Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
7.6
Breathless (2008)
breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။လူသားစာမျက်နှာကြီီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ ...
movie
Breathless (2008)
2008
7.2
Sunflower (2006)
Sunflower (2006)_____IMDb - 7.2/10 ကိုရီးယားကားတွေကြည့်ရင်းခုတစ်လောမှ သတိထားမိတဲ့အကြောင်းတွေရှိတယ် သူတို့ဇတ်ကားတော်တော်များများမှာ ပုစ္ဆာလေးတွေ မေးခွန်းလေးတွေ မြှုတ်ကွက်လေးတွေနဲ အထက်ပါအကြောင်းအကြောင်းအရာများကြောင့် ဆွဲဆောင်မှုအရမ်းကောင်းတယ် ကြည့်ရှုသူပရိတ်သတ်ကို စဉ်းစားစေရင်း ခံစားစေရင်း မျှော်လင့်စေရင်းနဲ့ ဇတ်သိမ်းပိုင်းထိဆွဲခေါ်သွားတယ်.... ဒီကားကတော့ ဇတ်အိမ်လည်းကောင်း မင်းသားကလည်း ဟားဗတ်ဇတ်လမ်းတွဲနဲ့လူသိများတဲ့ မင်းသားကြီး Rae-won Kim ကအဓိကသရုပ်ဆောင်ထားတယ် ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ.... တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်...လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့ လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲ သူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့...တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခုဆောက်ချင်လို့ပါပဲ.... ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရော ဘယ်လိုပတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးခံစားကြည့်လိုက်ပါဦး တစ်ခုတော့ကြိုပြောပါရစေ ကြည့်ပြီးရင်တော့ ခင်ဗျားမှာနှလုံးသားရှိသေးသားပဲဆိုတာ ...
movie
Sunflower (2006)
2006
6.9
Legend (2015)
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie
Legend (2015)
5.9
P2
ဒီကားမှာတော့ မင်းသမီးချော Rachel Nichols အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် သူ့မှာဟာ လုပ်ငန်းရှင်တစ်ဦးပီပီ အလုပ်များပါတယ်..နှစ်သစ်ကူးရက်ရောက်တော့ ဘယ်လိုပင်အလုပ်တွေရှုတ်နေပါစေ မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ အလုပ်ပြန်နောက်ကျတဲ့အပြင် ပြန်ဖို့ကားကလည်း ပျက်နေတယ် အဆောက်အဦး လုံခြုံရေးက လိုက်လံကူညီပေးပေမဲ့ ပြန်ဖို့အဆင်မပြေဖြစ်နေတယ်...နောက်ဆုံး သူ့ကို ကူညီပေးတဲ့ လုံခြုံရေးဝန်ထမ်းက စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်နေတော့ သူမ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုရင်တစ်ဖိုဖိုနဲ့စောင့်ကြည့်လိုက်ပါဦး.......... File Size…(699MB) Quality…BluRay 720p Format…mp4 Duration…01:38:00 Encoder…Phyo Pyae Translated by John La Young
movie
P2
2007
5.4
Wolf Warrior (2015)
ဒီနေ့ အတွက်တော့ အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမဝင် ဘိန်း ထုတ်တဲ့ စက်ရုံကို ဝင်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက် ဆုံခဲ့ပါတယ်။ဘိန်းရာဇာက ဓားစာခံ တစ်ယောက်ကို အကာအကွယ် ယူရင်း အထူးတပ် ဖွဲ့ဝင်တစ်ယောက်ကို သေနတ် နဲ့ ပစ်ခဲ့တာကြောင့် လန်ဖန် က အထက် အမိန့် ကို မစောင့်ဘဲ ကိုယ့် သဘော နဲ့ ကိုယ် ဘိန်းရာဇာကို သေနတ်မှန်အောင်လုပ်ခဲ့ပါတယ်။အမိန့် မနာခံမှု နဲ့ လန်ဖန် တစ်ယောက် အထူးရဲ တပ်ဖွဲ့က ...
movie
Wolf Warrior (2015)
2015
5.5
Good People (2014)
မစ္စတာ တွမ် နှင့် မစ္စစ် တွမ် အဖွားဆုံးလို့ မိသားစုအမွေရပြီး ချီကာဂိုကနေ လန်ဒန်ကိုပြောင်းလာတယ် ။ နယ်မြေသစ်မှာ သူစိမ်းတွေဆိုတော့ အလုပ်အကိုင် မယ်မယ်ရရ မရှိဘူး ။ တွမ်က အိမ်ဆေးသုတ်ပြီး လက်သမားအလုပ် လိုက်လုပ်ပေမယ့် အိမ်ငှားခတောင် မပေးနိုင်တော့ဘူး ။ဝင်ငွေ မလောက်ငှလို့ အစားကောင်း မစားနိုင်တဲ့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါ ဆူရှီပဲ လုပ်စားနေရတယ် ။ အိမ်ခန်းပိုင်ရှင်က အခန်းကနေ ထွက်ပေးဖို့ သတိပေးစာတွေပို့နေတယ် ။တစ်နေ့ သူတို့အောက်ထပ် မြေအောက်ခန်းမှာ ငှားနေတဲ့ လူက တီဗွီ အသံအကျယ်ကြီးဖွင့်လို့ တွမ်က ဆင်းပြောတဲ့ အခါ အဲဒိလူ သေဆုံးပြီး ပုတ်ပွနေတာကို တွေ့ရတယ် ။ ရဲကိုအကြောင်းကြားပြီး အလောင်းကို အပ်လိုက်ပေမယ့် သူ့အခန်းထဲက ပေါင်ငွေ ၂ သိန်းကျော်ပါတဲ့ အိတ်ကို တွမ်တို့ လင်မယားက ဝှက်ထားလိုက်တယ် ။သေသွားတဲ့ မြေအောက်ခန်းက လူက ...
movie
Good People (2014)
2014
7.5
Who Killed Cock Robin (2017)
မှုခင်းကားကြည့်ချင်သူများအတွက် သဲထိတ် ရင်ဖို စွာနဲ့ကြည့်ရမယ့်ဇာတ်ကားကောင်းတခုပါဇာတ်အိမ်ဆောက်ထားတာအတော်ခိုင်တဲ့ဇာတ်ကားတစ်ကားပါဇာတ်ကားရဲ့နာမည်အတိုင်း အမေဖြစ်သူက သမီးရဲ့အမှုအမှန်တရားကို ဖော်ထုတ်ပြတာကိုကြည့်ရမှာပါဇာတ်လမ်းပြီးသွားချိန်မှာတော့ "အော်အဲ့လိုမျိုးလား" ဆိုပြီးဖြစ်သွားစေတဲ့ဇာတ်ကားမျိုးပါ ဇာတ်သိမ်းလုံးဝ မှန်းလို့မရပါဘူးဇာတ်လမ်းကြည့်ရတာမပေါ့ရအောင် နည်းနည်းလေးပဲပြောတော့မယ်ဗျာဇာတ်လမ်းကတော့ ဂျိုချန် ဆိုတဲ့လူတယောက်က မြို့တော်ဝန်ဖြစ်ဖို့ရွေးကောက်ပွဲဝင်ထားတာပေါ့ သူ့မှာ မိန်းမရယ် သမီးရယ်ရှိတယ်ဗျာသူပထမဆုံးမဲဆွယ်ပွဲစတဲ့နေ့မှာ သူ့သမီးပျောက်သွားခဲ့တယ် မိန်းမက လိုက်ရှာချင်ပေမဲ့ သူကတားပြီး မဲဆွယ်ပွဲကို ဆက်လုပ်ခဲ့တယ်ရဲတွေကလည်း သမီးပျောက်တာကို သေချာမလုပ်ပေးကြဘူး ဒီတော့ အမေဖြစ်သူက သမီးအမှုကို ကိုယ်တိုင်လိုက်စုံစမ်းတော့တယ်ဗျာသူမ စုံစမ်းတာ ဘာတွေတွေ့မလဲ?သူမ သမီးလေးကိုရော ပြန်ရှာတွေ့မလား ?သူမ ဒီအမှုကို အဖြေရှာနိုင်မလား?တကယ့် တကယ်ကောင်းတဲ့ဇာတ်လမ်းလေးပါကျွန်တော်ကတော့ ဇာတ်ကားထဲမျောသွားတာ ပြီးလို့ပြီးသွားမှန်းကိုမသိလိုက်ဘူးဗျာကြည့်မဲ့သူများ နောင်တမရဖို့ လုံးဝအာမခံပါတယ် (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (900 MB) and (300 MB) Quality : 720pBluray Running ...
movie
Who Killed Cock Robin (2017)
2017
5.7
Skin Trade (2014)
ဗစ်တာ ဒရာဂိုဗစ် ဆိုတဲ့ ဆာ့ဗ် လူမျိုး တစ်ယောက်ရှိတယ် ။ အရင်တုန်းက သူက ဆားဗီးယားနိုင်ငံသား အခုတော့ သူက ရုရှားနိုင်ငံသား ဖြစ်နေပြီ ။ သူ့ကိုယ်ပိုင် စီးပွားရေးက အရှေ့ဥပရောပနဲ့ အာရှမှာ လောင်းကစားရုံနဲ့ ဟိုတယ်တွေ ပိုင်ဆိုင်တယ် ။ဒါပေမယ့် နောက်ကွယ်က သူ့အဓိက စီးပွားရေးက လူကုန်ကူးတာပဲဖြစ်တယ် ။ ဒရာဂိုဗစ်က အရှေ့တောင် အာရှက ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတယ် ။ ပြီးတော့ သူက အဲဒိမိန်းကလေးတွေကို ဥရောပကို သယ်လာပြီး ကမ္ဘ္ဘာအနှံ့ကို ရောင်းချတယ် ။ ဒရာဂိုဗစ်ဟာ အဲဒိလုပ်ငန်းကနေ တစ်နှစ်ကို ဒေါ်လာသန်းချီ ဝင်နေတယ် ။ဒီလို လူကုန်ကူးမှုကို အမေရီကန်ကလည်း တားဆီးချင်တယ် ။ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားတို့ကလည်း တားဆီးချင်ကြတယ် ။ ထိုင်းရဲ အမေရီကန် FBI ...
movie
Skin Trade (2014)
2014
4.9
The Missing (2017)
အခုတစ်ခါတော့ အသစ်ထွက် ဟောင်ကောင်စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက သဲထိပ်ရင်ဖို ကြိုက်နှစ်သက်သူတွေခပ်ကြမ်းကြမ်း အက်ရှင် ကို ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မယ် ကားလေးပါဇာတ်ကားလေးက ၂၀၁၇ ဧပရယ် တစ်ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ကလေးခိုးဂိုဏ်းတစ်ခုဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှောင်ခိုရောင်းစားဖို့ အတွက် ကလေးတွေကို ခိုးယူပြီး ကလေးတွေဆီကနေ ဖြတ်တောက်ထုတ်ယူပြီး ရောင်းစားပါတယ် ဒီလိုနဲ့ တစ်ရက်မှာ ကံဆိုးစွာနဲ့ပဲ ရဲတစ်ယောက်ရဲ့ သားသမီးကို ခိုးယူမိတဲ့ အခါမှာတော့ ကလေးခိုးဂိုဏ်းက ကံကြမ္မာငင်ပါတော့တယ် ကဲ ကလေးခိုးဂိုဏ်းကို အောင်မြင်စွာဖော်ထုတ်နိုင်မှာလား ဒါမှမဟုတ် ကလေးကို လက်လွတ်လိုက်ရမှာလား ဆိုတာကိုတော့ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာဟောင်ကောင်စုံထောက်ကားတွေ ထုံးစံအတိုင်း အသေကြမ်းတာမို့ အက်ရှင်ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားလေးပါပြီးတော့ မင်းသမီးလေးတွေကလည်း ချောတာမို့ ပြောနေစရာမလိုတော့ဘူးပေါ့ဗျာ :Pဘာသာပြန်ကတော့ Real YNWA ဖြစ်ပါတယ်
movie
The Missing (2017)
2017
6.6
16 Blocks (2006)
ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ်ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့ စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲအချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလားဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် (ဘာသာပြန်သူ ကတော့ ကိုမင်းသက်ဦး ပါ ) File Size : (750 MB) and (300 MB) Quality : Bluray720p Running Time ...
movie
16 Blocks (2006)
2006
7.2
Rangoon (2017) [Tamil]
IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။----------------------------------------Rangoon ဆိုတဲ့ ကုလားကား။၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။ အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့...မိုးရေး-တမူးနယ်စပ်ကနေ တဆင့် ဝင်လာခဲ့တယ်။ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ...ရန်ကုန်က သူတို့ ပို့ရမယ့် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။ဒါပေမယ့်..ရန်ကုန် က သူတို့တည်းတဲ့ ဟိုတယ်ကနေ ပြန်အထွက်မှာ..မြန်မာရွှေကုန်သည်ဘက်က လက်ငငး် ချေလိုက်တဲ့ ငွေသား သိန်း ၆၀၀ ပါတဲ့အိတ်ထဲမှာ စက္ကူတွေချည်းဖြစ်နေတဲ့အခါ.....ဇာတ်လမ်းကတော့ ...
movie
Rangoon (2017) [Tamil]
2017
6.9
Kaho Naa… Pyaar Hai (2000)
ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ...
movie
Kaho Naa… Pyaar Hai (2000)
2000
6.8
New York (2009)
တခါတလေတော့လည်း တချို့အဖြစ်ပျက်တွေက ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်တော့အာလုံးကမှန်နေကြတာပါဘဲ။ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံကို အိန္ဒိယကနေ စကော်လာရှစ်ဆုရလို့ ကျောင်းလာတက်တဲ့ကောင်လေး အိုမာ (Neil Nitin Mukesh) သူ့ရဲ့ပထမဆုံး ပြည်ပကိုထွက်ဖူးတာပါ။ နယူးယောက်ကော်လိပ်မှာရောက်တော့ မာရာ(Katrina Kaif) တို့ ဆမ်း(John Abraham) တို့နဲ့သူငယ်ချင်းတွေဖြစ်လာကြပါတယ်။ သူတို့ရဲ့အိမ်မက်တွေကို ပုံဖော်ဖို့ စိတ်အားထက်သန် နေကြတဲ့အချိန်လေးပေါ့။ သူ့တို့သူငယ်ချင်းသုံးယောက်ရဲ့ပျော်ရွှင်မှုတွေ၊အိမ်မက်တွေကို ဖျက်ဆီးပစ်မယ့်အရာပေါ်လာပါတော့တယ်။ 9/11 ဆိုတဲ့ World Trade Center ကြီးကို အကြမ်းဖက်မှုကြီးတစ်ခုအပါဝင်ပေါ့။ "ငါခုံးမတစ်ကောင်ကြောင့်တလှေလုံးပုတ်" ဆိုတဲ့အတိုင်း ရဲတွေကမသင်္ကာတဲ့လူမှန်းသမျှ အကုန်ဆွဲစိကြတာပေါ့။ ပြီးတော့ နည်းမျိုးစုံနဲ့နှိပ်စက်၊ စစ်မေးတာပေါ့ ဘယ်သူ့ကိုအမှုပတ်မလဲ....... နောက်ပြီး ပြန်လွှတ်လာတော့သူတို့ရဲ့ဘ၀တွေအရင်လိုလှပနိုင်ပါမလား? နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ဘဲကြည့်ရှုကြပါ။ သရုတ်ဆောင်ပိုင်းအရမ်းကောင်းတဲ့ Ifra Khan က FBI အေးဂျင့်အဖြစ်နဲ့ ပါဝင်ထားတာပါ။ သူငယ်ချင်းသံယောဇဉ်တွေ 9/11 ပြီးတော့ရွှေ့ပြောင်းအခြေချနေထိုင်တဲ့အိန္ဒိယသားတွေအပေါ်ဆက်ဆံမှုတွေကို ဇာတ်ရှိန်အတက်အကျ၊ရင်တမမနဲ့ကြည့်ရှုရမှာပါ။ (ဘာသာ ပြန် နဲ့ အညွန်းကတော့ ကို Min Zin Thant ဖြစ်ပါတယ်။) File Size ...
movie
New York (2009)
2009
6.6
The Prison (2017)
2017 ခုနှစ်ထွက် IMDb 6.5 ရထားတဲ့ ကိုရီးယား အက်ရှင် သဲထိပ်ရင်ဖို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက တော့ ထောင်ထဲမှာ တွေ့ကြုံရတဲ့ မသမာမူတွေ ငွေအင်အားနဲ့ အနိုင်ယူမူတွေ အာဏာနဲ့ ရက်စက်မူတွေကြောင်း ထောင်ထဲမှာ အစောင့်တွေရဲ့ မျက်နှာ လိုက်မူတွေ ကို အသားပေးရိုက်ကူး ပြထားပြီး အကျဉ်းသားတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံ အခက်အခဲ နဲ့ ထောင်ထဲမှာအသက်ရှင်ဖို့ ရုန်းကန် ရပုံတွေကိုကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိဟောင်း တစ်ယောက်ဟာထောင်ထဲက ရာဇ၀တ်မူတွေကိုဖ်ေထုတ်ဖို့အတွက် အကျဉ်းထောင်ထဲ သို့ဝင်လာခဲ့ပြီး သူကိုယ်တိုင် ည အချိန်မှာ အကျဉ်းသားတွေရဲ့ ရာဇ၀တ်မူတစ်ခုကိုကြုံတွေ့ရပြီး သက်သေတွေဖျောက်ဖျက်ခံ လိုက်ရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာဘာသာပြန်ကတော့ Saw Wanna ဖြစ်ပါတယ်ဗျ :)
movie
The Prison (2017)
2017
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017
6.6
S.W.A.T. Under Siege (2017)
SWAT ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ အထူးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လိုအပ်တဲ့အရေးပေါ်စစ်ဆင်ရေးတွေ ကယ်ဆယ်ရေးတွေကို လုပ်ကိုင်ပေးနေရတဲ့ အထူးတပ်ဖွဲ့ပါ။ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက်ခံစားနေတုန်း တပ်ဖွဲ့ဝင်တွေကို ပြန်လာဖို့လှမ်းခေါ်ခံရပါတယ်။ သူတို့လုပ်ရမယ့် စစ်ဆင်ရေးကတော့ DEA မူးယစ်နှိပ်နှင်းရေးအဖွဲ့က ကုန်တင်ကုန်ချ ဆိပ်ကမ်းဆိပ်အဟောင်းတစ်ခုမှာ မူးယစ်ဆေးဝါးတွေအများဆုံးပါတဲ့ ကွန်တင်နာတစ်ခုရောက်လာတယ်လို့ သံသယဖြစ်လို့ သွားစစ်ဆေးမယ့်နေရာကို လုံခြုံရေးလိုက်ပါထိန်းသိမ်းပေးရင်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများစုက သာမန်စစ်ဆင်ရေး ပေါ့ပေါ့ပါးပါးပြီးသွားမယ်ထင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ပွဲကပြင်းထန်ခဲ့တယ်။ သူတို့ မူးယစ်ဆေးလို့ ထင်ခဲ့တဲ့ကွန်တင်နာထဲမှာ ပါလာတာကတော့ ကင်းမြီးကောက်ပုံတက်တူးကြီးနဲ့ ဗလတောင့်တောင့် လူမဲတစ်ဦးပဲ ပါလာပါတယ်။ သူတို့နဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တဲ့ DEA ကလူတွေလည်း တိုက်ပွဲကျသွားလို့ သူတို့ပဲ ဒီမဟေဠိဆန်တဲ့လူကို ခေတ္တထိန်းသိမ်းထားရဖို့ ဖြစ်လာပါတယ်။ ဒီလူကို စစ်မေးရင်းနဲ့ သူ့ခေါင်းထဲမှာ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်တယ်လို့ သိလာရပြီး သူ့ကိုလိုချင်နေတဲ့လူတွေကလည်း များလှပါတယ်။ သူတို့ တပ်ဖွဲ့ထဲမှာလည်း အပြင်ကို သတင်းပေးတဲ့သစ္စာဖောက်တစ်ယောက်လည်း ရှိနေတယ်လို့ သိလိုက်ရတယ်။ -ဒီလူ့ဆီမှာပါတဲ့ ကမ္ဘာကိုမီးဟုန်းဟုန်းတောက်အောင်လုပ်နိုင်မယ့်အချက်ဆိုတာ ဘာများလဲ - ...
movie
S.W.A.T. Under Siege (2017)
2017
6.4
Extraordinary Mission (2017)
ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie
Extraordinary Mission (2017)
2017
6.3
Assassins (1995)
Assassins (1995)_____IMDb - 6.3/10 ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့..... ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
movie
Assassins (1995)
1995
6.6
Going in Style (2017)
Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie
Going in Style (2017)
2017
First
125
126
127
128
129
Last
Previous
Next