Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
6.8
Winners & Sinners (1983)
ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါတစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon ...
movie
Winners & Sinners (1983)
1983
The Kids Are All Right (2010)
The Kids are All Right လို့ခေါ်တဲ့ဒီဇာတ်ကားလေးက 2010 ခုနှစ်ကထွက်ရှိထားတဲ့ Romance/ Drama ကားလေးတစ်ကားဖြစ်ပြီး IMDB rating 7 အထိ ရရှိထားပါတယ်။ တော်တော်လေးကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပြီး LGBT နဲ့ပတ်သက်ပြီး အရမ်း serious မဖြစ်သူတွေအနေနဲ့ ကြည့်လို့အဆင်ပြေစေမဲ့ ကားလေးတစ်ကားပါပဲ။နစ်ခ်နဲ့ဂျူးလ်စ်ဟာ LGBT အတွဲတစ်တွဲဖြစ်ပြီး သုက်ပိုးအလှူရှင်အကူအညီနဲ့မွေးထားတဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတဲ့ ပုံမှန်ကနေခွဲထွက်နေတဲ့ မိသားစုလေးတစ်ခုပါ။ ဒါပေမဲ့ဂျူးလ်စ်က မှီခိုသူအိမ်ရှင်မနေရာကိုရောက်နေတဲ့ သူ့ဘဝသူ မကျေမနပ်နဲ့ သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ဒီအတွက်လည်း ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ သားဖြစ်သူလေဆာက သုတ်ပိုးအလှူရှင် သူတို့ရဲ့ဖခင်အရင်းကို တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်နေသူဖြစ်ပြီး ဒီအတွက်လည်း အသက် (၁၈) နှစ်ပြည့်ခါစ ရပ်ဝေးကိုကျောင်းသွားတက်တော့မဲ့အစ်မဖြစ်သူ ဂျိုနီကိုအပူကပ်ပြီး သူတို့ရဲ့သုက်ပိုးအလှူရှင်ကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ဖခင်ဖြစ်သူနဲ့ တစ်ခေါက်တွေ့ပြီးတဲ့နောက်မှာ ရေစက်ကုန်ပြီလို့ထင်မှတ်ထားပေမဲ့ သူတို့ဖခင်အရင်းရဲ့ပါဝင်ပတ်သက်လာမှုဟာ အေးချမ်းနေတဲ့သူတို့မိသားစုထဲကို သက်ရောက်မှုအကြီးကြီးတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ...
movie
The Kids Are All Right (2010)
5.5
Listen out for Love (2022)
Listen out for Love (2022)ဒီတစ်ခါကတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေကိုကြိုက်တဲ့ကြည့်ရှုသူတွေအတွက် အကြိုက်တွေ့စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~Podcast ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ပေ့ပ် တစ်ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါခေါ်ပြီး အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အကြောင်းပါလာတဲ့အခါ...တစ်ဖက်မှာလည်း ပွဲတစ်ခုမှာ ကတောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်ယောက် အလုပ်ရလာတဲ့အခါ...ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့ရေး ကြိုးစားရင်း အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာဖွေပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲလေးတွေဖြစ်မလဲ... ဘယ်လိုဟာသတွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 705MB Quality - 1080p, 720p IMDb Rating - ...
movie
Listen out for Love (2022)
2022
The Other Zoey (2023)
ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမလေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ ...
movie
The Other Zoey (2023)
The Revenant (2009)
နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ်ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်... File size…(1.7 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Del Lune
movie
The Revenant (2009)
The Switch (2010)
ဒီဇာတ်ကားက ၂၀၁၀ က ထွက်ရှိခဲ့တဲ့ အမေရိကန် Romance/Comedy အချစ်ဟာသရုပ်ရှင်ဖြစ်ပါတယ်။ Jennifer Aniston နဲ့ Jason Bateman တို့ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ ကက်ဆီ (ဂျနီဖာအနစ္စတန်)နဲ့ ဝေါ်လီ (ဂျေဆင်ဘိတ်မန်း) တို့က သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ဟိုင်းနေပေမဲ့ အိမ်ထောင်မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့မှာ ကက်ဆီက ကလေးလိုချင်ပေမဲ့ ခင်ပွန်းမရှာချင်တော့တဲ့အတွက် အမျိုးသားတစ်ဦးဆီက သုက်ပိုးအလှူခံပြီး ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ အရက်မူးနေတဲ့ဝေါ်လီက ကက်ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေးက သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ ဝေါ်လီတစ်ယောက် သူရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို ဟာသနဲ့ Drama စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com တွေမှာ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်းတို့ရဲ့ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle ...
movie
The Switch (2010)
6.0
Sisters (2015)
IMDB 6/10Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲOscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါစင်ပေါ်တက်ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံးဟာသမင်းသမီးနှစ်ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size… 2.3 GB / 1.7 GB Quality… BluRay 1080p / ...
movie
Sisters (2015)
2015
6.9
Hello, Schoolgirl (2008)
Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးကအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာအလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။Moving ကိုရေးသားခဲ့တဲ့ Kang Full ရဲ့ Sunjeong Manhwa ဆိုတဲ့ comic ကိုအခြေခံထားပြီးGirl's Generation အဖွဲ့ဝင် Sooyoung ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.50 GB Quality…Web-rip 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai
movie
Hello, Schoolgirl (2008)
5.1
Ben & Lacy (2023)
Ben & Lacy (2023) ==============ရိုးရှင်းလှပတဲ့ လူငယ်တွေရဲ့အချစ်နဲ့ဘ၀အကြောင်းကို ရိုးရိုးလေးနဲ့ ဆန်းအောင် ရိုက်ကူးထားတဲ့ Rom-com ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် မထူးခြားပေမဲ့ တင်ဆက်သွားပုံလေးက ဆန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ - ဘန်ဆိုတဲ့ ကောင်လေးဟာ အထက်တန်းအောင်ထားပြီး ကော်ဖီဆိုင် မှာ အလုပ်၀င်လုပ်ရင်း ဘ၀ကိုကြောင်းနေသူပေါ့။ အပေါင်းအသင်း မရှိတဲ့ သူ့အတွက် လက်ဆောင်ရတဲ့ကင်မရာတစ်လုံးက အဖော်ပါပဲ။ သူလုပ်သမျှကို အကြောင်းရင်းမရှိဘဲ ဗီဒီယိုတွေ ရိုက်ကူးရတာ စွဲလမ်း နေသူပါ။တစ်နေ့တော့ အထက်တန်းမှာကျောင်းနေဖက် ဖြစ်ခဲ့တဲ့ လေစီဆိုတဲ့ မိန်းမချောလေးနဲ့ ပြန်ဆုံပါတယ်။ လေစီကတော့ ပိုက်ဆံချမ်းသာတဲ့ အဖေရှိပြီး တက္ကသိုလ်တက်နိုင်ပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကို ရှာဖွေနေ သူပါ။ အဲဒီလိုနဲ့ ဘန်နဲ့လေစီဟာ လူငယ်တို့သဘာ၀အတိုင်း ရင်းနှီးရာက ရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့။ အခြေခံမတူတဲ့ သူတို့နှစ် ဦးရဲ့သမီးရည်းစားအရေးဟာ ဘယ်လိုဖြစ်လာမလဲ၊ ကိုယ်စီရည်မှန်းချက် တွေကို ဘယ်လိုရှာကြမလဲဆိုတာကို သူတို့ရဲ့ ကင်မရာရိုက်ကွက်တွေ ကနေတဆင့် တွေ့မြင်ကြရမှာပါ။ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ... ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကင်မရာရိုက် ကွက်တွေကတဆင့် သူတို့ရဲ့ချစ်ခြင်း၊ လူငယ်တို့ရဲ့ဘ၀တွေကို ဖြည်းဖြည်း ချင်း နစ်၀င်စီးမျောရင်း ကြည့်ရမှာမျိုးဖြစ်ပါတယ်။ လူငယ်တွေရဲ့စကား ပြောဟန်အတိုင်း ခပ်သောသောခပ်မြူးမြူး အရွှန်းဖောက်တာတွေလည်း ပါတာမို့ ပိုကြည့်ကောင်းပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File ...
movie
Ben & Lacy (2023)
2020
7.5
Scott Pilgrim vs. the World (2010)
Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie
Scott Pilgrim vs. the World (2010)
2010
4K HEVC
6.7
Elizabethtown(2005)
Elizabethtown(2005)******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာအသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲLegolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါသူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေးကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာအချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ...
movie
Elizabethtown(2005)
7.3
Project A (1983)
IMDb (7.4/10).....Rotten Tomatoes (83%) ဂျက်ကီချန်းရဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။ Non-stop Action တွေမို့လို့ ကြည့်ရတာ လုံးဝတန်မှာပါ။ Action အတော်များများကို Special Effect တွေမသုံးဘဲ လူကိုယ်တိုင်ရိုက်ကူးထားပါတယ်။ ဟာသဆန်ပြီး သွက်လက်လွန်းတာကြောင့် ဇာတ်လမ်းလေးတိုလွန်းတယ်လို့ မချင့်မရဲဖြစ်မိပါတယ်။ (Sher Lock Aye Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Action, Advanture, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sher Lock Aye Nyein
movie
Project A (1983)
1983
8.7
Friends: The Reunion (2021)
Friends: The Reunion (2021)=====================IMDb Rating - 8.7/10FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။Friends စီးရီး(စ/ဆုံး) Season 10 ခုစလုံးကို ဒီမှာ https://channelmyanmar.to/?s=friends+1994 ကြည့်ပါ။ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလိုစကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကိုမြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoilerအကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် ...
movie
Friends: The Reunion (2021)
2021
Apocalypse Clown (2023)
ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။(ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 ...
movie
Apocalypse Clown (2023)
6.7
The Blacklist(2021)
The Blacklist(2021)******************ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့ အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ...လူတစ်ယောက်ဟာ ထောင်ကျသွားတယ်...ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာကထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ...တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်..တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ..အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး..File Size :2.02GB& 673MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Htar Encoded by Phyo Pyae
movie
The Blacklist(2021)
Fantasy Mission Force (1983)
သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ ဒီဇာတ်ကားကတော့ ဂျပန်မဲ့ တရုတ်စစ်တွင်းကာလကို နောက်ခံပြုထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။တိုက်ပွဲတစ်ပွဲမှာ ဂျပန်တွေက တရုတ်ဘက်က ခေါင်းဆောင် ၄ ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ဒီသတင်းပြန့်သွားရင် တပ်သားတွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ဆိုပြီး အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့ပြီး ၄ ရက်အတွင်း ခေါင်းဆောင်တွေကို ပြန်ခေါ်လာခိုင်းတယ်။ အဲ့အဖွဲ့မှာဆိုရင်တော့ သူခိုးလောင်စွန်း၊ ထွက်ပြေးချန်ပီယံ၊ ကလိမ်ကကျစ်သမားနဲ့ သူ့ရည်းစားဟောင်း၊ လက်ဝှေ့သမားနဲ့ သူ့ပါတနာတွေ ပါတယ်။ ပိုက်ဆံရမယ်ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ အဖွဲ့တွေပေါ့။ပရမ်းပတာ အဖွဲ့ဖြစ်တဲ့ သူတို့တွေ အလွဲလွဲအချော်ချော်တွေကြားထဲက မစ်ရှင်ကို ဘယ်လို ကျေပွန်အောင် ဆောင်ရွက်ကြမလဲ ဟာသနှောပြီး ကြည့်ရမဲ့ Comedy, Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့တွေ တကယ်ပဲ မစ်ရှင်ကို အောင်မြင်နိုင်ပါ့မလား၊ ကိစ္စက သူတို့ထင်ခဲ့သလို ရိုးရှင်းမနေခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ တကယ့် final boss က ...
movie
Fantasy Mission Force (1983)
6.3
Mindhorn (2016)
စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေစိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့...ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပါ...။သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ "စက်မျက်စိ စုံထောက်မိုင်းဟွန်း"....ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီးလေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှသူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး...။ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့...ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်...။လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်...။စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်းကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲအကူအညီလှမ်းတောင်းပါတယ်...ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်....စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်....။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Mindhorn (2016)
7.4
Woman at War (2018)
ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက်တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့အိုင်စလန် မူဗီလေးပါပဲ...။ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ...။အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ...။ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ...။သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ...လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်းမကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့....။အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကိုအိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Woman at War (2018)
The Plus One (2023)
ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖလော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
The Plus One (2023)
Les Femmes du square (2022)
IMDb 6.5 ရရှိထားပြီး The Nanny ဆိုတဲ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်က လူမည်းအမျိုးသမီး ကလေးထိန်းတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။အန်ဂျလီဟာ အဝေးတစ်နေရာကနေ ပဲရစ်မြို့ကို အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ရရာအလုပ်ကို လုပ်ကိုင်ရင်း ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ။တစ်နေ့မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အူအက်တာရာဆိုတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ လူကုံထံအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ အာသာလို့ အမည်ရတဲ့ ၈နှစ်အရွယ် ကောင်ကလေးအတွက် ကလေးထိန်းသွားလုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။ပါရီမြို့က လူကုံထံအသိုင်းအဝိုင်းဟာ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်ကြတဲ့အလျောက် မိဘအတော်များများဟာ အချိန်ပြည့်နီးပါး မအားလပ်ကြပဲ သားသမီးတွေကို ကြည့်ရှုထိန်းကျောင်းပေးဖို့ရာ ကလေးထိန်းတွေကို ငှားရမ်းကြတာများပါတယ်။အာသာတို့ကျောင်းရှေ့မှာဆိုရင်လည်း ညနေကလေးကျောင်းဆင်းလို့ ကျောင်းလာကြိုကြသူတွေဟာ ကလေးမိဘတွေမဟုတ်ဘဲ လက်တွန်းလှည်းတွေကိုယ်စီနဲ့ ကလေးအရွယ်ပေါင်းစုံကို ထိန်းကျောင်းနေကြတဲ့ ကလေးထိန်းအမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ အန်ဂျလီဟာ ကလေးကစားကွင်းမှာ မိမိလို ကလေးထိန်းအလုပ်ကို လုပ်ကိုင်သူအမျိုးသမီးတစ်စုနဲ့ ခင်မင်ရင်းနှီးသွားပြီးနောက်မှာတော့ အိမ်အကူ ကလေးထိန်းအမျိုးသမီးတစ်ဦးကို ကူညီပေးဖို့ ကြိုးစားရင်းကနေ ကလေးထိန်းတွေ ဆုံးရှုံးနေရတဲ့ ...
movie
Les Femmes du square (2022)
First
62
63
64
65
66
Last
Previous
Next