Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
6.4
Hancock (2008)
မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး..နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ....သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock....သူ့ဘဝအစစ်အမှန်က ဘာလဲ...သူ့အစွမ်းတွေက ဘယ်ကရတာလဲ...သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ...စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock...ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ.....။စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။ File size….(2.7 GB )/(1.2 GB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:42:14 Subtitle….Myanmar ...
movie
Hancock (2008)
2008
5.8
Fairy Tale Killer ( 2024 )
လုံအန်းမြို့ပြင်ရှိ လယ်တောမှာ အလောင်းတစ်လောင်းတွေ့ရာမှစလို့ အဆိုပါ လယ်တောပိုင်ရှင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၅ နှစ် လူပျောက်မှုနဲ့ရော လက်ရှိ လူသေအလောင်းနဲ့ပါ ဆက်စပ်နေမှန်း ပေါ်လာတဲ့အခါ မှုခင်းရဲအရာရှိဖန်းယွီနဲ့ သူ့တပ်ဖွဲ့ဝင်တွေ ဒီအမှုကို စုံစမ်းဖို့ ဖြစ်လာပါတော့တယ်မှုခင်းရဲတပ်ဖွဲ့က သံသယရှိနေတဲ့ တရားခံဟာ အခင်းဖြစ်ပွားတဲ့နေ့က ယာဉ်ထိန်းရဲ ချွေးရှောင်ထျန်းရဲ့လုပ်ဖော်ကိုင်ဖက်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးရမှာစလို့ ချွေးရှောင်ထျန်းပါ ရဲအရာရှိဖန်းနဲ့ ပူးပေါင်းပြီး အဆိုပါအမှုကို ဖော်ထုတ်ဖို့ ဖြစ်လာတဲ့အခါ သူတို့အားလုံး သံသယရှိနေတဲ့သူကရော တကယ့်တရားခံအစစ်ဟုတ်ရဲ့လားဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK
movie
Fairy Tale Killer ( 2024 )
5.8
Desperate Sniper ( 2024 )
ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အန္တရာယ်တွေကို ကာကွယ်မယ့် ကြေးစား ဝံပုလွေနက် အဖွဲ့လေးအကြောင်း ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်နော်...သာမန်ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ တိုက်ရည်ခိုက်ရည်ပဲ ကွဲပြားသွားသူတွေ စုပြီး ဖွဲ့စည်းထားတဲ့ ဝံပုလွေနက် ကြေးစားအဖွဲ့ဟာ မစ်ရှင်တွေ တာဝန်တွေကို အခကြေးငွေဖြတ်ပြီး လက်ခံနေတာပေါ့...ဇာတ်လမ်းအစမှာဆို မှောင်ခိုလူကုန်ကူးတဲ့ဆီကတောင် ဓားစာခံ ပြန်ပေးဆွဲခံရသူကို ကယ်တင်ခဲ့တာပေါ့... ဒီလိုတော်လွန်းတဲ့အဖွဲ့ကို ကြေးအများကြီးနဲ့ ဟယ်ရီဆိုတဲ့ လူတစ်ယောက်က ဆေးတစ်မျိုးကို ပို့ဆောင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်...ပို့ရမှာကတော့ ချာချိုင်ဗိုလ်ချုပ်ရဲ့ တပ်စခန်းမြေကိုပေါ့... ဒီလောက်ရိုးရှင်းတဲ့ အလုပ်ကို အခကြေး အများကြီးပေးထားတာတော့ စဉ်းစားစရာပဲပေါ့လေ... ဒါပေမယ့် တစ်ဖက်မှာ ဒီဗိုလ်ချုပ်ကို လုပ်ကြံနေတဲ့ ပြောက်ကျားတပ်လည်း ရှိနေတော့ သူရန်ကြောက်လို့လည်း ဖြစ်နိုင်တာပါပဲ...ဒီတော့ ဝံပုလွေနက်အဖွဲ့ ဒီမစ်ရှင်ကို အောင်မြင်မှာလား... ပြောက်ကျားအဖွဲ့က ဘယ်သူတွေလဲ... သူတို့ပို့တဲ့ ဆေးကရော ဘာဆေးလဲ... ဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 26 min Subtitle : ...
movie
Desperate Sniper ( 2024 )
7
Juliet 2 (2023)
Juliet 2 (2023) ဂျူးလိယက်IMDb-8.2/10လူတိုင်းရဲ့ဘဝမှာ လက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။ တချို့တွေလည်း ရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက်တစ်ယောက်လည်း အဖေတစ်ခုသမီးတစ်ခုဘဝမလို့ အဖေဆုံးသွားတာက သူ့ရဲ့ဘဝတစ်ခြမ်းကို ဖဲ့ပေးလိုက်ရသလို ခံစားနေရတာပေါ့။နေ့ဘက်မှာလည်း မပျော်ရွှင်နိုင် ညဘက်ရောက်တော့လည်း အဖေ့ကိုပဲတမ်းတနေလို့ အိပ်ဆေးတွေသောက်နေရတဲ့ဂျူးလိယက်တစ်ယောက် အဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ သူတို့တစ်ချိန်ကအိမ်ဟောင်းကို အပေါင်ပြန်ရွေးဖို့ ထွက်လာခဲ့တာပေါ့။အလုပ်ကိစ္စမပြီးပြတ်သေးတာကနေ အလုပ်နဲ့ပတ်သက်တဲ့ငွေတွေလည်းပါလာပြီး မိန်းကလေးတစ်ယောက်တည်း နယ်ဘက်ကိုခရီးထွက်လာတာဆိုတော့ မ သမာသူတွေရဲ့မျက်စိကျစရာ ပစ်မှတ်ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ V ~ ToMoတို့ပဲဖြစ်ပါတယ်) File size…1.5GB / 654MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ V ~ ToMo
movie
Juliet 2 (2023)
5.5
The Adderall Diaries (2015)
The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက်နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာသူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလိုတစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါသူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကိုဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရမှာ ဖြစ်ပါတယ်.. File size…1.29GB / 583MB Quality…Blu-Ray 1080p / ...
movie
The Adderall Diaries (2015)
Hard to Kill (1990)
Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ...ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Hard to Kill (1990)
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
6.6
RED 2 (2013)
Red 2 (2013)Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီး Dangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, ...
movie
RED 2 (2013)
2013
4K HEVC
7.0
RED (2010)
Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie
RED (2010)
2010
4K HEVC
6.0
Above the Law (1988)
ဒီကားလေးကတော့နာမည်ကြီးမင်းသားကြီး Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၈ ကထွက်ထားတဲ့ action/thriller ကားလေးဖြစ်ပါတယ် ဒီရုပ်ရှင်ကို Steven Seagal ကိုယ်တိုင် produce လုပ်ထားတာဖြစ်ပြီးတော့သူရဲ့ပထမဆုံးပွဲဦးထွက်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...သိုင်းပညာမှာတော်တဲ့ CIA အေးဂျင့်ဟောင်းဖြစ်တဲ့ Nico Toscani ကသူ့ပါတနာ Delores နဲ့ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာအန္တရာယ်ရှိတဲ့မှောင်ခိုကူးမှူတစ်ခုကိုစုံစမ်းခဲ့မိကြပါတယ် ဒါပေမဲ့အထက်ကလူကြီးတွေကအဲ့ဒီအမှုကိုဆက်မစုံစမ်းဖို့အမိန့်ပေးတာကို Nico တစ်ယောက်လက်မလျှော့ဘဲအမှန်တရားကိုဆက်လက်ရှာဖွေတာကို action scenes တွေနဲ့ကြည့်လို့ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Above the Law (1988)
7
Oru Nodi (2024)
Oru Nodi 2024 မီးခိုးကြွက်လျှောက်မှုခင်းထဲမှာမှ အမှုကို တစ်စစ အသေးစိတ်ဖော်ထုတ်ပြတဲ့ investigative crime ရုပ်ရှင်တွေကို နှစ်သက်သူတွေအကြိုက်တွေ့မယ့် တမီလ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ မထင်ထားတဲ့plot twistတွေနဲ့အတူ ဉာဏ်ကစားလိုသူတွေ အတူလိုက်စဉ်းစားရင်းနဲ့ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ဇာတ်လမ်းကိုတော့ လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့ စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့ အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက် အစအနရှာမရအောင် ပျောက်သွားတဲ့အခါ....သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့....ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့ အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.65GB / 765MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Oru Nodi (2024)
2024
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
6.5
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)
သာယာတဲ့ ပုံမှန်နေ့လေးတစ်နေ့မှာ Uda မိသားစုအနေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါတော့တယ်။ မိသားစုထဲက အငယ်ဆုံးလေး Yuzuha ကို မတရား ပြန်ပေးဆွဲခံရတဲ့ အကြောင်းပြချက်က နိုင်ငံရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အခါ သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ။အမှန်တရားကို ရှာဖွေချင်တဲ့ ဦးလေးဖြစ်သူ Kouji Uda ရော တူမလေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူတွေ ကစားကြတဲ့ နိုင်ငံရေး အရှုပ်တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူတွေက ဘယ်သူတွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်တွေကတောင် အလျော်အစားကြီးမားလွန်းနေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ပြောင်းလဲစေတဲ့ ရွေးချယ်မှုတွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တစေ့တစောင်း ပြသနေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူးနေကျ Crime/ ...
movie
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)
5.9
Marked for Death (1990)
ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ်မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie
Marked for Death (1990)
5.7
Joshua Tree (aka) Army of One (1993)
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Joshua Tree (aka) Army of One (1993)
5.9
Third Suspect ( 2024 )
CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်... ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်...ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့... ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း... ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်...ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကို သတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့် ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်...သံသယရှိသူတွေကတော့ ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည် တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ် ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ်ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတေ ာ့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့ စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 30 min Subtitle ...
movie
Third Suspect ( 2024 )
6.2
The Dry 2 – Force of Nature (2024)
The Dry 2 - Force of Nature (2024)=======================စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ )File ...
movie
The Dry 2 – Force of Nature (2024)
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
5.8
Enough (2002)
Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Enough (2002)
5
Everything Under Control (2023)
Everything Under Control ( 2023 ) ============================ ဒီဟောင်ကောင်ရုပ်ရှင်ကတော့ အက်ရှင်နဲ့ဟာသနဲ့ ဟော်ရာနဲ့ကို ရောစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်ကို ပြန်ရအောင်ထည့်ထားသလို တစ်ကားလုံးဟာသမြောက်အောင် လက်တွေ့မကျခြင်းတွေ ပတ်လည်ဝိုင်းပြထားတဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဂန်းစတားတွေ ရတနာတွေ လျှို့ဝှက်ဆန်းကြယ်နေရာတွေ ပဟေဠိဆန်တဲ့လူတွေ သရဲတွေစသဖြင့် ဒီရုပ်ရှင်မှာ ပါဝင်တဲ့ Elementsတွေက စုံလင်တယ်။ စုံတာတွေအကုန်လုံးကို အရွှန်းဖောက်ပြီး ပြထားတော့ ဟာသကားကြည့်ချင်တဲ့ လူတွေအတွက် အဆင်ပြေမယ့် ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ လုံခြုံရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတဲ့လူတွေကနေစတယ်။ သူတို့ကုမ္ပဏီ လုံခြုံရေးလိုအပ်နေတဲ့လူတွေကို ကာကွယ်ပေးသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးတယ်။ ဒီတစ်ခါတော့ သူတို့တွေကို အထက်ကတန်ဖိုးကြီးစိန်တွေကို ပို့ဆောင်ခိုင်းလိုက်တယ်။ ထူးတာက သူတို့က ဘယ်လူဆိုးနဲ့မှ မကြုံဖူးတော့ ဒီဘက်ခေတ်မှာ ဘာလူဆိုးမှ မရှိတော့ဘူး ဟန်ပြလုပ်ရတာသက်သက်လို့ ထင်နေကြတာပဲ။ ဒါပေမဲ့ တကယ့်ဂန်းစတားတွေက သူတို့ကားကိုတားပြီး စိန်တွေကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ ...
movie
Everything Under Control (2023)
First
10
11
12
13
14
Last
Previous
Next