Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
Getting Even with Dad (1994)
Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Getting Even with Dad (1994)
1994
Due Justice (2023)
အက်ရှင်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်စ်က ရေတပ်ကနေထွက်ပြီး အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ တစ်ရက်မှာတော့ မက်စ်ဟာ မထင်မှတ်ဘဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ကိစ္စထဲကို ၀င်ပါမိသွားတဲ့အခါမှာတော့ မက်စ်ရဲ့ မိသားစုဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့မက်စ်တစ်ယောက် ဒီလူသတ်မှုနောက်ကွယ်ကတရားခံတွေကို ရှာဖွေပြီး သူ့မိသားစုအတွက် တရားမျှတမှုကိုပြန်ယူပေးဖို့အတွက် ကြိုးစားရာကနေ စီအိုင်အေနဲ့ တခြားမှောင်ခိုစီးပွားရေးလုပ်ငန်းရှင်တွေကပါ ပါ၀င်ပတ်သက်လာတဲ့နောက်မှာတော့...မက်စ်ရဲ့မိသားစုက ဘာကိစ္စအကြောင်းမဲ့သတ်ခံလိုက်ရတာလဲ၊ သတ်ဖြတ်ခဲ့တဲ့သူတွေကရော ဘာအကြောင်းပြချက်တွေကြောင့်သတ်ခဲ့တာလဲ၊ မက်စ်နဲ့အတူ ဒီလူဆိုးဂိုဏ်းတွေကိုရော တခြားဘယ်သူတွေက လိုက်လံစုံစမ်းနှိမ်နင်းဦးမလဲ၊ မက်စ်တစ်ယောက် နောက်ဆုံးမှာ သူ့မိသားစုကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို လက်စားချေနိုင်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Due Justice (2023)
6.6
My Father Is A Hero ( 1995 )
1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Drama , Action, Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Father Is A Hero ( 1995 )
1995
Contract Killer (or) Hitman (1998)
ကြေးစားလူသတ်သမားတွေဆိုတာ ပိုက်ဆံအတွက် လူသတ်ကြပါတယ် ဒေါ်လာ သောင်းဂဏန်း သိန်းဂဏန်းသန်းဂဏန်း အတွက်ပေါ့ ဒါပေမယ့် မကြာသေးမီက ထူးဆန်းတဲ့ကြေးစားလူသတ်သမားတစ်ဦး ထွက်ပေါ်လာပါတယ် ... သူဟာ မကောင်းသတင်းနဲ့ ကျော်ဇောသူတွေကို အခကြေးငွေမယူပဲ သတ်ဖြတ်သူ တစ်ဦးပါ သူရဲ့နာမည်ကတော့...." သေမင်းတမန်တော်".................။မင်းသားကြီးဂျက်လီရဲ့ နုငယ်စဉ်က အသေဖိုက်ခဲ့တဲ့ ဇာတ်ကားပါ။ Rating လဲကောင်းတာမို့ ကျွန်တော်တို့ကလေးဘဝရဲ့ သူရဲကောင်းကြီးကို ပြန်လည်ခံစားရအောင်ပါ။ File size... 2.59 GB , 1.25 GB Quality…Bluray Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….LK Translated by Alias
movie
Contract Killer (or) Hitman (1998)
Pusher II (2004)
Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ...
movie
Pusher II (2004)
5.7
Life of Mariko in Kabukicho (2023)
Life of Mariko in Kabuchiko ( 2023 ) =============================== ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ...
movie
Life of Mariko in Kabukicho (2023)
7.5
Better Days ( 2019 )
IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ? Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Romance Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded ...
movie
Better Days ( 2019 )
6.7
Baby Assassins 2 Babies (2023)
Babe Assassins 2: Babies (2023) ========================== IMDb rating 6.7/10 Genre - Comedy, Action, Crimeဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie
Baby Assassins 2 Babies (2023)
8.7
Parimala D’Souza (2023)
"အိပ်ပျော်သွားသော မိန်းကလေး"IMDb 8.7 ရထားတဲ့ ကန်နားဒါးမှုခင်းဇာတ်လမ်းလေး ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ အက်ရှင် ဇာတ်ကြမ်း အချစ်ဇာတ်လမ်း စုံလင်အောင် ကြည့်ရမယ့်ကားလေးပါပါရီမာလာဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ အိမ်ထောင်ရှိမိန်းမငယ်လေးက ခြံကျယ်ကြီးမှာ မိသားစု ညီအစ်ကိုမောင်နှမတွေနဲ့ သာမန်ဘဝကို ဖြတ်သန်းရင်းအရွှန်းအဖောက်တွေပါတဲ့ ဟာသဇာတ်လမ်းလေးကနေ အချိုးအကွေ့ဖြစ်ပုံက တစ်နေ့ ရေချိုးကန်ထဲက သွေးအိုင်ထဲ လဲနေတဲ့ ပါရီမာလာ သေဆုံးနေတာကို မြင်လိုက်ရတဲ့ အချိန်မှာတော့...တစ်မိသားစုလုံး ထိတ်ထိတ်ပျာပျာတွေဖြစ်ပြီး သက်ဆိုင်ရာဌာနက ထက်မြက်တဲ့ အမျိုးသမီးအင်စပတ်တာ မဒမ်ဗီဂျေးလက်ရှ်မီးက တာဝန်ယူစုံစမ်းဖို့ ဖြစ်လာတယ်သေကြောင်းကြံစည်မှုအဖြစ် အသက်သွင်းထားတဲ့ လူသတ်မှုဖြစ်နေတာကို သိသွားချိန်မှာတော့ တရားခံအစစ်ကို ဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကို...အချစ်ဟာသနဲ့ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်း အချိုးကျရောစပ်ထားတဲ့ ဒီကားလေးမှာ ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Parimala D’Souza (2023)
2023
5.8
One in 89 Murderers ( 2024 )
သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ်ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ်ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့... ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Crime Runtime : 1h 27 min Subtitle : Myanmar Subtitle ...
movie
One in 89 Murderers ( 2024 )
6.4
Mean Machine (2001)
"The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie
Mean Machine (2001)
6.3
The Good Neighbor (2016)
The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie
The Good Neighbor (2016)
5.9
Drug Hunting ( 2024 )
ဒီဇာတ်ကားကတော့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ရာဇာဂိုဏ်းသားတွေကို တရုတ်နိုင်ငံကရဲတွေဖမ်းတဲ့ပုံစံကိုမှ ဒရမ်မာလေးနည်းနည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။နိုင်ငံခြားကနေ မကြာသေးခင်ကမှပြန်လာပြီး ထျန်းပို့ဆောက်ဆက်သွယ်ရေး company ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်လာတဲ့ပေ့ပေ့ ပန်းချီဆွဲရတာကိုဝါသနာပါပြီး တစ်နေ့ကျ ပန်းချီပြခန်းတစ်ခုဖွင့်ဖို့ကြိုးစားနေတဲ့ရွှယ်အာမူးယစ်ဆေးတိုက်ဖျက်ရေးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်လင် ပေ့ပေ့တစ်ယောက်နိုင်ငံခြားကပြန်လာပြီးတော့ ရည်းစားဟောင်းဖြစ်တဲ့ ခေါင်းဆောင်လင်ကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ခေါင်းဆောင်လင်က ပေ့ပေ့ဦးလေးနဲ့အစ်ကိုဖြစ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့သံသယရှိနေခဲ့တာပါ ။ရည်းစားဟောင်းနဲ့ပြန်အဆင်ပြေချင်တဲ့ ပေ့ပေ့တစ်ယောက် ညီမလေးရွှယ်အာအတွက် ပန်းချီပြခန်းဖွင့်ဖို့စပွန်စာပေးခဲ့ပေမဲ့လည်း ခေါင်းဆောင်လင်ကသူ့ကိုလက်မခံတဲ့အပြင် ရည်းစားရှိနေတာပါသိလိုက်ရပါတယ် ။အဲဒီအချိန် ခေါင်းဆောင်လင်ကလည်း မူးယစ်ရာဇာတွေနောက်ကိုလိုက်ရင်း သဲလွန်စတွေတစ်ခုပြီးတစ်ခုရလာချိန်မှာတော့.. ခေါင်းဆောင်လင်နဲ့ပေ့ပေ့ကြားဘယ်လို အခက်အခဲတွေပေါ်လာမလဲ ? မူးယစ်ဆေးအပြစ်ကျူးလွန်သူတွေကိုရော ဖမ်းမိနိုင်မလားဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
Drug Hunting ( 2024 )
6.6
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
4K HEVC
5.4
No Mercy (2019)
ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်ကမတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်းထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်းထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီးနှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာအွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့ကအခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီးရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါအွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်းအဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်းအရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီးပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင်အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်းဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရအဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size… 1.5 GB / 766 MB Quality… BluRay 1080p / ...
movie
No Mercy (2019)
2019
6.9
Crossword Mysteries: Terminal Descent (2021)
Who murdered Morgan? ဘယ်သူက မော်ဂန်ကိုသတ်တဲ့တရားခံလဲ?IT နည်းပညာရှင် သူဌေးကြီး လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအမှန်ပေါ်ပေါက်အောင် crossword ပဟဠိ ကျွမ်းကျင်ပညာရှင် တက်စ်နဲ့ စုံထောက် လိုဂန်တို့က ဘယ်လိုမျိုးတွေ ကွင်းဆက်တွေရှာဖွေခဲ့လဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်၊ စုံထောက်ဇာတ်လမ်းကြိုက်သူများ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(612 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca
movie
Crossword Mysteries: Terminal Descent (2021)
Pusher (1996)
IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။Pusher trilogy ထဲက အဓိကဇာတ်ကောင်တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ...
movie
Pusher (1996)
6.2
Our Kind of Traitor (2016)
အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie
Our Kind of Traitor (2016)
5.5
Pusher (2012)
မူးယစ်ဆေးလောကကြီးကထင်သလောက်တော့လွယ်ကူမနေပါဘူး ပိုက်ဆံအရလွယ်သလိုခွေးဖြစ်လည်းလွယ်ပါတယ်ဒီဇာတ်ကားက ကိုကင်း reseller တစ်ယောက်ရဲ့ဘဝကိုရိုက်ပြထားတာပါ..ဖရန့်ခ်ဟာ လက်ကြီးသမားဆီက ပစ္စည်းယူပြီးပြန်ရောင်းတဲ့သူတစ်ယောက်ပါဘဝကိုရရစားစားနေနေတော့ငွေရလွယ်တဲ့ဒီအလုပ်မှာပဲကျင်လည်နေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်သူတို့လောကရဲ့ထုံးစံအတိုင်းအကွက်ရွှေ့ကျွမ်းရမှာဖြစ်လို့တစ်ကွက်မှားတာနဲ့ခွေးဖြစ်မှာပါ..သူတို့လောကကြီးကလူလည်တွေကြိုးကိုင်တဲ့MLM လိုမျိုး လည်သူစား အတဲ့သူနွားဖြစ်တဲ့KMKL မားကက်တင်းနဲ့ သွားတာမို့လို့ဖရန့်ခ်တစ်ယောက် လောကထဲကျင်လည်ရင်းဘာတွေကြုံတွေ့ရမလဲ...ဘာတွေအကျိုးအမြတ်ရမလဲ....ဘာတွေကိုဆုံးရှုံးရမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…1.61GB / 805MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Pusher (2012)
7.0
Strangled (2016)
IMDB - 7Rating ကောင်းမှကြည့်ချင်တဲ့သူတွေအတွက်ဟန်ဂေရီရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ အာကိုရှ်ရယ်တီဟာဖိနပ်စက်ရုံကအမျိုးသမီးတစ်ယောက်နဲ့ညဖက်မှာအတူတူပြန်လာရင်း လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုပြီး အစိုးရရှေ့နေဖက်က ရယ်တီကိုတရားစွဲပါတယ်။နှိပ်စက်မှုဒဏ်တွေ၊ ဝေခွဲမရနိုင်တဲ့အကြောင်းအရာတွေကြောင့်ရယ်တီဟာ သူသတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့အတွက်သေဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် သေဒဏ်ကနေ ထောင်ဒဏ် ၂၅ နှစ်ပြောင်းလဲချမှတ်ပေးခဲ့တယ်။ ရယ်တီထောင်ကျပြီး ၇ နှစ်အကြာမှာ အလားတူလူသတ်မှုတွေပေါ်လာခဲ့တယ်။အမျိုးသမီးတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံလာရတဲ့အခါ ပြည်သူတွေကြားမှာထိတ်လန့်မှုတွေဖြစ်လာခဲ့တယ်။ လူသတ်သမားရဲ့ သိုသိပ်စေ့စပ်မှုတွေကြောင့်ရဲတွေလည်း သက်သေတောင်ရှာမရဖြစ်နေပါတယ်။အစိုးရရှေ့တစ်ယောက်ဖြစ်တဲ့ ဇိုတန်စီရီမာအီဟာလက်ရှိအမှုတွေဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုနဲ့တစ်စုံတစ်ခုပက်သက်နေတာကိုသိသွားတဲ့အခါမှာတော့..... File size…1.59GB / 760MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Strangled (2016)
First
14
15
16
17
18
Last
Previous
Next