Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
5.1
Reborn ( 2018 )
နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာလူတွေဟာအမျိုးမျိုးတီထွင်ကြံဆကြတယ်..ကောင်းမွန်လွန်းတဲ့ နည်းပညာဆိုတာတွေကကောင်းတဲ့လူတွေလက်ထဲရောက်ရင် ကမ္ဘာကြီးအကျိုးရှိသလောက်မကောင်းတဲ့လူတွေလက်ထဲကျရင် ကပ်ဆိုးတွေကြုံရတာပါပဲဒီဇာတ်လမ်းလေးမှာတော့ Hacker သုံးဦးရဲ့ဒိတ်ဒိတ်ကျဲစွန့်စားခန်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်Hacking ပညာ ကို 13 နှစ်ကတည်းစတင်လေ့လာပြီးCaptain Pirate လို့နာမည်ဝှက်ရထားတဲ့ လူငယ်လေးတစ်ဦးZebra နဲ့ စူးရီဆိုတဲ့ Hacker ရော ကိုယ်ခံပညာရော ကျွမ်းကျင်ပြီးပိုက်ဆံရရင်ဘာမဆိုလုပ်မယ့် စုံတွဲတို့..Zebra နဲ့စူး၇ီဟာ သူတို့လက်ခံ လိုက်တဲ့အလုပ်တခုအတွက်Captain Pirate အမည်ရတဲ့လူငယ်လေးကို အသင်းမှာပါအောင်ဆွဲဆောင်ရမယ်..အဲ့လိုစွဲဆောင်တဲ့နေရာမှာ စူးရီကိုအသုံးချပြီးမြူဆွယ်ဖို့အတွက်ပေါ့..ကောင်လေးကလည်း FA အကြီးစားလေသူတို့ရဲ့ target က Oasis Operation System ပါပဲအဲ့ System ဆိုတာကတော့ ကုန်းလမ်း ရေလမ်း လေကြောင်းလိုင်းစတဲ့ ၀န်ဆောင်မှုတွေကိုထိန်းချုပ်ထားပြီး အလုံခြုံဆုံးသောကွန်ရက်တခုသူတို့ ထိုးဖောက်နိုင်ပါ့မလား..ပြီးတော့ သူတို့၃ဦးဟာကိုယ်ဘယ်လမ်းကြောင်းပေါ်ကိုရောက်နေလို့ရောက်မှန်းမသိဖြစ်လာနေတာကိုလည်း သတိပြုလိုက်မိတဲ့အချိန်မှာတော့..................စဆုံး ဆွဲဆောင်မှုရှိရှိနဲ့ စိတ်ဝင်တစားကြည့်ရမယ့်ဇာတ်လမ်းကောင်းလေး တခုပါပဲ Review By PhoeNixTranslated By Phyo Zaw
movie
Reborn ( 2018 )
7.2
Widows(2018)
Widows(2018) IMDb....7.2,,,,Rotten...91% 2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်… IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး... သို့ပေမယ့် ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ.... ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်... သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်... အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ...... ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား..... အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ .....ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (1GB) and (376MB) Quality ...
movie
Widows(2018)
2018
6.3
The Deal ( 2015 )
The Deal ကတော့ ၂၀၁၅ ထွက် Crime, Dramaဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDB Rating 6.3 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Deal with the devil ဆိုတဲ့စကားလေးကြားဖူးကြလားမသိဘူး။ မကောင်းဆိုးရွားနဲ့အပေးအယူလုပ်တာကို ပြောတာပါ။ ဒီဇာတ်ကားထဲမှာမကောင်းဆိုးရွားတစ်ကောင်ကို နှိမ်နင်းဖို့တခြားမကောင်းဆိုးရွားတစ်ကောင်နဲ့အပေးအယူလုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့လူတစ်ယောက်ကို တွေ့ရမှာပါ။ နားရှုပ်သွားလားမသိဘူး။ဇာတ်လမ်းအကျဉ်းလေးပြောပါမယ်။အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စုံထောက် မင် ကအတွဲလိုက်လူသတ်သမားတစ်ယောက်ကို ဖမ်းမိချိန်မှာလူသတ်သမားနောက်ဆုံးသတ်သွားတဲ့သူက သူ့ရဲ့ညီမဖြစ်သူဖြစ်နေတာကို သိလိုက်ရပါတယ်။သူ့ကိုဖမ်းနိုင်ခဲ့ပေမယ့် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်ခဲ့ပါဘူး။နောက်ထပ် သောကမီးတောက်နေရသူကတော့ယောက်ဖဖြစ်သူ ဆန်းဟွန်းပါ။ ဆန်းဟွန်းတစ်ယောက်လူသတ်သမားကိုသတ်ဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်သတ်သေပေမဲ့လည်းမအောင်မြင်တဲ့အချိန်မှာ လူသတ်သမားကိုသတ်ဖို့ တဖန်ပြန်ကြိုးစားခဲ့ပါတယ်။ သူပြန်ပြီးလက်စားချေနိုင်မှာလား။စုံထောက်ကြီးကရော ဘယ်နေရာက ပါဝင်နေမလဲ။စိတ်ဝင်စားစရာ စုံထောက်ကားလေးပါပဲ။ Review & Translated By D3mon
movie
The Deal ( 2015 )
2015
5.2
22 Chaser (2018)
အမေရိကန်ရှိ ကားကရိန်းဆွဲသူများဘဝကို ရိုက်ကူးတင်ပြထားသောဘဝသရုပ်ဖော်ဇာတ်ကားတစ်ကားဖြစ် သည်။ဇာတ်အိမ်ကို အမေရိကန် မြို့လေးတစ်မြို့တွင်ဖွဲ့တည်ထားပြီးအဓိကဇာတ်ကောင်ဖြစ်သူ ဆွဲကားမောင်း သမား ဘင် မှာအေဗရီဆိုသည့်ဇနီးနှင့် ဇက်ဆိုသည့် သားလေးတစ်ဦးရှိသည်။ဘင်သည် အထက်တန်းအထိ ကျောင်းနေခဲ့သူဖြစ်၍ အလုပ်လုပ်ရာတွင်စည်းကမ်းနှင့်အညီလုပ်ဆောင်တတ်သူဖြစ်ရာ သူ့ကိုဆွဲကားမောင်းသူအချင်းချင်းက ဘိုင်လော(By law)ဟုလည်းခေါ်ကြသည်။အထက်တန်းကျောင်းသား ကျောင်းသူဘဝ အိမ်ထောင် ကျသူများလည်းဖြစ်ကလေးတစ်ယောက်လည်းစောစီးစွာရ ယောက္ခမအိမ်မှလည်းခွဲထွက်၍တစ်မြို့တစ်ရွာ ပြောင်းရွှေ့ကာ နေထိုင်ကြရသဖြင့် သူတို့မိသားစုသည်ဆင်းရဲသည်ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသည်။ဘင်မှာလည်း စည်း ကမ်းတကျကားဆွဲသူဖြစ်၍ အခြားသူတွေလောက်ငွေကြေးမရရှိပဲ ဘဝကိုခက်ခဲကြပ်တည်းစွာ ရုန်းကန်နေထိုင် ကြရသည်။ဇနီးဖြစ်သူ အေဗရီမှာလည်း ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ရင်းခက်ခဲသောရက်များ တွင် မြို့ထဲရှိ အစားအသောက်လှူဒါန်းသည့်စင်တာ(Food Bank)လိုနေရာမျိုးတွင် သွားရောက်တန်းစီ၍ ဆန်၊ ပဲ၊ အာလူး တို့ကိုယူငင်စားသောက်ရသည့်ရက်များလည်းလည်းရှိသည်။ထိုသို့ကြပ်တည်းဆင်းရဲစွာ ...
movie
22 Chaser (2018)
2018
7.3
West of Sunshine(2017)
West of Sunshine(2017) IMDb...6.7,,,Rotten..84% ဒီဇာတ်ကားလေးကတော့ IMDb 6.7 နဲ့ Rotten 84 ရထားတဲ့ West of Sunshine ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာ အလုပ်တစ်ဖက်နဲ့ တစ်ရက်အတွင်းဆပ်ရဖို့ အကြွေးပူနေတဲ့ကြားထဲ ကျောင်းပိတ်ရက်ရောက်နေတဲ့ သားကိုထိန်းဖို့အလှည့်ကျတော့ သားကိုခေါ်ပြီး အကြွေးဆပ်ဖို့အဆင်ပြေအောင် သရုပ်ဖော်ထားတဲ့ အဖေနေရာမှာ Damian Hill ကသရုပ်ဆောင်ပြီးတော့ သားဖြစ်သူနေရာမှာတော့ Ty Perham က သရုပ်ဆောင်ထားပါတယ် ဖခင်ဖြစ်သူDamian Hill တစ်ယောက် အလုပ်က တစ်ဖက် ကြွေးတွေကလည်းရှိနေပြန်.....သားအပေါ်လည်း တာဝန်ကျေချင်ပေမယ့် သူ့အတွက် ထင်သလောက်ခရီးမပေါက်.... ဒါကြောင့် သားဖြစ်သူနဲ့ဆက်ဆံရေးဟာ ကောင်းမွန်တဲအခြေအနေတော့မဟုတ်ဘူး... အလုပ်တစ်ဖက် သားတစ်ဖက်နဲ့ လှုပ်ရှားရင်း အကြွေးဆပ်ဖို့ ပိုက်ဆံအဆင်ပြေအောင် နည်းမျိုးစုံနဲ့လိုက်ရှာရင်း သားနဲ့အဆင်ပြေအောင် ဘယ်လိုတွေပြောဆိုဆက်ဆံရသလဲဆိုတာ ပုံဖော်ထားတာဖြစ်ပါတယ်..... အိုဗာအိုက်တင်တွေနဲ့မဟုတ်ပဲ တစ်ကားလုံးသဘာဝကျကျပုံဖော်ထားတဲ့ သားအဖနှစ်ယောက်ရဲ့တစ်နေ့တာလေးက ဘယ်လိုရသတွေပေးမလဲဆို ဆက်လက်ကြည့်ရှုလိုက်ရအောင်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲ ဖြစ်ပါတယ်.... File Size : (850 MB) and ...
movie
West of Sunshine(2017)
2017
5.9
The Brawler (2018)
ဒီတစ်ခါတော့ ကမ္ဘာမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့Rocky ဆိုတဲ့ရုပ်ရှင်ရဲ့ မူလဇစ်မြစ်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးတစ်ကို တင်ဆက်ပေးချင်ပါတယ်။ချက်ခ်ဝက်ပ်နာလို့ခေါ်တဲ့လူတစ်ယောက်ဟာ ဘေယွန်မှာနေထိုင်ခဲ့ပြီးတော့ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးသတ်ရတာကို ဝါသနာကြီးခဲ့တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နေ့မှာတော့ လက်ဝှေ့လောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ မိုဟာမက်အလီနဲ့ ထိုးသတ်ခွင့်ရတဲ့အခါမှာဘယ်လိုရလာဒ်တွေဖြစ်ပေါ်ခဲ့ပြီး သူ့ဘဝဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားသဖွယ်ရိုက်ပြထားတဲ့The Browlerဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုပြီး အားပေးလိုက်ကြပါဦးဗျာ....File Size : ( 883 MB) & ( 236 MB)Quality : Web-DL 720pRunning Time :1hr 35 minFormat : Mp4Genre : Biography , Crim , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
The Brawler (2018)
2018
6.5
From Paris with Love (2010)
From Paris with Love (2010) ဒီဇာတ်ကားရဲ့နာမည် နဲ့ ပိုစတာကို ယှဉ်ကြည့်ပြီးRomance လား Drama လား Action လား ဇဝေဇဝါဖြစ်မိကြပါလိမ့်မယ်တကယ်တော့ ဒီဇာတ်ကားလေးဟာ Action ကြမ်းကြမ်းထဲDrama လေး နည်းနည်းကဲထားတဲ့အပြင် လှည့်ကွက်ကလေးတွေနဲ့ပါထပ်ပေါင်းထားတာကြောင့် ရသစုံလင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါဒီဇာတ်ကားကို ကြည့်ဖူးသူတွေ အများကြီးရှိပါလိမ့်မယ်မြန်မာစာတန်းထိုးလေးနဲ့ ပြန်ကြည့်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်Face Off မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပညာကို ဒီကားမှာ ထပ်မံမြင်တွေ့ကြရမှာပါ IMDb 6.2 ရရှိထားပါတယ်ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ချက်စ် ကစားသမား ဂျိမ်းစ်ရိစ် ဟာအမှန်တကယ်တော့ အသေးစားလျို့ဝှက်တာဝန်များကို ထမ်းဆောင်နေတဲ့စီအိုင်အေ အေးဂျင့်တစ်ဦး ဖြစ်ပါတယ်တစ်နေ့မှာတော့ ဂျိမ်းစ်ရိစ်ရဲ့တည်ငြိမ်အေးဆေးလှတဲ့နေ့ရက်တွေထဲချာလီဝက်စ် ဆိုတဲ့ ကောင်းဘွိုင်ဆန်ဆန် စီအိုင်အေ အေးဂျင့်တစ်ဦးရောက်ရှိလာတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ရေကန်ထဲခဲပစ်ခံရသလို ဖြစ်လာပါတော့တယ်ဘာတာဝန်နဲ့မို့ ချာလီဝက်စ် ပဲရစ်အထိ ရောက်လာခဲ့တာလဲ............အထက်အရာရှိတွေက ဘာ့ကြာင့်များ အသွင်မတူတဲ့အေးဂျင့်နှစ်ဦးကို ...
movie
From Paris with Love (2010)
2010
6.9
[18+] Lolita (1997)
[18+] Lolita (1997) [Dark Side Production မှ တင်ဆက်သည်။] IMDb Rating (6.9/10) Rotten Tomatoes (68%)ဒီရက်ပိုင်း ကျွန်တော် ကြည့်ဖြစ်တဲ့ကားတွေက Age Gap ကြောင့် ဖြစ်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်း လုပ်ထားတာတွေများပါတယ် ။ အဲ့ထဲက မှ အကြိုက်ဆုံးဆို Leon the Professional , An Education နဲ့ Lolita ပါပဲ ။ Lolita ကတော့ အကြိုက်ဆုံးပေါ့ ။ ရုပ်ရှင် မကြည့်ခင်ဝတ္ထုဖတ် ဖြစ်ကတည်းက Lolita ကို အတော် သဘောကျခဲ့မိတာပါ ။ဝတ္ထုကတော့ ရုရှား စာရေးဆရာ တစ်ဦးဖြစ်တဲ့ Vladimir Nabokov ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင် အဖြစ် 1962 မှာ တစ်ကား ၊ 1997 ...
movie
[18+] Lolita (1997)
1997
6.7
The Other Guys (2010)
နယူးယော့စီးတီးရဲ့ စုံထောက်လောကမှာ ထင်သလို ဖြစ်မလာ တတ်တဲ့ ကို့ယို့ကားယား ကိစ္စတွေကို ဟာသ အက်ရှင် ဇာတ်ကားအဖြစ် တင်ပြထားတဲ့ The Other Guys ဟာကျွန်တော်ကြိုက်တဲ့ ဟာသဇာတ်ကားတွေထဲက တစ်ကားပါ........ နာမည်ကြီးအက်ရှင်မင်းသားကြီးတွေ ပေါတောတောရဲဝန်ထမ်းစရိုက်ကို သရုပ်ဆောင်ထားတာ အမှန်အကန်ရယ်ရပါတယ်... အနောက်တိုင်းဟာသဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စကားပြောတွေက 18+ တွေပါနေလို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး....... File size…(1 GB) and (500 MB) Quality…Unrated.BluRay.720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Other Guys (2010)
2010
6.1
The Girl in the Spider’s Web (2018)
ပရိသတ်ကြီးကို ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Rating 6.1 ရရှိထားတဲ့ဒီကားကို ထွေလာကြည့်တည်းက အရမ်းကြည့်ချင်နေခဲ့ကားတစ်ကားပါ။စိတ်ဝေဒနာရှင် ဖခင်ဖြစ်သူနဲ့ အတူနေထိုင်ခဲ့ရတဲ့ သမီးနှစ်ယောက်ရဲ့ ကံကြမ္မာဟာတစ်နေ့မှာတော့ သက်သက်စီ ခွဲထွက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဖခင်ရဲ့နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်လို့ ထွက်ပြေးသွားခဲ့တဲ့သမီးနဲ့ ဖခင်ရဲ့နှိပ်စက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ သမီးဖြစ်သူတို့ နှစ်ပေါင်းကြာမှမတူညီတဲ့ ရန်ဖက်တွေအဖြစ် တွေ့ဆုံကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားကြည့်ရှုရမှာဖြစ်တာကြောင့် အားပေးလိုက်ကြပါဦးနော်.. File Size : ( 991 MB) & ( 266 MB)Quality : WebDL 720pRunning Time :1 hr 57 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard ...
movie
2018
5.8
လက်ဝှေ့ချံပီယံဟောင်း တစ်ဦးဖြစ်သူ ဂီချွဲသည် အနားယူပြီးနောက် ကျောင်းတစ်ခုမှာ အားကစားနည်းပြ ဝင်လုပ်ခဲ့သည် သို့သော် ကလေးတွေဗန်းပြပြီး ရံပုံငွေသဲ့ယူ ကလေးတွေကို မငှဲ့ညှာပေးတဲ့ လူကြီးတွေ နဲ့ ရန်ဖြစ်ပြီးနောက် ဂီချွဲရဲ့ မဟုတ်မခံစိတ်ကြောင့် အလုပ်ထွက်ခဲ့ရပြန်ပါတယ်... ဒီလိုနဲ့ နယ်မြို့လေး တစ်မြို့ က မိန်းကလေးသီးသန့် အထက်တန်းကျောင်း တစ်ခုမှာ ထပ်ပြီး အလုပ်ရခဲ့တယ် အားကစား နည်းပြဆရာ အဖြစ်နဲ့ပါ... မြို့ကို ရောက်ရောက်ခြင်းပဲ ဂီချွဲတစ်ယောက် တွေ့လိုက်ရတာကတော့ လူပျောက်ကြေငြာစာ တစ်ခုပဲ ဖြစ်ပါတယ်... အဲ့ဒီနောက် သူတာဝန်ကျတဲ့ မြို့ က အတော်ထူးဆန်းတာကိုလဲ သတိထားမိခဲ့တယ်... မြို့တင်ပဲလား ဆိုတော့ မကပါဘူး ကျောင်းမှာလဲ ဂီချွဲကို ဆရာလို လေးစားမယ့် တပည့် တစ်ယောက်မှ မရှိပါဘူး အဲ့ဒီထဲကမှ လူပျောက်ကြေငြာထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂန်ယူဂျင်း နဲ့ စတင်တွေ့ခဲ့ရပါတော့တယ် ယူဂျင်း ဟာ သူငယ်ချင်းဖြစ်သူ ရုတ်တရက်ပျောက်သွားတာကို တိုင်တန်းခဲ့ပေမဲ့ ဒီတိုင်း မြို့က ထွက်ပြေးသွားတယ်ဆိုကာ ရဲ နဲ့ ကျောင်းက အရေးမယူပဲ ဒီတိုင်း နေခဲ့ပါတယ်... ယူဂျင်း နဲ့ ဂီချွဲ ရင်းနှီးသွားသော အခါ ဒီကျောင်းက ကျောင်းသူတွေဟာ ခဏခဏ ပျောက်ဆုံးလျက် ရှိကြောင်း ဂီချွဲ သိခဲ့ပြီး နောက်မှာ ယူဂျင်း နဲ့ အတူ ...
movie
Ordinary People / The Villagers (2018)
2018
6.3
Polar (2019)
Polar (2019)____IMDb - 6.3/10 Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ပါ) File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie
Polar (2019)
2019
5.2
Concrete (2004)
ဒီဇတ်လမ်းကတော့ ဂျပန်နိုင်ငံမှာ ၁၉၈၈-၁၉၈၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်မှုခင်းတစ်ခုပါ။ ကွန်ကရစ်စည်ပိုင်းထဲထည့်ပြီးမြှုပ်ခံရတဲ့ကောင်မလေး(The Girl In Concrete)ဆိုပြီး ဂျပန်နိုင်ငံ မှာဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကတော့ အသက်မပြည့်သေးတဲ့အတွက် ဂျပန်နိုင်ငံရဲ့ (Juvenile Law)အရ ပြင်းထန်တဲ့ထောင်ဒဏ်ကို မခံခဲ့ရပါဘူး.... ++++++++++++++++ ၁၉၈၈ခုနှစ် ဂျပန်နိုင်ငံရဲ့အေးချမ်းလှတဲ့ နိဝင်ဘာလ... သူမစောင့်မျှော်နေတဲ့ ၈း၃၀ အချိန်ရောက် လာပါပြီ။ သူမရဲ့အချိန်ပိုင်းအလုပ်လဲပြီးပြီမို့ စက်ဘီးလေးကိုနင်းရင်း သိပ်ကိုကြည့်ချင်နေတဲ့ဂျပန် ဇတ်လမ်းတွဲကြည့်ဖို့ ပြန်လာခဲ့ပါတယ်။ အဲ့ဒီနေ့သာ သူမ ကံကြမ္မာဆိုးဝင်မဲ့နေ့သာသူမ သိခဲ့ရင်... သူမချစ်သော သူတွေအားလုံးနဲ့နောက်ဆုံးတွေ့ရသောနေ့တစ်နေ့မှန်းသာ သူမ ကြိုသိခဲ့ရင်... ++++++++++++++++ သူတို့ကျွန်မကို လူမဆန်စွာနှိပ်စက်ကြတယ်၊ အကြိမ်ကြိမ်အခါခါ တစ်ယောက်တလှည့်စီ မုဒိန်းကျင့် ကြတယ်၊ ပြီးတော့ ကျွန်မကိုကန်ကျောက်ထိုးနှက်ကြတယ်၊ ကျွန်မရဲ့ မိန်းမကိုယ်ထဲကိုလည်း မ်ီးစတွေ နဲ့ထိုးတယ်..ဘီယာပုလင်းအဖုံးတွေ...ဘာမှန်းမသိတဲ့အရာတွေနဲ့ ထည့်ပြီးနာကျင်အောင်လုပ်ကြတယ် ကျွန်မနာကျင်လွန်းလို့အသံတောင်မထွက်နိုင်တော့ဘူး... ကျွန်မရဲ့နာကျင်မှုတွေက သူတို့အတွက် ရယ်စရာကောင်းနေသလားရှင်... ++++++++++++++++ အခုဆို ကျွန်မတကိုယ်လုံး သူတို့နှိပ်စက်ပြုမူထားလို့ လူရုပ်တောင်မပေါက်တော့ဘူး၊ ကျွန်မလူရုပ် မပေါက်တော့ ကျွန်မကိုမုဒိန်းကျင့်ဖို့ထက် နှိပ်စက်ဖို့ဘဲအသုံးဝင်လာတော့တယ်၊ ကျွန်မရေဆာလို့ ရေတောင်းတဲ့အခါ သောက်ဖို့ရေအစား ကျွန်မဆီး(ကျင်ငယ်)ကို ကိုယ်တိုင်သောက်ပါဆိုပြီး အတင်း သောက်စေခဲ့တယ်၊ ချမ်းအေးလှတဲ့ဆောင်းရာသီကြီးမှာ ကျွန်မအကျီတောင်မကပ်နိုင်ဘဲ အေးစက် စွာနေခဲ့ရတယ် ။ ကျွန်မရဲ့ ...
movie
Concrete (2004)
2004
5.6
National Security(2003)
National Security(2003) နေ့စဉ်စားသုံးနေတဲ့ဟင်းလျာတွေတောင် တစ်မျိုးထဲထပ်ခါ ထပ်ခါစားသုံးနေပါက ရိုးအီသွားပါလိမ့်မည်.. ကြက်အဆီပျံ ၀က်သားနီလန် မအီအောင် ချဉ်ပေါင်ခံ လည်း နေ့စဉ်စားသုံးပါက အဆင်မပြေဖြစ်ပါလိမ့်မည်... အားလပ်ချိန်ထဲက ရုပ်ရှင်ကားတွေခံစားစဉ်မှာလည်း အတွေးအခေါ်နဲ့ဆိုင်တဲ့ကားမျိုးတွေ လှည့်ကွက်ပေါင်းများစွာပါတဲ့ကားမျိုးတွေ ရင်နင့်အောင်ခံစားရတဲ့ကားတွေကို ဆက်တိုက်ကြည့်ပြန်တော့လည်း နှလုံးသားအဟာရမဖြစ်တဲ့အပြင် နွမ်းလျမှုတွေပဲ ပိုတိုးလာပါလိမ့်မယ်.. ဒါကြောင့် ဟာသကားတွေလည်း မရှိမဖြစ်လိုကိုလိုအပ်လေတော့ အလှည့်ကျခံစားဖို့ရာ တင်ဆက်ပေးလိုက်ပါသည်... ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်.. အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma's House တို့ကိုတော့ သိမယ်ထင်ပါတယ်.. ရယ်ရတာ အူတက်တယ်ဆိုတဲ့ဝေါဟာရကိုဒီကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားထပ်သဘောပေါက်သွားလိမ့်မယ်.. ကိုင်းပြောတာလည်းရှည်ပြီဆိုတော့ ဇာတ်လမ်းအညွှန်းကို နည်းနည်းဆက်လိုက်ရအောင်.... ဇာတ်လမ်းအညွှန်း ************** နင်းကန် ရယ်ရတယ်...ဒါပဲ... ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (900 MB) and (353 MB) Quality : Blu-Ray 720p Format…mp4 Duration…01:28:00 Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded ...
movie
National Security(2003)
2003
5.5
The Witness(2018)
The Witness(2018) IMDb....5.5 ဟန်ဆောင်းဟွန်းတစ်ယောက် အလုပ်တစ်ခု အောင်မြင်တာနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အရက်တိုက်ရ ပြုစုရဆိုတော့ အိမ်ပြန်နောက်ကျနေတယ်... အိမ်ပြန်ရောက်တော့ မနက် ၁ နာရီပတ်ဝန်းကျင်ဆိုတော့ မိန်းမနဲ့ သမီးလေးကလည်း အိပ်နှင့်နေပြီ... ထုံးစံအတိုင်း ချက်ချင်းမအိပ်သေးဘဲ ဘီယာလေးကိုမြုံနေလိုက်သေးတယ်...အဲ့ဒီအချိန်မှာပဲ တိတ်ဆိတ်တဲ့မနက်ခင်း တစ်နာရီကို ထွင်းဖောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားအော်သံကို သူကြားလိုက်ရတယ်.... ဒါကြောင့် ပြတင်းပေါက်ကနေ အသံကြားရာဆီကို သူလှမ်းကြည့်တော့ တစ်ကိုယ်လုံးအနက်ရောင် ၀တ်ဆင်ထားတဲ့ လူတစ်ဦးက မိန်းကလေးတစ်ယောက်ကို မသေမချင်းခေါင်းကို ထုရိုက်သတ်နေတာသူတွေ့လိုက်ရတယ်... ရဲကိုဖုန်းခေါ်မလို့ပြင်ပြန်တော့ ကြောက်လွန်းလို့တုန်နေတဲ့သူ့လက်ကြောင့် ဖုန်းလည်း လွတ်ကျတဲ့အပြင် မိန်းမကတစ်ရေးနိုးတော့ မီးဖွင့်တာကြောင့် လူသတ်သမားက သူတို့တိုက်ခန်းကို သတိထားမိသွားလေရဲ့........ စိတ္တဇ ဆန်ဆန် လူသတ်သမား..မျက်မြင်သက်သေတစ်ဦး....လူနေအဆောက်အဦးရှေ့မှာရက်ရက်စက်စက်အသတ်ခံရတဲ့ အလောင်းတစ်လောင်း.. အမှုလိုက်ရဲအရာရှိတွေ..... ကိုင်းရှေ့ဆက်ဖြစ်မယ်ဟာတွေကိုတော့ ဇာတ်ကားကြည့်ရင်းသာခံစားကြပေရော.... ဒီကားက IMDb 5.5ကို သံသယဖြစ်နေရင် သို့မဟုတ် တခြားတစ်ယောက်က မကောင်းလောက်ဘူး ထင်တယ်လို့ပြောလာခဲ့ရင် ခင်ဗျားသာ Crime ဇာတ်ကားကောင်းကောင်းနှစ်သက်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါက လာပြောတဲ့သူကို ဒိုးလိုက်တော့လို့ ခွန်းတုံပြန်ပြီး နင်းကန်သာဒါင်းကြည့်လိုက်ပါ... ပြီးတော့ ဒီကားက hero ဆန်ဆန်ကြီးမပါတဲ့အပြင် တကယ့် Realism ဆန်ဆန်လေးရိုက်ထားတာတွေ့ရလိမ့်မယ်.. လူအချို့ရဲ့ စိတ်သဘောထားတွေ ကျဉ်းထဲကြတ်ထဲရောက်ရင်ရင် ရင်ဆိုင်ဖြေရှင်းပုံတွေကို ပုံစံအမျိုးမျိုးတွေ့ရလိမ့်မယ်..အကယ်၍များ ဟန်ဆောင်းဟွန်း နေရာမှာ ...
movie
The Witness(2018)
2018
6.9
Baazaar (2018)
movie
Baazaar (2018)
2018
4.8
[ Dark Side Production မှ တင်ဆက်သည်။ ] ငယ်စဉ်ကတည်းက ပထွေးရဲ့ အနိုင်ကျင့်ခြင်းကို အကြိမ်ကြိမ်ခံထားရတဲ့ သနားစရာမိန်းမငယ်လေး...ယောင်္ကျားဆိုရင် စကားတောင်မပြောရဲအောင် စိတ်ဒဏ်ရာတွေ အပြည့်နဲ့ပေါ့...ဒါပေမယ့် သူမရဲ့ စိတ္တဇထွက်ပေါက်ကိုလူမမြင်ရဘဲ Chat လို့ရတဲ့ Dating App တစ်ခုမှာ ဖွင့်ထုတ်ထားရာက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ...။ (အသက် ၁၈ နှစ်မပြည့်သူများ လုံးဝမကြည့်သင့်ပါ။) File size…(860 MB) Quality…Blu-Ray 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie
[18+] The Caged Flower: Hana Torikago [2013]
2013
5.6
Endless Loop ( 2018 )
ခရီးစဉ်တစ်ခုမှာတစ်ခါမှမဆုံဖူးတဲ့သူစိမ်း ၇ယောက်ကားတစ်စီးပေါ်အတူတူစီးလာပြီး မမျှော်လင့်ပဲဥမင်လှိုဏ်ခေါင်းတစ်ခုထဲကိုရောက်သွားရာကနေ Endless Loop တစ်ခုထဲကိုရောက်ရှိသွားပါတော့တယ်လှိုဏ်ခေါင်းထဲကလည်းပြန်မထွက်နိုင်..လှိုဏ်ခေါင်းထဲက အချိန်ကအပြင်ကအချိန်ထက်လည်းပိုမြန်ဆန်လွန်းနေတယ်..အသက်ရှင်ဖို့အတွက်အားလုံးစုစည်းပြီးကြိုးစားရပါတော့မယ်စွန့်စားမှုတစ်ခုပြီးတစ်ခုဖြတ်သန်းပြီးခဲ့တဲ့နောက်ဘာတွေကြုံတွေ့လာရမလဲ....အလောင်းတွေကရောဘယ်လိုပျောက်သွားတာလဲ.....မမျှော်လင့်ထားတဲ့ဘယ်လိုအန္တရာယ်တွေကြုံတွေ့လာနိုင်မလဲ......ဒီလူ ၇ယောက်ကရောဘယ်လိုတွေဆက်စပ်မှုရှိလဲ......နောက်ဆုံးဘယ်သူတွေကရော ဒီလှိုဏ်ခေါင်းထဲကနေပြန်ထွက်သွားနိုင်မလဲ.......ဒါတွေအားလုံးရဲ့နောက်ကွယ်မှာဘယ်သူရှိလဲ......ဇာတ်လမ်းအစကနေစိတ်ဝင်စားစရာအပြည့်နဲ့အဆုံးထိဆွဲဆောင်သွားနိုင်ခဲ့တဲ့ စိတ္တဇဆန်ဆန်မှုခင်းဇာတ်ကားကောင်းလေးပါ အညွန်းနဲ့ဘာသာပြန် အိပြည့်ဖြစ်ပါတယ်Subtitle & Encoder : LK
movie
Endless Loop ( 2018 )
2018
7.0
Déjà Vu (2006)
Déjà Vu (2006) IMDb - 7.0/10_____Rotten - 55% 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie
Déjà Vu (2006)
2006
N/A
Unstoppable (2018)
ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်... ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ... တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်... ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်.... စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်.... ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ... ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်
movie
Unstoppable (2018)
2018
First
111
112
113
114
115
Last
Previous
Next