Channel Myanmar

Crime

I’m a Killer (2016) 6.9
I’m a Killer (2016) I'm a Killer (2016)IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့"သွေးစုပ်ဖုတ်ကောင်" ကွင်းဆက်လူသတ်မှု ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါအသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးကစုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကိုစုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး "သွေးစုပ်ဖုတ်ကောင်"ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်းဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက်ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်းဝဇ်ကောက "သွေးစုပ်ဖုတ်ကောင်" လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…    2.7 GB /  961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

I’m a Killer (2016)

2016
He Went That Way (2023) 5.1
He Went That Way (2023)  ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ ...
movie

He Went That Way (2023)

The Girl with a Bracelet (2019) 6.6
The Girl with a Bracelet (2019)  ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူးအဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား........သတ်ရတဲ့အကြောင်းရင်းကရော...... ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား......ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ File size…(1.45 GB)/(738 Mb) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Girl with a Bracelet (2019)

Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

Soul Virginity (2023) 7.5
Soul Virginity (2023) (function(f,b,n,j,x,e){})(); Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre... Crime, Drama, ...
movie

Soul Virginity (2023)

Deadfall (2012) 6.2
Deadfall (2012) (function(f,b,n,j,x,e){})(); 2012 ခုနှစ်ထွက် crime/thriller ရုပ်ရှင်ဖြစ်တဲ့ Deadfall ရုပ်ရှင်ကို Eric Bana, Olivia Wilde, Kate Mara တို့ ဦးဆောင်ပါဝင်ထားပါတယ်။ Don't Worry Darling တို့ Booksmart တို့လို နာမည်ကြီးကားတွေရဲ့ ဒါရိုက်တာ Olivia Wilde မင်းသမီးလုပ်ထားတဲ့ကားတွေထဲက တစ်ကားပါ။မိဘတွေ သေဆုံးသွားကြပြီဖြစ်တဲ့ Addison နဲ့ Lizaတို့ မောင်နှမ နှစ်ယောက်က ကာစီနို တစ်ခုကို ဝင်လုပြီး နယ်စပ်ကိုကျော်ကာ ကနေဒါထိ ပြေးဖို့ စီစဥ်ထားကြပါတယ်။ ကံဆိုးချင်တော့ နှင်းတောထဲမှာ ကားအက်စီးဒင့်ဖြစ်ပြီး ရဲတစ်ယောက်နဲ့ တိုးပါတယ်။ အဲ့ဒီ ရဲကို Addisonက သတ်လိုက်ပြီး နောက်မှာ ပြည်နယ်ရဲတွေက သူ့ကို ပိုက်စိပ်တိုက်ရှာကြပါတော့တယ်။တစ်ဖက်မှာလည်း Jayက ထောင်ထဲက ပူပူနွေးနွေးလွတ်လာခါစ ကျေးဇူးတော်နေ့အတွက် အိမ်ပြန်လာနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ Hanna Beckerကတော့ ...
movie

Deadfall (2012)

Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie

Hellraiser: Inferno (2000)

2000
Rush Hour (1998) 7.0
Rush Hour (1998)  ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie

Rush Hour (1998)

1998
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023) 6.6

Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023)

2023
How to Rob a Bank (2007) 6.0
How to Rob a Bank (2007)  "ဘဏ်ဘယ်လိုဖောက်ရမလဲ" ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ...
movie

How to Rob a Bank (2007)

Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒါက ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ NYSM ရဲ့ အဆက်ဖြစ်ပါတယ်။ဒါရိုက်တာ Jon M, Chu က ရိုက်ကူးထားပြီးတော့ယခင်ကားက သရုပ်ဆောင်အကုန်နီးပါ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ယခင်ကားရဲ့ တိုက်ရိုက်အဆက် sequel ဖြစ်ပါတယ်။ပထမကားမှာလိုပဲ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်တဲ့လှည့်ကွက်ပေါ် လှည့်ကွက်ဆင့်တာတွေကို ထပ်ပြီး ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မြင်းစီးသမားတွေ လူတွေရှေ့ကိုပေါ်မလာတာ တစ်နှစ်လောက် ကြာသွားပါပြီ။မြင်းစီးသမားထဲက တစ်ယောက်ကလည်း နုတ်ထွက်သွားသလိုအဖွဲ့ဝင်တွေလည်း ပုန်းနေရတော့ စိတ်မကြည်မလင် ဖြစ်လာကြပြီ။ဒီမှာပဲ ပြန်လှုပ်ရှားကြဖို့ အကြောင်းဖန်လာတဲ့အခါပထမဆုံးပွဲမှာတင်ပဲ သေသွားကြောင်း ကြေညာထားတဲ့မြင်းစီးသမား မသေတဲ့အကြောင်း၊ ပဥ္စမမြင်းစီးသမားဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရပါတယ်။ အကုန်လုံး ဝရမ်းပြေးတွေဖြစ်ကုန်ရင်းနဲ့ ဘယ်သူဒီလိုထုတ်ဖော်လိုက်တာလဲ၊ ဘာကြောင့်လဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Rating တွေအနေနဲ့ IMDb 6.4 ရထားပြီးတော့NYSM 3 လည်း ထပ်ထွက်လာဦးမယ်လို့သတင်းထွက်ထားတာ ရှိပါတယ်။ File size…      6.5 GB /    ...
movie

Now You See Me 2 (2016)

2016
4K HEVCHDR
Now You See Me (2013) 7.3
Now You See Me (2013) ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးလူကြိုက်အတော်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော်Hulk သရုပ်ဆောင် Mark Ruffalo,Woody Harrelson, Jesse Eisenberg, Morgan Freeman တို့ကအဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကိုတစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီးနေရာတစ်ခုကို ချိန်းလိုက်ပါတယ်။ သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့အသင်းတော်တစ်ခုက ဖြစ်ပါတယ်။ ဒီအသင်းတော်က မြန်မာလိုသဘောအရဆိုငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကိုမျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။ အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်ကထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကိုအသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။ အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။Rating တွေအနေနဲ့ IMDb 7.2 နဲ့ RT 51% ရရှိထားပါတယ်။ File ...
movie

Now You See Me (2013)

4K HEVC
Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
Lift (2024) 5.4
Lift (2024) Lift (2024)ဟာသမင်းသား ကယ်ဗင်ဟာ့ အတည်ပေါက်ရိုက်ထားတဲ့ နက်ဖလစ် သူခိုး အက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း The Italian Job လို နာမည်ကျော်သူခိုးကားတွေရဲ့ ဒါရိုက်တာ F. Gary Gray ပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဆိုင်းရပ်တို့အဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ကနေ အလိုရှိနေတဲ့ သန်းချီတဲ့အနုပညာလက်ရာတွေကို လိုက်ခိုးနေတဲ့ သူခိုးအုပ်စုပါ။ အင်တာပိုက သူတို့အဖွဲ့ကို ဖမ်းမိသွားပြီး ထောင်ထဲမဝင်ချင်ရင် သူတို့ခိုးခိုင်းတာ တစ်ခုခိုးဖို့ပါပဲ။ ခိုးရမှာက‌တော့ သန်း ၅၀၀ တန် ရွှေချောင်းတွေပါ။ အင်တာပိုက သက်သေမရှိလို့ ထိလို့ မရတဲ့ ရာဇဝတ်ကောင် သူဌေးကြီးတစ်ယောက်က ဟက်ကာတွေကို သန်း ၅၀၀ ဖိုး ရွှေချောင်းပေးပြီး ကမ္ဘာ့အနှံ့မှာ ရေနဲ့လျှပ်စစ်ပေးဝေရေး ဌာနကြီးတွေကို တိုက်ခိုက်ခိုင်းမှာဖြစ်ပါတယ်။ လူတွေ ရေကြီးရေလျှံတာတွေနဲ့ ဒုက္ခရောက်တာကို အသုံးချပြီး ရှယ်ယာအမြတ်ရအောင်လုပ်မဲ့အကြံပါပဲ။ အဲဒီအကြံကိုတားဖို့ သန်း ၅၀၀ တန်ရွှေချောင်းတွေကို ...
movie

Lift (2024)

2024
Lila & Eve (2015) 5.8
Lila & Eve (2015)  ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ...
movie

Lila & Eve (2015)

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) 6.5
Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Tokyo Revengers 2 Part 1: Bloody Halloween - Destiny (2023)Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင် Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။ Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့ အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။ သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ...
movie

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023)

2023
Anatomy of a Fall (2023) 7.8
Anatomy of a Fall (2023)   အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ...အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်.....ဇာတ်လမ်းလေးကတော့.........ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်.....သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်.....အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့.....တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်......အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ......သွေးရိုးသားရိုးမှဟုတ်ရဲ့လာ........သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-ray 1080p/720p Format…mp4 Duration….02:31:00 Genre...Crime, Drama, Thriller Subtitle….Myanmar ...
movie

Anatomy of a Fall (2023)