Channel Myanmar

Comedy

Mi Maestra se comió a mi amigo (2023) 5.6
Mi Maestra se comió a mi amigo (2023) Mi Maestra se comió a mi amigo (2023) ============================သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတား တွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီ ဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေး ပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေ ဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သော မတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တ ရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ် ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီး သောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာ တွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။ မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆ ရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့ သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ် ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေ နဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ် ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်း တွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်က နေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေ အားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့် ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.25 GB) / (415 MB) / (267 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, ...
movie

Mi Maestra se comió a mi amigo (2023)

2023
The Out-Laws (2023) 5.5
The Out-Laws (2023) The Out-laws (2023)ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. ...
movie

The Out-Laws (2023)

2023
Puppy Love (2012) 6.1
Puppy Love (2012)  IMDb - 6.1/10ဇာတ်လမ်းအညွှန်း single mother မီဂန်နိုလန်ဟာ သူ့ရဲ့ ၁၀နှစ်အရွယ်သမီးလေးကိတ်လင်းနဲ့အတူ မြို့အသစ် အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။အိမ်အသစ်မှာ ကိတ်လင်းအတွက် သူငယ်ချင်းအသစ်တွေရမယ်လို့မျှော်လင့်ထားပေမယ့်လည်း တကယ်တော့ ကိတ်လင်းဟာအိမ်နီးချင်းရဲ့ခွေးလေးနဲ့သာ ဆော့ကစားနေရပါတယ်။ စိတ်မကောင်းဖြစ်မိတဲ့ မီဂန်က သူ့သမီးအတွက် ခွေးလေးမွေးစားဖို့ စိတ်ကူးလိုက်ပါတယ်။ အဲ့ဒီမှာ သူတို့က ခွေးထိန်းသိမ်းရေးစခန်းက ခွေးလေးကိုမွေးလိုက်ကြပါတယ်။ ဒီခွေးလေးက ရိုးရိုးလမ်းဘေးခွေးလေးမဟုတ်ပါဘူး။ဒီခွေးလေးရဲ့နာမည်က ဂျိတ်… သူ့သခင်က ဘေ့စ်ဘောအားကစားသမားဘန်ဖူလာပါ။ ဘန်က ဘေ့စ်ဘောသွားကစားနေတုန်း ဂျိတ်ကို အိမ်မှာထားခဲ့ပေမယ့် ဂျိတ်က ဘန်နောက်ကိုလိုက်လာရင်း လမ်းမှာလမ်းပျောက်သွားတာပါ။ ဒါ့ကြောင့် ဘန်ဟာ သူ့ခွေးလေးကို လိုက်ရှာနေတယ်။ဒီလိုနဲ့ ဘန်နဲ့ မီလန်တို့ သားသမီးနှစ်ယောက်နဲ့ ဆုံတွေ့သွားကြပြီးဇာတ်လမ်းလေးတစ်ခု ပေါ်လာပါတော့တယ်။ ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.55GB / 745MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie

Puppy Love (2012)

I Am Not A Dionysian ( 2022 ) 6
I Am Not A Dionysian ( 2022 ) ဒီတစ်ခေါက်မှာတော့ I Am Not A Dionysian ( 2022 ) ဟာသရုပ်ရှင်လေးကို ဘာသာပြန်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့....အရှေ့မြောက်ပိုင်း ဝိုင်အရက်စက်ရုံက ဝန်ထမ်း စုန့်ဟိုင်လျန် က စက်ရုံမှူး ရဲ့ လှည့်စားမှုကြောင့် သူ့ရဲ့အလုပ်သမားတွေဆီမှာ အကြွေးတင်နေခဲ့ပါတယ်....တောင်ပိုင်းရှိ ဝိုင်အရက်စပ်သမား ရှုံချူမော့ကလည်း အလုပ်မှာ ပေါ့ဆမှုကြောင့် အလုပ်ပြုတ်သွားခဲ့တယ်....အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ နှစ်ယောက်ရဲ့ မတော်တဆ ဖုန်းခေါ်ဆိုမှုကဆင့်တွေ့ဆုံခဲ့ကြပြီး သူဌေးအယောင်ဆောင်ပြီးတော့ ဝိုင်အရက်စက်ရုံကြီးရဲ့ စီးပွားရေးအကြောင်း ပြောဖြစ်ကြရင်းတာပေါ့ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်လှည့်စားနေရင်းကနေ နောက်ပိုင်းမှာတော့ရိုးသားစွာ အသက်ရှင်နေထိုင်ခြင်းဟာ ဘဝရဲ့ အဓိပ္ပါယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုမျိုး သိရှိလာခဲ့လဲဆိုတာကိုပုံဖေါ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK
movie

I Am Not A Dionysian ( 2022 )

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

Yellow Bird (2023)
Yellow Bird (2023) Yellow Bird (2023)တစ်ခါက အောင်မြင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ အခုအခါမှာတော့ စတိုးဆိုင်လေးတစ်ခုမှာ သာမန် အလုပ်သမားအဖြစ် အလုပ်ဝင်လုပ်နေရပါတယ်။ အိမ်ထောင်ကလည်းအဆင်မပြေသလို ကိုယ်တိုင်ကလည်း အရက်ဖြတ်ဖို့ ကြိုးစားနေရတဲ့အနေအထားပါ။ဒီရုပ်ရှင်မှာ မြင်ရတာကတော့ အဘက်ဘက်က မြောင်းထဲကျနေတဲ့ဇာတ်လိုက်နဲ့ သူ့ကို ပိုနစ်ဖို့ ကူထိုးမယ့် ဝါးတွေကော၊ ဆယ်ဖို့ ကြိုးစားမယ့် လက်တွေကော၊ ကိုယ်တိုင်ကရော ပြန်တက်လာချင်ရဲ့လား မြောင်းထဲဆက်နေမလားဆိုတဲ့ ဆုံးဖြတ်ချက်ကော... တွေ့ရမှာပါ။ပြောထားတာတွေက စိတ်ညစ်စရာတွေချည်းမို့ အထင်တော့မမှားလိုက်ပါနဲ့ဦး။ ဒီကားက ဟာသကားပါ။ အဲဒီလောက် စိတ်ညစ်စရာတွေကို ဘယ်လိုများရယ်ရအောင် ပြမလဲတော့ ကိုယ်တိုင်ပဲ ရှုစားတော်မူကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 785MB1.75GB, 785MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Comedy Subtitle - Myanmar Subtitle ...
movie

Yellow Bird (2023)

2023
Love’s Greek to Me (2023) 5.9
Love’s Greek to Me (2023) Loves.Greek.To.Me 2023ယခုတစ်ခါအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ IMDb 6.1/10 အထိရရှိထားတဲ့အချစ်ရိုမန့်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ဘဝမှာ အချစ်ပြီးရင် အချစ်လာဖို့အတွက်ဘာတွေလိုအပ်လဲ သူ့မိသားစု ကိုယ့်မိသားစုဆိုတာရော အိမ်ထောင်ရေးမှာ ဘယ်လောက်အရေးပါလဲ ချစ်သူနှစ်ဦးလက်တွဲဖို့ဆိုတာ အချိန်နေရာ ယဉ်ကျေးမှုစတဲ့အရာတွေကရော ဘယ်လောက်အရေးပါနေလဲ.... စတဲ့အကြောင်းအရာတွေကို ပြည့်စုံနေအောင် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာ အီလာနာလို့ခေါ်တဲ့ အမေရိကန်သူတစ်ယောက် သူ့ရည်းစား ဂရိနိုင်ငံသားလေး မိုက်ခ်ဆီကို လက်ထပ်ပွဲတစ်ခုအတွက် သွားတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ မိသားစုဆိုင်ရာ အခက်အခဲတွေ မတူညီတဲ့ရိုးရာတွေ စသည်ဖြင့် အချစ်နဲ့ဘဝကြား ဗျာများနေရပုံတွေကို အေးအေးဆေးဆေးကြည့်ရှုရမဲ့ ရိုမန့်ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဂရိနိုင်ငံရဲ့အလှအပတွေကို ဖောဖောသီသီပါဝင်တာမို့ လှပတဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရှုရင်း ပရိသတ်တို့ကိုယ်တိုင်လည်း မိုက်ခ်နဲ့အီလာနာတို့နေရာဝင်ခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အချစ်ဆိုတာ အချိန်တွေနေရာတွေကို ဖြတ်သန်းသွားနိုင်တဲ့ အရာတစ်ခုပါ....ဘာသာပြန်နဲ့အညွှန်းကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 791MB | 374MB Format… mp4 Duration…. 1h 24min Subtitle…. ...
movie

Love’s Greek to Me (2023)

2023
Flamin’ Hot (2023) 6.9
Flamin’ Hot (2023) Flamin' Hot (2023)Imdb - 6.9 Rotten Tomatoes - 69 %မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကို Disney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။ Rating တွေကလည်း အားရစရာပါပဲ။ဇာတ်လမ်းကျောရိုးကတော့ လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။ တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့် ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | ...
movie

Flamin’ Hot (2023)

2023
Who Invited Charlie? (2023)
Who Invited Charlie? (2023) Who invited Charlie? (2023)တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့....ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. ...
movie

Who Invited Charlie? (2023)

Not Your Romeo & Juliet (2023) 5.8
Not Your Romeo & Juliet (2023) Not Your Romeo and Juliet (2023)ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။တစ်နေ့မှာတော့ မစ်ကီ‌ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က ...
movie

Not Your Romeo & Juliet (2023)

2023
Romantic Adventures ( 2023 ) 5.9
Romantic Adventures ( 2023 ) အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Romantic Adventures ( 2023 )

Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023
Missed Connections (2023)
Missed Connections (2023) Missed connections (2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် ‌အကျိုးရှိတဲ့ဇာတ်ကားလေးပါ။စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 829MB | 402MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae ...
movie

Missed Connections (2023)

2023
Annapurna (2023)
Annapurna (2023) Annapurna (2023)တောင်တက်ဖို့ဆိုရင် စိတ်အားထက်သန်တဲ့ ဂန်ဟျွန်းက သူ့ဂျူနီယာ ဆောဝူးကို ခေါ်ထုတ်ပြီး တောင်အတူတက်ကြရင်း ကြုံခဲ့တဲ့အချစ်ရေး၊ လမ်းခွဲခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေအကြောင်း ပြောကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်ဂန်ဟျွန်းဟာ ဟိမဝန္တာတောင်တန်းမှာရှိတဲ့ Annapurna တောင်ကို တက်ချင်နေတဲ့သူဖြစ်ပြီးတော့ တောင်ရဲ့ဇာတ်လမ်းအစုံကို ဂျူနီယာဖြစ်တဲ့ ဆောဝူးကို အပြည့်အစုံပြောရင်းနဲ့ လမ်းပျောက်လိုက်၊ မျက်စိလည်လိုက်ဖြစ်ပါလေရောသူတို့ရဲ့အချစ်ရေးအတွေ့အကြုံတွေ၊ လူငယ်သဘာဝစိတ်ကူးတွေ၊ ဝါသနာတွေကို ပြောကြရင်း ဂန်ဟျွန်းရဲ့ ဘဝဒသနတွေကို နားထောင်ရမှာဖြစ်ပါတယ် နှစ်ယောက်သား ဘာတွေဆွေးနွေးမျှဝေကြမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 647MB | 300MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Annapurna (2023)

Extreme Festival (2023)
Extreme Festival (2023) မန်ဂျင်းမှာလုပ်မဲ့ ဒေသပွဲတော်တစ်ခုက မကျင်းပခင် တစ်ပတ်အလိုမှာပဲဂျောင်ဂျုံးယဉ်ကျေးမှုပွဲတော်ကနေ ယွန်းဆန်းဂွန်းယဉ်ကျေးမှုပွဲတော်အဖြစ် နာမည်ပြောင်းသွားပါတယ်။အဆိုပါပွဲတော်ကို စီစဉ်သူကတော့ "သ၀န်တိုမှုက ငါ့ရဲ့အင်အား" လို့ခေါ်တဲ့start up ကုမ္ပဏီလေးရဲ့ ကိုယ်စားလှယ်အီဟယ်ဆူပဲဖြစ်ပါတယ်။ဆိုးတာတစ်ခုက ပွဲတော်နေ့မှာ ပွဲကြည့်ထိုင်ခုံတွေက အလွတ်တွေချည်းဖြစ်နေပြီးဖိတ်ကြားထားတဲ့ ဧည့်သည်အဆိုတော်ကလည်း ရောက်မလာဇာတ်ညွှန်းပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဇာတ်အဖွဲ့ကလည်း ဆန္ဒပြ...မျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာတဲ့ ပွဲတော်လေးကို ဟယ်ဆူတစ်ယောက်အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးအောင် ကျင်းပနိုင်မလား....ဘယ်လို ရယ်စရာအလွဲလေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်... File Size : 1.2GB, 527MB Quality : WEB-DL1080P,720p Format : mp4 Duration : 01:34:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff
movie

Extreme Festival (2023)

2023
I Like Movies (2023) 6.8
I Like Movies (2023) I Like Movies (2023)ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလို ပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။ အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။ သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။ သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။ သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာ သူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေ လူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 915MB | 282MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar ...
movie

I Like Movies (2023)

2023
Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008