Channel Myanmar

Crime

A Reel Heist (2024)
A Reel Heist (2024)  အပျော်တမ်း ရုပ်ရှင်တွေ ရိုက်တဲ့ ဆယ်ကျော်သက်လူငယ် တစ်စုရှိတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့က လုယက်မှု ရုပ်ရှင်အမျိုးအစားတစ်မျိုးကို ရိုက်ကူးနေကြတာပေါ့။ တစ်ရက် ဆန်းဖို့ဒ် ကုန်တိုက် မှာ ရုပ်ရှင်သွားခိုးရိုက်ရင်း ကုန်တိုက်မန်နေဂျာဆီမှာ လက်ပူးလက်ကျပ်မိသွားပါတော့တယ်။ အဲဒါနဲ့ သူတို့ ကင်မရာထဲက မန်မိုရီကဒ်ကို သိမ်းလိုက်ပြီး ကုန်တိုက်ဆီကို ခြေချလို့မရတော့အောင်ဖြစ်သွားတာပေါ့။ဒီတော့ မင်းသားတို့ သူငယ်ချင်းအုပ်စု SD Card ပြန်ရဖို့အရေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်ပြီး ပြန်ခိုးကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…(1.8 GB)/(890 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Comedy, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min  
movie

A Reel Heist (2024)

Visaranai (2015) 8.4
Visaranai (2015) Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Visaranai (2015)

My Home Hero (2024) 6.9
My Home Hero (2024) My Home Hero (2024)အသစ်ထွက်ရှိလာတဲ့ ဂျပန်လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။"ရာဇဝတ်ကောင်တွေမှာ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ သူတို့ကို ဘယ်တော့မှခွင့်မလွှတ်ဘူး" ... ။သမီးဖြစ်သူ စုံထောက်ဖြစ်ဖြစ်ချင်း ပြောလာတဲ့စကားကြောင့် အဖေဖြစ်သူရင်ထဲမှာပူပန်သွားခဲ့ရတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ် သမီးဖြစ်သူကိုကာကွယ်ချင်စိတ်နဲ့ လုပ်မိလိုက်တဲ့ရာဇဝတ်မှုတစ်ခုကြောင့် လူဆိုးဂိုဏ်းတစ်ခုကနေ မိသားစုတစ်ခုလုံးကိုပါ ပစ်မှာထားရန်ရှာခြင်းခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ဖခင်ကြောင့် ခုနှစ်နှစ်လုံး အန္တရာယ်ကင်းကင်းနေလာခဲ့ပြီး ဘယ်သူမှမသိအောင် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုက ပြန်ပြီးအစပေါ်လာခဲ့ပါတယ်။ မိသားစုအတွက်ဆို အသက်ပါစွန့်ရဲတဲ့ဖခင်တစ်ယောက်ရဲ့ မိသားစုကိုကာကွယ်စောင့်ရှောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပုံကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Crime, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 741MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

My Home Hero (2024)

Puzzle (2018)
Puzzle (2018) Puzzle (2018)*************Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ လက်ရှိပြသနေတဲ့ Good Partner,Korea-Khitan War စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသားကြီး Ji Seung Hyun က...အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Extraordinary Attorney Woo ထဲကKang Ki Young ကလည်း support role အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -------------ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်....ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ်သမီးဖြစ်သူရဲ့မွေ့းနေမှာ ကိုရီးယားပြန်လာမယ်လို့ ကတိပေးထားတဲ့ မိန်းမနဲ့ သမီးက ပြန်မလာတဲ့အခါ...ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်...မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်...အဲဒီလူက ဘယ်သူဖြစ်မလဲ... ဒီပဟေဠိကို ...
movie

Puzzle (2018)

The Rover (2014) 6.4
The Rover (2014) The Rover (2014) reviewThe Rover ဟာ Western Film ဆန်ဆန် ရိုက်ကူးထားတဲ့ ဩစတြေးလျ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်အပြီး ၁၀ နှစ်အကြာ ဩစတြေးလျရဲ့ လူအရောက်အပေါက်နည်းတဲ့ သဲကန္တာရဆန်ဆန် နေရာတစ်ခုကို အခြေတည်ထားပြီး အဓိကဇာတ်ဆောင်တွေအဖြစ် Guy Pearce နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအနေနဲ့ ဩစတြေးလျရဲ့ ကြီးမားတဲ့တောဧရိယာတစ်ခုလုံးဟာ စွန့်ပစ်နယ်မြေ ဖြစ်နေပြီး ဥပဒေမဲ့ ရမ်းကားမှုတွေ ကြီးစိုးနေပါတယ်။ လုယက်မှုတစ်ခု မအောင်မြင်တဲ့နောက်မှာတော့ အာချီ၊ ကေလက်ဘ်နဲ့ ဟင်နရီက ထွက်ပြေးခဲ့ပြီး ဟင်နရီ ရဲ့ ညီ ရေး (Robert Pattinson) ကို ဒဏ်ရာကြောင့်သေပြီလို့ ယူဆကာ ထားခဲ့ကြပါတယ်။ရေးကို ထားခဲ့ရတဲ့အပေါ် အာချီ နဲ့ ဟင်နရီတို့ အချင်းများရာကနေ ၃ ယောက်သားစီးလားတဲ့ ကားက လမ်းကနေ တိမ်းချော်ပြီး အပျက်အစီးပုံထဲကို ဝင်တိုးခဲ့ပါတယ်။ ကားကို ပြန်ဆွဲမထုတ်နိုင်တဲ့နောက် အာချီက လမ်းဘေးက တွေ့တဲ့ကားတစ်စီးကို သော့ဖျက်ပြီး ခိုးယူမောင်းနှင်သွားခဲ့ပါတယ်။သူမသိတာကတော့ အဆိုပါကားက တစ်ကိုယ်တည်းသမား အဲရစ် ...
movie

The Rover (2014)

Grendel (2017) 5.8
Grendel (2017) Grendel (2017)လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်... သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု‌ ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ...လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်)Genre..... Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. ...
movie

Grendel (2017)

Vada Chennai (2018) 8.4
Vada Chennai (2018) Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်‌ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး‌ကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်း‌လေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာ‌ကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie

Vada Chennai (2018)

2018
Trap (2024) 6.2
Trap (2024) ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာကအက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမားနာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာလိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကိုလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။  File size… 11.27GB / 2.21 GB / 1.05GB Quality… WEB-DL 4K ...
movie

Trap (2024)

4K HEVC
Love You to Debt (2024) 6.4
Love You to Debt (2024) ချစ်ကြွေးရှင် (၂၀၂၄)2014 တုန်းက ထွက်ရှိခဲ့တဲ့ The Worst of evilဒါရိုက်တာရဲ့ နာမည်ကြီးmovieတစ်ခုဖြစ်တဲ့ Man in Love ကို remake ပြန်ရိုက်ကူးထားတဲ့ Love You to Debt‌Bright နဲ့ Yayaလို castအလန်းဇယားတွေနဲ့ပွဲထုတ်ထားတဲ့အပြင် မနှစ်ကတည်းက trailerတွေသတင်းတွေကြည့်ပြီး မျှော်တလင့်လင့် စောင့်စားနေရသူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အကြွေးတောင်းရဖို့ဆို အသက်ကိုလောင်းကြေးထပ်ရဲတဲ့အထိ မိုက်ရူးရဲဆန်လွန်းတဲ့ အကြွေးတောင်းသမားလေး "ဘို"ဘဝမှာ ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ "ဘို" တစ်ယောက် "အော့" ဆီက အကြွေးသွားသိမ်းရာကနေ အော့ ရဲ့သမီးချောလေး"အင်မ်" နဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ....အဖေ့ရဲ့အကြွေးတွေနဲ့ ဆေးရုံစရိတ်တွေကြား အကြွေးနွံနစ်နေတဲ့ အင်မ် ကိုမှ တဇွတ်ထိုးဆန်တဲ့ဘိုက ချစ်မိသွားတဲ့အခါ အကြွေးသိမ်းတဲ့သူနဲ့ ကြွေးနွံနစ်နေတဲ့သူတို့နှစ်ယောက်ကြားက ချစ်ဇာတ်လမ်းလေးက ဘယ်လိုခရီးဆက်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားကြပါဦး(အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao တို့ပဲ ဖြစ်ပါတယ်)Genre..... Action, Comedy, ...
movie

Love You to Debt (2024)

Duchess (2024)
Duchess (2024)  ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Duchess (2024)

Chicago (2002)
Chicago (2002)  IMDb - 7.2 Rt - 86%အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ...
movie

Chicago (2002)

6 Bridges to Cross (1955) 6.7
6 Bridges to Cross (1955)  ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်Great Brink's Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ"the crime of the century"လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့....Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

6 Bridges to Cross (1955)

Saving Grace (2000) 6.9
Saving Grace (2000) Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာသိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။မိတ်ဆွေတွေရဲ့ကူညီမှု‌တွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ‌ရှုစားရမှာဖြစ်ပါတယ်။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီးရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…    3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Saving Grace (2000)

Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Once Upon a Time in Mexico (2003)

2003
Desperado (1995) 7.1
Desperado (1995) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Desperado (1995)

4K HEVC
El Mariachi (1992) 6.8
El Mariachi (1992) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

El Mariachi (1992)

The Girl Locked Upstairs: The Tanya Kach Story (2024) 5.8
The Girl Locked Upstairs: The Tanya Kach Story (2024)  1996 ခုနှစ်တုန်းက ပန်ဆယ်ဗေးနီးယားမှာ ကန်ညာ ကတ်ခ်ျ ဆိုတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးဟာ ‌ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုပျောက်သွားပြီး ဆယ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာမှ သူ့ကို လုံခြုံရေးအစောင့်ရဲ့ နေအိမ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အဲလစ်ဇဘက် ဟာလည်း ပြန်ပေးဆွဲမှုကနေ လွတ်မြောက်လာသူဖြစ်ပြီး ကန်ညာရဲ့ ဇာတ်လမ်းကို ပြန်မျှဝေပေးဖို့အတွက် ကန်ညာ ဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုကနေ အခု ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားကြတာပါ။ဒီဇာတ်ကားကိုကြည့်ရတာ စိတ်ရှုပ်စရာအခြေအနေတွေတော့ ပါနေပါလိမ့်မယ်။ လုံခြုံရေးအစောင့်က ၁၄ နှစ်အရွယ်သမီးလေးကို မြူစွယ်နေတာတွေ အခန်းထဲမှာပိတ်ပြီး အလိုမတူ ဆက်ဆံတဲ့အကြောင်းအရာတွေ ပါနေတဲ့အတွက် စိတ်မသက်မသာတော့ဖြစ်မိမှာပါပဲ။ ကန်ညာတစ်ယောက် ဘယ်လို ဆင်းရဲ ဒုက္ခတွေခံခဲ့ရတယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ် ဆိုတာတွေကိုတော့ ဒီကားထဲမှာကြည့်ပေးကြပါဦး။ File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre... Crime, Drama Subtitle….Myanmar ...
movie

The Girl Locked Upstairs: The Tanya Kach Story (2024)

The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989