Channel Myanmar

Crime

A Wednesday! (2008) 8.1
A Wednesday! (2008) A Wednesday! (2008) IMDb- 8.1/10_____Rotten - 89%   "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A ...
movie

A Wednesday! (2008)

2008
Detective K: Secret of the Lost Island (2015) 6.3
Detective K: Secret of the Lost Island (2015) Detective K: Secret of the Lost Island (2015)____IMDb - 6.3/10    ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ ... အဲ့အချိန်က ဂျိူဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ...
movie

Detective K: Secret of the Lost Island (2015)

2015
Detective K: Secret of the Living Dead (2018) 6.1
Detective K: Secret of the Living Dead (2018) Detective K: Secret of the Living Dead (2018)____IMDb - 6.1/10   CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Detective K: Secret of the living dead"ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ "Descendants of the Sun" "Fight for my way"စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိူးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး... အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်... သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်... ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက ...
movie

Detective K: Secret of the Living Dead (2018)

2018
Vampire Cop Ricky (2006) 5.4
Vampire Cop Ricky (2006)  ၂၀၀၆ ခုနှစ်​ကထွက်​ရှိထားတဲ့ Action / Comedy ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက ဟာသဆန်​ဆန်​နဲ့ အလွဲ​တွေလုပ်​တတ်​တဲ့ ရဲစုံ​ထောက်​ကြီးကို ​နောက်​ခံထားရိုက်​ထားတာဖြစ်​ပြီး​တော့ ကြည့်​ဘူးသမျှ ကိုရီးယားကား​တွေထဲမှာ သ​ဘောကျမိတဲ့ ဇာတ်​ကား​လေးတစ်​ကားလဲဖြစ်​ပါတယ်​ မင်းသားအဖြစ်​ Su ro Kim ကပါဝင်​သရုပ်​​ဆောင်​ထားပြီး သူ့ကို စတင်​သိကျွမ်းခဲ့တာက​တော့ Tae Gauk Gi ဆိုတဲ့ကိုရီးယားစစ်​ကားမှာ ရင်းနှီးခဲ့တာပါ မင်းသမီးက​တော့ Yoo Jeong Hee ဖြစ်​ပြီး​တော့ သူ့ကို စတင်​သိခဲ့တာက​တော့ ဂျွန်​​စောနဲ့ ရိုက်​ကူးထားတဲ့ Obsession ဆိုတဲ့ 18+ ကားနဲ့ Servant ဆိုတဲ့ ၂ကားမှာ ရင်​နှီးခဲ့တာပါ မင်းသမီးရဲ့ ကြာဆန်​ဆန်​ အကြည့်​​လေး​တွေနဲ့ သူ့ရဲ့မထိတထိ ချစ်​စရာအမူအရာ​လေး​တွေ​ကြောင့်​ အ​သေ သ​ဘောကျမိခဲ့တဲ့မင်းသမီးပါကဲ ဇာတ်​လမ်း​လေးအကျဉ်း​လေးဖက်​ကို သွားလိုက်​ရ​အောင်​ ဇာတ်​လမ်း​လေးက ​သွေးစုပ်​ဖုတ်​​ကောင်​တို့​ပျော်​မြူးရာ Transylvania ကခြင်​တစ်​​ကောင်​ဟာ ​တောင်​ကိုရီးယား Souel ကို​ရောက်​လာပြီး ​သောက်​တလွဲစုံ​ထောက်​ကြီး Ricky ကို အမှုလိုက်​​နေတုန်းမှာ ...
movie

Vampire Cop Ricky (2006)

2006
Small Town Crime (2017) 6.6
Small Town Crime (2017) အလုပ်တစ်ခုကို ပုံမှန်လုပ်နေပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ဆိုးကြိုးတွေများနေရင်တော့ ရလဒ်ကမကောင်းပါဘူးရဲအရှိ မိုက်တစ်ယောက်လည်းဒီလိုပဲ...ဖြစ်ရပ်တစ်ခုမှာ ဆိုးကြိုးတွေများတဲ့အတွက်ကြောင့် ကြီးမားတဲ့​ပေါ့ဆမှုလို့ခေါင်းစဉ်တပ်ခံလိုက်ရပြီး တာဝန်​ကရပ်​ဆိုင်းခံလိုက်ရတယ်....သူဟာ အရပ်သားဖြစ်ပြန်ပြန်တော့ အပြင်လောကမှာ သိပ်အံမ၀င်ချင်...ရဲဝန်ထမ်းကောင်းမဟုတ်တောင်မှ သူဟာ ဆိုးယုတ်မှုတွေကိုမျက်ကွယ်ပြုတ်တတ်သူမဟုတ်..ဒီလိုနဲ့ ပြည့်​တန်​ဆာမ​လေးတစ်​​ယောက်​ အသတ်​ခံရတဲ့အမှုမှာ ဝင်​ပတ်​သက်​မိသွားတယ်...သူပတ်သက်မိတဲ့ လူသတ်မှုနောက်ကွယ်မှာ မဟာအရှုတ်တော်ပုံကြီးရှိနေတာ အသိနောက်ကျသွားတယ်...ကိုင်း သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အမိုက်စား actionခန်းတွေ စွန့်စားခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ပါဦး။ ။ File Size : (750 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre :Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-MT Translated by Lex Luthor Encoded by [email protected]
movie

Small Town Crime (2017)

2017
Simran (2017) 5.2
Simran (2017) Simran (2017) IMDb - 5.2/10_____Rotten - 70%    Simranရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Imdb rating 5.2 ရရှိထားပြီး Kangana Ranaut,Sohum Shah,Hiten Kumar တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ပရိသတ်တို့သာ ငွေကြေးအခက်အခဲ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။ မုန့်ဖိုးလိုတာဆိုရင်တော့ အလုပ်ခဏထွက်လုပ်ရုံပဲလေ။ ခုကားမှာကျတော့ ကိန်းကြီး လိုအပ်နေတာဗျ။ ပြီးတော့ ဒီကားမှာက အိမ်ထောင်ကွဲအမျိုးသမီးဆိုတော့ငွေလိုလာတဲ့အခါ တော်တော် ဒုက္ခတိုးရတယ်ဗျာ။ အဲ့လိုနဲ့ လမ်းမှားရောက်ပြီး လမ်းပျောက်သွားတဲ့ မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းက ဘဝသရုပ်ဖော် ပီသလာတယ်ဗျာ။ ဇာတ်လမ်းကလည်း တစ်ခန်းပြီးတစ်ခန်း ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် ကားလေးပါ။    ဇာတ်လမ်းအကျဉ်းကတော့ ကွာရှင်းထားတဲ့တစ်ခုလပ်တစ်ယောက်ဖြစ်သူ Pratful Patel ဟာ မိဘတွေနဲ့အတူနေထိုင်ရင်း သူမပိုင်အိမ်တစ်လုံးဝယ်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီး Las Vegas ကိုထွက်သွားပါတော့တယ်။ Las Vegasမှာ လောင်းကစားလုပ်ရင်း အစပိုင်းမှာအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာအရှုံးကြီးရှုံးပါတော့တယ်။ တဖြည်းဖြည်းနဲ့လောင်းကစားစွဲသွားတဲ့သူဟာ ရှိသမျှပိုက်ဆံအကုန်ကုန်ရုံတင်မက ငွေတိုးချေးစားတဲ့သူတွေဆီကနေပိုက်ဆံချေးလောင်းကစားလုပ်ခဲ့ပါတယ်။ အကုန်ရှုံးပြီးတဲ့နောက်မှာ အကြွေးပြန်ဆပ်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့သူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီကြားထဲ အကြပ်အတည်းဆိုက်နေတဲ့သူမဟာ အချစ်သစ်နဲ့ဆုံစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့သူ တစ်ကယ်ပဲ အချစ်သစ်နဲ့လက်တွဲသွားရမှာလား...... သူမလုပ်ခဲ့တဲ့ဒုစရိုက်မှုတွေပေါ်သွားမှာလား..... အဆုံးသတ်မှာ ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာ ပရိသတ်တွေပဲကြည့်လိုက်တော့နော်    File Size : (900 ...
movie

Simran (2017)

2017
Cinderella the Cat (2017) 7.0
Cinderella the Cat (2017) ဒီတစ်​ခါမှာ​တော့ ကာတွန်းကားချစ်​တဲ့ပရိတ်​သတ်​​တွေအတွက်​ Cinderella the Cat ဆိုတဲ့ ကာတွန်းကား​လေးနဲ့တင်​ဆက်​​ပေးလိုက်​ပါတယ်​။ဒီဇာတ်​ကား​လေးက​တော့ ​အောင်​မြင်​​ကျော်​ကြားခဲ့တဲ့ စင်​ဒရဲလားနဲ့​ရွှေဖိနပ်​ပုံပြင်​​လေးကို အ​ခြေခံပြီး ဇာတ်​ကွက်​အသစ်​​တွေနဲ့ ပြန်​လည်​တင်​ဆက်​ထားတဲ့အီတလီကာတွန်းဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။ဇာတ်​လမ်း​လေးရဲ့ အကျဉ်းက​တော့.....အီတလီနိုင်​ငံ၊ ​နေပယ်​စ်​ ဆိုတဲ့ဆိပ်​ကမ်းမြို့​လေးမှာ အသက်​ရွယ်​2နှစ်​သာရှိ​သေးတဲ့စင်​ဒရဲလား​လေးရဲ့ဖခင်​ဖြစ်​သူဟာ ​အောင်​မြင်​​ကျော်​ကြားတဲ့သိပ္ပံပညာရှင်​တစ်​​ယောက်​ဖြစ်​ပြီး​တော့ အဲ့ဒီဆိပ်​ကမ်းမြို့​လေးကိုတိုးတက်​လာ​စေဖို့အတွက်​ စီမံကိန်းချအလုပ်​​တွေလုပ်​ကိုင်​ခဲ့ပါတယ်​။သို့​ပေမယ့်​ သူရဲ့​အောင်​မြင်​​ကျော်​ကြားမှုနဲ့ကြွယ်​ဝချမ်းသာမှု​တွေကို​တော့ မနာလိုတဲ့သူတစ်​​ယောက်​ရှိပါတယ်​။သူက​တော့ စင်​ဒရဲလား​ရဲ့အ​ဖေနဲ့သူငယ်​ချင်းဖြစ်​သူ 'မင်းသား​လေး'​လို့ခေါ်ကြတဲ့ ​အောင်​မြင်​တဲ့အနုပညာရှင်​တစ်​​ယောက်​ပဲဖြစ်​ပါတယ်​။အဲ့​တော့ သူဟာ စင်​ဒရဲလား​လေး အ​ဖေရဲ့ ​အောင်​မြင်​မှု​တွေကိုလုယုဖို့ကြိုးစားပါ​တော့တယ်​။ဒီလိုကြိုးစားရာမှာ သူ့ရဲ့ချစ်​သူဖြစ်​တဲ့ အိမ်​ဂျယ်​လီကာကို စင်​ဒရဲလားရဲ့အ​ဖေနဲ့ လက်​ထပ်​ခိုင်း​စေပြီး စင်​ဒရဲလားရဲ့အ​ဖေဆီက​လုပ်​ငန်း​တွေကို လုယူဖို့ကြံစဉ်​ပါ​တော့တယ်​။ချော​မောလှပတဲ့ အိမ်​ဂျယ်​လီကာဟာ က​လေး​ခြောက်​​ယောက်​ရဲ့ မိခင်​ဖြစ်​တယ်​။ဒီလိုနဲ့လက်​ထပ်​ပွဲပီးတဲ့အခါမှာပဲ စင်​ဒရဲလားရဲအ​ဖေကို မင်းသား​လေးက သတ်​ပစ်​လိုက်​ပါ​တော့တယ်​။အစီအစဉ်​က ဖခင်​မဲ့စင်​ဒရဲလား​လေးဟာ အရွယ်​​ရောက်​လာတဲ့အခါကျရင်​ သူ့အ​ဖေရဲ့လုပ်​ငန်း​တွေကိုလွှဲ​ပြောင်း​ပေးဖို့ လက်​မှတ်​ထိုးခိုင်းမယ်​ဆိုပြီး​တော့​ပေါ့။ဒီ​တော့ မိဘမဲ့စင်​ဒရဲလား​လေး အရွယ်​​ရောက်​လာတဲ့အချိန်​ထိကို က​လေး​ခြောက်​​ယောက်​အ​မေတစ်​ဖြစ်​လဲ အိမ်​ဂျယ်​လီကာက ​မွေးထားပါ​တော့တယ်​။ အဲ့မှာ စင်​ဒရဲလားရဲ့ဘဝစ​တော့တာပါပဲ။အိမ်​ဂျယ်​လီကာ အပါအဝင်​သူ့ရဲ့က​လေး​ခြောက်​​ယောက်​ကပါ စင်​ဒရဲ​လေးကို ဝိုင်းနှိပ်​စက်​ကြလွန်းလို့. စင်​ဒရဲလား​လေးခဗျာ စိတ်​ထိခိုက်​ပြီးအတိတ်​​မေ့သွားကာ စကား​တောင်​မ​ပြောနိုင်​ဘဲ စွန့်​အသွားတဲ့ဘဝကို​ရောက်​သွားပါ​တော့တယ်​။ဒီလိုနဲ့စင်​ဒရဲလား​လေး 18နှစ်​ပြည့်​လို့ အရွယ်​​ရောက်​လာတဲ့အခါမှာ​တော့ ...
movie


Bent (2018) 5.1
Bent (2018) IMDb 5.1 rating ရထားတဲ့ ၂၀၁၈မှာထွက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကောင်းနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုသွားဖမ်တဲ့ ရဲ၂ယောက်ရဲ့ အမှုလွဲချော်သွားမှုကနေစတင်ထားပါတယ်။ အဲ့ဒီကနေမှ အစိုးရအတွင်းရေးတွေမှာ လှိုက်စားနေမှုတွေ, လာဘ်စားမှုတွေ သစ္စာဖောက်မှုတွေကြောင်းကိုဖော်ကြူးထားပါတယ်။ဒီဇာတ်လမ်းကို Star Trekတို့ Lord of the Rings တို့မှာသရုပ်ဆောင်ထားတဲ့မင်းသားတစ်ယောက်ဖြစ်တဲ့ Karl Urban ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်Thriller, crime ကြိုက်တဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်လမ်းတစ်ခုဖြစ်မှာအသေအချာပါပဲ File Size : (800 MB) and (300 MB) Quality : WEB-DL 720p Running Time : 1h 36min Format : Mp4 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by JtheKoala Encoded by Thanhtike Zaw
movie

Bent (2018)

Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie

Ronin (1998)

1998
The Outsider (2018) 6.4
The Outsider (2018) ဒုတိယကမ္ဘာစစ်အပြီး နစ်ခ်ဆိုတဲ့အမေရိကန်စစ်သားဟောင်းတစ်ဦးဟာ ဂျပန်အကျဉ်းထောင်တစ်ခုမှာထောင်ကျနေတာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။အကျဉ်းထောင်ထဲမှာသူဟာ ယာကူဇာအဖွဲ့ကအဖွဲ့ဝင်တစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ထောင်ကထွက်တဲ့အခါ ဒီအမေရိကန်ဟာ ယာကူဇာအဖွဲ့ထဲဝင်လိုက်တဲ့နောက် ယာကူဇာတစ်ယောက်အဖြစ်နေထိုင်ကျက်စားပုံကိုရိုက်ပြထားတဲ့အတွက် ကမ္ဘာစစ်ပြီးကာစ ဂျပန်နိုင်ငံက ရာကူဇာတွေရဲ့ပတ်ဝန်းကျင်ကိုကြည့်ရှူရမယ့် ကားတစ်ကားပဲဖြစ်ပါတယ် ညီမလေးရေ။ဒီကားထဲမှာ Sucide Squad ထဲ ဂျော်ကာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Thirty Seconds to Mars တီးဝိုင်းကအဆိုတော်မင်းသား Jared Leto က သွေးအေးအေး မျက်နှာပေးနဲ့အမေရိကန်စစ်သားဟောင်း ယာကူဇာတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။၂၀၁၈ မတ်လထဲထွက်ထားတာဆိုတော့ လုံးဝကို လတ်လတ်ဆတ်ဆတ်ရှိသေးတဲ့ကားပါ။ ကားနာမည်ကတော့ The Outsider ဖြစ်ပါတယ်ခင်ဗျား။ပရိတ်သတ်ကြီး ရင်ခုန်ခံစားကြည့်ရှုတော်မူကြပါ၊ (CM ပရိတ်သတ် ညီမလေးတွေအတွက် ကိုကြီး ဇွဲမှ ဘာသာပြန်ပေးထားပါတယ်) File Size : (900 MB) and (320 MB) Quality : WEBRip 720p Running Time : 2h 1min  Format : Mp4 Genre ...
movie

The Outsider (2018)

[18+] The Tenants Downstairs (2016) 5.6
[18+] The Tenants Downstairs (2016) Dark Side Production မှ တင်ဆက်သည်။     ပရိတ်သတ်တွေအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာက" The Tenants Downstairs "ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ "အောက်ထပ်မှအိမ်ငှားများ"ဆိုပြီး မြန်မာမှုပြုရင် နီးစပ်မယ်လို့ထင်ပါတယ်။ ထိုင်ဝမ်မင်းသမီးချော "Sophia Li Xing" က Ms.Chenအဖြစ်သရုပ်ဆောင်ထားပြီး လိင်စိတ်ရမ္မက်ပြင်းထန်တဲ့ အဆောင်ငှားနေသူရုံးဝန်ထမ်းအမျိုးသမီး တစ်ယောက်အနေနဲ့ တွေ့ရမှာပါ အလုပ်က အိမ်ပြန်လာတိုင်း ယောက်ျားအဖော်တွေတစ်နေ့တစ်ယောက် မရိုးရအောင် အိမ်ခေါ်လာတတ်ပြီးတော့ချစ်တင်းနှောတတ်တဲ့သူတစ်ယောက်ပါ..... အခန်းချင်းကပ်ရက်ဖြစ်တဲ့ အိမ်ထောင်ကွဲခါစ လူလွတ်တစ်ယောက်ဖြစ်တဲ့အားကစားနည်းပြဖြစ်တဲ့ Mr.Chang တစ်ယောက်မှာတော့ Ms.Chen ရဲ့အခန်းထဲကချစ်တင်းနှောကြတဲ့အသံတွေကို နားကြပ်ပင်နဲ့ထောက်ထောက်ပြီး အသံခိုးနားထောင်သူတစ်ယောက်ပါ အားကစားနည်းပြMr.Changရဲ့ အဖြစ်ကို မကြည့်ရက်နိုင်သူတစ်ယောက်ရှိပါတယ် ဒါနဲ့ပဲ...Mr.Chang လက်ထဲကို Ms.Chen ရဲ့အခန်းသော့အပိုတစ်စုံရောက်လာခဲ့ပါတယ်....... တစ်နေ့.......Ms.Chen ရဲ့အခန်းထဲကိုဝင်ကြည့်နေတုန်းမှာ Ms.Chen တစ်ယောက်အိမ်စောစောပြန်လာတာနဲ့ ပက်ပင်းတိုးပါတော့တယ် ဘာတွေဆက်ဖြစ်လာမယ် ထင်ပါသလဲ........ သေချာတာကတော့........... Zzz (မင်းသမီးလေးတွေကတော့ မှုံနေအောင်ချောလွန်းပါတယ် :P)   File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Adult, Crime, ...
movie

[18+] The Tenants Downstairs (2016)

2016
Wine Wars (2017) 5.0
Wine Wars (2017) ဒီတစ်ခါတော့ဝိုင်ချစ်သူရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွတ်၂၀၁၇ ထွက် Wine War ဆိုတဲ့တရုတ်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ဟာသနဲ့အက်ရှင်ပေါင်းထားတာလေးပါ။ဇာတ်လမ်းကယန်မင်းဆက်လက်ထက်တုန်းကအရမ်းကိုတော်တဲ့ဝိုင်ပြုလုပ်ပေးတဲ့သူတစ်ယောက်ရှိပါတယ်။အဲ့အချိန်တည်းကကမ္ဘာပေါ်မှာအကောင်းဆုံးဝိုင်ပြုလုပ်တဲ့နည်းကိုရှာဖွေတွေ့ရှိခဲ့ကြတာပါ။အဲ့နည်းလမ်းကိုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြတာအခုခေတ်တန်ကြေးနဲ့ဆို ယူရို ၅မီလီယံအထိဖြစ်လာတယ်။အဲ့နည်းလမ်းသာရပြီဆိုသေချာပေါက်သူဌေးဖြစ်ပြီလေ။အဲ့အချိန်မှာပဲအဲ့နည်းလမ်းကိုလေလံတင်ရောင်းချမယ်ဆိုတော့လေလံဆွဲကြပြီပေါ့။ဘယ်သူကဘယ်လိုလေလံဈေးနဲ့ရသွားမလဲ။လေလံတင်တဲ့သူဘက်ကရောမျိုးရိုးစဉ်ဆက်ထိန်းသိမ်းရမယ့်နည်းလမ်းကိုဘာလို့လေလံတင်လိုက်တာလဲ။နောက်ဆုံးအဲ့နည်းနဲ့သူဌေးဖြစ်မယ့်သူကဘယ်သူလဲဆိုတာရယ်ရယ်မောမောနဲ့ကြည့်လိုက်ကြရအောင်ပါ။ဇာတ်ကားကြည့်ပြီးဝိုင်သောက်ချင်တယ်ဆိုရင်တော့ကိုယ်ဟာကိုယ်ဝယ်သောက်ကြပါလို့ပြောချင်ပါတယ်။အက်ဒမင်တွေကိုလည်းဝယ်တိုက်ချင်ရင်အချိန်မရွေးလက်ခံပါတယ်လို့ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုနေမျိုးပါ) File Size : (800 MB) and (270 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Nay Myo Encoded by Thanhtike Zaw
movie

Wine Wars (2017)

2015
Bomb City (2017) 7.7
Bomb City (2017) ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။၂၀၁၈ ဖေဖော်ဝါရီမှာထွက်ခဲ့တာဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 7.2/10 Rotten Tomatos 83% Google Users 95% ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကကိုကြီးဇွဲပါ) File Size : (800 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 35min Format ...
movie

Bomb City (2017)

2017
The Brink (2017) 5.5
The Brink (2017) The Brink(2017) ဟာIP man-3မှာပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော် တရုတ်မင်းသားJhang Jinရဲ့ ဖိုက်တင် ကားကောင်းလေး တစ်ကားပါ...ဇာတ်လမ်းအကျဉ်းလေးကတော့....Saigau(Jhang Jin)ဟာ ပေါ့တိပေါ့ဆနဲ့ ကမူးရှုးထိုး လူဆိုးဖမ်းတတ်တဲ့ ရဲတစ်ယောက်ပါ...မှောင်ခို ရွှေအရောင်းအဝယ်သမား Shing ဆိုတဲ့သူ့ရဲ့ ဒုစရိုက် ရန်သူတော်ကြီးကို ရေကုန်ရေခမ်းလိုက်ဖမ်းဆီးဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူလည်းဖြစ်ပါတယ်...Shingကတော့ ငါးဖမ်းလှေတွေ အယောင်ပြပြီး ရွှေမှောင်ခို ရောင်းဝယ်နေသူပါ...တစ်နေ့မှာတော့ Shing တစ်ယောက် ရေအောက်က လျှို့ဝှက်ရွှေတွင်းကို လိုက်ရှာနေကြောင်း ပြည့်သူရဲကြီး Saigau သိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ သားကောင်နောက်ကို ဘယ်လို ခြေရာခံလိုက်လံဖမ်းဆီးမလဲ ဆိုတာကို ခပ်ကြမ်းကြမ်း အတိုက်အခိုက်ကားကောင်းမျိုးမှ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်ကြီးအတွက် The Brink (2017)ကို တင်ဆက်ပေးလိုက်ရပါတယ် (ဘာသာပြန်သူကတော့ Ann Mary ပါ) File Size : (900 MB) and (376 MB) Quality : ...
movie

The Brink (2017)

2017
Haseena Parkar (2017) 5.0
Haseena Parkar (2017) ဘောလီဝုဒ် ပရိတ်သတ်တွေအတွက် Biography ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းမြို့ရဲ့ ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ ဒါဝူဒ် အေဗရာဟင်ရဲ့ ညီမဖြစ်သူ ဟစီနားပါကရ်ရဲ့ အထ္ထုပ္ပတ္တိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်အနေနဲ့ မင်းသမီး ရှရ်ဒါးကပူးရ်က သရုပ်ဆောင်ထားပြီး အရင်က သူ့သရုပ်ဆောင်မှုတွေကို သိပ်သဘောမတွေ့ခဲ့ပေမယ့် ဒီကားထဲမှာ တော်တော်လေး နှစ်ခြိုက်မိပါတယ်လူတွေလက်ခံထားတဲ့ စကားပုံအတိုင်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ အယူအဆတွေနဲ့ ဂိုဏ်းစတား ဒါဝူဒ်ရဲ့ ဒုစရိုက်မှုမှန်သမျှအတွက် ညီမဖြစ်သူ ဟစီနားကို သံသယဝင်ကာ စစ်ဆေးမေးမြန်းဖို့အတွက် အကြိမ်ကြိမ် ရဲစခန်းက ခေါ်လို့ အသွားအလာလုပ်ခဲ့ရပါတယ်နောက်ဆုံးထွက်သက်အထိ တရားရုံးနဲ့အိမ် ကူးကလန်ခက်ရင်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာကို ပုံဖေါ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ဟစီနားဆိုတာ မွေးချင်းညီကိုမောင်နှမများတဲ့ သာမန်မိသားစုလေးတစ်စုက ကောင်မလေးတစ်ယောက် အထက်က အစ်ကိုနှစ်ယောက်နဲ့ အသက်ချင်းသိပ်မကွာတော့ ပိုနီးစပ်သလို သံယောဇဉ် ပိုရှိတာပေါ့အစ်ကိုကြီးဆုံး ဒါဝူဒ်က မှောင်ခိုနဲ့ဒုစရိုက်အလုပ်တွေ လုပ်ပြီး ဂိုဏ်းစတား ဖြစ်လာခဲ့တယ်အချိန်ကြာလာတာတော့ ရဲတပ်ဖွဲက ပစ်ခတ်ဖမ်းစီးမှုတွေရှိလာတော့ တခြားနိုင်ငံကူးသွားခဲ့တယ်ဒါပေမဲ့ ဟစီနားကတော့ အိမ်ထောင်ကျပြီး သူ့ယောက်ျားနဲ့ အဆင်ပြေပြေဘဝလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ်ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုမှာ ဟစီနားအစ်ကိုကို တရားခံဖြစ်သတ်မှတ်ပြီး ရဲစခန်းက စစ်ဆေးဖို့ ...
movie

Haseena Parkar (2017)

2017
Udaan(2010) 8.2
Udaan(2010) Udaan(2010)IMDb....8.2တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်...ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင်ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်....မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်...အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ....ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလိုအရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်...တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာလမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်....နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်....ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ.....အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး(၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်....ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး....ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်..အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာUdaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Lyric Lynn Khant ဖြစ်ပါတယ်.....File Size…(900MB) and (400MB) Quality…BluRay 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant
movie

Udaan(2010)

2010
Casino(1995) 8.2
Casino(1995) Casino(1995) IMDb......8.2,,,Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ် ...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်....ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ... .Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam AceRothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ် ...သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ဘယ်ဝိုင်းက ထိုသားအခြေအနေ လောင်းေ ကြးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင် ်စွမ်းရှိတယ်..တစ်ဆက်ထဲ သူလိုချင်တဲ့အနေအထားကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကု ိ ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစား တစ်ယောက်ကိုသူ့အနားမှာထားပေးတယ်...အဲ့ဒီအလုပ်ကိုသူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံ ရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.....ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားကတစ်ချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တစ်ချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်....File Size…(950MB) Quality…BluRay 720p Format…mp4 Duration…02:58:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Theint Yadanar Oo
movie

Casino(1995)

1995
Beast of Burden (2018) 5.5
Beast of Burden (2018) Beast of Burden ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်မှ ပူပူနွေးနွေးဖြန် ့ချိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်Imdb Rating 5.5/10 ရရှိထားပြီးဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟယ်ရီပေါ်တာမင်းသားချော Daniel Radcliffe.....Grace Gummer.....Pablo Schreiber တို ့ဖြစ်ကြပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်ဟာ မိန်းမဖြစ်သူရဲ ့ကင်ဆာရောဂါကို ကုသဖို ့အတွက် တရားမဝင်ပစ္စည်းများကို လေယာဉ်ပျံနဲ ့ပို ့ဆောင်ရင်း ရဲဘက်ဆိုင်ရာနဲ ့ပူးပေါင်းပြီး စစ်ဆင်ရေးမှာပါဝင်ကူညီပေးရပါတော့တယ်......ဤကဲ့သို ့သောအခြေအနေမျိုးတွင် လူဆိုးများဘက်ကလည်း မသင်္ကာ.....ရဲဘက်ကလည်း စစ်ဆင်ရေးပြီးတာနဲ ့ သူ ့ကိုအရေးယူမယ့်အခြေအနေ......ဓားစာခံအဖြစ် မိန်းမဖြစ်သူဖမ်းခေါ်ခံရ........စတဲ့အဖြစ်အပျက်တွေကြားမှာ ရှောင်တစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး မိန်းမဖြစ်သူကိုကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အက်ရှင်ကားလေးဖြစ်ပါတယ်File Size : (700 MB) and (295 MB) Quality : WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre ...
movie

Beast of Burden (2018)

2018
Husband Killers (2017) 5.0
Husband Killers (2017) ခင်​ပွန်​းဖြစ်​သူရဲ့ကတိကိုယုံကြည်​တဲ့ ​ကြေးစားလူသတ်​သမ​လေးတစ်​ဦး....ချစ်​သူရဲ့သစ္စာကိုယုံကြည်​ပြီးဆယ်​နှစ်​​ကျော်​ အတူ​နေ​နေခဲ့တဲ့ ​ကောင်​မ​လေးတစ်​​ယောက်​....နဲ့မိန်​းမအပြင်​ ​နောက်​ထပ်​ချစ်​သူတစ်​​ယောက်​ရှိ​နေမှန်​းသိရက်​နဲ့ အဲ့လူကိုဆုံးရှုံးရမှာ​ကြောက်​လို့တွယ်​ကပ်​​နေတဲ့ ရဲ​မေတစ်​ဦး.....သူတို့သုံး​ယောက်​လုံးရ့ချစ်​သူက တစ်​​ယောက်​ထဲဆိုတဲ့အဖြစ်​မှန်​ကိုသိသွားတဲ့​နောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ အ​သေသတ်​ဖို့ကြိုးစားကြ​ပေမယ်​့သူတို့သုံး​ယောက်​လုံးရဲ့အချစ်​ကိုပိုင်​ဆိုင်​ထားတဲ့ ထို​ယောကျ်​ားက ​လေး​ယောက်​​မြောက်​ချစ်​ရသူ​နဲ့ ​ပေါင်​းဖက်​ရဖို့ ဒီမိန်​းမသုံး​ယောက်​ကိုလှည်​့ကွက်​သုံးပြီး ​အစ​ဖျောက်​ခိုင်​းတဲ့အခါ....ဖိုက်​တာမသုံး​ယောက်​ ဒီလှည်​့ကွက်​ကို ဘယ်​လိုအန်​တုရင်​ဆိုင်​ကြမလဲ......?သစ္စာ​ဖောက်​ခံရတဲ့ မိန်​းက​လေးသုံး​ယောက်​အဖြစ်​ အလန်​းစားမင်​းသမီးသုံးဦးဖြစ်​တဲ့Chrissie Chau ; Gaile Lai နဲ့ Stephy Tang တို့က ပါဝင်​သရုပ်​​ဆောင်​ထားတာပဲဖြစ်​ပါတယ်​။မိန်​းမတစ်​​ယောက်​ရဲ့အချစ်​က ဖန်​ကွဲစလိုပဲကွဲအက်​သွားပြီးတဲ့အခါ ​ကော်​နဲ့ပြန်​ကပ်​လို့မရ​တော့ဘူး........ဆိုတဲ့စကား​လေးနဲ့ သူတို့ကိုဒုက္ခတွင်​းထဲပို့ခဲ့တဲ့​ကောင်​ကို​ရော ဘယ်​လိုအဆုံးသတ်​​ပေးကြမလဲ.....? စတဲ့​မေးခွန်​း​လေး​တွေနဲ့ အမျိုးသမီးဇာတ်​​ကောင်​​တွေကိုဦးစား​ပေးထားတဲ့ Husband killerဆိုတဲ့ အက်​ရှင်​ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​​နော်​။(ဇာတ်လမ်းအညွှန်းဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ) File Size : (800 MB) and (276 MB) Quality : Blu-Ray 720p Running Time : 1h 36min  Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle ...
movie

Husband Killers (2017)

2017
Ridge Runners (2018) 5.6
Ridge Runners (2018) ဒီကားလေးကတော့ စုံထောက်ကားလေးလဲဖြစ်သလို ပညာပေးကားလဲဖြစ်ပါတယ်။မြို့ငယ်လေးတစ်မြို့မှာနေတဲ့ ဝီလိုဆိုတဲ့စုံထောက်တစ်ယောက် သူမအဖေဆုံးပါးသွားတဲ့အတွက် စိတ်ထိခိုက်နေပြီးတစ်နေ့မှာတော့ သူ့ဆီကို ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် ပျောက်နေတဲ့အမှု ရောက်ချလာပါတယ်။အဲ့အမှုကိုလိုက်စုံစမ်းရင်း သူ့ရဲ့မြို့မှာ မထင်မှတ်ထားတဲ့ ပြစ်မှုတွေ၊ လူကုန်ကူးမှုတွေဖြစ်ပျက်နေတာကို သိလာရပြီး လိုဝီတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ဒီအမှုတွေကိုရော သူ ထုတ်ဖော်နိုင်ပာ့မလားဆိုတာကို ပရိသတ်ကြီး ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြပါနော်။ File Size : (650 MB) and (270 MB) Quality : WEB-DL 720p Running Time : 1hr 21min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Ann Mary Encoded by Thanhtike Zaw
movie

Ridge Runners (2018)

2018