Channel Myanmar

Crime

First Sunday (2008)
First Sunday (2008) Rapper‌ လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့ နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။ အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက် တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။ ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရော ဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့ အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ဖို့ပါပဲ။ ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့ သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။ ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။ အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။ ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။ အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.83 GB /  871 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Crime , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

First Sunday (2008)

2008
Are You Ok Baby? (2023) 8.8
Are You Ok Baby? (2023) Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

Are You Ok Baby? (2023)

2023
Sound of the Police (2023) 5.6
Sound of the Police (2023) Sound of the Police (2023) ===================2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်း ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက "Black Lives Matter" လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့ လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက် မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့် မသွားခဲ့ပါဘူး။ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊ လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါ လူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentary ရုပ်ရှင်ပါ။ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်း‌တွေအပေါ် အမေရိကန်ရဲ တွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက် မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်း ကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထား ပါတယ်။လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါ တယ်။ အမေရိကန်မှာ လူမည်း‌တွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန် နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေ ခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with ...
movie

Sound of the Police (2023)

2023
Gangster’s Paradise: Jerusalema (2008) 7.3
Gangster’s Paradise: Jerusalema (2008)   ဒီ​ဇာတ်ကားက ၂၀၀၈ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ တောင်​အာဖရိက​ရုပ်ရှင်​ဖြစ်​ပါတယ်။ ဇာတ်လမ်း​အမျိုးအစားက​ မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး​ တောင်​အာဖရိက​နိုင်​ငံ​ ဂျို​ဟန်​နက်​စ​ဘတ်​မြို့​မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်​ကို​ ဘာလင်​ရုပ်ရှင်​ပွဲတော်မှာ စတင်​ပြသခဲ့ပြီး ဝေဖန်​သူတွေနဲ့ပရိသတ်တွေ အကြိုက်​တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲ​သား​တစ်ဦး​ဖြစ်ပါတယ်။ တက္ကသိုလ်​တက်​ဖို့ကျောင်းစရိတ်မရှိတာကြောင့်​ သူငယ်ချင်း​ဖြစ်​သူ​ ဇိတ်​ နဲ့အတူ ဒုစရိုက်​နယ်​ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံ​ပြီး​ ရာ​ဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျို​ဟန်​နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့​မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်​ကျော်​ဂိုဏ်း​ခေါင်း​ဆောင်တစ်ဦး ဖြစ်​လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အစမှာ လပ်ကီး​ကူနီးနီ​က​ ပစ်ခတ်​မှုတစ်ခုမှာ​ ဒဏ်ရာရ​ပြီးလဲနေချိန်​ ရဲတွေ​ဖမ်းဆီး​သွားတဲ့အခန်းက​ အစပြု​ထားပါတယ်။ အဲဒီ​နောက်​မှာ​ သတင်း​ထောက်​ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး​ တင်ဆက်​ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာ​ထူးချွန်​ပေမဲ့​ ဆင်းရဲ​မွဲတေမှုကြောင့် ဒုစရိုက်​လောကထဲရောက်ခဲ့တဲ့ လပ်ကီး​တစ်ယောက်​ အဆုံးသတ်​မှာ​ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို​ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်း​က​ တောင်​အာဖရိက​မှာ​ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့​ ၁၉၉၄ နှောင်း​ပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း​ ပဋိပက္ခ​တွေ၊ လူမျိုး​ရေးခွဲခြားမှုတွေ၊ လက်နက်​ကိုင်​အရေးအခင်းတွေနဲ့အတူ တောင်​အာဖရိက​မြို့ကြီးတွေမှာ​ ဆင်းရဲ​ချမ်းသာကွာဟမှု၊ မူးယစ်​ဆေးနဲ့ ...
movie

Gangster’s Paradise: Jerusalema (2008)

American Hustle (2013) 7.2
American Hustle (2013)   ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ......IMDb - 7.2, RT - 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ.....ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ "မီးလက်ဝါး"လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့............. File size…(2 GB)/(1 GB) Quality….Webrip ...
movie

American Hustle (2013)

The Brotherhood of Rebel ( 2023 ) 5.9
The Brotherhood of Rebel ( 2023 ) ဟောင်ကောင် အက်ရှင်ကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၈ နှစ်က ငယ်ငယ်ကတည်းက တူတူကြီးပြင်းလာကြတဲ့ အားချီ၊ အားမောင်းနှင့် ကျင်းကျိုင်တို့ဟာ နဂါးဂိုဏ်း အစ်ကိုယို့ရဲ့ လက်အောက်ကို ဝင်ခဲ့ပါတယ်။ အစ်ကိုယို့ကလည်း သူတို့ ၃ ယောက်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လဲအစ်ကိုယို့ အောင်မြင်နေချိန်မှာ မထင်ထားပဲ ဓားသမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။အဲ့နောက်မှာတော့ အစ်ကိုယို့ တစ်ယောက် ဒုက္ခိတဖြစ်သွားရရှာပါတယ်။ အစ်ကိုယို့ ပြဿနာဖြစ်ပြီးနောက်မှာ အားချီဟာ ကုမ္ပဏီကို ဦးဆောင်ခဲ့ပါတယ်။ အားမောင်းကတော့ ပုန်းခိုနေပြီး သူ့ဇနီးနဲ့အတူ သာမန်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ကျင်းကျိုင်ကတော့ နေရာရဖို့ရန်အတွက် ပြိုင်ဖက်သူဌေးအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။အစ်ကိုယို့အတွက် ကလဲ့စားချေချင်နေတဲ့ မရီးဟာ အစ်ကိုယို့ကို တိုက်ခိုက်တဲ့ကိစ္စမှာ ညီအစ်ကို ၃ ယောက်ထဲက တစ်ယောက်နဲ့ ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါ...... ညီအစ်ကိုနဲ့ အကျိုးအမြတ်တွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အရင်က သေအတူရှင်အတူဖြစ်ခဲ့ကြတဲ့ ၃ ယောက်သား ဘယ်လိုရွေးချယ်ကြမလဲ...... သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကရော ဘယ်လို ဇာတ်သိမ်းမျိုးတွေကို ဦးတည်နေကြမလဲ...... Quality : WEB-DL 1080p ...
movie

The Brotherhood of Rebel ( 2023 )

A Haunting in Venice (2023) 6.8
A Haunting in Venice (2023)  ( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား ) ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကိုတစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီးဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခုတောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို)တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှလိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီတောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီးလူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ... File size… 3.3GB/1.67GB / 652MB Quality…WEB-D 4K, 1080P 5.1CH ...
movie

A Haunting in Venice (2023)

4K HEVC
Evil Hunter ( 2023 ) 5.9
Evil Hunter ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ယိုးကျိုးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မှုခင်းနေရာမှာ သဲလွန်စ တစ်ခုမှ မကျန်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့လဲ အခက်တွေ့နေပါတယ်။ ဒါပေမဲ့လဲ စိတ်ဓာတ်မကျပဲ နေ့ညမနား အဘက်ဘက်ကနေ လိုက်လံစုံစမ်းပြီးနောက်မှာတော့ ဓားပြတိုက်သွားတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။ဆိုင်ကယ်ပိုင်ရှင် ရှောင်လောင်ယောင်းဟာလည်း သူများခိုင်းလို့ လုပ်တာဖြစ်နေတာကြောင့် တရားခံအစစ်ရဲ့ သဲလွန်စက ပျောက်သွားခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ ဓားပြတိုက်ခံရတဲ့ ကားဆရာ ဝမ့်ကွေဟွာဟာ တိုက်ပေါ်ကနေပြီးတော့ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအမှုကနေတဆင့် လိုက်လံစုံစမ်းပြီးတဲ့အခါ ဝမ့်ကွေ့ဟွာရဲ့သားဟာ ဓားပြတိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူဓားပြတိုက်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ဓားပြတိုက်မှုရဲ့ နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ သဲလွန်စကို ရခဲ့တဲ့အခါ ရဲတပ်ဖွဲ့က ဒုစရိုက်ဂိုဏ်းကို ဖမ်းဆီးဖို့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 5 min Subtitle : Myanmar Subtitle ( ...
movie

Evil Hunter ( 2023 )

Five Minutes of Heaven (2009)
Five Minutes of Heaven (2009)  1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့... File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Five Minutes of Heaven (2009)

Winners & Sinners (1983) 6.8
Winners & Sinners (1983)     ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါတစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon ...
movie

Winners & Sinners (1983)

1983
Swordfish (2001) 6.5
Swordfish (2001) Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် "  ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie

Swordfish (2001)

2001
Re:Born (2016) 6
Re:Born (2016) Re:Born (2016)~ IMDb - 6/10, Rotten Tomatoes - 65% ~မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေ‌တဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ ...
movie

Re:Born (2016)

2016
The Devil on Trial (2023) 5.6
The Devil on Trial (2023) The Devil on Trial (2023)မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ...
movie

The Devil on Trial (2023)

2023
Gomorrah (2008) 7.0
Gomorrah (2008)   ဒီတစ်ခါမှာတော့ IMDb 7 နဲ့ Rotten tomatoes မှာ 91% ထိရရှိထားတဲ့ အီတလီ Crime ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဒီဇာတ်ကားလေးဟာတော့ ဂိုဏ်းတစ်ခုနဲ့ တစ်ခုအကြား စစ်ပွဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတာကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်ပိုင်းတွေဟာ ဘယ်လိုတိုက်ခိုက်ကြတယ် သူတို့ရဲ့ ဂိုဏ်းတွေကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာမျိုးကို ပြသတာမဟုတ်ဘဲ လက်အောက်ခံ အဖွဲ့ဝင်တွေရဲ့ ဘဝကို သီးသန့်ဖော်ပြသွားပြီး ဒုစရိုက်အဖွဲ့အစည်းကြားက စစ်ပွဲတွေမှာ ဘယ်လိုအသက်ရှင်အောင်ရုန်းကန်ကြလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ်က ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ဥရောပရုပ်ရှင် ဆုပေးပွဲမှာ2008 ခုနစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.5GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Gomorrah (2008)

Blood (2012) 6.0
Blood (2012)  အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲတစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ...Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသား Paul Bettanyပဲဖြစ်ပါတယ်...။သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက်ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်...။အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု....။စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ...တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ...။သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ...။ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့ထင်မထားမိတာတွေဘာတွေကြုံရမလဲ...။ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ...။ File size…1.3 GB / 585 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Blood (2012)

The Blacklist(2021) 6.7
The Blacklist(2021) The Blacklist(2021)******************ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့ အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ...လူတစ်ယောက်ဟာ ထောင်ကျသွားတယ်...ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာကထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ...တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်..တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ..အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး..File Size :2.02GB& 673MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae
movie

The Blacklist(2021)

Doctor Qin Ming: Rain Killer ( 2023 ) 5.9
Doctor Qin Ming: Rain Killer ( 2023 ) ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Doctor Qin Ming: Rain Killer ( 2023 )

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)

Revanche (2008) 7.5
Revanche (2008)   IMDb 7.5 , RT - 96 %ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ..... ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ...
movie

Revanche (2008)