Channel Myanmar

Crime

24 Hours with Gaspar (2024) 5
24 Hours with Gaspar (2024) 24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie

24 Hours with Gaspar (2024)

2024
Black Cat II (1992) 5.1
Black Cat II (1992)  ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဒါကတော့ နောက်ဆက်တွဲကားဖြစ်ပြီး Jade Leung ကပဲ ကတ်သရင်း ခေါ် အယ်ရစ်ကာအဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ အရင်ဇာတ်ကားထက်ပိုမိုက်ပိုကြမ်းတဲ့ အက်ရှင်ကားစစ်စစ်တစ်ကားအဖြစ်တွေ့မြင်ရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ alias ပါ )File size_(1.9GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Asian, Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Black Cat II (1992)

3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie

3:10 to Yuma (2007)

2007
Die in a Gunfight (2021) 4.7
Die in a Gunfight (2021) ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Die in a Gunfight (2021)

4K HEVC
Officer Down (2013) 5.5
Officer Down (2013) Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie

Officer Down (2013)

Torque (2004)
Torque (2004) Torque (2004) Genre – Action, Crime, Comedy၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေစထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့ကရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ်ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေးဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော်ဒီတုန်းကတော့ Rating တွေလည်း မသိဘူးဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီးကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube ...
movie

Torque (2004)

Mayhem! (2023) 6.3
Mayhem! (2023) Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Mayhem! (2023)

2023
Balls of Fury (2007) 5.3
Balls of Fury (2007) Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie

Balls of Fury (2007)

Renegades (2022) 5.5
Renegades (2022)  ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Renegades (2022)

Silenced (2011) 8.1
Silenced (2011) မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie

Silenced (2011)

2011
Two of Us (2023) 6.0
Two of Us (2023) အစ်ဇဘယ်ဟာ တကိုယ်ရည်မိခင်တစ်ယောက်ဖြစ်ပြီးမွေးရပ်မြေမှာ သူ့မိခင် အစ်မဖြစ်သူတို့နဲ့ကျန်ခဲ့တဲ့ သားဖြစ်သူရဲ့အနာဂတ်အတွက်ဟောင်ကောင်မှာအလုပ်လုပ်နေရတာပါ။တစ်နေ့မှာတော့ အေဂျင်စီအပြောင်းအလဲနဲ့ အလုပ်လက်မဲ့ဖြစ်နေရင်း သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အေဂျင်စီအသစ်ပိုင်ရှင် ခရစ်စ်နဲ့တွေ့ဆုံခဲ့ရပါတယ်။ခရစ်စ်ဟာ အားကိုးရာမဲ့နေတဲ့သူ့ကို အစစအရာရာဖြည့်ဆည်းပေးရုံတင်မကပဲ သူအဆိုကောင်းကြောင်းကိုသိတဲ့အတွက် ဘားပိုင်ရှင်သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးရင်း သူ့ကိုဘားရဲ့ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ရုပ်ရည်ပြည့်စုံသလို ကြင်နာတတ်တဲ့ ခရစ်စ်ကိုအားကိုးချင်စရာတံတိုင်းတစ်ခုအဖြစ်မှီတွယ်ရင်း သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။တစ်ဖြည်းဖြည်းအနေကြာလာချိန်မှာ သူ့ကိုတရားလွန်ခင်တွယ်လွန်းတဲ့၊ သဝန်ကြောင်လွန်းတဲ့ ခရစ်စ်ရဲ့ဗီဇတွေကို သိရှိလာရရင်း ဖိလစ်ပိုင်က သူ့အစ်မဖြစ်သူ မီရာတစ်ယောက်ဟောင်ကောင်ကိုလိုက်လာချိန်မှာတော့ ခရစ်စ်ရဲ့အမှောင်ဘက်ခြမ်းတစ်ခုလုံးနဲ့ ရင်ဆိုင်တွေ့ရဖို့ အစ်ဇဘယ်အတွက်အကြောင်းဖန်လာပါတော့တယ်။နာမည်ကျော် အဆိုတော်မင်းသမီး Empress Schuck ခေါင်းဆောင်ပါဝင်ထားတဲ့ Two of us ဟာငြိမ့်ငြိမ့်ညောင်းညောင်းခံစားကြည့်ရှုရမယ့် တေးသံစုံဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Two of Us (2023)

Abraham Ozler (2024) 7
Abraham Ozler (2024) Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie

Abraham Ozler (2024)

2024
The Thundermans Return (2024) 5.5
The Thundermans Return (2024)  Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီးဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုးအဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်းThundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ်ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကိုThundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင်အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ...
movie

The Thundermans Return (2024)

5lbs of Pressure (2024)
5lbs of Pressure (2024)  ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအ‌နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်‌တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်‌တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie

5lbs of Pressure (2024)

Spy (2015) 7.0
Spy (2015) Spy(2015)IMDb Rating (7/10) / Rotten Tomatoes (95%)ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ "ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ" လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။တစ်နေ့တော့ ...
movie

Spy (2015)

2015
4K HEVC
Dead Man(2024) 7.0
Dead Man(2024) Dead Man(2024)**************** ဒါရိုက်တာ Ha Joon Won ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ Cast တွေ‌အနေနဲ့ Cho Jin Woon , Hee-Ae Kim, Lee Soo Kyung တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller, Mystery, Crime အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်အီမန်ဂျယ် (Cho Jin Woon)က စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ဦးစီးဦးဆောင်တစ်ယောက်အနေနနဲ့ နာမည်ငှားပေးပြီး အမည်ခံသူဌေး လုပ်ပေးတဲ့ အလုပ်ကိုလုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်....တစ်နေ့မှာ သူဟာ လုပ်ငန်းကြီး တစ်ခုကနေ ဝမ် ၅သန်း ယူပြီးတော့ သူ့နာမည်ကို ငှားပေးလိုက်ပါတယ် ...ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အီမန်ဂျယ်ဟာ ဘီလီယံ ၁၀၀ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးတော့ ဖိအားပေးမှုတွေကြောင့် သေလူအဖြစ်နဲ့ ဟန်ဆောင်လိုက်ရပါတယ် ....အမှန်တော့ သူဟာ တရုတ်နိုင်ငံက ထောင်တစ်ခုမှာ အကျဉ်းချခံထားရတာပါ ဒါပေမဲ့လည်း နိုင်ငံရေး အကြံ‌ပေးပုဂ္ဂိုလ်ဖြစ်တဲ့ ...
movie

Dead Man(2024)

Narco Sub (2021) 5.5
Narco Sub (2021)  ဒီတစ်ခါ cm ပရိတ်သတ်ကြီးကို အက်ရှင်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီး မင်းသား မင်းသမီးတွေမပါဝင်နေပေမယ့်လည်း ဇာတ်ကောင် စရိုက်ကို အကောင်းဆုံးချပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းက အမေရိကန် ရေတပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့စထရိုက်ကာဟာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့ DEA နဲ့အတူကမ်းခြေစောင့် ရဲတွေနဲ့ ပူးပေါင်းပြီးတော့ မက်ဆီကိုနယ်စပ်လမ်းကြောင်းကနေ ဘိန်းဖြူတင်ပို့နေတဲ့ ကိုလံဘီယန် မူးယစ်ဂိုဏ်းက မိန်းကလေးနှစ်ဦး ပြန်ပေးဆွဲဖမ်းခေါ်ထားတာကိုကယ်ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ မူးယစ်ဂိုဏ်း ခေါင်းဆောင်ကစထရိုက်ကာရဲ့ မိသားစုကို ဖမ်းထားလိုက်ပြီး သူတို့ရဲ့ ရေငုပ်သင်္ဘောနဲ့ ဘိန်းဖြူပို့မယ့်အသုတ်ကို စထရိုက်ကာက လုံခြုံအောင်တာဝန်ယူပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါတယ်။ ပစ္စည်းတွေကိုရောက်အောင် မပို့နိုင်ရင် မိသားစု အသတ်ခံရမှာပါ။စထရိုက်ကာ ပစ္စည်းတွေကို ပို့နိုင်ပါ့မလား၊ မိသားစုကိုရောအချိန်မီ ပြန်လည် ကယ်တင်နိုင်ပါ့မလား....။ File size…1.63GB / 753MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Crime ...
movie

Narco Sub (2021)

Saheb, Biwi Aur Gangster 3  (2018) 4.4
Saheb, Biwi Aur Gangster 3 (2018) Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃)ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြား အရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီးဆန်​ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့် ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။တစ်ဖက်မှာလည်းချစ်ရသူနဲ့​ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့် ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့...။တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။ File size…1.8GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Saheb, Biwi Aur Gangster 3 (2018)

2018
My Wife Is A Gangster 2 (2003) 6.1
My Wife Is A Gangster 2 (2003) My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie

My Wife Is A Gangster 2 (2003)

2003