Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
Cleveland Abduction (2015)
ဒီဇာတ်ကားကိုတော့ 2002 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ကလိဗ်လန်းမှာ ဖြစ်သွားခဲ့တဲ့ မိန်းကလေးသုံးယောက်ပျောက်ဆုံးမှုအကြောင်းကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဆင်ဂယ်မားသားတစ်ယောက်ဖြစ်သူ မီရှဲ နိုက်ခ်ဟာ ကလေးအုပ်ထိန်းပိုင်ခွင့်အတွက် တရားရုံးကိုသွားတဲ့လမ်းမှာ သူငယ်ချင်းအမ်မလီရဲ့အဖေဖြစ်သူ အေရီရယ် ကက်စထရိုက လမ်းကြုံလိုက်ပို့ပေးမယ်ဆိုပြီး ကလိဗ်လန်းနေအိမ်ဆီကို ပြန်ပေးဆွဲခေါ်သွားတာခံလိုက်ရပါတယ်။နေအိမ်မြေအောက်အမှောင်ခန်းထဲမှာ သံကြိုးနဲ့ချည်ထားခံရပြီး ရိုက်ခံရလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရလိုက်နဲ့နေရင်း နှစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရှိလာလို့ ပျက်ကျအောင်လည်းအရိုက်ခံခဲ့ရပါသေးတယ်။ ကက်စထရိုဟာ နှစ်နှစ်အတွင်း နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုလည်း ပြန်ပေးဆွဲလာခဲ့ပြီး မိသားစုတစ်ခုလိုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ဒီလိုဆိုးရွားလှတဲ့ ငရဲခန်းကိုဖြတ်ကျော်ရင်း နှစ်ပေါင်း ၁၁ နှစ်အကြာမှ ကောင်မလေးသုံးယောက်လုံးပြန်လွတ်လာခဲ့ပုံကို ခံစားကြည့်ရှုလိုက်ကြပါဦး။ရုပ်ရှင်ထဲမှာ အေရီရယ် ကက်စထရိုအဖြစ် သရုပ်ဆောင်တဲ့ Raymond Cruz ရဲ့ဇာတ်ရုပ်ဟာ အပြင်က အေရီရယ် ကက်စထရိုနဲ့ တူလွန်းတာကြောင့် တကယ်ပြန်ပေးဆွဲခံခဲ့ရတဲ့ မီရှဲ နိုက်ခ်ဆိုရင် Raymond Cruz နဲ့တွေ့ဖို့တောင် တွန့်ဆုတ်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ...
movie
Cleveland Abduction (2015)
Malicious (2023)
2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie
Malicious (2023)
7.7
Jaspal (2024)
Jaspal 2024 (ဂျက်စ်ပါ) IMDb _ 7.6ရုန်းထွက်ချင်တဲ့ ဘဝတစ်ခုမှာနေနေကြရတဲ့ ညီအစ်ကို၂ယောက်ဖြစ်တဲ့ဂျက်စ်ပါနဲ့ ဗစ်ကီ .. ဂျက်စ်ပါကတော့ လက်လှမ်းမမီနိုင်တဲ့နေရာတစ်ခုကကောင်မလေးကိုခိုးချစ်နေသူတစ်ယောက်ပါဗစ်ကီကတော့ ကနေဒါကိုပြောင်းရွှေ့နေထိုင်ပြီးတော့ ဘဝသစ်စချင်သူတစ်ဦး သူတို့လက်ရှိဘဝကတော့ ကြေးစားလူသတ်သမားတွေ ပိုက်ဆံပေးခိုင်းရင်ဘယ်သူ့ကိုမဆိုသတ်ပေးရတဲ့ လူသတ်သမားတွေပေါ့ငွေကဒုတိယဘုရားသခင်ဆိုသလို ငွေပိုရှိတဲ့ကောင်ဘုရင်ဖြစ်နေတဲ့ချန်ဒီဂါ့တ်မှာ ရဲအရာရှိဆန်ဂျေးခိုင်းတာကို လုပ်နေရတဲ့ဒီ၂ယောက်က နောက်ထပ်အလုပ်နည်းနည်းလေးသာထပ်လုပ်ပေးမယ်ဆိုရင် သူတို့ဘဝတွေကို ကနေဒါပြောင်းပြီးတော့ အသစ်စနိုင်မဲ့အခွင့်အရေးရှိနေပါတယ် ဒါပေမဲ့ကံဆိုးချင်တော့ ဒီလိုအခွင့်အရေးနီးကပ်လာတော့မှ ဆန်ဂျေးဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားမိတဲ့အခါ...သူတို့တွေ ဘယ်လိုရုန်းထွက်ကြမလဲ သူတို့အိပ်မက်တွေကိုရောအကောင်အထည်ဖော်နိုင်မှာလားဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.37GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ ...
movie
Jaspal (2024)
7.3
Running Out of Time (1999)
Running Out of Time (1999)~ IMDb - 7.3/10, Rotten Tomatoes - 90% ~Directed by "Johnnie To"Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment ...
movie
Running Out of Time (1999)
1999
5.2
The River Murders (2011)
လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင်အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင်ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကိုတွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကိုလက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီးအသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီးဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံမုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ File size…1.51GB / 780MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ...
movie
The River Murders (2011)
7
PTU (2003)
PTU (2003)~ IMDb - 7/10, Rotten Tomatoes - 6% ~Directed by "Johnnie To"ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် ...
movie
PTU (2003)
2003
6.6
22 Bullets (2010)
ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
22 Bullets (2010)
6.6
Dark Blue (2002)
အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie
Dark Blue (2002)
6.0
Undercover Blues (1993)
Genre – Comedy, Crime IMDB – 6.10၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆိုဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီလက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲဘလူးလင်မယားဟာ သမီးလေးမွေးထားလို့အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာသာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်ကမစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီးသာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီးအနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာကအစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကိုခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့်ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… 1.3 GB ...
movie
Undercover Blues (1993)
7.0
Brothers in Heaven(2017)
Brothers in Heaven(2017)*********************** ဒီတစ်ခါတော့ Perfect Marriage Revenge ထဲက ဆောဒိုဂု (Sung Hoon)ရဲ့ဇာတ်ကားဟောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထယ်ဂျူနဲ့ ထယ်ဆောင်းတို့ဟာ အမြွှာညီအစ်ကိုတွေဆိုပေမဲ့ စရိုက်ကတော့ မိုးနဲ့မြေလို ကွာခြားကြပါတယ်။ဒုစရိုက်သမားဖြစ်ဖို့ ကံပါလာတဲ့ ထယ်ဆောင်းနဲ့ ထက်မြက်တဲ့ စုံထောက်ဖြစ်လာသူ ထယ်ဂျူတို့ဟာ ကွဲကွာပြီး နှစ်နှစ်ဆယ်အကြာမှာပြန်လည်ဆုံတွေ့ဖို့ဖြစ်လာပေမဲ့ ကောင်းသော တွေ့ဆုံခြင်း မဟုတ်ခဲ့ပါဘူး။လျှောက်လမ်းတဲ့ လမ်းကြောင်းချင်း မတူညီတဲ့ ညီအစ်ကို နှစ်ယောက်ဟာအကြောင်းကိစ္စတစ်ခုကြောင့် ထိပ်တိုက်ဆုံတွေ့ဖို့ ဖြစ်လာတဲ့အချိန်မှာဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Brothers in Heaven ဇာတ်ကားထဲမှာ ကြည့်ရှူခံစားနိုင်ပါပြီ။ File Size :1.7GB, 700MB Quality : WEB-DL1080p,720p Format…mp4 Duration…01:54:00 Genre : Action,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae
movie
Brothers in Heaven(2017)
6.3
True Story (2015)
127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie
True Story (2015)
6.8
Under the Silver Lake (2018)
Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie
Under the Silver Lake (2018)
2018
5.2
Earth and Blood (2020)
2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီးIMDb Rating 5.2 လည်း ရရှိထားပါတယ်..စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာသိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်းတွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာအလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကိုသိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက်ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ File size…770MB / 391MB Quality…WEB-Dl 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Earth and Blood (2020)
6.1
The Invisible Guest ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
The Invisible Guest ( 2024 )
5.9
Battle Front: Duel of the Peaks ( 2020 )
အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့က လုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့ သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။ နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက် သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကို ကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား...... နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action ...
movie
Battle Front: Duel of the Peaks ( 2020 )
6.1
Wolf Hiding ( 2023 )
ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ်အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲမကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded ...
movie
Wolf Hiding ( 2023 )
6.2
Easy Money III: Life Deluxe (2013)
Easy Money 3 (2013)IMDB - 6.2ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့်ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့်သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်ကရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းကရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာဆက်လက်ကြည့်ရှုပေးကြပါဦး... File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Easy Money III: Life Deluxe (2013)
6.3
Easy Money: Hard to Kill (2012)
Easy Money 2 (2012) IMDB - 6.3ဒီကားမှာတော့ ရိုဟန် နဲ့ မာလ်ဒို တို့ကထောင်အတူတူကျနေတယ်။ လူမှုပြန်လည်ထူထောင်ရေးအဖွဲ့ကရိုဟန်ကိုကောင်းမွန်စွာနေထိုင်တဲ့အတွက် အုပ်ချုပ်မှုအောက်မှာယာယီလွှတ်ပေးလိုက်တယ်။ ထောင်ထဲမှာကနေ High frequency trading ကိုအနိုင်ယူမယ့်ဆော့ဖ်ဝဲကိုရေးပြီး အပြင်က သူငယ်ချင်းဖြစ်တဲ့နီပယ်နဲ့အတူကုမ္ပဏီတစ်ခုမှာရောင်းစားပြီးရတဲ့ပိုက်ဆံနဲ့ အေးအေးချမ်းချမ်းနေမယ်လို့တွေးထားခဲ့တယ်။ ဒါပေမယ့် သူထောင်ထဲမှာရောက်နေတာကိုအခွင့်အရေးယူပြီး နီပယ်ကကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်လိုက်တယ်။ရိုဟန်လည်းအပြင်ရောက်မှာသိလိုက်တဲ့အတွက်စိတ်ထိခိုက်သွားပြီး ထောင်ထဲ မာလ်ဒိုနဲ့ပြန်ဆက်သွယ်ပြီးဒီနိုင်ငံကထွက်ပြေးဖို့ကြံစည်တယ်။ မာလ်ဒို နဲ့ ရိုဟန်ကထွက်ပြေးဖို့အတွက်လိုအပ်တဲ့ပိုက်ဆံတွေကို ရာဒိုဗန်ဆီကနေခိုးဖို့ကြံစည်တဲ့အခါမှာတော့...... File size…1.66GB / 743MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Easy Money: Hard to Kill (2012)
6.7
Easy Money (2010)
Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့..... File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Easy Money (2010)
Saapala (2024)
Sapala (2024) အမဲလိုက်ပွဲဇာတ်လမ်းအစမှာကို နတ်ပူးသလို သရဲကပ်သလို အကြားအမြင်ရသလိုလိုနဲ့ "လူသတ်မှုဖြစ်လာတော့မယ်" ဆိုပြီးတော့ အိမ်ဖော်မလေးတစ်ယောက် ကယောင်ကတမ်းတွေပြောနေလေရဲ့ တစ်ချက်တစ်ချက်သူမကြိုမြင်လိုက်တဲ့အနာဂတ်ကပုံရိပ်ထဲမှာလည်း လူတစ်ယောက်က တူနဲ့ထုသတ်နေတာတွေ မြေမြှုပ်နေတာတွေအစုံပဲပေါ့ ယောကျာ်းဖြစ်သူကထားခဲ့လို့ ဒီအိမ်ဖော်မလေးကို အိမ်ရှင်လင်မယားဖြစ်သူကသနားလို့ခေါ်တင်ထားကြတာပါဟင်းချက်လည်းတော် အကျင့်လေးကလည်းကောင်းတော့ သူဒီအိမ်မှာသောင်တင်နေတယ်ပေါ့ သူမြင်လိုက်တဲ့မြင်ကွင်းက အိမ်ရှင်လင်မယားထဲက ယောကျာ်းဖြစ်သူ အူဒေးပါ အူဒေးလူသတ်နေပုံကို အာရုံထဲကြိုမြင်ပြီးနောက်မှာ အပြင်လောကကအူဒေးဟာလည်း ပုံမှန်လိုမဟုတ်တော့ဘူး ပုံမှန်ထက်ကို ၁၀ဆလောက်ဒေါသတွေကြီးလာပြီး စိတ်လွတ်လွတ်သွားတဲ့ပုံစံဖြစ်လာခဲ့တယ်ဒီလိုနဲ့တစ်နေ့ အူဒေးရဲ့ကျောင်းသားလိုဖြစ်နေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က ဒီအိမ်ကိုလာတည်းရင်းဇာတ်လမ်းရေးဖို့ဖြစ်လာချိန်မှာတော့ ။။ ဘယ်လိုသည်းထိပ်ရင်ဖိုတွေဖြစ်လာမလဲ အိမ်ဖော်မလေးတွေ့ခဲ့တဲ့အနာဂတ်အာရုံတွေက တကယ်ပဲလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.75GB / 737MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Saapala (2024)
2024
First
20
21
22
23
24
Last
Previous
Next