Channel Myanmar

Comedy

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

Unexpected (2022)
Unexpected (2022) (IMDb 4.4/10)မင်းသားကြီး Joseph Mazzello နဲ့ မင်းသမီးကြီး Anna Camp တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Comedy/ Drama/ Romance ဇာတ်ကားလေးတစ်ကားပါဒီဇာတ်ကားလေးမှာလည်း ပေးချင်တဲ့ message ကတစ်မျိုးလေးပါပဲ ရင်ထဲတစ်ခုခုတော့ကျန်မှာသေချာပါတယ် ကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးကလည်း လိုတာမရ ရတာမလိုနဲ့ အတော်ကိုထူးဆန်းတာမျိုးပဲမလား ကျွန်တော်တို့ မျိုရိုးဗီဇရဲ့ဖြစ်တည်မှုဆိုတာကြီးကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်မျိုးပါပဲဇာတ်အိမ်လေးကတော့ ဘော့ နဲ့ အေမီ တို့လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ကြိုးစားနေကြတဲ့သူတွေပေါ့ ဆေးစစ်ချက်မှာ အေမီ ရဲ့အားနည်းချက်ကြောင့်မရနိုင်တာလို့သိတဲ့အချိန်မှာ အေမီ တစ်ယောက်ဆောက်တည်ရာမရခဲ့ဘူး ဂီတဝေဖန်ရေးဆောင်းပါးရေးတဲ့ ဘော့ ကလည်းကလေးရဖို့စိတ်နဲ့ပဲ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ အလုပ်ပြောင်းခံရနဲ့ နှစ်ယောက်စလုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အချိန်ပေါ့တစ်နေတော့ ကြော်ငြာတစ်ခုမှာ ကျေးလက်ကအိမ်လေးတစ်အိမ်အရောင်းတင်ထားတာကို အေမီ တစ်ယောက်တွေ့သွားပြီးတော့ ကျေးလတ်ဒေသလေးမှာ လင်မယားနှစ်ယောက် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့သွားပြီး ကလေးရဖို့ နောက်ထပ်တစ်နည်းနဲ့ကြိုးစားဖို့အခွင့်အရေးကိုလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြရာကနေ........အဲဒီဒေသမှာ တွေရတဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံရေးတွေဖန်တီးမှာလည်း....ဝယ်လိုက်တဲ့အိမ်ကရော အဆင်ပြေရဲ့လား...... သူတို့ရဲ့ရည်ရွယ်ချက်ကိုရော အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့........ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(810 ...
movie

Unexpected (2022)

The Birthday Boy (2024) 8.7
The Birthday Boy (2024) The Birthday Boy (2024) "မွေးနေ့ရှင်"ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဥ်းကတော့အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက် အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့ စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန် ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး ... ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာ ထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.8GB / 892MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Birthday Boy (2024)

2024
Johnson Family Vacation (2004)
Johnson Family Vacation (2004)  Director Christopher Erskin ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်တဲ့ Comedy Movie လေးပါ Best Comedy Award Nomination ၃ ခုလည်းရခဲ့ပါသေးတယ် မင်းသားကြီး Cedric The Entertainer နဲ့ US ရဲ့ နာမည်ကြီး The Steve Harvey Show ရဲ့ Host ဖြစ်တဲ့ Steve Harvey တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီး Vanessa Williams နဲ့ အမေရိကန် Rapper နဲ့ Actor ဖြစ်တဲ့ Shad Moss(Bow wow) ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်ဇာတ်လမ်းလေးကတော့ ဂျွန်ဆင်မိသားစုတွေ ပြန်လည်ဆုံတွေ့ပြီး "တစ်နှစ်တာအကောင်းဆုံးမိသားစု" ဆုဖလား ပြိုင်ပွဲကိုပြုလုပ်ဖို့အတွက် နိတ်ဂျွန်ဆင် တို့မိသားစုဟာ သူ့အမေရှိတဲ့မြို့ကို မိုင် ၂၀၀၀ လောက်နီးပါး ခရီးထွက်ခဲ့ရင်း တစ်လမ်လုံး ဘယ်လိုဟာသတွေကြုံရမလဲ....... အမြဲတမ်း ...
movie

Johnson Family Vacation (2004)

Eulogy (2004)
Eulogy (2004) IMDb 6.5/10 ************************************* ဇာတ်လမ်းက​တော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး... File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si 
movie

Eulogy (2004)

Townhouse Confidential (2023)
Townhouse Confidential (2023)  တောင်းဟောက်စ်ဆိုတာကတော့ အနံကျဉ်းပြီး အလျားကျယ်တဲ့အပြင် အထပ်အများကြီးပါတဲ့ တိုက်အိမ်ကြီးအမျိုးအစားတွေပါ။နယူးယော့ခ်မြို့ အနောက်ရွာမှာရှိတဲ့ တောင်းဟောက်စ်တွေကို ဝယ်ပြီး ဆောက်လုပ်ရေးစီမံကိန်းအဖြစ်ပြောင်းလဲဖို့ အနောက်ရွာ အိမ်ခြံမြေလုပ်ငန်းရဲ့ နာမည်ကြီး ဘဲရိုးမိသားစုက ဂျော့ ဘဲရိုးက စီစဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့စီမံကိန်းကိုအပြီးသတ်ဖို့အတွက် အလယ်တည့်တည့်က တောင်းဟောက်စ်တစ်လုံးပဲထီးထီးကြီးကျန်နေခဲ့ပါတယ်။အဲဒီတောင်းဟောက်စ်မှာတော့ အဲလစ်ဇဘတ်၊ လစ်ဒီရာနဲ့၊ မယ်ရီဆိုတဲ့ ပယ်ရီညီအစ်မသုံးယောက်နေကြပြီး သူတို့မိဘတွေဆီကတွေ အမွေရထားတာပဲဖြစ်ပါတယ်။ အိမ်ကြီးအိမ်ကောင်းနဲ့နေကြပေမဲ့ ညီအစ်မသုံးယောက်ပေါင်းလို့မှ သာမာန်လစာပဲရကြတာပါ။အပေါင်စာချုပ်တွေ၊ အခွန်အခတွေနဲ့ ပြင်ဆင်စရိတ်‌တွေကြောင့် သူတို့အိမ်မှာပိုနေတဲ့ ပန်းခြံတိုက်ခန်းကို အိမ်ငှားတင်ဖို့ လူငှားရှာနေကြတာလည်းဖြစ်ပါတယ်။တနေ့မှာတော့ သူတို့ချေးမထားတဲ့ ဒေါ်လာတစ်သိန်းအတွက် အတိုးမသွင်းလို့ တစ်ပတ်အတွင်းအိမ်ကိုသိမ်းမယ်ဆိုတဲ့ ဘဏ်အကြောင်းကြားစာရောက်လာခဲ့ပြီး သူတို့ရဲ့ အိမ်တန်ဖိုးနဲ့ညီတဲ့ ချက်လက်မှတ်စာအုပ်ကလည်းပျောက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ ပယ်ရီညီအစ်မတွေ ဘယ်လိုဖြေရှင်းကြရမလဲ၊ ဂျော့ ဘဲရိုးရဲ့ စီမံကိန်းလက်ထဲပဲထိုးအပ်လိုက်ရမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Roamance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Townhouse Confidential (2023)

Montréal Girls (2023)
Montréal Girls (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.2/10 ရရှိထားတဲ Comedy/Romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Montréal ဆိုတာက ကနေဒါက နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်ပြီး ဇာတ်ကားနာမည် Montréal Girls ဆိုတာကတော့ အဲဒီမြို့က ကောင်မလေးတွေကို ညွှန်းဆိုထားတာပါ။ရာမီက ဆေးကျောင်းတက်ဖို့ သူ့ရဲ့အန်ကယ်အိမ်ကို ရောက်လာခဲ့ပြီး တီးဝိုင်းလုပ်တဲ့ သူ့ဝမ်းကွဲအစ်ကိုရဲ့ ကောင်းမှုနဲ့ Montréal က ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ သိကျွမ်းခဲ့ပါတယ်။ ထင်မထားတဲ့အချိန်မှာ ပေါ်လာပြီး ရုတ်တရက် ပျောက်ပျောက်သွားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရာ့ဇ်ရယ်၊ ရာမီပြောသမျှကို နားထောင်ပေးပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ဒက်ဇီရယ်၊ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျှောက်ရဲတဲ့ ဆိုဖီယာရယ်ပေါ့။ကဗျာဆရာဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို ချောင်ထိုးပြီး ဆုံးပါးသွားတဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလိုက်လျောရင်း ဖခင်ဖြစ်သူကိုလည်း ကြောက်လို့ ဆေးကျောင်းလာတက်နေရပေမဲ့ ဘဝရဲ့ ဦးတည်ချက်ပျောက်ဆုံးသလိုဖြစ်နေတဲ့ ရာမီက သူ့ဘဝကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရှိလာနိုင်မှာလား၊ ကောင်မလေးတွေထဲက ဘယ်သူကရော ရာမီ့ရဲ့ကဗျာတွေအတွက် ဈာန်နတ်သမီးဖြစ်လာနိုင်မလဲ၊ ...
movie

Montréal Girls (2023)

Mr. Right (2023)
Mr. Right (2023) IMDb 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Tanner Gillman နဲ့ မင်းသမီး Sierra Reid တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီအချစ်ကားလေးကတော့ Dating ဆောင်းပါးတွေရေးတဲ့ အွန်လိုင်းစာရေးဆရာမလေးရဲ့ Right person ရှာပုံတော်ဖွင့်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ရှားလော့က နာမည်ကြီး အွန်လိုင်း Dating Site တစ်ခုမှာ အလုပ်ရသွားလို့ အလုပ်ရှိရာ မြို့ကို ပြောင်းလာပြီး အလုပ်သစ်၊ နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေသူပါ။ ရှားလော့က သူမရဲ့ အလုပ်သစ်က လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ ကော်ဖီဆိုင်က လီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ဒိတ်လုပ်တဲ့အကြောင်းတွေ ရေးတဲ့စာရေးဆရာမ ဖြစ်ပေမဲ့ အချစ်အကြောင်း တစ်လုံးမှမသိသူ ရှားလော့ကို သူမဆီ ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို လက်ခံပြီး အလုပ်အတွက် ကုန်ကြမ်းရအောင် ယူလိုက်ဆိုတဲ့ လိုင်လာ့ရဲ့အကြံပေးမှုကြောင့် ကောင်လေးတစ်ယောက်နဲ့ အရင် ဒိတ်လုပ်ခဲ့ပါတယ်။ ကံမကောင်း ...
movie

Mr. Right (2023)

The Instigators (2024) 6.5
The Instigators (2024)  ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသအက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrowလက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက်ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ်ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း****************မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကိုရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာတစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေတန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်ကလိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင်တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB ...
movie

The Instigators (2024)

4K HEVC
Mission: Cross (2024)
Mission: Cross (2024) Mission: Cross (2024)*********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကိုCM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ်အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကိုတစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကိုတိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီးဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင်တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie

Mission: Cross (2024)

Thelma (2024)
Thelma (2024) IMDB 7.1 အထိရထားတဲ့ drama. comedy ကားသစ်လေးဖြစ်ပါတယ် ...အသက် 90 ကျော် အဖွား သယ်မာပို့စ်ရဲ့ ဖြစ်ရပ်မှန်စွ့န်စားခန်းကိုရိုက်ကူးထားတာ အတော်လေး ကြည့်ကောင်းပါတယ် ... 91 နှစ်အထိ ခင်ပွန်းဖြစ်သူ တက်ဒီနဲ့ဖြတ်သန်းခဲ့ပြီးခင်ပွန်းဆုံးသွားပြီး ဘ၀နေ၀င်ချိန်ကိုတစ်ကိုယ်ထဲဖြတ်သန်းဖို့ဖြစ်လာပါတယ် ဒါပေမယ့် တစ်နေ့ သူ့မြေးဟန်‌ေဆာင်ပြီး ဒေါ်လာ 10000 လိမ်သွားတဲ့ scammer တွေကို ပညာပြန်ပေးဖို့အတွက် လက်စားချေဖို့အတွက်စွန့်စားခန်းထွက်လာပါတော့တယ်(အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre... Action, Comedy, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing 
movie

Thelma (2024)

Descendants: The Rise of Red (2024)
Descendants: The Rise of Red (2024) ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်Descendants ရုပ်ရှင်ကားတွေကို Descendants (2015) - https://www.channelmyanmar.to/descendants-2015/ Descendants 2 (2017) - https://www.channelmyanmar.to/descendants-2-2017/ Descendants 3 (2019) - https://www.channelmyanmar.to/descendants-3-2019/ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ...
movie

Descendants: The Rise of Red (2024)

Turbo (2024) 6.5
Turbo (2024) Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Turbo (2024)

2024
The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009
The Mouse Trap (2024) 5.5
The Mouse Trap (2024)  အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်းတစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံစိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမားလက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုလွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြောထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Mouse Trap (2024)

Project Makeover (2007) 5.9
Project Makeover (2007) Project Makeover (2007)ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာ အဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။ သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ‌ ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။ သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။ နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။ အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကို သူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား.... ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား... အတိတ်မှာသူဖြစ်ချင်တဲ့ ...
movie

Project Makeover (2007)

2007
Mitron (2018) 7.0
Mitron (2018) ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ဟာသ ဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးလေးမို့ မိသားစုနဲ့အတူ ခွီလို့ကောင်းမယ့် ဇာတ်ကားတစ်ကားပါပဲနိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေအရလည်း IMDb 7/ 10 အထိ ရရှိထားလို့ မဆိုးဘူးလို့ ပြောရပါမယ် ဇာတ်လမ်းလေးကတော့ အရှုံးသမား၊ ငတုံး ငအလို့ အသတ်မှတ်ခံထားရတဲ့ ဂျေးဆိုတဲ့ကောင်လေးနဲ့ အရည်အချင်းရှိပြီး ထက်မြတ်တဲ့ အဗ်နီးဆိုတဲ့ကောင်မလေးတို့ဟာ မိဘချင်းသဘောတူလို့ မင်္ဂလာကိစ္စနဲ့ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ကြတာပါတယ်သူတို့နှစ်ဦးစလုံးမှာလည်း အိပ်မက်ကိုယ်စီရှိကြတာမို့ အိမ်ထောင်ချပေးမယ့်အရေးကနေ သူတို့အိပ်မက်တွေကို ဘယ်လိုအကောင်ထည်ဖေါ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File size… 2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie

Mitron (2018)

2018
Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
Hello Ghost! ( 2023 ) 6
Hello Ghost! ( 2023 ) Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်... ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်... ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား... တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ... ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့...အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်... ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်...ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး... အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး.... အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး.... နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး... တို့ပေါ့...ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ် Filesize : 1.69 GB / 818 MB Quality : WEB-DL 1080p , 720p Format : mkv Genres : ...
movie

Hello Ghost! ( 2023 )

Treasure (2023) 6.1
Treasure (2023)   ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ Edek Rothwax ကဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ နာမည်ကြီးအော့ခ်ျဝစ် အကျဉ်းထောင်ကနေ မသေလို့ ကံကောင်းထောက်မပြီး လွတ်လာခဲ့တယ်။သူဟာ အမေရိကန်မှာအခြေချပြီး ဘဝကို စိတ်ဒဏ်ရာတွေနဲ့နေထိုင်ခဲ့ကာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်။သမီးဖြစ်သူ Ruth က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူမ အဖေရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံကသူမအဖေ အမေတို့ရဲ့ ရှင်သန်ကြီးပျင်းခဲ့ရာနေရာကို သွားလည်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့ အဖေ နဲ့ သမီးတို့ နှစ်ယောက်သား ပိုလန်ခရီးစဉ်စတင်ခဲ့ပါတယ်။ဒီ ဇာတ်ကားလေးမှာတော့ ဂျာမန်လူသတ်စခန်းဆီက ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ ပိုလန်နိုင်ငံရဲ့ မှိုင်းပျခြောက်ကပ်တဲ့ ခံစားချက်တွေနဲ့ အဖေနဲ့သမီးရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေကိုခံစားရှုစားကြရမှာပါ။ဇာတ်လမ်းဇာတ်ကွက်က အေးအေးဆေးဆေးလေးပဲသွားထားပြီးစိတ်ထဲ တွေးရင်းတောရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်လေးထဲစီးမျောလိုက်ရအောင်လားခင်‌ဗျာ။  File size…1.61GB / 889MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Treasure (2023)