Channel Myanmar

Crime

P Se Pyaar F Se Faraar (2019) 7
P Se Pyaar F Se Faraar (2019) P Se Pyaar F Se Faraar (2019) "ချစ်သူခေါ်ရာ..."IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် ... သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါအမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ ...သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း ...ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ ...အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar ...
movie

P Se Pyaar F Se Faraar (2019)

2019
Marnie (1964) 7.1
Marnie (1964)  ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ ...
movie

Marnie (1964)

Carbone (2017) 6.5
Carbone (2017)  စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင်တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar ...
movie

Carbone (2017)

Torino Criminale Blood Revenge (2023) 7.7
Torino Criminale Blood Revenge (2023) Torino Criminale Blood Revenge (2023)============================အီတလီ မာဖီးယားမူးယစ်မှောင်ခိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့လူတွေအတွက် Torino Criminale Blood Revenge ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ တူရင်မြို့က ယဲအားလယ် မူးယစ်မှောင်ခိုဂိုဏ်းကို ညီကိုနှစ်ယောက်ဖြစ်တဲ့ ဆဗာတိုနဲ့ ဗီတိုတို့ကဦးဆောင်ပါတယ်။ ဆဗာတိုဟာ ကာတာနဲ့စ်အဖွဲ့မှာ နေရာရအောင် ဘိရစ်ထရစ်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ အတူအကောက်ကြံ ကြိုးစားနေပါတယ်။ တစ်နေ့မှာ ဆဗာတိုရဲ့အစ်ကိုဗီတိုတစ်ယောက် အသတ်ခံလိုက်ရကနေ စပြီး သူတို့ဂိုဏ်းတွေကြားမှာ ကိစ္စတွေပိုရှုပ်ထွေးလာပါတော့ တယ်။ ကြားထဲမှာလည်း သူတို့ဂိုဏ်းတွေကို အမိဖမ်းဖို့ကြိုးစားနေတဲ့ ရဲအုပ်ကြီးတော့စကိုကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ သူတို့ဂိုဏ်းတွေကြား ဘာတွေဆက်ဖြစ်မလဲ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလက်စားချေမလဲဆိုတဲ့ အသေးစိတ်ကတော့ ဇာတ်လမ်းလေးကိုပဲ ဆက်ကြည့်ရင်းအဖြေရှာဖို့ပြောချင် ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Crime , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a ...
movie

Torino Criminale Blood Revenge (2023)

3 IRON (2004) 8.1
3 IRON (2004) ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Romance, Crime, Drama  Subtitle….Myanmar Subtitle ...
movie

3 IRON (2004)

2004
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Reasonable Doubt (2014) 5.7
Reasonable Doubt (2014)  ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ်ဆိုတာကို​ သက်သေတွေအရ အကျိုးသင့်အကြောင်းသင့်သံသယ​ဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါဒါပေမဲ့​ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင်ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့​ Reasonable Doubtဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်..ဘာလို့​လဲဆိုတော့​လူတစ်ယောက်ကို အဲလိုမျိုးအကျိုး​အကြောင်း​သင့်သံသယဝင်ခံရအောင်လုပ်ဖို့ကပစ္စည်း​သက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ.ကဲ​ ဆိုတော့​ ဒီ​ဇာတ်ကားမှာအဲဒါကိုသေသေချာချာမြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူ​ဟာ​ အစိုးရခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ်သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါတစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်းအိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိခဲ့ပါတယ်.အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက်မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်းဖန်လာတော့တာပါပဲမစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ..မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ...ဆိုတာကိုဆက်ကြည့်ရင်းနဲ့ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ  File size…1.03GB / 446MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Reasonable Doubt (2014)

Rope (1948) 7.9
Rope (1948)  "ကြိုး"ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှု​ကို အခြေခံယူထားတဲ့ ဒီကားမှာ ...
movie

Rope (1948)

Escape And Trace ( 2024 ) 5.8
Escape And Trace ( 2024 ) လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ်လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee JueJue Encoded by LK  
movie

Escape And Trace ( 2024 )

Kaliyugam Pattanamlo (2024) 6.5
Kaliyugam Pattanamlo (2024) Kaliyugan Pattanambo 2024 (စိတ္တဇအမွှာညီအစ်ကို)အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေ တစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့ အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။ ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေ နေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့ စိတ်ကျန်းမာရေးဟာ သက်သာမလာတဲ့အဆုံး စိတ်ကျန်းမာရေးဆေးရုံမှာပဲ ထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီး မိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း ....... အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ .... ဗီဂျေးရဲ့အမွှာ ဆာဂါကရော ...
movie

Kaliyugam Pattanamlo (2024)

2024
Vallavan Vaguthathad (2024)
Vallavan Vaguthathad (2024) Vallavan Vaguthadhada (2024) "လောဘသားတို့သွားရာလမ်း"Crime dramaကိုမှ ဆန်းသစ်တဲ့ဇာတ်ကွက် ဇာတ်ကောင်နာမည်ကအစ အသေးစိတ်ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်သူတွေအတွက် တမီလ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ ဥစ္စာရမ္မက် ငမ်းငမ်းတက်နေတဲ့ လူသဘာဝတစ်စိတ်တစ်ပိုင်းနဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးကမြင့်တဲ့ဒုစရိုက်လောကမှာ ဘယ်လိုတွေကြုံရမလဲဆိုတာ ရှုစားရမှာပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်လိုက်တဖြစ်လည်း ဗီလိန်ဒုစရိုက်သား ၅ ယောက်ကိုမြင်ရမှာပါ။ နာမည်ကသာ နီသီ(တရားမျှတမှု) တရားမျှတမှုကလွဲရင် မကောင်းတာမှန်သမျှတစ်ခုမှမချန်တဲ့ အင်စပက်တာကြီးရယ်၊ လူကသာချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့ အကြွေးမဆပ်နိုင်သူတွေကို ကိုယ်တွင်းအင်္ဂါတွေယူတဲ့ ငွေတိုးချေးစားတဲ့ကူဘာရန်၊ ရုပ်လှလှကိုဗန်းပြပြီး လူတကာကိုလိမ်စားနေတဲ့ မိန်းမမာယာသဲကိုးဖြာနဲ့ အာဂလ်ယာ၊ နောက်ဆုံးအနေနဲ့ သူခိုးနှစ်ယောက်ဖြစ်တဲ့ ချာကရာဗာသီနဲ့ ချီရန်ဂျီ‌ဗီဒီလူ ၅ ယောက်ကို ဇာတ်ကွက်တစ်ခုတည်းမှာ ဆုံဆည်းစေမယ့် ဇာတ်ဆရာရဲ့လှည့်ကွက်က ဘာဖြစ်မလဲ။ သူတစ်ပါးဥစ္စာကိုမှ ငမ်းငမ်းတက်တဲ့ ဒီလူ ၅ ယောက်အတွက် ကံကြမ္မာဇာတ်ဆရာက ဘယ်လိုပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 672MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar ...
movie

Vallavan Vaguthathad (2024)

2024
Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

Tatsama Tadbhava (2023) 6.8
Tatsama Tadbhava (2023) Tatsama Tadbhava (2023) "ထို့အတူ..." IMDb - 6.9/10တကယ်ကောင်းတဲ့ရုပ်ရှင်ဆိုပြီး ခင်ဗျားတို့တွေ ဝေဖန်လေကန်လို့ရလောက်မဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင် ရုံတင်တဲ့အချိန်တုန်းက ကန်နာဒါထိပ်ဆုံးရုပ်ရှင်ဆယ်ကားစာရင်းမှာ နံပါတ်တစ်နေရာမှာ ရှိနေခဲ့တာ။မင်းသမီး Meghana Rajရဲ့ comebackရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ မင်းသားကလည်း အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းတဲ့ Prajwal Devaraj။ဇာတ်လမ်းက သည်းထိပ်ရင်ဖိုအမျိုးအစား မှုခင်းဇာတ်လမ်း။ အမျိုးသမီးတစ်ယောက် ခင်ပွန်းသည်ဖြစ်သူပျောက်လို့ လိုက်ရှာရာကနေစတဲ့ဇာတ်လမ်း။ လူပျောက်မှုကနေ လူသတ်မှုလား လူသေမှုလားဆိုတဲ့ အခြေအနေတစ်ခုကိုပြောင်းသွားတယ်။ နောက်ကွယ်က ရှုပ်ထွေးလွန်းတဲ့ ဇာတ်ကောင်ရဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကပိုပြီး စိတ်ဝင်စားဖို့ကောင်းလာခဲ့။ရဲစခန်းထဲကနေ ထိုင်ကြည့်နေရသလို ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်စိတ်နဲ့ တစ်ခန်းချင်းဆွဲခေါ်သွားပေးမဲ့ဇာတ်လမ်းမျိုးမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.3GB / 565MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Tatsama Tadbhava (2023)

2023
Snowden (2016) 7.3
Snowden (2016)  ရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ ...
movie

Snowden (2016)

2016
Duplicity (2009) 6.1
Duplicity (2009)  cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေးအရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲလူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင်လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုအလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစားဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေးကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသားအကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦးဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး...။  File size…1.66GB ,  ...
movie

Duplicity (2009)

Blackia 2 (2024) 6
Blackia 2 (2024) Blackia 2 (2024) "ဘလက်ကီရာ အပိုင်းနှစ်"IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင် ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ် ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲမေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.1GB / 987MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard ...
movie

Blackia 2 (2024)

2024
The Ice Harvest (2005)
The Ice Harvest (2005)  ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ...
movie

The Ice Harvest (2005)

Tiger House (2015) 5.1
Tiger House (2015) ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက်သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ" အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ "ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာတစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှသူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကိုကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော....။ File size…(1 GB) Quality….BluRay 1080p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Tiger House (2015)

2015
Talking To Ghosts (2023)
Talking To Ghosts (2023) ခီအယ်ရာလို့ခေါ်တဲ့ အမျိုးသမီးလေးက ကိုယ့်ကလေးကို ပျောက်ဆုံးသွားပြီးနောက်မှာ စိတ်ဓာတ်ကျပြီး အရာရာကို လုပ်ချင်ကိုင်ချင်စိတ်ပျောက်ဆုံးနေသူဖြစ်ပါတယ်။ အလုပ်လည်း မလုပ်ချင်တော့ဘဲ ယောင်လည်လည်ဖြစ်နေကာ ကိုယ့်အသက်ကိုပါ အဆုံးသတ်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ခီအယ်ရာကို တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂျက်ဇ်ရဲ့ကောင်လေး ပီတာ,က အလုပ်အသစ်တစ်ခုကို မိတ်ဆက်ပေးပါတော့တယ်။ ထိုအလုပ်ကတော့ လက်နက်မှောင်ခိုရောင်းဝယ်တဲ့အလုပ်ပဲဖြစ်ပါတယ်။ ခီအယ်ရာတစ်ယောက် သူ့ရဲ့ပထမဆုံး လက်နက်မှောင်ခိုကို လုပ်ရာမှာ မထင်မှတ်တဲ့ကိစ္စကို ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ ....အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။File size…(1.4 GB)/(587 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Thriller, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Minn Khant Kyi Win
movie

Talking To Ghosts (2023)

Pusher 3 (2005)
Pusher 3 (2005) Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ရှေ့နှစ်ကားတုန်းက ...
movie

Pusher 3 (2005)