Channel Myanmar
Crime
Traders (2015) 6.1
Traders (2015) လောကကြီးမှာ အရေးအကြီးဆုံးအရာတွေ အများကြီးရှိတယ် အဲ့ဒီအရေးအကြီးဆုံးအရာတွေထဲကမှ... ပထမဦးစားပေးလို့ လူတိုင်းလက်ခံထားတဲ့ ပိုက်ဆံ... အဲဒီပိုက်ဆံဆိုတဲ့ စာရွက်လေးတွေအတွက် လူလူချင်း သတ်ဖြတ်ရမှာ တန်ပါ့မလား... Rotten Tomatoes - 67% IMDB - 6.2 ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက် ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ် အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင် လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ် ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့ ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ် နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက ... ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ... ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ် ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ...... (ဇာတ်လမ်းအညွန်းကို ...
movie
Traders (2015)
2015
Scherzo Diabolico(2015)
Scherzo Diabolico(2015) IMDb rating 5.5 ရရှိထားတဲ့ ပြန်ပေးဇာတ်ကားတစ်ကားကိုတင်ဆက်ပေးပါရစေ ဇာတ်ကားလေးကကြမ်ကြမ်း ရမ်းရမ်းနဲ့ အလန်းစား ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းလေးက ၂၀၁၆ခုမေလမှာထွက်ခဲ့တာဖြစ်ပြီး စကာတင်နာမည်စာရင်းတခါဝင်ခဲ့ပါသေးတယ် 7ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ဘ၀ကို ရိုးရှင်းစွာ  ဖြတ်သန်းလာခဲ့တဲ့စာရင်းကိုင်တယောက်ဟာ မထင်မှတ်ထားတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်ကြာင့် မထင်မှတ်ထားတာတွေဖြစ်လာရာမှ နောက်ဆုံး အလုပ်ရာထူးတိုးဖို့အခွင့်အလမ်းအတွက် နောက်ဆုံကြံရာမရဖြစ်ကာ  ပြန်ပေးဆွဲမှူကိုကျူးလွန်မိရာမှ နောက်ဆုံး ဘယ်လိုတွေဖြစ်ပျက်ကြမယ်ဆိုတာကို ပရိတ်သတ်ကြီးကဆက်လက်ရှူစာကြရမှာပဲဖြစ်ပါတယ်Download On Pcloud Large File Download On Pcloud Small File
movie
Scherzo Diabolico(2015)
Naam Hai Akira (2016)
Naam Hai Akira (2016) ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ် ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ် ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
movie
Naam Hai Akira (2016)
Parker (2013) 6.2
Parker (2013) Parker (2013) IMDb - 6.2/10_____Rotten - 41%   Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်...... အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်.... ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်.... လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်..... ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ...
movie
Parker (2013)
2013
The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%    2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။    File Size     :   900 ...
movie
The Infiltrator (2016)
2016
London Boulevard (2010) 6.2
London Boulevard (2010) London Boulevard (2010)_____IMDb - 6.2/10    IMDb (6.2/10) မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။ ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။ Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား... ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား.. ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား...ဆိုတာကို ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London ...
movie
London Boulevard (2010)
2010
Frequency (2000) 7.3
Frequency (2000) Frequency (2000) IMDb - 7.3/10_____Rotten - 70%   ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ.... ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်... ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်... ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ ဖခင်ကြီး ...
movie
Frequency (2000)
2000
War Dogs (2016) 7.2
War Dogs (2016) ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။War Dogs ... မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး  အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ ...
movie
War Dogs (2016)
2016
Elektra (2005) 4.8
Elektra (2005) Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်....Elektra  ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်...Elektra ရုပ်ရှင်ကိုဇန်န၀ါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ၀င်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်...Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည်....ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း....အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်....ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်....ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်....File Size : 905.0MB , 393.8MBQuality : BlueRay 720p HD Duration : 01:39:50Subtitle : Myanmar Subtitle (Hardsub)Encoder : Moe Myint Lwin Download 720 HD (905.0MB) Download 360p Small File (393.8MB)
movie
Elektra (2005)
2005
22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014) IMDb - 7.0/10_____Rotten - 84%    2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ် 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်.. ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်   21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်း အောက်မှာလင့်ပြန်ပေးထားပါတယ်..။   21 Jump Street (2012)   2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating ...
movie
22 Jump Street (2014)
2014
21 Jump Street (2012) 7.2
movie
21 Jump Street (2012)
2012
Imperium (2016) 6.5
Imperium (2016) ဇာတ်ကားသစ်ထဲမှာ စုံထောက်အဖြစ် ဒန်နီရယ်ရက်ဒ်ကလစ်ဖ်ကို မြင်တွေ့ရတာပါ။ ဟယ်ရီပေါ်တာမင်းသား ဒန်ရီရယ်ရက်ဒ်ကလစ်ဖ်ဟာ နောက်ဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ ခေါင်းတုံးနဲ့ သရုပ်ဆောင် ထားတာကို မြင်တွေ့ရပါတယ်။ အဲဒီဇာတ်ကားထဲမှာ သူလျှိုတစ်ယောက်ဖြစ်တဲ့ FBI အေးဂျင့် ဒန်နီရယ်ဟာ နာဇီလက်သစ်လေးပုံစံနဲ့ သရုပ်ဆောင်ထားတာကို မြင်တွေ့ရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဟောလိဝုဒ်မင်းသားက သူ့ရဲ့ဇာတ်ကားသစ်ဟာ ဟယ်ရီပေါ်တာထဲမှာ အတူသရုပ်ဆောင်ရတဲ့ အမ်မာဝက်ဆန်ရဲ့ ဇာတ်ကားသစ် The Colony ကို ကျော်တက်နိုင်ဖို့ မျှော်လင့်နေမှာသေချာပါတယ်။ Credit - Duwun Download Link ============= Download Download Small(405MB) File size - ( 933MB ) Quality - BR  Rip 1080P Format - MP4 Subtitle - Myanmar Subtitle Encoder - Ar Kar Phyo
movie
Imperium (2016)
2016
Raman Raghav 2.0 (2016) 7.4
Raman Raghav 2.0 (2016) Raman Raghav 2.0 (2016) IMDb - 7.4/10_____Rotten - 86%  ၂၀၁၆ မှာထွက်ရှိထားတဲ့ Raman Raghav 2.0 ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားပြီး IMDb 7.4 အထိရရှိထားပါတယ်။ နာမည်ကြီးစိတ္တဇအကြမ်းဖက်လူသတ်သမား တစ်ဦးဖြစ်တဲ့ Raman ရဲ့ ၁၉၆၀နှစ်အလယ်ပိုင်းများက မွန်ဘိုင်းပြည်နယ်မှာကျက်စားခဲ့ပုံကို တင်ဆက်ပြသထားပြီး ရဲအရာရှိတစ်ဦးဖြစ်တဲ့ Raghuvendra Singh Ubbi နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ရင်ဆိုင်ကြတာတွေကို ရင်တစ်ဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းများသာမက ဇာတ်လမ်းဇာတ်အိမ် အင်မတန်ခိုင်မာကောင်းမွန်တာကြောင့် အများကြီးမညွှန်းတော့ဘဲ ဇာတ်ကားကိုသာကြည့်ရှုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။  ဇာတ်လမ်းအကျဉ်းကိုတော့ မိုးဦးမာန် က ရေးသားပေးခဲ့တာဖြစ်ပါတယ်။    File Size - 956 MB File Type - Mp4 Quality - BR-Rip 720p Duration - 2h 13min Translator - Linnthura1988 Encoder - Kyaw Ye Aung
movie
Raman Raghav 2.0 (2016)
2016
Manhattan Night (2016) မြန်မာစာတန်းထိုး 6.2
Manhattan Night (2016) မြန်မာစာတန်းထိုး
2016
Spring Breakers (2012) 18+ 5.3
Spring Breakers (2012) 18+ လူမှာအကြမ်းဖျင်းအားဖြင့် စရို်က်နှစ်မျိုးခွဲနိုင်မယ်။ ကောင်းမှု 'သုစရိုက်' (Wholesome)ကို အားသန်သူနဲ ့မကောင်းမှု 'ဒုစရိုက်' (Unwholesome)ကို အားသန်သူ.. ဒီမှာ လူတွေက စိတ်လှုပ်ရှားမှု (Emotion)ကို အခြေခံတဲ့ မကောင်းမှုဘက်ကို အားသန်ပျော်မွေ့တတ်ကြတယ်..။ ကောင်းမှုက အတွေး(Thinking)ဘက် ကဲအလေးပေးရတော့ လုပ်ဖို့ကို အချိန်ယူရတတ်တဲ့ သဘောရှိတယ်။Spring Breakers ဇာတ်ကားမှာ ဒါကို လေးလေးကဲကဲကိုဖော်ပြထားခဲ့တယ်၊ မင်းသားက ဂျိမ်းစ်ဖရန်ကို (Rise of the Planet of the Apes)၊ မင်းသမီးတွေက ဗန်နက်ဆာဟက်ဂျန်စ်(High School Musical)၊ ဆယ်လီနာဂိုမက်စ်(Monte Carlo)၊အက်ရှ်လေဘန်ဆန် (Supernatural)..၊ မိန်းကလေး သူငယ်ချင်း(၄)ယောက် နွေဦးအပျော်ခရီး (Spring Break) ထွက်တာကနေဘဝတစ်ချိုးကြုံတဲ့ အကြောင်း..၊ အပျော်တစ်ခုကနေ အပျက်ဘက်ရောက်သွားပုံ..၊ နောက်အမေရိကန်တွေရဲ့ အဆုံးစွန်ကာမဂုဏ်အာရုံခံစားမူ၊ မူးယစ်ဆေးဝါး(Drugs)၊ အရက်ယမကာ(Alcohols)နဲ့ လိင်ဆက်ဆံမှု(Sexual pleasure)..၊ အဲဒါတွေဘယ်လိုခံစားလဲဆိုတဲ့ အပြတွေက ထင်းထင်းပြက်ပြက်ရှိလွန်းလှတယ်..၊ အဘွားအုပ်ထိန်းမှုအောက်မှာ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ဂိုမက်စ် ရဲ့ အပျော်တစ်ခုမှာ စိတ်မရဲတရဲနဲ့၊ သူ့ပျော်ပုံက ခပ်ထောင့်ထောင့်ရှိပုံ.. အပျော်တစ်ခုမှာစိတ်လွတ်ကိုယ်လွတ် ပျော်တတ်တဲ့ ဟက်ဂျန်စ် နဲ့ ဘန်ဆန် တို့ရဲ့ စူးရဲကြမ်းရှတဲ့ သရုပ်ဆောင်ပုံတွေ၊ နောက် ဇာတ်ကားအစ မိနစ်(၄၀)လာက်မှ ဖြတ်ဝင်လာတဲ့ ဖရန်ကို၊ ...
movie
Spring Breakers (2012) 18+
2012
The Take (2016) 6.3
The Take (2016) The Take (2016) IMDb - 6.3/10_____Rotten - 48%    သူ့ရဲ့ မူရင်းဇာတ်ကားနာမည် Bastille Day ကိုဆို လူတော်တော်များများသိနေကြမှာပါ အကြမ်းအရမ်းတွေ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတဲ့ ပရိတ်သတ်တွေဆို သဘောတွေ့ကြမယ့် ဇာတ်ကားမျိုးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ပြင်သစ်မှာ ခါးပိုက်နိုက်အဖြစ်အသက်မွေးနေတဲ့ မယ်ရီမန်ဆန် ဟာ တနေ့မှာ အိတ်တလုံးကိုခိုးလာရာမှ မထင်မှတ်ပဲ ဝက်ဝံရုပ်တခုကို ရရှိခဲ့ပါတယ် သူဟာ မထင်မှတ်ပဲ ဝက်ဝံရုပ်ကိုလူစည်ကားတဲ့ နေရာတခုမှာ စွန့်ပစ်ထားခဲ့ပြီး ပိုမထင်မှတ်ထားတာက ထို ဝက်ဝံရုပ်ထဲမှာ ချိန်ကိုက်ဗုံးတစ်ခုပါနေတာပါပဲ ဒီလိုနဲ့ မယ်ရီမက်ဆန် တယောက် ဘယ်လိုအရှုုပ်တော်ပုံတွေထဲကို ပါဝင်နေမလဲ ဘယ်လိုအန္တရာယ်တွေကိုကော ကြုံတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါ     Size - 570 MB Quality - HD 720p Format - mp4 Duration - 01:32:00 Translator - MTDM Encoder - Oscar
movie
The Take (2016)
2016
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး 8.0
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး   IMDb rating 8.1 ရထားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဂျီဟိုအိုး ကလည်း ပရိတ်သတ်ကြီးနဲ့ သိပ်စိမ်းမှာမဟုတ်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ရှုပ်ထွေးလှသော မှုခင်းများကိုလိုက်လံ စုံစမ်းဖော်ထုတ်ရင်း မမျှော်လင့်ပဲ တွဲဖက်သူငယ်ချင်းကိုဆုံးရှုံးထားရတဲ့ ရဲစုံထောက်ကြီးဟာ ပရလောက ဖြစ်ရပ်ဆန်းတွေနဲ့ ဆက်နွယ်လာတဲ့ အခါမှာတော့ ဘယ်လိုတွေများဖြစ်လာမလဲဆိုတာကို ပရိတ်သတ်ကြီး က ရင်ထိတ်သည်းဖိုကြည့်ရှူရမှာပါ Season 1 မှာစုစု ပေါင်း ၁၀ ပိုင်းရှိပြီး အကုန်လုံးကို တပါတည်းတင်ပေးလိုက်ပါတယ်ဗျ ဘာသာပြန်ကတော့ StarLet ဖြစ်ပါတယ်ဗျ Download ========================== Ep01 Ep02 Ep03 Ep04 Ep05 Ep06 Ep07 Ep08 Ep09 Ep10
movie
Ghost Seeing Detective Cheo Yong Season 1 မြန်မာစာတန်းထိုး
2014
Rustom: 3 shoots (2016) 7.3
Rustom: 3 shoots (2016)   ကဲဗျာ ဒီတခေါက်တော့ အလန်းစား Bollywood တကားကိုတင်ပေးလိုက်ပါတယ်ဗျာ ဇာတ်ကားလေးက တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ ရပ်စတန်ဆိုတဲ့ ရေတပ်ဗိုလ်အရာရှိဟာ တာဝန်ပြီးလို့ အိမ်ကိုပြန်လာရာမှာ မထင်မှတ်ပဲ သူ့မိန်းမ နဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ စာပေးစာယူ တွေကို လက်ပူးလက်ကြပ်မိရာမှ သူ့မိန်းမရဲ့ အပြင် လူကို မထင်မှတ်ပဲ လက်လွန်ပြီးသက်မိသွားခဲ့ရာမှ ကိုယ်တိုင် ရဲစခန်းမှာ သွားရောက်ဝင်ခံ အဖမ်းခံခဲ့ပါတယ် သူ ကိုယ်တိုင်သတ်ခဲ့မိတာလား ဒါမှ မဟုတ်တခြားတယောက်က သတ်ခဲ့တာကိုများ ကြားထဲက ၀င်ရောက် အဖမ်းခံရတာလား ဒါတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ လှည့်ကွက်ကြီးရှိနေသောအခါမှာတော့ .....................   (ဘာသာပြန်သူကတော့ သာရစ် အယ်လ် ၀ါကာဖြစ်ပါတယ်)
movie
Rustom: 3 shoots (2016)
2016