Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
6.8
What Happened to Monday (2017)
What Happened to Monday (2017) ========================= IMDb Rating - 6.8/10၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် ...
movie
What Happened to Monday (2017)
2017
Damaged (2024)
Damaged (2024)မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ...
movie
Damaged (2024)
2024
5.8
Operation Detoxification (2024)
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Operation Detoxification ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဖြန့်ချီရေးမှာ ဘုရင်တွေဖြစ်ကြတဲ့ စွန်းဟောက်, ချောင်ယွင်ဖေးနှင့် ကျန်းပင်းတို့က မူးယစ်ဆေးလောကကိုလက်ဝါးကြီးအုပ်ထားကြတယ်။ဒီထဲမှာ စုန့်ဝိန်ထောင်လို့ခေါ်တဲ့ ရဲသားတစ်ယောက်ကတော့ငယ်စဉ်မှာ သူ့အဖေကမူးယစ်ဆေးသုံးစွဲလို့ ပတ်ဝန်းကျင်ရဲ့ရှောင်ကြဉ်းခြင်း ကဲ့ရဲ့ခြင်းကိုခံနေရတာကြောင့်ပဲ ဒီမူးယစ်ဆေးဘုရင်သုံးယောက်ကြားထဲ သူလျှိုအဖြစ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီတော့မူးယစ်ဆေးလောကရဲ့အရူပ်အထွေးတွေ ရက်စက်မှုတွေ ဘယ်လိုထောက်လှမ်းကြမလဲ ဘယ်အထိသူလျှိုအဖြစ် လုပ်သွားနိုင်မလဲစတဲ့ အမိုက်စားအက်ရှင်တွေကို ဒီဇာတ်လမ်းထဲမှာ တဝက်ကြီး ကြည့်ရူရမှာဖြစ်တာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူအားပေးလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Operation Detoxification (2024)
5.8
Mystery Hunting ( 2024 )
အားနွဲ့တဲ့မိန်းမတွေဟာ စိတ္တဇလူသတ်သမားတွေရဲ့ အလွယ်တကူပစ်မှတ်ထားခြင်းကို ခံရတတ်တယ်။ မြို့တစ်မြို့မှာ ပိုက်ဆံချမ်းသာပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေ ပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့အမှုတွေဖြစ်နေပါတယ်။ပိုက်ဆံရှိသူဌေးကြီးတွေရဲ့ ရည်းစားတွေကိုပစ်မှတ်ထား ပြန်ပေးဆွဲနေတာဖြစ်ပြီးတော့ ထူးခြားတာကတော့ ငွေညှစ်ပြီး ငွေရရင်တောင် လူသတ်တဲ့အတွက် ရဲတွေဟာဒါက ငွေအတွက်မဟုတ်ရင် ဘာကြောင့်သတ်နေတာလဲလူသတ်ချင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲလား ဘာကြောင့်လဲဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။ အပြစ်မရှိတဲ့မိန်းကလေးတွေကို ကယ်တင်နိုင်ဖို့ ဉာဏ်များပြီး ဒီအန္တရာယ်အရမ်းများတဲ့ တရားခံကိုဘယ်လိုဖမ်းမလဲဆိုတာ ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Mystery Hunting ( 2024 )
6.1
The Pig, the Snake and the Pigeon ( 2024 )
ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
The Pig, the Snake and the Pigeon ( 2024 )
6.1
The Abandoned ( 2024 )
CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie
The Abandoned ( 2024 )
5.9
Police Story : Lock Down ( 2013 )
2013 ခုနှစ်က ထွက်ထားတဲ့ Police Story ဇာတ်ကားပဲဖြစ်ပါတယ် မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ် အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲဇာတ်လမ်းအညွှန်းလေးကတော့ သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက် ဘားကိုရောက်တဲ့အချိန်မှာ..မမျှော်လင့်ဘဲပြန်ပေးဆွဲခံလိုက်ရတယ်..တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်း ရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲ ကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့Spoil မဖြစ် အောင် အညွှန်းကိုလျှော့လိုက်ရပါတယ်ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Pyae
movie
Police Story : Lock Down ( 2013 )
2013
6.1
I Did It My Way ( 2024 )
ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie
I Did It My Way ( 2024 )
6.5
Bad Day for the Cut (2017)
Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Bad Day for the Cut (2017)
6.3
The Voices (2014)
The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie
The Voices (2014)
5.5
American Heist (2014)
ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ်သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆိုပီပြင်တဲ့ မင်းသားAdrien Brody...နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်းမြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန်တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်....။ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်းအသုံးမကျနေပါစေ... ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက်တတ်သူပါ...။ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ...။ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့...။သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား...။ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲဘယ်လိုပါသွားမလဲ...ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်...။ File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
American Heist (2014)
6.1
Suspect ( 2024 )
CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်... ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်...ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ...ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့... မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့... ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့...ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ... သူက ဘာလို့ လူတွေကို စီရင်နေတာလဲ... စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား... တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ... ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie
Suspect ( 2024 )
5.7
Brighton Rock (2010)
ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie
Brighton Rock (2010)
7.1
The Whistleblower (2010)
၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie
The Whistleblower (2010)
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
The Bank Job (2008)
ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားပါ။ဒီဇာတ်ကားမှာတော့ Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို့ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ ဗြိတိသျှထောက်လှမ်းရေးက သတင်းရတယ်။ အဲဒီအခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖို့အတွက် အကြောင်းဖန်လာတော့တယ်။ ဒါကြောင့် ဘဏ်ကိုဖောက်ဖို့အတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲ့ကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။ဒီဇာတ်ကားဟာ တခြားစိတ်ကူးယဉ် ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုအလိုတွေမပါဘဲ ထိထိမိမိရိုက်ကူးတင်ဆက်ထားနိုင်တယ်။ အစိုးရအရာရှိကြီးတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အရှိကိုအရှိအတိုင်း မချန်လှပ်ပဲပြသထားတာပါ...... File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Bank Job (2008)
7
Polis Evo 2 (2018)
Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
Polis Evo 2 (2018)
2018
6.7
Polis Evo (2015)
Polis Evo 1 (2015) IMDb - 6.7/10အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Comedy, Crime Quality…. 1080p | 720p File size… 2.2GB | ...
movie
Polis Evo (2015)
2015
5.7
Peony Order ( 2024 )
သက္ကရာဇ် ၁၄၀၂ ခုနှစ်မှာ ယန်းမင်းသားကြီးကျူးတိဟာ နန်ကျင်းကို ဦးဆောင်သိမ်းပိုက်ပြီးနောက် ရာဇပလ္လင်က်ိုဆက်ခံခဲ့ပါတယ်။ အရင်ဘုရင်ကျန့်ဝိန်ဟာထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ သားငယ်လေးကလည်း ထူးခြားစွာပျောက်ဆုံးသွားခဲ့ပါတယ်။ ကလေးပျောက်သွားတဲ့ နေရာမှာ ပီအိုနီပန်းတံဆိပ်တစ်ခုသာ ကျန်ခဲ့ပါတယ်။သိုင်းလောက သူရဲကောင်းသူခိုးအနေနဲ့ နာမည်ကြီးတဲ့ ဟုန်မူတန်းဟာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ကြားမှာ မှူးကြီးမတ်ရာတွေရဲ့ ကလေးတွေကို ခိုးယူခြင်းဖြင့် ကယ်တင်ပေးခဲ့ပါတယ်။ မင်းကြီးရဲ့ တူတော်ကိုလည်း ခိုးယူသွားတဲ့အတွက် မင်းကြီးမှ ာ နေမထိထိုင်မသာ ဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ကိုယ်ရံတော်တပ်နဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည်ဖွဲ့စည်းပြီး ကလေးကို ရှာဖွေဖို့ အမိန့်ချခဲ့ပါတယ်။အချိန် ၁၅ နှစ်ကြာပြီးနောက် ဟုန်မူတန်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ကလေးတွေကို ပြန်ခိုးနေကြောင်း ကောလာဟလတွေ ပျံ့လာတဲ့အခါ...... ဟုန်မူတန်းကို ဖမ်းဆီဖို့ ကိုယ်ရံတော်တပ်က ဘယ်လို ကြိုးစားကြမလဲ...... လွန်ခဲ့တဲ့ ၁၅ နှစ်က ခိုးယူသွားခဲ့တဲ့ ကလေးတွေကရော ဘယ်လို ဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime ...
movie
Peony Order ( 2024 )
6.3
Farrey (2023)
Farrey (2024) IMDb.6.3 CM ပရိတ်သတ်တွေအတွက် remake ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ထိုင်းမှာသာမက ကမ္ဘာတစ်ခုလုံးမှာပေါက်ခဲ့တဲ့ Bad genius ကားရဲ့ အိန္ဒိယဗားရှင်းremakeလေးပါ... IMDb 6.3ရထားပြီး အိန္ဒိယစတိုင်သီချင်းအလန်းစား.အကအမိုက်စားလေးတွေနဲ့ ကြည့်ရှုရမှာပါ...နီယာတီက ငယ်စဥ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာပါ.အားတဲ့အချိန်တွေမှာ ဂိုက်သင်ပြီးအပိုဝင်ငွေရှာလေ့ရှိပါတယ်. တစ်ရက်တော့ နီယာတီက USPCစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမရပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်.. နာမည်ကြီးသူဌေးကျောင်းကိုစကော်လာနဲ့ဝင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်..မိဘမဲ့ဂေဟာအတွက် ငွေအရမ်းရှာပေးချင်တဲ့ နီဟာတီဟာ အဲဒီကျောင်းမှာ သူ့လိုပဲ ဉာဏ်ကြီးရှင်အာကတ်ရှ်နဲ့ပေါင်းပြီး နှစ်ယောက်သားငွေအတွက် ဘယ်လိုလုပ်ရပ်မျိုးတွေလုပ်ကြမလဲဆိုတာကတော့.... ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် File size…1.5GB / 705MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Farrey (2023)
2023
First
16
17
18
19
20
Last
Previous
Next