Channel Myanmar

Crime

Sleepless (2017) 5.6
Sleepless (2017)   ဗင်းဆင့်ဒေါင်း က Las Vegas ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ယောက်ပါ။Vegas မြို့မှာက မူးယစ်ဆေးဝါးဂိုဏ်းတွေ ခြေချင်းလိမ်ပြီးရဲတပ်ဖွဲ့ထဲအထိပါ မူးယစ်ဆေးဘက်တော်သားတွေရှိနေခဲ့တယ်။ဗင်းဆင့်ဒေါင်းနဲ့ သူ့ပါတနာ ကလည်း ထူးမခြားနားပါပဲမူးယစ်ဆေးဂိုဏ်းတွေနဲ့ ပတ်သတ်နေခဲ့တယ်။တစ်နေ့မှာတော့ ဗင်းဆင့်ဒေါင်း နဲ့ သူ့ပါတနာ ရှောင်ကဆ် တို့သူများရဲ့ ကိုကိန်းအိတ်ကြီး သွားလုရာက မြို့မှာ အာဏာကြီးတဲ့မူးယစ်ဂိုဏ်းရဲ့ ကိုကိန်းအိတ်ကြီး ဖြစ်နေလို့ ပြဿနာတက်ပါတော့တယ်။အက်ရှင်ကား ပီပီ တိုက်ခန်းခိုက်ခန်း ဆဲဆိုခန်းတွေအပြည့်နဲ့Vegas ရဲတပ်ဖွဲ့ထဲက အရှုပ်တော်ပုံတွေအကြောင်းကို ခံစားကြည့်ရှုကြရမှာပါ။ဗင်းဆင့်ဒေါင်းတယောက် ဒီပြဿနာကြီးကို ဘယ်လိုရှင်းမလဲဆိုတာအတူတူ ခံစားရှုစားလိုက်ကြရအောင်ခင်ဗျာ။ File size…1.64GB / 859MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Sleepless (2017)

2017
Klem (2023) 6.3
Klem (2023) Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

Klem (2023)

The Last Victim (2021) 5.0
The Last Victim (2021)  ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲတွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာတစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့်တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူ‌တွေ အတွက်ကတော့ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။ File size…1.47GB / 737MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Adventrue , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

The Last Victim (2021)

To Live Through Death ( 2024 ) 6
To Live Through Death ( 2024 ) အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ CM ရဲ့ပရိသတ်တွေအတွက် အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကို အကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပစိဖစ်သမုဒ္ဒရာအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ အိမ်ခြေမဲ့ လေလွင့်သူတွေအတွက်နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျွိုင့်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျွိုင့်လမ်းပေါ်မှာ ဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့ လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့် သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်က အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမိန်းကလေးကို ခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကို ဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက် ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ...... လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.55 GB / 942 MB Quality : WEB-DL ...
movie

To Live Through Death ( 2024 )

Buster’s Mal Heart (2016) 6.1
Buster’s Mal Heart (2016)  "Buster's Mal Heart" ရုပ်ရှင်ကတော့ ဒါရိုက်တာSarah Adina Smith က ကိုယ်တိုင်ရေးသားပြီးဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ surrealistလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကောင်းဖြစ်ပါယတ်။Fredie Mercury ရဲ့ ဘဝအတ္ထုပတ္တိရုပ်ရှင်မှာ FredieMercury အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rami Malek ကဒီကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ ဝေးလံခေါင်သီတဲ့အသိုက်အဝန်းကလူမနေတဲ့ အပန်းဖြေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးဆောင်းရာသီမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jonah လို့အမည်ရတဲ့ တောင်ပေါ်လူသားတဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ခြောက်လှန့်မှုတွေနဲ့ သူ့ရဲ့အတိတ်င မိသားစုဘဝဟောင်းမှအမှတ်ရစရာတွေနဲ့အတူ Jonah ဟာ ရုန်းကန်နေရတာဖြစ်ပြီး"Buster" လို့ခေါ်တဲ့ နာမည်ပြောင်နဲ့ ရေဒီယိုအစီအစဉ်နဲ့ဟောပြောပွဲတွေကို ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူပါ။ဒီရုပ်ရှင်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပေါင်းစပ်ဖန်တီးထားပြီး နှင်းတွေထူထပ်တဲ့ တောင်ပေါ်မှာ တဦးတည်းနေထိုင်တဲ့‌ဒါမှမဟုတ် သမုဒ္ဒရာအလယ်က လှေငယ်တစင်းထဲမှာ တကိုယ်တည်းကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ File size…1.39GB / 647MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 36m Genre ….. Crime ...
movie

Buster’s Mal Heart (2016)

Fight Against Evil Ⅱ (2023) 5.9
Fight Against Evil Ⅱ (2023) 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။ Filesize : 1.1 GB / 667 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Fight Against Evil Ⅱ (2023)

2023
Casualties of War (1989) 7.1
Casualties of War (1989)  ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်‌ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကို‌ချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Casualties of War (1989)

Rakshana (2024) 7.8
Rakshana (2024) Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb - 8.1/10ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ........ ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ..... ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ ......ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.25GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Rakshana (2024)

2024
MaXXXine (2024) 6.8
MaXXXine (2024) MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie

MaXXXine (2024)

4K HEVC
M (2007) 6.2
M (2007) M (2007) IMDb 6.2/10ဒီတစ်ခါမှာတော့ Rating လည်းကောင်းပြီး ဆုတွေလည်းသိမ်းပိုက်ထားတဲ့စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်မင်ဝူးဆိုတာကတော့ လူငယ်စာရေးဆရာတစ်ယောက်ပါ နိုင်ငံချစ် ရောင်းရအ‌ကောင်းဆုံးစာရေးဆရာပေမယ့် ဘာမှဆက်ရေးစရာအတွေးပေါ်မလာလို့ စိတ်ဓာတ်ကျနေသူပေါ့ ညဘက်တွေအိပ်မပျော်တဲ့ရောဂါကြောင့် ဆရာဝန်တွေစုံအောင်ပြနေပေမယ့်လည်း ထူးမလာခဲ့ပါဘူးဒီလိုနဲ့တစ်နေ့ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကောင်မလေးနဲ့တွေ့ဆုံမိပြီး သူစာပြန်ရေးနိုင်ဖို့ ကောင်မလေးက အကူအညီတွေပေးနေတော့ ရင်းနှီးသွားကြပါတယ် ဒါပေမယ့် ဒီကောင်မလေးဘယ်သူဆိုတာ မင်ဝူးတစ်ယောက်စဉ်းစားလို့ရမနေပါဘူး ဒီလိုနဲ့လိုက်စုံစမ်းရင်း သူနဲ့စကားပြောနေကျကောင်မလေးက သေဆုံးပြီးသားမှန်းသိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲ ဒီကောင်မလေးနဲ့က အရင်တည်းကအသိတွေလား သူဝတ္ထုရေးဖို့ရောကုန်ကြမ်းရနိုင်မလားဆိုတာတော့ ဒေါင်းကြည့်လိုက်ကြပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(600MB) Quality__HD_720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

M (2007)

[18+] First Name: Carmen (1983) 6.3
[18+] First Name: Carmen (1983) First Name: Carmen (1983) Prénom CarmenIMDb Rating -6.3  ၊ Rotten Tomatoes -88%ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီက ကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင် ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့ ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာ စမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။ ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့ ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့ ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။ အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။(Dark Side Production မှ တင်ဆက်သည်။) File size…(2 GB)/ (1 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] First Name: Carmen (1983)

Fight Against Evil ( 2021 ) 6.2
Fight Against Evil ( 2021 ) ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက် အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ် ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပါ လီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီး တိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကို ခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီက ယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲ လူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့ အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ်သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်က ဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲ လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Filesize : 2.21 GB / 1.07 GB / 636 MB Quality : WEB-DL 4K HEVC , 1080p , 720p Format :  mp4 Genres : Crime , Drama , Action Runtime ...
movie

Fight Against Evil ( 2021 )

4K HEVC
Zhu Bei Uncrackable Cases ( 2022 ) 6
Zhu Bei Uncrackable Cases ( 2022 ) မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်မုံ့တုန်းဟာ ရာထူးခန့်အပ်ခါစမှာပဲ ခြေထောက်ပြတ်တစ်ခုကို မြစ်ထဲက ဆယ်ခဲ့ရပြီး အမှုစစ်ဆေးစရာဖြစ်လာပါတယ်။ ဒီအမှုအတွက်ကျူးပေမြို့ကလေးက တံငါသည် ရှီဆွေရှန်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တဲ့အတွက် မုံ့တုန်းစိတ်ထဲ သံသယ ပိုများနေခဲ့ပါတယ်။ရှီဆွေရှန်းရဲ့ ပြီးပြည့်စုံလှတဲ့ ဖြောင့်ချက်ကတစ်ဆင့် မုံ့တုန်းဟာ သဲလွန်စတွေ ရှာဖွေနိုင်ခဲ့ပြီး လီလောင်စန်းကို သံသယဖြစ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ မုံ့တုန်းဟာ မတော်တဆ လူသတ်မိတဲ့ လီလောင်စန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။တရားခံကို ရှာတွေ့ပြီအထင်နဲ့ အမှုပိတ်ခါနီးမှာ ခရိုင်မြို့မှ DNA စစ်ဆေးချက်အဖြေကို ရရှိခဲ့ပြီး ခြေထောက်ပြတ်ရဲ့ ပိုင်ရှင်ဟာ တခြားလူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ...... မုံ့တုန်းတို့အဖွဲ့ တရားခံအစစ်ကို ဖမ်းဆီးနိုင်ပါ့မလား...... ရထားတဲ့ သဲလွန်စတွေထဲမှာ ဘယ်လောက်ကအစစ်ဖြစ်ပြီး ဘယ်လောက်က အတုတွေ ဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.05 GB / 595 MB  Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 15 min Subtitle ...
movie

Zhu Bei Uncrackable Cases ( 2022 )

Hijack 1971 (2024)
Hijack 1971 (2024) Hijack 1971 (2024)*******************ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာတွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်းဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကိုခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ဖြစ်လာတဲ့အခါမှာတော့....တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့လေယာဥ်မှူးအဖြစ် ...
movie

Hijack 1971 (2024)

Dogville (2003) 8.0
Dogville (2003)  IMDb 8/10မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါနှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ်ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ်ဒေါ့ဗေးလ် ...
movie

Dogville (2003)

Quick Change (1990) 6.8
Quick Change (1990) Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie

Quick Change (1990)

1990
Women’s Prison Massacre (1983) 5.1
Women’s Prison Massacre (1983) တစ်ချိန်က ကာလသားတွေကြားထဲနာမည်ကျော်ခဲ့တဲ့ မိန်းမထောင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ Black Emanuelle ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှား-ဒတ်ချ် မင်းသမီး Laura Gemser ခေါင်းဆောင်ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ Emanuelle ဟာစရိုက်ကြမ်းရက်စက်တဲ့အမျိုးသမီးအကျဉ်းထောင်တစ်ခုကို ပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီမှာပဲ အကျဉ်းသူလူမိုက်ခေါင်းဆောင် အယ်လ်ဘီနာနဲ့ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ခဲ့ပြီးထောင်အာဏာပိုင်တွေရဲ့နှိပ်စက်မှုကိုလည်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ မိုက်ရူးရဲဆန်လွန်းတဲ့ စိတ္တဇသမား သေဒဏ်ကျခံထားရတဲ့အကျဉ်းသားလေးယောက်ကို သူတို့ထောင်ထဲမှာထိန်းသိမ်းထားဖို့ စေလွှတ်လိုက်ပါတယ်။ထောင်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီအကျဉ်းသားလေးယောက်ဟာ ထောင်တစ်ခုလုံးကို အပိုင်စီးပြန်ပေးဆွဲပြီး လွတ်လမ်းကိုရှာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ လက်မရွံ့လူသတ်ကောင်တွေလက်က ထောင်တစ်ခုလုံးနဲ့ဘ၀တူအကျဉ်းသူတွေကိုကယ်တင်ဖို့ကြိုးစားတဲ့ Emanuelle ရဲ့စွန့်စားခန်းကိုရှုစားကြရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.7 GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adult, Crime, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Women’s Prison Massacre (1983)

Way Back Home (2013) 7.5
Way Back Home (2013) Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီးBae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း ...ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်ကဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့ မိသားစု ...
movie

Way Back Home (2013)

Cinnamon (2023) 6.5
Cinnamon (2023)  ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie

Cinnamon (2023)

How to Steal a Million (1966) 7.5
How to Steal a Million (1966)  နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie

How to Steal a Million (1966)