Channel Myanmar

Comedy

What Happens in Vegas (2008)
What Happens in Vegas (2008)  ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

What Happens in Vegas (2008)

Frank and Cindy (2015) 6.1
Frank and Cindy (2015)  Genre – Comedy, Drama IMDB – 6.1/10ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီးရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့ သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေစင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့ အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန်အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေ။အဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီးတီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ်ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တာကိုး။ အဲဒီမှာတင် GJတစ်ယောက် ...
movie

Frank and Cindy (2015)

God Bless America (2012) 7.1
God Bless America (2012)  ဒီတစ်ခါမှာတော့ IMDb 7.1 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးတစ်ခုတင်ဆက်ပေးပါ့မယ် Social media လွှမ်းမိုးလာတာနဲ့အမျှ လူတွေဟာလည်း နေ့ရှိသရွေ့ Cele အကြောင်းတွေ အတင်းတွေ နိုင်ငံရေးအယူအဆတွေ ဝက်ဆိုဒ်ပေါ်မှာတွေ့တာတွေကို ပြောကြဆိုကြရင်း အချိန်ကုန်လာကြပါတယ် အဲ့ဒီလို Social Media လွှမ်းမိုးမှုကို မကြိုက်တဲ့ ဖရန်ခ့်တစ်ယောက်ကတော့ လူ့ဂွစာကြီးဖြစ်နေတာပေါ့ဗျာ ပြီးတော့ ဖရန်ခ့်ဟာ ယဉ်ကျေးမှုပြောင်းလဲလာတာတွေကိုလည်း သဘောကျသူမဟုတ်ပါဘူး ဒီလိုနဲ့ လူ့ဂွစာကြီး ဖရန့်ခ့်ဟာ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပါတော့တယ် အလုပ်ပြုတ်ပြီးပြီးချင်းမှာပဲ သူရဲ့ဦးနှောက်မှာ အကြိတ်တည်နေတာကို ပါ ထပ်သိလိုက်ရပါသေးတယ်ကျန်းမာရေးလည်းမကောင်း အလုပ်လည်းပြုတ် အိမ်ထောင်လည်းကွဲထားတဲ့ ဖရန်ခ့်တစ်ယောက် သူ့ကိုသူ အဆုံးစီရင်ဖို့ကြံစည်ပါတော့တယ် ထိုအချိန်မှာပဲ တီဗီရှိုးတစ်ခုမှာလာတဲ့ ကလိုအီဆိုတဲ့ လူကြီးကို လူကြီးလို မထင်တဲ့ နာမည်ကြီး ကောင်မလေးတစ်ယောက်ဟာ ဖရန်ခ့်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်နေတာပေါ့ ဒီလိုနဲ့သူဟာ သူ့ကိုယ်သူ အဆုံးမစီရင်ဘဲ ကလိုအီကို သွားသတ်ပါတော့တယ် ဒီလိုနဲ့ ...
movie

God Bless America (2012)

Zookeeper (2011) 5.2
Zookeeper (2011)  ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Zookeeper (2011)

The Girl from Monday (2005) 5.5
The Girl from Monday (2005)  ဒီဇာတ်ကားလေးကတော့ အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာဇာတ်ကားလေးပါ။ စတော့ရှယ်ယာတွေအနေနဲ့ ပိုက်ဆံကိုမလှဲလှယ်ကြတော့ဘဲ လူတွေကိုလှဲလှယ်တဲ့အချိန်‌ကို ရောက်သွားပါပြီ။ လူတွေဟာ ပိုက်ဆံလိုမျိုးနေရာကိုရောက်သွားပြီး တစ်ယောက်ချင်းစီရဲ့တန်ဖိုးကိုတော့ လိင်ဆက်ဆံတဲ့အကြိမ်ရေနဲ့သတ်မှတ်ပါတယ်။ လိင်ဆက်ဆံမှုများလေ တန်ဖိုးမြှင့်လာလေလေပါ။လူတွေဟာ လိင်မှုဆက်ဆံတာကို သူတို့တန်ဖိုးမြှင့်အောင်ပဲလုပ်ကြပြီးတော့အချစ်တွေ၊ ကြင်နာမှုတွေ၊ နူးညံ့မှုတွေကို ရှာမတွေ့နိုင်တော့ပါဘူး။အဲဒီဈေးကွက်ကို Triple M ဆိုတဲ့မာတီမီဒီယာကုမ္ပဏီတစ်ခုကနေထိန်းချုပ်ပြီးတော့လူတွေကို အမြဲမော်နီတာကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။Jack ဆိုတဲ့သူဟာ အဲဒီကုမ္ပဏီမှာ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆီစီးလ်ကိုသ‌ဘောကျမိနေပေမဲ့ သူနဲ့ဆက်ဆံရေးတစ်ခုကိုထူထောင်ဖို့ တွေဝေနေပါတယ်။ ဒါပေမဲ့ ဆီစီးလ်ဟာ ဝီလီယံဆိုတဲ့သူနဲ့တရားမဝင်လိင်ဆက်ဆံမိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။ဒါကြောင့် ဆီစီးလ်နဲ့ဝီလီယံဟာ ဒီစနစ်ကိုဆန့်ကျင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.67GB / 757MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

The Girl from Monday (2005)

Walking on Sunshine (2014) 5.5
Walking on Sunshine (2014)  ဒီကားကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး posterကြည့်လိုက်တာနဲ့ရွှင်ရွှင်မြူးမြူး Musicalကားလေးဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။Gabriel's Infernoကားတွေရဲ့ မင်းသားချော Giulio Berrutiလည်းပါဝင်ထားပါတယ်။ Meddieဟာ အီတလီနိုင်ငံ ပူလီယာကမ်းခြေမှာ ရည်းစားသက်တမ်းသိပ်မကြာသေးတဲ့ချစ်သူနဲ့ လက်ထပ်ဖို့ပြင်ဆင်နေပါတယ်။ Meddie မသိတာကသူ့ရဲ့ခင်ပွန်းလောင်းဟာ သူ့ညီမTaylorရဲ့ ရည်းစားဟောင်းဖြစ်နေတာကိုပေါ့။Taylor အနေနဲ့လည်း အစ်မဖြစ်သူရဲ့ စပရိုက်စ်အတိုက်ခံလိုက်ရပြီး သူ့ခဲအိုဟာသူမမေ့နိုင်သေးတဲ့ချစ်သူဆိုတော့ ပျာယာတွေခတ်ကုန်တာပေါ့။ ဒါပေမဲ့သူ့အစ်မကောင်းကျိုးအတွက် Taylor ဟာ အရာအားလုံးကို ဖုံးကွယ်ထားဖို့ကြိုးစားပါတော့တယ်။ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးဟာ ဘယ်လိုဆက်ဖြစ်မလဲ၊အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ကရော ဆက်ပြီးအဆင်ပြေပါ့မလား၊သူငယ်ချင်းတွေကရော ဘယ်လိုကူညီပေးကြမလဲဆိုတာ ၈‌‌၀ ခုနှစ်ကနာမည်ကြီးပေါ့သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ကြရမှာပါ။  File size…1.84GB / 961MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Musical Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Walking on Sunshine (2014)

The Cat Returns (2002) 7.1
The Cat Returns (2002) The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB  / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Cat Returns (2002)

2002
[21+] All Babe Network(2013) 5.1
[21+] All Babe Network(2013) လူရယ်လို့မှဖြစ်လာပြီဆိုရင် အလုပ်တခု ဝါသနာတစ်ခုတော့ ရှိရမယ်လေ အလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ဆိုတာ ပိုအရေးကြီးနေပြန်ရော ဘရက် မှာလည်း အလုပ်တခုရှိနေတယ် ဝါသနာလည်းပါနေတယ်ခက်တာက အထက်လူကြီးက မကောင်းဘူးဖြစ်နေတယ် အထက်လူကြီးက ဘရက်ကို ထောင်းချင်နေပေမဲ့ ပိုင်ရှင်က ဘရက်ရဲ့ဦးလေးဖြစ်‌နေတယ် ဒီတော့ ဘရက်ကို အလုပ်ဖြုတ်ဖို့ ကြံရပါတော့တယ်ဘရက်ရဲ့ TV Show ကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်တယ် အလုပ်ထဲက လူတွေကို စည်းရုံးတယ် စည်းရုံးတဲ့နည်းက မိုက်နေရော ဘရက်မှာလည်း အခက်ခဲမျိုးစုံးကိုဖြေရှင်းပေးနိုင်တဲ့ ချစ်သူရထားတော့ အတော် ပွဲစည်သွားတယ် သူ့အထက်လူကြီးက ဘယ်လောက်ပဲ ဖျက်ဖျက် ဘရက်ကတော့ရအောင်ကြိုးစားရှာတယ်ဘရက်တယောက် မှတ်ချက်တွေ ဆိုးနေရာမှ မှတ်ချက်တွေ တဟုန်ထိုးတက်လာအောင် ဘယ်လိုနည်းလမ်း တွေ့သွားလဲ ဆိုတာ ကြည့်လို့ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်မှာ ထက်မြက်တဲ့မိန်းမတ‌ယောက်ရှိနေတက်ပါတယ် File size…926MB Quality…720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+] All Babe Network(2013)

2013
Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
Aachar & Co (2023) 8.0
Aachar & Co (2023) Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie

Aachar & Co (2023)

2023
Puppy Love (2023) 6.4
Puppy Love (2023) Puppy Love (2023) =============== IMDb Rating - 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ...
movie

Puppy Love (2023)

2023
4K HEVC
Vicky Cristina Barcelona (2008) 7.1
Vicky Cristina Barcelona (2008) IMDb----7.1/10မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz  
movie

Vicky Cristina Barcelona (2008)

{21+}Busty Cops and the Jewel of Denial (2010)
{21+}Busty Cops and the Jewel of Denial (2010) အလှပဂေးသုံးဖေါ်ရဲ့ စွမ်းစွမ်းတမံတာဝန်ကျေမှုတွေကို မျက်တောင်မခတ်တမ်း ကြည့်ရဖို့တန်တဲ့ကားပါပဲလူသူအရောက်နည်းတဲ့နေရာမှာ ပူနာနီ လို့ခေါ်တဲ့ ကျွန်းလေးတကျွန်းတည်ရှိပါတယ် အရမ်းကို သာသာလှပပြီး ဒေသခံတွေကလည်း ဖေါ်ရွေပါတယ်ကျွန်းနဲ့ လူမျိုးကိုကို အုပ်ချုပ်ပိုင်စိုးတာက သခင်မတစ်ယောက်ပါပဲ သူက သန္ဓေကျောက်တုံးကို ကိုင်စိုးထားပြီး အားလုံးရဲ့ ဖြစ်တည်မှုနဲ့ လိင်စိတ်ကို ထိန်းချုပ်ထားနိုင်သူပါပဲ ကျောက်တုံးပိုင်တဲ့မည်သူမဆို တခြားသူနဲ့ လိင်စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်အဲဒီကျောက်တုံးကို မသမာသူတွေ လိုချင်လာတဲ့အခါမှာတော့ အကိတ်သုံးဖေါ်ရဲ့ တာဝန်က ကာကွယ်ဖို့ဖြစ်လာပါတယ် ဘယ်လိုတွေ ခုခံ မလဲဆိုတာတော့ DS Fans တွေအကြိုက်ဖြစ်မှာသေချာပါတယ် File size…2GB / 1.02GB Quality…1080p FHD / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

{21+}Busty Cops and the Jewel of Denial (2010)

2010
No Reservations (2007) 6.3
No Reservations (2007) No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီးဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီးခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ ...
movie

No Reservations (2007)

Naked (2017) 5.4
Naked (2017) Naked (2017) ============Marlon Wayans နဲ့ Regina Hall တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ comedy ရုပ်ရှင်ပါ။ ဇာတ်ကတော့ ဟာကဇာတ်ပေမဲ့ ထူးထူး ခြားခြား တော်စားတယ်ပြောရမှာပဲ။ Marlon Wayansကလည်း ဒီလိုဇာတ် ကြောင်တွေနဲ့ လိုက်တယ်ဆိုတော့ ဂျင်းစိမ်းနဲ့မိဿလင်လို လိုက်ဖက်နေရော ပေါ့။ ဇာတ်က ရော့အန်ဒါဆန်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူက သူသိပ် ချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ အရာရာအသင့်ဖြစ်နေပြီ။ နက်ဖြန် လက် ထပ်မယ်ဆိုတော့ ဒီည သူငယ်ချင်းနဲ့ ပျော်တယ်ပါးတယ်ပေါ့။ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ သူနိုးလာတော့ ဓာတ်လှေကားတစ်ခုထဲ ကိုယ် တုံးလုံးကြီးဖြစ်နိုးလာတယ်။ လက်ထပ်ပွဲနဲ့လည်း တော်တော်လှမ်းတယ်။ ဒီလိုနဲ့ သူဓာတ်လှေကားထဲက တုံးလုံးကြီးဘဝကနေ လက်ထပ်ပွဲဆီရောက်ဖို့ကြိုးစား ပေမဲ့ နောက်တစ်နာရီတိုင်းမှာ သူ ဒုံရင်းဓာတ်လှေကားထဲပဲ ကိုယ်လုံးတီးနဲ့ ပြန် ပြန်နိုးလာပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ထပ်ခါထပ်ခါဇာတ်ဝင်ခန်းတွေကို ပျင်းဖို့မကောင်းဘဲ စိတ်ဝင်စားစရာ ကောင်းအောင်ပြသွားပါတယ်။ father of time loopsရုပ်ရှင်ဖြစ်တဲ့ groundhog dayရဲ့ အငွေ့အသက်ကို နည်းနည်းယူထားတာမို့ time loopsကားကြိုက်တဲ့လူတွေ ရော ...
movie

Naked (2017)

2017
Kangaroo Jack (2003)
Kangaroo Jack (2003) Kangaroo Jack (2003) Genre – Action, Adventure, Comedyငယ်ငယ်တုန်းက အကျီအနီရောင်လေးနဲ့ သားပိုက်ကောင်ပါတဲ့ဟာသကားလေး မှတ်မိကြမယ်ထင်ပါတယ်။တော်တော်လေးလည်း ဘဝအမောပြေရတဲ့ ဟာသကားလေးပါ။သားပိုက်ကောင်ဆိုပေမဲ့လည်း သူက အဓိက မဟုတ်ပဲသူနဲ့ ပတ်သက်ပြီး တလွဲတွေဖြစ်ကြတဲ့ ဟာသကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ နယူးယောက်မှာ ချာလီနဲ့လူဝစ်စ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ကလေးဘဝ ချာလီရေနစ်တုန်းက လူဝစ်စ်က ကယ်ပေးပြီးဘော်ဒါတွေ ဖြစ်ခဲ့ကြတာပေါ့။ဒါပေမဲ့လည်း အဲဒါကိုအကြောင်းပြုပြီး ကြီးတဲ့ထိချာလီ့ကို နှိပ်စက်လို့ကောင်းနေဆဲပဲ။ချာလီကကျ သူ့အမေက အဖေဆုံးပြီးနောက် လူမိုက်ဂိုဏ်းခေါင်းဆောင်ကိုလက်ထပ်ထားလို့ ပထွေးတော်ထားရတယ်။ဒီမှာတင် တစ်ရက်ကျ ထုံးစံအတိုင်း လူဝစ်စ်ကချာလီကို ဒုက္ခလာပေးတဲ့အချိန် ပထွေးဖြစ်သူရဲ့ လုပ်ငန်းကိုအကြောင်းရင်းမသိပဲ တုတ်နဲ့ထိုးသလိုဖြစ်ပြီး ပြဿနာတက်ပါတော့တယ်။ဒီတော့ ပထွေးဖြစ်သူက မင်းတို့တွေ အပြစ်ကျေချင်တယ်ဆိုရင်ဒီအထုပ်လေးကို သြစတြေးလျနိုင်ငံကတစ်နေရာသွားပို့ဆိုပြီး ခိုင်းလိုက်ရော။တကယ်တော့ အဲဒါ ဒေါ်လာ ၅ သောင်းဖြစ်ပါတယ်။ဒီလိုနဲ့ နှစ်ယောက်သား ပရမ်းပတာ သွားပို့နေတုန်းလမ်းမှာ သားပိုက်ကောင်တစ်ကောင်ကို ဝင်တိုက်မိပါတယ်။အဲဒါကို ချက်ချင်းလမ်းဘေးမဖယ်ပဲ ပိုက်ဆံအိတ်ပါတဲ့ဂျတ်ကတ်ကို သားပိုက်ကောင်ဝတ်ပေးပြီး ဓာတ်ပုံရိုက်ဖင်ယားနေတဲ့အချိန် ဟိုက မသေပဲ ...
movie

Kangaroo Jack (2003)

Little Lies(2022) 6.5
Little Lies(2022) Little Lies(2022)************** မုသားမပါ လင်္ကာမချောဆိုသလို ကြည်နူးသာယာတဲ့အချစ်ရေးတစ်ခုမှာလည်း အလိမ်အညာအသေးဖွဲ့လေးတွေက မပါမဖြစ်ပါရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ...။ ဇာတ်လမ်းလေးထဲမှာ စုံတွဲနှစ်တွဲပါပါတယ်...။ ပထမတစ်တွဲက ဘာဘရာနဲ့ ဂျူလီယန်ပါ...။ ဘာဘရာက အမြဲလိုလို bad boyတွေနဲ့ ကြုံနေရလို့ ခဏခဏ ပလေးခံရနေသူပါ...။ ဂျူလီယန်ကတော့ အမျိုးသမီးတွေကြားမှာဆို စန်းမပွင့်တဲ့ လူရိုးလေးဖြစ်ပြီး လက်တွဲဖော်ရှာဖွေနေသူလေးပါ...။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူ လင်မယားအတွဲ အီဗာနဲ့ မာတီအာတို့ရဲ့မြားနတ်မောင်လုပ်ပေးမှုကြောင့် ချစ်သူရည်းစားဘဝကိုရောက်သွားပါတယ်...။ သို့ပေမယ့် ဂျူလီယန်ဟာ စကားနဲ့ အလုပ်နဲ့မညီ၊ အမူအရာတွေ အပျက်အပျက်အယွင်းယွင်းဖြစ်နေတာမို့လိမ်ထားညာထားတာများရှိနေမလားပေါ့....။ ဒါကို မသင်္ကာတဲ့ အီဗာနဲ့ မာတီအာတို့စုံတွဲက စုံစမ်းထောက်လှမ်းရင်း... ဘယ်သူက ဘယ်သူ့ကိုလိမ်ပြီး၊ ဘာတွေရှုပ်ကြလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်Spanish Comedy Drama movieလေးပဲဖြစ်ပါတယ်....။  File size… 1.8GB& 835MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 32min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by  Phyo Pyae
movie

Little Lies(2022)

Snoopy Presents: One-of-a-Kind Marcie (2023) 7.4
Snoopy Presents: One-of-a-Kind Marcie (2023) Snoopy Presents: One-of-a-Kind Marcie က August လ 18 ရက်နေ့ကမှထွက်ရှိထားတဲ့ 39 မိနစ်စာ short movie လေးဖြစ်ပြီး messenger မှာ လူတိုင်းချစ်တဲ့ခွေးကလေး Snoopy ရဲ့ comedy series ဖြစ်တဲ့ The Snoopy Show ရဲ့ Spin-off story ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီ movie ရဲ့ အဓိကဇာတ်လိုက်က မာစီလို့ခေါ်တဲ့ introvert ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်မှုအားကောင်းတဲ့ မာစီဟာ လူတွေကိုကူညီချင်ပေမဲ့ လူကြောက်တတ်တဲ့သူ့ရဲ့ပင်ကိုစရိုက်ကြောင့် တခြားသူတွေကိုကူညီဖို့ သူ့ခရီးလမ်းဟာ ခရီးမတွင်ဘဲ‌ဖြစ်နေရပါတယ်။ ဒါကိုကိုင်တွယ်နိုင်ဖို့ မာစီတစ်ယောက်ဘယ်လိုကြိုးစားမလဲ၊ ဒီဇာတ်လမ်းရဲ့ main theme ဖြစ်တဲ့ ဂေါက်ရိုက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူငယ်ချင်းပက်ထရစ်ရှာချန်ပီယံဖြစ်ဖို့ မာစီဘယ်လိုတွေကူညီသွားမလဲဆိုတာ တွေ့မြင်ရမှာပါ။ IMDB rating အနေနဲ့ 7.4 အထိရရှိထားပြီး ...
movie

Snoopy Presents: One-of-a-Kind Marcie (2023)

Under the Tuscan Sun (2003) 6.7
Under the Tuscan Sun (2003)  ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။  File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Under the Tuscan Sun (2003)

Medusa Deluxe (2023) 6.2
Medusa Deluxe (2023)  IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့..... ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Medusa Deluxe (2023)