရေးခွဲခြားမှုတွေ၊ လူလူချင်း ချစ်ခင်စုံမက်မှုတွေ၊ သမားရိုးကျ ကျား/မ ဆက်ဆံရေးတွေတင်မဟုတ်ပဲလူ့စိတ် လိင်စိတ် အကုန်လုံးကို အမေးအဖြေလုပ်ရင်း မျိုးဆက်သစ်တွေအတွက် ပိုမိုအထောက်အကူဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ LGBTQIA+ အသိုင်းအဝိုင်းကို မသိရှိ မနားလည်သေးတဲ့သူတွေလည်း အနည်းအကျဉ်းပဲဖြစ်ဖြစ် ပိုပြီးတော့ နားလည်သဘောပေါက်လာအောင် ကြည့်ရှုသင့်သလို ဒီအသိုင်းအဝိုင်းထဲက လူတွေကလည်း ဒီဇာတ်ကားလေးကို ကြည့်ရှုပြီး သူတို့အတွေ့အကြုံတွေကို ထပ်တူနားလည်ပေးနိုင်မှာပါ File size…(1.3 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Drama, Documentary  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Otherness / Alteritasts (2023)

Mula sa Buwan (2023) 5.0
Mula sa Buwan (2023) Mula sa Buwan ဆိုတာကတော့ Edmond Rostand ရဲ့ ခေတ်ဟောင်း ဂန္ထဝင် Cyrano de Bergerac ကို အခြေခံပြီး မူရင်း ဖိလစ်ပိုင်ဂီတနဲ့ မမျှတသော ချစ်ခြင်းမေတ္တာ၊ အလှတရားနှင့် ခင်မင်ရင်းနှီးမှုတွေရဲ့ ပုံစုံတွေကို ပိုမိုရင်းနှီးသော ပုံပြင်- OURS အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်1940 ခုနှစ် မနီလာရဲ့ လှပသောရှုခင်းများကို ထည့်သွင်းထားပြီး ပုံဖော်တင်ဆက်ထားတဲ့ ပြဇာတ်လေးပါအားလုံးခြုံငုံလိုက်ရင်တော့ ကဗျာဆရာ Cyrano၊ရဲ့ သူချစ်ရတဲ့ Roxane နဲ့ ကြင်နာတတ်တဲ့ ခရစ်ယာန်တို့ရဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့လည်း ဆိုနိုင််ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kiwi ပါ )File size_(4.4GB)/(2.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:55:00 Genre_Documentry, Musical Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie

Mula sa Buwan (2023)

Jobs (2013) 6.0
Jobs (2013) Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie

Jobs (2013)

The Reason I Jump (2020) 7.4
The Reason I Jump (2020) The Reason I Jump (2020)~ IMDb - 7.4/10, RT - 97%, Meta - 83% ~“I don’t have ADHD when I am out in the woods.” - David (Age 14)“ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။”Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး ...
movie

The Reason I Jump (2020)

2020
I Am: Celine Dion (2024) 8.1
I Am: Celine Dion (2024)  ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဒါရိုက်တာ Irene Taylor ရိုက်ကူးတဲ့ ကနေဒါလူမျိုး အဆိုကျော် Celine Dion အကြောင်း မှတ်တမ်းရုပ်ရှင် လေးပါပဲ။ Celine Dion ဟာ Titanic ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုသူအဖြစ် မြန်မာပရိတ်သတ်နဲ့ မစိမ်းလှသူလည်း ဖြစ်ပါတယ်။Dion ကို Charlemagne မြို့၊ Quebec ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၄ ယောက်အနက် အငယ်ဆုံး သမီးဖြစ်ပါတယ်။ သီချင်းခွေပေါင်း သန်း ၂၀၀ ကျော်အထိ ရောင်းချခဲ့ရတဲ့ Dion ဟာ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ပေါ့ပ်ဘုရင်မလို့ တင်စားကြတဲ့ သူမဟာ သူမရဲ့ အသံပါဝါနဲ့ ဆိုနည်းဆိုဟန်တွေက တမူထူးခြားသူအဖြစ် ကမ္ဘာမှာ ကျော်ကြားလှတဲ့ အဆိုတော်တစ်ဦးဆိုတာ အထူးတလည် ရည်ညွှန်းဖို့ လိုမယ် မထင်တော့ပါဘူးနော်။ ဒီလို အောင်မြင်မှုတွေ များစွာရခဲ့တဲ့ တစ်ခေတ်မှာ ...
movie

I Am: Celine Dion (2024)

Hack Your Health: The Secrets of Your Gut (2024) 6.5
Hack Your Health: The Secrets of Your Gut (2024) Hack Your Health: The Secrets of Your Gut (2024)မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်းမတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေကအဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ File size…    1.4 GB /  696 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 19m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Hack Your Health: The Secrets of Your Gut (2024)

How to Rob a Bank (2024) 6.6
How to Rob a Bank (2024) How to Rob a Bank (2024) IMDb - 6.6/10၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 587MB Quality…WEB ...
movie

How to Rob a Bank (2024)

2024
Unseen Enemy (2017)
Unseen Enemy (2017) Unseen Enemy (2017) IMDb - 7.3/10 Genre - Documentaryကမ္ဘာမှာ လူဦးရေတွေများပွား၊ လူမှုအဆင့်အတန်းတွေမြင့်တက်လို့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နောက်ကနေကပ်ပါလာတာကတော့ အမျိုးမျိုးသော အမည်မဲ့ကပ်ဘေးများပါပဲ။ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း မတော်တဆသော်လည်းကောင်း ကပ်ဘေးဟေ့လို့ဆိုလိုက်တာနဲ့ ရင်စည်းပြီးခံရတာဟာလည်း ဖန်တီးသူလူသားတွေပါပဲ။လတ်တလောမှာဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်ဟာ ကမ္ဘာမှာဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ရောဂါကပ်တော့ မဟုတ်ခဲ့ပါဘူး။ ဆားစ်ရောဂါ၊ H1N1 စသည်ဖြင့် ရောဂါကပ်ဘေးတွေအမြောက်အများမှာ အမျိုးမျိုးသော ဖြစ်ရပ်ပေါင်းများစွာနဲ့ ကျွန်မတို့ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။ဒီ Documentary မှာတော့ နာမည်ကြီးရောဂါကပ်တွေမှာ ဘာတွေဖြစ်ခဲ့သလဲ ဘယ်လိုတွေကျော်လွှားခဲ့လဲ ဘာတွေကဖြစ်စေခဲ့လဲဆိုတာကို ကြည့်ရှုရမှာမို့ ရောဂါကပ်တွေနဲ့ပတ်သတ်တဲ့ အသိဉာဏ်ပြတင်းပေါက် တစ်ချပ်လှပ်ပေးလိုက်နိုင်မယ်လို့မျှော်လင့်ရင်း CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။File size…    2.8 GB /  1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by ...
movie

Unseen Enemy (2017)

Requiem for the American Dream (2015) 8.0
Requiem for the American Dream (2015) Requiem for the American Dream (2015) IMDb 8.0/10အေဗရမ် နွန်ချန့်စကီး ဟာ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး နာမည်ကြီးလူသိများတဲ့ ဘာသာဗေဒ ပညာရှင် တက်ကြွလှုပ်ရှားသူနဲ့ ဝေဖန် ရေးသမား တစ်ယောက်ပါ။ ခေတ်သစ်ဘာသာဗေဒ ပညာရပ်ရဲ့ဖခင်ကြီးလို့တောင် ပြောစမှတ်ပြုကြပါတယ်။ မက်ဆာချူးဆက် နည်ပညာကျောင်းရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေပြီး ပညာရပ်ဆိုင်ရာစာအုပ်တွေ နဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ စာအုပ်ပေါင်း ၁၅၀ ကျော်ကိုလည်းရေးသားပြုစုခဲ့ပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့တော့ အလုပ်သမားတွေရဲ့ အရေးကို အလေးထားဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားတွေကြားမှာ လွတ်လပ်စွာပြောဆိုခွင့် နဲ့ အသင်းအဖွဲ့ထူထောင်ခွင့်ရှိရမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားသူပါ။ ပြီးတော့ နိုင်ငံရေးလောကကြီးကို ဓနရှင် လုပ်ငန်းရှင် လူနည်းစုက နည်မျိုးစုံသုံးကာ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတယ်လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကိုဒီရုပ်ရှင်ထဲမှာလည်း အချက်အလက်စုံစုံလင်လင်နဲ့ ဖော်ပြထားပါတယ်။အဲဒီလို လူနည်းစုကလုပ်ချင်တိုင်းလုပ်နေတာကို လူထုကသိရှိပြီး စုပေါင်းအင်အားနဲ့ တွန်းလှန်မှသာ ဖိနှိပ်ခံရတာ ဆင်းရဲတွင်းနက်တာ နဲ့တန်းတူညီမျှမှု မရှိတာ စတဲ့ အခက်အခဲတွေပြေလည်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာဆိုရင် ချန့်စကီးကို လေးနှစ်ကျော်လောက် အင်တာဗျူးတွေလုပ်ခဲ့ပြီး အဲဒီထဲကမှ ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့သူ့ရဲ့အယူအဆတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ဖော်ပြထားပြီး လူတွေသိပ်မသိတဲ့ နိုင်ငံရေးလောကရဲ့လှည့်ကွက်တွေ နဲ့ သူတို့ရဲ့ဦးတည်ချက်တွေ သူတို့ကြောက်လန့်တဲ့အကြောင်းတရားတွေက ဘာတွေပါဆိုတာကို သိမြင်လာမှာပါ။အမေရိကန်နိုင်ငံလို ...
movie

Requiem for the American Dream (2015)

Operation Arctic Cure (2024) 6
Operation Arctic Cure (2024) Operation Arctic Cure (2024) IMDb - 6.5/10အာတိတ်ကုသမှုစစ်ဆင်ရေးလို့ဆိုရမဲ့ အမေရိကန်မှတ်တမ်းရုပ်သံကို National Geographicကနေ ထုတ်လွှင့်ခဲ့တဲ့အတွက် မှတ်တမ်းရုပ်ရှင်နှစ်ခြိုက်သူတို့ ကြည့်ရှုခံစားရဖို့ တင်ဆက်ပေးလိုက်ပါတယ်။အမေရိကန်စစ်ပွဲသတင်းထောက်တစ်ဦးဖြစ်တဲ့ ဘော့ဘ်၀ုဒရက်ဖ်တစ်ယောက် သူ့ရဲ့ကင်မရာမန်းနဲ့အတူ အီရတ်တိုက်ပွဲအတွင်း ပေါက်ကွဲမှုတစ်ခုမှာ အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာတွေသက်သာလာချိန်မှာတော့ အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေကပြန်လာတဲ့ အမေရိကန်စစ်ပြန်တွေအများစု ခံစားကြရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့တွေးတောရင်း ဒီ Operation Arctic Cureလို့ခေါ်တဲ့ မြောက်ဝင်ရိုးစွန်းဒေသဆီ စစ်ပြန်တစ်စုကိုဦးဆောင်ပြီး တောင်တက်ခရီးကြမ်းသွားတဲ့ အစီအစဉ်လုပ်ခဲ့ပါတယ်။သူတို့တွေတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကိုမှတ်တမ်းတင်ထားရင်း စစ်ပွဲအတွင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါထိခိုက်ခဲ့တဲ့ ဒီအမေရိကန်စစ်ပြန်ကြီးတွေ သူ့တို့စိတ်အတွင်းထဲက နာကျင်မှုဒဏ်ရာဒဏ်ချက်တွေကို လျော့ပါးသွားအောင်ကုစားနိုင်မှာလားဆိုတာ ရှုစားကြရမှာပါဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်) File size…992MB / 427MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Alex ~ Zwe
movie

Operation Arctic Cure (2024)

2024
Burning Sun: Exposing the Secret K-pop Chat Groups (2024)
Burning Sun: Exposing the Secret K-pop Chat Groups (2024) BURNING SUN (2024) ******************ကိုရီးယားရဲ့ နာမည်ကျော်ဆယ်လီတွေဆိုတာ လူအများလေးစားရလောက်အောင်သူတို့ကျွမ်းကျင်တဲ့ပညာရပ်မှာ တစ်ဖက်ကမ်းခတ်သလိုပရိတ်သတ်ကိုလေးစားတာ အပြန်အလှန်ရိုသေသမှုပြုတာတွေဟာ လူငယ်တွေအတွက်အားကျအတုယူလောက်စရာပါပဲ...သို့သော် တချို့သော ဆယ်လီတွေဟာသူတို့ရဲ့အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုတို့ကို အသုံးချပြီးလူတွေကို တိရစ္ဆာန်တစ်ကောင်လိုပြုမူကြလို့ လူထုအကြားစက်ဆုပ်စရာဖြစ်လာကြတဲ့ရွံစရာအမှုအခင်းတွေလည်းအများကြီးရှိပါတယ်..ဒီအထဲမှာ အထင်ရှားဆုံးကတော့Jung Joon Young , Seungri နဲ့ Choi Jong Hoon တို့ရဲ့ လုပ်ရပ်တွေပါပဲ..ဒီလူငယ်တွေဟာ အမျိုးသမီးတွေကိုအုပ်စုလိုက် ရိုက်နှက်တာမုဒိန်းကျင့်စော်ကားတာ အပြင် လူမဆန်တဲ့လုပ်ရပ်ပေါင်းများစွာလုပ်ခဲ့ကြပါတယ်..တကယ်တော့ဒီအမှုအခင်းတွေဟာ နှစ်အတော်ကြာမှ လူထုအကြားရောက်ရှိလာတာပါ..ဒီမတိုင်ခင် လိုက်ခဲ့တဲ့သတင်းထောက်တွေဟာ အသက်အန္တရယ်အထိခြိမ်းခြောက်တာမျိုးခံရသလိုစထွက်လာတဲ့ အပုတ်အသိုး သတင်းပေါင်းများစွာကိုလည်း ငွေကြေး ၊အသိုင်းအဝန်းပေါင်းစုံအသုံးပြုပြီး ပျောက်ပျက်အောင်လုပ်ခဲ့ကြပါတယ်..အခုအခါမှာတော့ သတင်းထောက်တွေပေါင်းစုပြီး လူထုကိုချပြတဲ့ ဗီဒီယိုကို BBC ကထုတ်ဖော်လာခဲ့ပါပြီ...ဒီဗီဒီယိုကြည့်မိတဲ့အချိန်မှာ အတွေးအပေါင်းများစွာရရှိနိုင်သလိုဥပဒေရဲ့ အရေးယူမှုအပိုင်းတွေကိုလည်း မေးခွန်းထုတ်စရာတွေအများကြီးရှိလာနိုင်မှာပါ... File size…  890MB /  400 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h Genre ..... Documentary, TV Movie Subtitle…. ...
movie

Burning Sun: Exposing the Secret K-pop Chat Groups (2024)

Dust to Glory (2005) 7.3
Dust to Glory (2005) Dust to Glory (2005) Genre – Documentary, Action, Adventure IMDB – 7.3/10မက်ဆီကိုနိုင်ငံ ဘာဟာဆိုတဲ့နေရာမှာ နှစ်စဉ်ကျင်းပနေကြ မိုင်ပေါင်းတစ်ထောင်မောင်းရတဲ့ Off-road ပြိုင်ပွဲကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ကားမောင်းဝါသနာ ပါသူတွေ ဆိုင်ကယ်မောင်း ဝါသနာပါသူတွေ ဘယ်သူမဆို ဘယ်လိုယာဉ်နဲ့မဆို ယှဉ်ပြိုင်ခွင့်ရှိပြီး လူတွေအများကြီးနဲ့ ပျော်ပျော်ပါးပါးကြီး စွန့်စားခန်းထွက်ကြတာပဲ ဖြစ်ပါတယ်။ယှဉ်ပြိုင်ကြတဲ့လူတွေနဲ့ အဖွဲ့တွေအကြောင်းပါမယ် လမ်းမှာရပ်နားစခန်းတွေ လုပ်ရတဲ့အကြောင်းပါမယ် Off-road ပြိုင်ရတာဖြစ်လို့ လမ်းပန်းအခက်အခဲ စက်ပစ္စည်းအခက်အခဲတွေ ထိခိုက်ဒဏ်ရာ ကြုံရတာတွေပါမယ်။တရားဝင်ပြိုင်ပွဲဆိုပေမဲ့ နိုင်ငံက လမ်းပန်းဆက်သွယ်ရေးကို မပိတ်ပင်ထားလို့ သာမန်အရပ်သားတွေနဲ့ရော ရဲတွေနဲ့ရော ပြဿနာဖြစ် ပြိုင်ရတာမျိုး။ ဆိုင်ကယ်ကစပြီး ၃ ဘီး ၄ ဘီးပေါင်းစုံနဲ့ ထရပ်ကားတွေအစ ဗောက်စ်ဝပ်ဂွန်အဆုံး ပါဝင်ပြီး အသက်အရွယ်ဆိုလည်း အိုအိုပျိုပျို ရှိတဲ့အပြင် အမျိုးသမီးအသင်းတွေပါ ပါဝင်တာကိုတွေ့ရမှာပါ။File size…    2.3 GB /  789 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ...
movie

Dust to Glory (2005)

Mean Spirited (2023)
Mean Spirited (2023) Mean Spirited(2022) ================ဇာတ်လမ်းအညွှန်းအန်ဒီတစ် ယောက် Youtube မှာ Mean Spirited ဆိုတဲ့ချန်နယ်တစ်ခု ထောင်ပြီး စ နေတဲ့ဗီဒီယို တွေတင် ပေမယ့် လူအာရုံစိုက်ခြင်း စိတ်ဝင်စားခြင်းကို မခံရဖြစ် နေပါတယ်ကြံရာမရတဲ့အဆုံး ဟောလိဝုဒ်မှာ လျှပ်စစ်လူသားအဖြစ် အောင်မြင် နေတဲ့ ငယ်သူငယ်ချင်း ဘရိုက်စ်ဆီကို သွားဖို စီစဥ်လိုက်ကြပါတယ် ငယ်သူငယ်ချင်းဆို ပေမယ့် ဘရိုက်စ် အောင်မြင်လာပြီး နောက် ဘာလို အန်ဒီနဲ့ သူငယ်ချင်းတစ်စုကိုထားသွားလဲ ဆိုတာ သိချင်တဲ့အတွက် ကြောင်ြ ဘ လော့မှတ်တမ်း လေးရိုက်မယ်ဆိုပြီး အန်ဒီရယ် ဂျူးရယ် တွမ်ရယ် နစ်ကီရယ် ဂျိုအီရယ် သူငယ်ချင်းတစ်စု ဘရိုက်စ် ရှိရာ ပိုကိုနိုပြည်နယ်ကို ပိတ်ရက်ခရီးထွက်လာခဲ့ကြပါတယ်ဘရိုက်စ်ဆီ ရောက်တဲ့ နေ့ကစပြီး လမ်းခရီးမှာတင် အမျိုးမျိုး ခြောက်လှန့်ခံရ ပေမယ့် အစသန်တဲ့အန်ဒီ ကြောင့်လိုပဲ ထင်ခဲ့ကြတာ နေ တဖြည်းဖြည်းစိတမ ...
movie

Mean Spirited (2023)

Arnold & Sly: Rivals, Friends, Icons (2024) 7.3
Arnold & Sly: Rivals, Friends, Icons (2024) Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie

Arnold & Sly: Rivals, Friends, Icons (2024)

2024
American Symphony (2023) 6.8
American Symphony (2023) ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့ မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။ တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။ သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြား မနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီး နေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီး နှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီး ဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလို သံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲ ဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲ အမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့ ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ...
movie

American Symphony (2023)

2024
Unknown: Cosmic Time Machine (2023) 7.2
Unknown: Cosmic Time Machine (2023) အာကာသနဲ့ နက္ခတ်ဗေဒပညာရှင်တွေကြားမှာရော ကမ္ဘာမှာပါဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကြီးရဲ့ လွှတ်တင်တဲ့အကြောင်းနဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ရဲ့ တည်ဆောက်ပုံတွေ လူတိုင်းက မဖြစ်နိုင်ဘူးဆိုပြီးယုံကြည်ထားကြတဲ့ အာကာသထဲမှာ တယ်လီစကုပ်ထားမယ်ဆိုတဲ့အကြောင်းတွေကို ဝေဝေဆာဆာ စုံစုံလင်လင်နဲ့တွေ့မြင်ရမဲ့ Documentary လေးတင်ဆက်ပေးလိုက်ပါတယ်။စကြာဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာကြီးရဲ့ ဟိုးအစွန်ဆုံးမှာရှိတဲ့ စတင်ဖြစ်ပေါ်လာရာ အလင်းတန်းဟာဆိုရင် ကမ္ဘာကိုရောက်ဖို့ အလင်းနှစ်ပေါင်း ၁၃.၈ နှစ်ထိလာရမှာပါ။ ဒီတော့ကျွန်တော်တို့တွေညတိုင်းတွေ့မြင်နေရတဲ့ ကြယ်တွေဆိုတာ ဟိုးအရင်အတိတ်ကအလင်းရောင်ပါ။ဒီလိုမျိုးစကြာဝဠာကြီးရဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ အလင်းရောင်ကိုမြင်ရဖို့အတွက် အရင်က အာကာသကြည့်မှန်ပြောင်းဆိုတာ မရှိသေးပါဘူး။ ဒါကိုမဖြစ်ဖြစ်အောင်လူသားတွေ အတူတကွကြိုးစားအားထုတ်ခဲ့ကြတာပါ။ ဒီဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကို တည်ဆောက်ပြီးလွှတ်တင်နိုင်ဖို့အတွက် ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက် ကြာခဲ့ပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာအခက်အခဲတွေ အခြားအခက်အခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။လူတိုင်းသိကြတာက ဂြိုလ်တုတွေကို ကမ္ဘာ့အပြင်ဘက်လွှတ်တင်ပြီး ကမ္ဘာရဲ့ပတ်လမ်းကြောင်းထဲမှာတင် လှည့်ပတ်နေကြတာပါ။ ဂျိမ်းစ်ဝက်တယ်လီစကုပ်ကတော့ ဒီလိုမဟုတ်ပါဘူး ကမ္ဘာ့ပတ်လမ်းကြောင်းကနေကျော်ပြီး ကမ္ဘာလိုပဲ နေကိုပတ်နေတဲ့ ပတ်လမ်းကြောင်းဆီ လွှတ်တင်ပေးရမှာပါ။ဒီခရီးစဉ်ဟာ ကမ္ဘာနဲ့လရဲ့အကွာအဝေးထက်လေးဆကွာဝေးပါတယ်။ ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့အကွာအဝေးကို ကမ္ဘာရဲ့ထိန်းချုပ်ခန်းကနေ တယ်လီစကုပ်ကို ဖြန့်ကျက်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာကုဒ်တွေကို ပို့လွှတ်ပြီးတော့ လုပ်ဆောင်ရပါတယ်။ အလုပ်တစ်ခုဟာ ကိုယ့်လက်နဲ့ကိုင်ပြီးလုပ်ရင်တောင် ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ဒါကိုမိုင်ပေါင်းများစွာက တယ်လီစကုပ်ကြီးကို အမှားအယွင်းမရှိဖြန့်ကျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး လူတိုင်းကပြောဆိုဝေဖန်ခံနေရပြီး အကြိမ်ကြိမ် ပိတ်သိမ်းဖို့ဖိအားပေးခံရတဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့နောက်ကွယ်က သောင်းချီနေတဲ့လူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ကျွန်တော်တို့အခုမြင်နေရတဲ့ အာကာသရဲ့ရင်သပ်ရှုမောရတဲ့ပုံရိပ်တွေကို တွေ့မြင်နေနိုင်တာပဲဖြစ်ပါတယ်။ အိမ်ဖြုတော်ရဲ့ ပြောရေးဆိုခွင့်ရသူပြောသလိုပါပဲ ဒီလိုအပြောကျယ်လှတဲ့စကြာဝဠာကြီးကို တွေ့မြင်လိုက်ရတော့ ငါဘယ်သူလဲ ငါဘယ်ကနေဖြစ်ပေါ်လာတာလဲ ငါဒီစကြာဝဠာကြီးထဲဘယ်လိုဝင်ဆံအောင် ...
movie

Unknown: Cosmic Time Machine (2023)

2024