Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
6.5
Hounds of Love (2017)
movie
Hounds of Love (2017)
2016
6.3
movie
2011
6.3
Repo Men (2010)
အရင်ဆုံးပြောချင်တာကတော့ ဒီဇာတ်လမ်းက rating R အမျိုးအစားပါ သွေးထွက်သံယိုတွေကို သေချာရိုက်ပြတဲ့အခန်းတွေလည်းပါပါတယ် ဆဲဆိုပြီးပြောတဲ့အခန်းတွေလည်း ပါပါတယ် အဖော်အချွတ်အနည်းငယ်လည်း ပါဝင်ပါတယ် ဒါလေးကြိုပြောပါရစေစိတ်ကူးယဉ်သိပ္ပံဇတ်လမ်းဖြစ်ပြီးတော့နောက်တစ်ချိန်မှာ တကယ်ဖြစ်လာနိုင်စရာရှိတယ်လို့ ကျနော်ကတော့ ထင်ပါတယ်လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လူတစ်ဦးမှ တစ်ဦးသို့မျက်မှောက်ခေတ်မှာ လဲလှယ်ပေးနိုင်ကြပါပြီ နောင်တစ်ချိန်မှာ စက်ပစ္စ္စည်းများနဲ့အစားထိုးလာနိုင်တဲ့အချိန် ဒီလိုဖြစ်လာနိုင်စရာတွေလည်း ရှိပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်းသားဟာ ငွေကြေးပေးသွင်းရန်ရက်လွန်နေသောလူသားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူတပ်ဆင်သူတွေဆီက အင်္ဂါအစိတ်အပိုင်းများကိုလိုက်လံသိမ်းဆည်းသူတစ်ယောက်ပါ ဒီလိုအနိဌာရုံအလုပ်ကို ထမင်းစားရေသောက်သလိုအလွယ်တကူလုပ်ကိုင်နိုင်ခဲ့တဲ့ စစ်ပြန်လူသားတစ်ယောက်က ကိုယ်တိုင်လူနာနေရာမှာနှလုံးအစားထိုး တပ်ဆင်လိုက်ရတဲ့အခါ ...ဘာတွေဆက်ကြုံရမလဲ ဆိုတာကတော့ငွေရောင်ပိတ်သားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှု့ခံစားကြပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Min Thet Oo ဖြစ်ပါတယ်)File Size : 850 MB/330MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Crime, Sci-F Translator : Min Thet ...
movie
Repo Men (2010)
2010
6.3
Death Note: Light Up the New World (2016)
Death Noteဆိုရင်တော့မသိသူမရှိပါဘူး။ သေမင်းရဲ့စာအုပ်ထဲမှာကိုယ်သတ်ချင်တဲ့သူရဲ့နာမည်နဲ့သေရတဲ့အကြောင်းအရင်းကိုရေးလိုက်ရုံနဲ့ ထိုသူရုတ်တရတ်သေဆုံးသွားရတဲ့စာအုပ်လေးကိုအခြေခံထားတဲ့ဇာတ်ကားလေးပါ။ ယခင်ထွက်ခဲ့ပြီးတဲ့ကားတွေရဲ့နောက်ဆယ်နှစ်ကိုအစပြုပြီးဒီကားလေးကိုဇာတ်အိမ်ဖွဲ့ထားတာပါ။ လူ့လောကကိုအနောက်ထပ်Death note၆အုပ်ပို့ပြီးတော့Shinigami ကကီရာရဲ့စာအုပ်ကိုကိုင်ဆိုင်သူကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်လူ့လောကမှာဆိုင်ဘာတိုက်ခိုက်မှုတွေကြီးစိုးနေချိန်မှာပဲကမ္ဘာတ၀န်းမှာကီရာအသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူလူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။လူသတ်မှုတွေကိုခြေရာခံရင်း Death Note Task Forceဆိုတဲ့ဆုကုရာမိရှိမာဦးဆောင်တဲ့အဖွဲ့ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့ကိုအယ်လ်(L)ရဲ့အမွေဆက်ခံသူယုဇာကီကထောက်ပံပေးထားတာပါ။အဖွဲ့ဟာလူသတ်မှုတွေကိုလိုက်လံစုံစမ်းရင်း ဆာကုရာအိုင်ဆိုသူပိုင်ဆိုင်တဲ့Death Noteစာအုပ်တခုကိုရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ပိုင်ရှင်ကိုနောက်ထပ်DeathNoteyပိုင်ရှင်တဦးဖြစ်တဲ့ဆိုင်ဘာအကြမ်းဖက်သမားယုကီရှိန်းကသတ်ခဲ့တာပါ။ ယုဇာကီနဲ့အဖွဲ့ဟာသူတို့ရရှိခဲ့တဲ့စာအုပ်ကိုပိုင်ဆိုင်သူသေမင်းဘီပိုကိုစစ်မေးတဲ့အခါမှာတော့ လူ့လောကမှာDeathNoteစာအုပ်၆အုပ်ရှိကြောင်းသိခဲ့ရတာပါ။ ရှိန်းကလည်းတဖက်မှာမီဆာအာမန်နဲ့ဆက်သွယ်ပြီးသူ့ရဲ့မှတ်ဥာဏ်တွေကိုပြန်ဖော်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပဲရှိန်းတယောက်ဘယ်လိုတွေလုပ်သွားမလဲ။ ယုဇာကီနဲ့အဖွဲ့ကရောဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Fridays မှရေးပေးခဲ့တာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုစိုးထွေးဖြစ်ပါတယ်)File Size : 900 MB/370MB Quality : Bluray 720P Running Time : 2hr 15minutes Format : Mp4 Genre : Crime, Drama, Horror Translator : Soe Htwe Encoder :Thanhtike Zaw
movie
Death Note: Light Up the New World (2016)
2016
6.8
Rocky Handsome (2016)
2016ခုနှစ်ကထွက်ခဲ့တဲ့ သည်းထိပ်ရင်ဖိုအက်ရှင် ဇာတ်ကြမ်းကား ကြီးတစ်ကားနဲ့မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်းလေးက IMDb မှာ 6.7 ထိရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ဆိုင်ပိုင်ရှင် handsome သည် ဘေးအိမ်ခန်းရှိကလေးမလေး နှင့် ရင်းနှီးသည်ထက်ရင်းနှီးလာသည်။ ကလေးမလေး၏အမေသည် မူးယစ်ဆေးများသုံးစွဲရာမှ မူးယစ်ဂိုဏ်းများနှင့် အရှုပ်အရှင်းလုပ်မိကာ ကလေးမလေးအပေါ်သို့ အန္တရာယ်ကျရောက်လာပါတော့တယ်။ ထိုအန္တရာယ်တွေကိုကာကွယ်ဖို့ အပေါင်ဆိုင်ပိုင်ရှင်အဖြစ်ဇာတ်မြှုပ် နေနေသော အထူးစစ်သား Rocky တစ်ဖြစ်လဲ Handsomeထံကျရောက်လို့လာပါတော့တယ်။ ပရိသတ်ကြီးအကြိုက်တွေ့စေမယ့် ကြမ်းကြမ်းရမ်းရမ်း action ဇာတ်ကားတစ်ကားမို့ကြိုက်နှစ်သက်ကြမှာပါ :) ဘာသာပြန်ကတော့ ကိုအောင်ကျော်စို
movie
Rocky Handsome (2016)
2016
7.1
Gabbar is Back (2015)
Gabbar is Back (2015)_____IMDb - 7.1/10 IMDB 7.1 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့ အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ် ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ .... သူ့ကို ရဲတွေက ဖမ်းမိမှာလား လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို ...
movie
Gabbar is Back (2015)
2015
7.5
Undisputed 3: Redemption (2010)
ယခင်ဇာတ်ကားမှာ ယူရီဘွိုင်ကာတစ်ယောက်ခြေချိုးခံလိုက်ရပြီးနောက်မှာတော့ အိမ်သာဆေးရင်းနဲ့သာ သူ့ရဲ့ထောင်ထဲကအချိန်တွေကို ကုန်ဆုံးနေစေခဲ့ပါတယ်။ ထောင်တွင်းပြိုင်ပွဲအတွင်း အနိုင်ရနေတဲ့ချန်ပီယံက ဇောင်းကြွလာတဲ့အခါမှာတော့ သူသာလျှင်တကယ့်ချန်ပီယံဖြစ်ကြောင်း ယူရီဘွိုင်ကာတစ်ယောက် သက်သေပြဖို့ကြိုးစားပါတော့တယ် ။ ထိုပြိုင်ပွဲမှချန်ပီယံဖြစ်သွားတဲ့အခါ နောက်ထောင်တစ်ခုရဲ့ရှုံးထွက်ပြိုင်ပွဲတစ်ခုကိုပို့ဆောင်ခြင်းခံလိုက်ရတဲ့ အချိန်မှာတော့ ဘွိုင်ကာတစ်ယောက်အခက်အခဲပေါင်းများစွာကို စတင်ရင်ဆိုင်ရပါတော့တယ် (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size : 750 MB Quality : Bluray 720P Running Time : 1hr 36minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw
movie
2010
7.1
Undisputed 2: Last Man Standing (2006)
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မူးယစ်ဆေးမှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရပြီး ထောင်ထဲကိုရောက်သွားပါတယ်။ သူရောက်သွားတဲ့ထောင်ကတော့ ထောင်ကြိုးဝိုင်းတွေရဲ့ဘုရင် ယူရီဘွိုင်ကာရှိတဲ့ထောင်ပါပဲခင်မျာ။ စည်းပွားရေးသမားတွေရဲ့ လှည့်ကွက်တွေကြောင့် ယူရီဘွိုင်ကာနဲ့ ချိန်ဘာ သတ်ကွင်းထဲကိုရောက်ရှိလာတဲ့အခါမှာတော့ ..... (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size : 750 MB Quality : Bluray 720P Running Time : 1hr 38minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw
movie
Undisputed 2: Last Man Standing (2006)
2006
6.2
Undisputed (2002)
ထောင်တွင်းသတ်ကွင်းတွေအစပြုခဲ့ရာဇာတ်ကားတစ်ကားပါ။ နာမည်ကြီးကမ္ဘာ့ဟဲဗီးဝိတ်ဘောက်ဆင်ချန်ပီယံ ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မုဒိန်းမှုနဲ့စွပ်စွဲခံလိုက်ရပြီး ကန္တာရထဲမှာဆောက်ထားနဲ့ ဆွိဝါတာအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံလိုက်ရပါတော့မယ်။ ဆွိဝါတာအကျဉ်းထောင်ထဲမှာ ချန်ပီယံတစ်ယောက်ရှိနှင့်ပြီးသားကို ချိန်ဘာတစ်ယောက်သိရှိသွားပြီးနောက်မှာတော့ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းနိုင်ဘူးဆိုတဲ့စကားအတိုင်း ချန်ပီယံရာထူးကိုလုကြပါတော့တယ် အဆုံးသတ်မှာ ဘယ်သူက တကယ့်ချန်ပီယံဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size : 752 MB Quality : Bluray 720P Running Time : 1hr 34minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw
movie
Undisputed (2002)
2002
7.0
New Trial (2017)
တောင်ကိုရီးယားနိုင်ငံ မှာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ်လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခုက လျော်ကြေးငွေ ပြန်တောင်းပါတယ် ဒါကို စွပ်စွဲခံလူငယ်လေးရဲ့ အမေက ရှေ့ နေငှားဖို့ ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့ နေတစ်ယောက် နဲ့ ဆုံဖြစ်ခဲ့ကြပါတယ် အဲ့ဒီရှေ့ နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ ပဲ အမြင်မှန်ရလာကာ ရှေ့ နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့ အမှုသည်ရဲ့  နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ ကြိုးစားပါတော့တယ် ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ ရမလဲ သူ့ အမှုသည်ရဲ့ အမည်ဆိုးကိုကော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာ ပြန်သူကတော့ Scrn ဖြစ်ပါတယ်)File Size : 900 MB / 370 MB Quality : WEBDL ...
movie
New Trial (2017)
2017
6.3
Hacker (2016)
အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့ အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတ၀င်ရှိနေပါတယ်။ သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။ မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့ ၁၄ နှစ်အရွယ်လောက်ကတည်းက ခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။ သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့ သူအနှစ်နှစ်အလလ စုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။ အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီး အင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။ ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ၀င်ဖို့အကြံရသွားပါတယ်။ ဒီအဖွဲ့ထဲ ၀င်ဖို့ကတော့ မလွယ်ကူပါဘူး။ Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online ငွေကြေးလိမ်လည်မှုတစ်ခု လုပ်ပြနိုင်လို့ အောက်ဆုံးအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်။ ဒီအဖွဲ့ထဲ ၀င်ပြီး ...
movie
Hacker (2016)
2016
6.5
The Punisher (2004)
အက်ရှင်ကားကောင်းတွေကိုကြိုက်တက်တဲ့ CM Fans တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ Marvel Superhero Fans တွေအကြိုက်တွေတဲ့ The Punisher ဇာတ်ကားဖြစ်ပါတယ်။ဒါပေမဲ့ Superhero တစ်ယောက်မဟုတ်ပဲ သာမန် စေတနာ့ဝန်ထမ်း မကောင်းသူပယ် ကောင်းသူကယ် ၀န်ထမ်း တစ်ယောက် သာမန် လူတစ်ယောက်သာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... FBI ရဲ့ လျို့ဝှက်အေးဂျင့်တစ်ယောက်ဟာ သူ့မိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့ စီးပွားရေးသမားတစ်ယောက်ကို လက်စားချေရန် လိုက်ရှာရာမှ မကောင်းမှုတွေဖယ်ရှားသော စေသနာ့ဝန်ထမ်း သုတ်သင်ရှင်းလင်းရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူရှာနေသော သူ့ရန်သူတော်ကို လက်စားချေနိုင်မလား၊ လမ်းကြုံလို့ အမြင်မတော်တာတွေ ဖြေရှင်းရင်းမှ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလားဆိုတာကို ကြည့်ရှုလိုက်ကြပါစို့လားဗျာ။ Tariq L WalkerFile Size : 1GB / 350 MB Quality : 720P Running Time : 2hr Format : Mp4 Genre : Action, Crime, Drama Translator : Moonlight777 Encoder :Tariq L Walker Download ...
movie
The Punisher (2004)
2004
6.6
Master (2016)
imdb rating 6.6 အထိရရှိထားတဲ့ ကိုရီးယား အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ လီဗျောင်ဟွန်း ဂန်ဒုံဝန်း ဂင်ဝူဘင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ မှုခင်းဇာတ်လမ်းသွားမျိုးဖြစ်ပြီး လိမ်လည်မှုတွေကို စုံစမ်းထောက်လှမ်းတဲ့ပုံစံမျိုးနဲ့ပုံဖော်သွားတာပါ။ ဇာတ်လမ်းသွားကအကွက်ကျပြီး ရိုက်ကွက်တွေကအရမ်းမိုက်တဲ့အပြင် သရုပ်ဆောင်တွေကလည်း အရမ်းကောင်းလို့ လက်မလွတ်တမ်းကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ File Size : 1 GB Quality : HDRip 720P Running Time : 2hr 23minutes Format : Mp4 Genre : Action, Crime, Drama Encoder : Thanhtike Zaw
movie
Master (2016)
2016
6.4
Live by Night (2016)
Live by Night (2016)_____6.4/10 မင်းသားကြီး Ben Afflesk ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စိတ်တိုင်းကျ မင်းသမီးတွေရွေးချယ်ကာ ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဂန်းစတား အက်ရှင် ဇာတ်ကြမ်း ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် Ben Afflex ဦးဆောင်တဲ့Boston က ဂိုဏ်းစတားတွေဟာ ဖလောရီဒါမှာ ဆိုင်လာဖွင့် စီးပွားရှာရာမှ နယ်ခံ ဂိုဏ်းစတားတွေနဲ့ ညှိပြီး ခွပ်ကြရာမှ ဘယ်လိုတွေဆက်ခွပ်ကြမလဲဆိုတာကိုတော့ ဆက်လက် ရှူစားလိုက်ကြရအောင်လားဗျာ File Size : 0.99 GB Quality : Bluray 720P Running Time : 2hr 9minutes Format : Mp4 Genre : Crime, Drama Encoder : Thanhtike Zaw
movie
Live by Night (2016)
2016
6.1
Commando 2 (2017)
ကွန်မန်ဒို ဇာတ်ကားမှာ အက်ရှင်စတန့် အလန်းစားတွေနဲ့ ပရိတ်သတ်ရင်ထဲရောက်ရှိခဲ့တယ့် မင်းသားဗရွတ်ဂျမဝဲလ်က ဒီတခါလည်း အမှန်အကန် နောက်တကားနဲ့ ပရိတ်သတ်အရှေ့ ရောက်ရှိလာခဲ့ပါပြီ။ အိန္ဒိယ အစိုးရဟာ ငွေကြေးဖျက်သိမ်းရေး အစီစဉ်ကို အကောင်ထည်ဖော်ခဲ့ပြီး တနိုင်ငံလုံးမှာရှိတယ့် ငွေမည်းတွေအားလုံးကို ဖျက်သိမ်းခဲ့ပါတော့တယ့် ဒါပေမယ့် ပြည်ပမှာ ငွေမည်းကို ငွေဖြူအဖြစ်ခဝါချပြီး သိမ်ဆည်းထားတယ့် ပိုက်ဆံတွေကတော့ ရှိနေဆဲပါပဲ့ ဒီကိစ္စကို နောက်ကွယ်က လုပ်ကိုင်ပေးနေတယ့် ဗစ်ကီချန်ဒဟ်ကို မလေးရှားမှာ ဖမ်းမိခဲ့ပေမယ် မြို့တော်ဝန်ရဲ့သားကိုယ်တိုင်က ဒီထဲမှာ ပါဝင်ပတ်သက်နေလို့ တရားဝင်မကြေညာရဲပါဘူး မြို့တော်ဝန်က သူ့အစီစဉ်အတိုင်း သူ့စိတ်ကြိုက်လူတွေကို ရွေးပြီး ဗစ်ကီချန်ဒဟ်ကို အိန္ဒိယကို ပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒီအချိန်မှာတော့ အထူးတပ်သား ကရန်ဟာ မြို့တော်ဝန်အကြံတွေကို သိပြီး အဖွဲ့ထဲကို သူပါဝင်ခဲ့ပါတယ့် ဗစ်ကီချန်ဒဟ်ကို အိန္ဒိယကိုခေါ်လာနိုင်မလာ့း မြို့တော်ဝန်ရဲ့ အကြံတွေကော အောင်မြင်ပါ့မလာ့း ပြည်ပရောက်နေတယ့် ငွေမည်းတွေကကော ပြန်ရပါ့မလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ရှု့စားလိုက်ပါဦ့း ဇာတ်လမ်းတခုလုံးက လှည့်ကွက်အပြည့်နဲ့မို့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးဖြစ်ပါတယ်) File Size : 1GB Quality : Dvd Rip ...
movie
Commando 2 (2017)
2017
6.0
Commando (2013)
ဒီတခါတော့ Bollywoodပရိတ်သတ်တွေအတွက် အလန်းစား စတန့်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းလေးကို တင်ဆက်ပေးထားပါတယ်။ ဒီကားတွေရဲ့ မင်းသား ဗီရွတ်ဂျမာဝဲလ်က စတန့်ခန်းတွေကို ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယစစ်တပ်ရဲ့ အထူးတပ်သားတွေဟာ လေ့ကျင့်ရေးဆင်းရင်း မုန်တိုင်းမိပြီး တရုတ်နယ်စပ်မှာ လေယာဉ်ပျက်ကျခဲ့ပါတယ်။ တပ်သားတွေထဲက ကရန်ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းစီးခြင်းကိုခံခဲ့ရပြီး တရုတ်အစိုးရကလည်း သူ့ကို စပိုင်တယောက်လို့ထင်ပြီး အမျိုးမျိုးညဉ်းပန်းနှိပ်စက်ပြီး စစ်ကြောပါတော့တယ့် တဖက်မှာလည်း အိန္ဒိယအစိုးရက နိုင်ငံရေးပြသနာတွေတက်မှာစိုးလို့ သူ့ကို မကယ်တော့ပါဘူ့း တရုတ်လက်လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ့် ကွန်မန်ဒို တပ်သားကရန်ဟာ နယ်စပ်မှာ ဂိုဏ်းစတားတယောက်လက်က ထွက်ပြေးနေရတယ့် မိန်းကလေးတယောက်ကို ကူညီပေးလိုက်ရင်း ပြသနာအကြီးအကျယ်တတ်ပါတော့တယ်။ ဂိုဏ်စတားတွေလက်ထဲက မိန်းကလေးကို ကရန်တယောက် ဘယ်လိုကယ်တင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးပဲ ကြည့်လိုက်ပါတော့ အက်ရှင်ကြိုက် ပရိတ်သတ်တွေအနေနဲ့ လက်အလွတ်မခံသင့်ပါဘူ့း (ဘာသာပြန်သူကတော့ ကို စည်သူအောင်ပဲဖြစ်ပါတယ်) File Size : 900 MB Quality : Bluray 720P Running Time : 1hr 54minutes Format : Mp4 Genre : Action, Crime,Drama Encoder : Thanhtike Zaw
movie
Commando (2013)
2013
7.2
Trash (2014)
Trash (2014) IMDb - 7.2/10_____Rotten - 66% Trash (2014) Crime /Drama ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမှိုက်ပုံက ဇာတ်လမ်းတစ်ပုဒ်… အမှိုက်ပုံမှာစပြီး ဘယ်မှာဆုံးမယ်ဆိုတာတော့….ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်တွေကတော့ အမှိုက်ပုံက ပြန်အသုံးဝင်မယ့် ရောင်းလို့ရမယ့် ပစ္စည်းလေးတွေကို ရှာဖွေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက်(၁၄)နှစ်အရွယ် Raphael, Gardo, နဲ့ Rat လို့ အမည်ရတဲ့ ကောင်လေး(၃)ယောက်ပါ။Raphael, Gardo, နဲ့ Rat တို့ဟာ တစ်မြို့လုံးရဲ့ အမှိုက်များလာရောက်စုပုံရာ အမှိုက်ပုံ အနီးအနားမှာ ကျူးကျော်နေထိုင်လျက်ရှိကြတဲ့ မိသားစုတွေ အိမ်ခြေမဲ့တွေ အောက်ခြေလူတန်းစားတွေထဲက ကလေးတွေပါ..Jose Angelo - သူက အသက် (၉)နှစ်အရွယ်ရှိတဲ့ Pia လို့အမည်ရတဲ့ ကလေးမလေးရဲ့ ဖခင်တစ်ဦး သူ့သမီးလေးရဲ့ အခေါင်းကို ဂူသွင်းပြီး အိမ်အပြန်အလာ.. အကြောင်းတစ်ခုကြောင့် ရဲတွေရဲ့ လက်က လွတ်မြောက်အောင်ထွက်ပြေးရင်း မလွတ်နိုင်တဲ့အဆုံး .. သူ့ရဲ့ ပိုက်ဆံအိတ်ကို ...
movie
Trash (2014)
2014
6.8
Flash Point (2007)
Flash Point (2007) IMDb - 6.8/10_____Rotten - 40% 2007 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသားကြီး ဒယ်နီယန်း ရဲ့ အက်ရှင် ဇာတ်ကြမ်းကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် IMDb မှာတော့ 6.8 ထိရရှိထားပြီး R rated ပေးထားတယ် ဆိုတော့ အသတ်အပုတ်တွေ သွေးထွက်သံယိုခန်းတွေ မနည်းမနောကြီး ပါနေလို့ပဲဖြစ်မယ်ထင်ပါတယ်ဗျပြီးတော့ ဗီလိန်နေရာမယ်သရုပ်ဆောင် တွေကလဲ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား ဆိုတော့ ကောင်းမကောင်း သိပြီးသားဖြစ်မှာပါဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗီယက်နမ် တရုတ်ဂိုဏ်းကြီးကိုဖြိုခွဲဖို့ အင်စပက်တာ Ma Jun ဟာ ဂိုဏ်းခေါင်းဆောင် ညီအစ်ကို၃ယောက်ကို ဖမ်းဆီးရာမှာ အစ်ကိုအကြီးဆုံး ဖြစ်သူ Wei Cha ဟာအဖမ်းခံ ခဲ့ရပါတယ် ဒီလိုနဲ့ wei cha ရဲ ့ ရီးစား Qui Di ဟာသက်သေခံဖို့ သဘောတူလိုက်ရာမှ ကောင်မလေး ကအသက်အန္တရာယ်ရှိလာတဲ့အခါမှာတော့ တရားမျှတမူအတွကဘယ် လိုတွေဆက်လက် ဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဘာသာပြန်ကတော့ကျော်မျိုးသူပါ File Sise - 748 MB Quality - Blu-Ray Rip 720p Format - mp4 Duration - 01:28:00 Translator - Kyaw Myo ...
movie
Flash Point (2007)
2007
6.6
Kiss of the Dragon (2001)
movie
Kiss of the Dragon (2001)
2001
7.6
The Ghazi Attack (2017)
IMDb rating 8.3 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် စစ်ကားကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်တော့ လက်လွတ်မခံ သင့်တဲ့ဇာတ်ကားကြီး တစ်ကား ဖြစ်ပါတယ်ဗျပြီးတော့ ဒီဇာတ်ကားက အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံကြားက ဖြစ်ရပ်မှန် သမိုင်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းလေး ကတော့ 1971 မှာ အိန္ဒိယ နဲ့ ပါကစ္စတန် စစ်ဖြစ် ကြတဲ့အခါမှာ ပါကစ္စတန်ရေတပ်က ပါကစ္စတန်အရှေ့ပိုင်းကနေ ၀င်ရောက် တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားပင်လယ်ထဲကို ၀င်ရောက်ဖို့လိုလာပါတယ် အဲ့သည်အချိန်မှာပဲ အိန္ဒိယ ရေတပ် INS Karanji (S21) ဟာ ဘင်္ဂလားပင်လယ်အော်ထဲ မှာ ကင်းလှည့်စောင့်ကျပ်နေပါတယ် ဒီလိုနဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားပင်လယ်ထဲ ၀င်ရောက်ဖို့ INS Karanji (S21) ကိုတိုက်ခိုက်ဖို့ PNS Garzi ကိုလွတ်လိုက် တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြကြမလဲဆိုတာကို ဆက်လက်ကြည့် လိုက်ကြပါတော့ဗျာ ......................။ (အခုကားကို VLC player နဲ့သာကြည့်ကြဖို့ သတိပေးလိုက်ပါရစေဗျာ) ဘာသာပြန်သူကတော့ Linn Thura ဖြစ်ပါတယ်ဗျ ။
movie
The Ghazi Attack (2017)
First
127
128
129
130
131
Last
Previous
Next