Channel Myanmar

Comedy

The Machine (2023) 6.1
The Machine (2023) Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Comedy, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Machine (2023)

You Hurt My Feelings (2023) 7
You Hurt My Feelings (2023) You Hurt My Feelings (2023)~ IMDb - 7/10, Rotten Tomatoes - 95% ~တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ ...
movie

You Hurt My Feelings (2023)

2023
Friday Killer (2011) 6.4
Friday Killer (2011) Friday Killer (2011)2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း …သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ...
movie

Friday Killer (2011)

2011
Saturday Killer (2010) 6.1
Saturday Killer (2010) Saturday Killer (2010)ဘန်းပလာမာရဲ့ နာမည်ကျော်ကြေးစားလူသတ်သမားဖြစ်တဲ့ ဘဲကြီး Tee Rifle ဟာ သူ့ကိုယ်သူလူဖြစ်ရှုံးတဲ့သူလို့ သတ်မှတ်ထားသူပါ။ ဘာလို့လဲဆိုတော့ သူက စွမ်းဆောင်ရည်မရှိဘဲ ပန်းသေနေလို့ပါပဲ။ပန်းသေနေတဲ့ ဘဲကြီး Tee Rifleက တစ်နေ့မှာတော့ Chris ဆိုတဲ့ မိန်းမလှလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ Chris ကတော့ သူ့အဖေကိုသတ်သွားတဲ့သူကို ပြန်လက်စားချေချင်နေတဲ့သူပေါ့။အချစ်ကပေးတဲ့ အားဆေးလို့ပဲဆိုရမလား?Tee Rifleကတော့ Proကျကျ လူသတ်ရင်း Chrisအတွက် ဇွဲမလျှော့ဘဲ သူ့ညီလေးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့အရေး အဖြစ်မရှိတဲ့ စာကလေးငှက်လိုဘဝကနေ ကြီးထွားလာတဲ့ နဂါးကြီးဖြစ်အောင် ကြိုးစားမယ့်နည်းမျိုးစုံကို Saturday Killer ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဟာသအနှောလေးတွေနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။)File Size          : 1.3GB, 532MB, 308MB Quality    ...
movie

Saturday Killer (2010)

2010
Vampire’s Kiss (1988) 6.1
Vampire’s Kiss (1988) Vampire's Kiss (1988)~ IMDb - 6.1/10, Rotten Tomatoes - 63% ~မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ...
movie

Vampire’s Kiss (1988)

1988
Oh Belinda (2023) 5.4
Oh Belinda (2023) Oh Belinda (2023)ဒီဇာတ်လမ်းကတော့ လက်ရှိအချိန်ကနေ ရာဇဝင်ထဲ Webtoon ထဲ ဝတ္ထုထဲ ရောက်သွားတဲ့ဇာတ်လမ်းမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကြော်ငြာရိုက်ရင်း ကြော်ငြာထဲက ဇာတ်ကောင်အမျိုးသမီးရဲ့ကမ္ဘာကိုရောက်သွားတဲ့အကြောင်းပါ။~ ဇာတ်လမ်းအကျဥ်း ~ဒီလာရာဟာ အောင်မြင်တဲ့တူရကီသရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်။ တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ သူ့ဘဝက အစစအရာရာ ချောမွေ့နေခဲ့တယ်။ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်မခံလိုက်ခင် အချိန်ထိပေါ့။ ခေါင်းလျှော်ရိုက်တဲ့ Scene ပြီးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဟန်ဒန်ဖြစ်နေတာတွေ့လိုက်ရပါတော့တယ်။ ကြော်ငြာထဲကအတိုင်း ကလေးနှစ်ယောက်အမေ အိမ်ထောင်သည် ဘဏ်ဝန်ထမ်း ဟန်ဒန်ပေါ့။ဒီဘက်ကမ္ဘာမှာလည်း ဒီလာရာရဲ့လောကက သူတွေအကုန်ရှိနေပေမဲ့ ဘယ်သူမှသူ့ကိုမမှတ်မိကြပါဘူး။ ဘယ်သူမှမမှတ်မိ အရူးလိုဝိုင်းကြည့်ခံရပြီး ဟန်ဒန်တို့အိမ်သားတွေကလည်း ဟန်ဒန်စိတ်ဖောက်သွားတယ်အထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ပြင်နေပါတယ်။အဲဒီနောက် ဒါဟာသူ့အတွက် Test တစ်ခုဆိုတာ ဒီလာရာသဘောပေါက်သွားပါတယ်။ သရုပ်ဆောင်လုပ်နေရင်း ဒီလောကထဲရောက်လာတဲ့အတွက် ဒီလောကထဲကပြန်ထွက်ဖို့ သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဒန်အစစ်ရဲ့ ညစ်ပတ်တဲ့အမှန်တရားတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဘဝကြီးကရှုပ်ထွေးလာတဲ့အခါ ဒီလာရာတစ်ယောက်သူ့ကမ္ဘာကိုပြန်သွားနိုင်တော့ပါ့မလား...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai ...
movie

Oh Belinda (2023)

2023
Love in a Pandemic (2023) 6.7
Love in a Pandemic (2023) Love in a Pandemic (2023)*************************(၂၀၂၀) ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ကိုဗစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးကြောင့် ကျောင်းတွေ၊ တက္ကသိုလ်တွေ၊အလုပ်တွေအားလုံး ပိတ်ချပစ်လိုက်ရပြီး လော့ဒေါင်းကာလကြီးတစ်ခု စတင်ခဲ့ပါတယ်။ဒီလော့ဒေါင်းကာလကြီးက တော်တော်ကိုကြာမြင့်ခဲ့တာကြောင့် New normal အနေနဲ့ ကျောင်းသားတွေonline class တက်ကြတာ၊ ဝန်ထမ်းတွေ Work from home အလုပ်ဆင်းကြတာဒါမျိုးတွေပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လူလူချင်းထိတွေ့ခွင့်မရှိလို့ ဆဲလ်ဖုန်း လိုမျိုး electronic devices တွေကတစ်ဆင့်စတင်တဲ့ ပုံပြင်လေးတွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ကိုဗစ်လို့ပြောလိုက်တာနဲ့ လူတိုင်းလူတိုင်းမှာ ပြောစရာပုံပြင်လေးတွေ ကိုယ်စီရှိကြမှာပါ။ပြင်းထန်တဲ့ကိုဗစ်လှိုင်းအတွင်း ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေအနေနဲ့ကတော့ ဝမ်းနည်းစရာပုံပြင်တွေ၊ချစ်ရတဲ့သူတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့သူတွေအတွက်တော့ ပျော်စရာဇာတ်လမ်းလေးတွေ အစရှိသဖြင့်ပေါ့။ဒီဇာတ်ကားမှာဆိုရင်လည်း ဇာတ်ဆောင်ဖြစ်သူဘိုလန်လီက သူ့ရဲ့ကိုဗစ်ပုံပြင်လေးကို ဆွဲဆောင်မှုရှိရှိ ပြန်ပြောင်းပြောပြသွားတာကို တွေ့မြင်ရမှာပါ။အထီးကျန်ရမှာကိုကြောက်တဲ့ဘိုလန်လီအတွက်ချစ်ရသူက ကိုဗစ်ကာလအတွင်းရှေ့တန်းကတိုက်ပွဲဝင်ရမဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့တဲ့အပြင် ထင်မှတ်မထားတဲ့ဖောက်ပြန်မှုတွေကိုပါလုပ်နေခဲ့တဲ့အခါမှာတော့ ဘိုလန်လီ့အနေနဲ့ ဒီထဲကရုန်းထွက်ဖို့ ဘယ်လိုတွေကြိုးစားရမလဲ။သူ့ဘဝရဲ့အချစ်စစ်ကို ဘယ်လိုများရှာတွေ့သွားမလဲ။ လော့ဒေါင်းကာလအတွင်းသူ့ဘဝအတွက်တက်လမ်းတစ်ခုကို ရှာဖွေနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဇာတ်ကားကတော့ Love in ...
movie

Love in a Pandemic (2023)

Burn Notice: The Fall of Sam Axe (2011) 7.1
Burn Notice: The Fall of Sam Axe (2011)  2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာကပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEALရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီစစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက်ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲသူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီအစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံနှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီးဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်းသူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ်ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေမလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရောသူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ်ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံတွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုကဘယ်လိုရှိမှာလဲဆိုတာကိုတော့ ...
movie

Burn Notice: The Fall of Sam Axe (2011)

Kisi Ka Bhai… Kisi Ki Jaan (2023) 6.8
Kisi Ka Bhai… Kisi Ki Jaan (2023) Kisi Ka Bhai Kisi Ki Jaan (2023) ******************************************ယခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2023 ခုနှစ်ထွက် ရုံ‌တင်ငွေ 182 ကုဋေထိရခဲ့တဲ့ ဆလူးဘိုင်လို့ ချစ်စနိုးခေါ်ကြတဲ့ စလ်မာန်ခန်းက ဘိုင်ဂျန်း(အကိုကြီး)နေရာက ဦးဆောင်ပါဝင်ထားပြီး ဆလူးရည်းစားသစ်လေး ပူဂျား၊ အာသောကမင်းသားဆစ်ဒါးသ်နီဂဟမ်နဲ့ မင်းသမီး‌ချောလေး ဝရ်နာလီ ဘတ်နာဂရ်အပြင် တမီးလ်သရုပ်ဆောင်ကြီး ဂျဂါပသီဘာဘူကလည်း ကိုဒါသီ နာဂေးရှ်ဝရ်အဖြစ်နဲ့ အားဖြည့်ပါဝင်လာတဲ့ အက်ရှင်ဒရာမာ ရုံတင်ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ် သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့ မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲ လူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ)ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကို ရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ် အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေး‌တွေကိုလည်းမခွဲနိုင်တော့ အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကို မွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါ မွေးနေပြီမို့ အကိုကြီးကို ...
movie

Kisi Ka Bhai… Kisi Ki Jaan (2023)

2023
4K HEVC
About My Father (2023) 5.8
About My Father (2023) About My Father (2023)သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဥ်း ~ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်​ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin ...
movie

About My Father (2023)

2023
My Happy Ending (2023) 5.2
My Happy Ending (2023) My Happy Ending (2023)ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ... အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ‌ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ ...
movie

My Happy Ending (2023)

2023
The Animal (2001)
The Animal (2001)  ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာတစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမားမာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေကရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှုဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါလေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ်ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလိုပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်းအဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် ...
movie

The Animal (2001)

A Nashville Legacy(2023) 6.5
A Nashville Legacy(2023) A Nashville Legacy(2023)************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာအလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေတစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ.....File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

A Nashville Legacy(2023)

That’s My Boy (2012) 5.5
That’s My Boy (2012) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး ...
movie

That’s My Boy (2012)

[21+]Summer Camp Girls(1983) 5.7
[21+]Summer Camp Girls(1983) အမေရိကန် ပျိုဖြူလေးတွေအတွက် သီးသန့်ထိန်းကျောင်းတဲ့ နွေရာသီ လေ့ကျင့်ရေးစခန်းမှာ ဖြစ်ပွါးခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပါ... အမေရိကန်ပျိုဖြူလေးတွေရဲ့ ဘွင်းဘွင်းရှင်းရှင်း အန်ဆင်ဆာ အချစ်ဇာတ်လမ်းလေး...တကယ်တော့ အဲဒီစခန်းကို ဘယ်သူမှမသွားချင်ကြပါဘူး ဘာလို့လဲဆိုတော့ အနေထိုင် အရမ်းတင်းကြပ်လို့ပါပဲအန်ဂျလာ..... အန်ဂျလာကတော့ လူကုံထန်အသိုင်းဝိုင်းက ပေါက်ဖွါးလာသူလေး ပြစ်မျိုးမှဲ့မထင်လေး အလှတရားပြည့်စုံတယ်.... သူမရဲ့အဖေက အရမ်းစည်းကမ်းတင်းကြပ်တယ် သူမအဖေက ဘာသာရေးသမား အခုလည်းကြည့်လေ အန်ဂျလာချစ်သူက တခြားဘာသာဝင်ဖြစ်နေလို့ မရရအောင်ဖြတ်ပြီး လေ့ကျင့်ရေးစခန်းပို့ပစ်တယ်...အဲမှာ အန်ဂျလာတစ်ယောက် အထူးဆန်းတွေ စတွေ့တာပဲ သူရဲ့အခန်းဖော်တွေက ပူစီလေးတွေ.. သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... စိတ်ဝင်စားဖို့ကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းခန်းတွေ များတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…2.07GB / 1.01GB Quality…1080p /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+]Summer Camp Girls(1983)

1983
Mediterranean Fever (2022) 6.7
Mediterranean Fever (2022) Mediterranean Fever (2022)~ IMDb - 6.6/10, Rotten Tomatoes - 80% ~ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ ...
movie

Mediterranean Fever (2022)

2022
Delicious Romance ( 2023 ) 5.8
Delicious Romance ( 2023 ) အရမ်းချစ်ကြတဲ့သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးနဲ့အလုပ်အကိုင်တွေကို ဘယ်လိုတွေကျော်ဖြတ်ပြီးကိုင်တွယ်ကြလဲဆိုတာကို တင်ဆက်ထားတဲ့ မိန်းကလေးတွေအတွက်အင်အားဖြစ်စေမယ့် အချစ်ဒရာမာကားလေးကိုCMမှတင်ဆက်ပေးလိုက်ပါတယ်။-သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Liu Jing ဟာ စံပြစားသောက်ဆိုင်တစ်ခုဖွင့်လှစ်သော်လည်း အခြေနေမကောင်းတဲ့စီးပွားရေးအခြေအနေကြောင့် လမ်းကြောင်းပြောင်းဖို့တွေးနေခဲ့တယ်။-လှပသောမိန်းကလေးဖြစ်တဲ့ Fang Xinဟာ သူဟာအလုပ်မှာ အလှပြဖို့ပဲအသုံးဝင်တာ မဟုတ်ကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ကိုယ်ဝန်ရလာလို့ သူ့ဘဝစည်းချက်တွေပျက်သွားပါတယ်။-သန်မာတဲ့မိန်းကလေးဖြစ်တဲ့ Xia Mengက အနိုင်ရမှုနဲ့နေသားကျနေပေမယ့် အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာ နားမလည်နိုင်သေးပါဘူး…ဘဝမှာဒုက္ခလေးတွေအမြဲကြုံနိုင်ပေမယ့်...... သူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ဓာတ်ခိုင်မာပြီး သတ္တိရှိရှိနဲ့ရှေ့ကို ဆက်လျှောက်ဖို့ ယုံကြည်မှုတစ်ခုပါပဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama , Romance Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Delicious Romance ( 2023 )

Hearts in the Game (2023) 6.5
Hearts in the Game (2023) Hearts in the Game (2023)~ IMDb rating - 6.5/10 ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ...
movie

Hearts in the Game (2023)

2023
Charles Enterprises (2023) 7.1
Charles Enterprises (2023) Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Charles Enterprises (2023)

2023