Channel Myanmar

Comedy

[18+] Lan Kwai Fong (2011)
[18+] Lan Kwai Fong (2011) Lan Kwai Fong (2011)Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။ File size…(5.6 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:36:43 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie

[18+] Lan Kwai Fong (2011)

2011
Bad Boy (2023) 7.7
Bad Boy (2023) Bad Boy (2023) "ဇိုးလေး"IMDb 7.7/10Romance/Comedyဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ " အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်" ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်‌တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie

Bad Boy (2023)

2023
Making It Up [Maquillame Otra Vez] (2023) 4.7
Making It Up [Maquillame Otra Vez] (2023) Making It Up [Maquillame Otra Vez] (2023) ==============================အန်နာဆိုတဲ့ မိတ်ကပ်ပညာရှင်မလေးက အဲလက်စ်လို့ခေါ်တဲ့ သူငယ်ချင်းဖြစ်သူနဲ့ လုပ်ငန်း အတူတူအောင်မြင်ရာကနေ အဲလက်စ်ရဲ့ တလွဲလုပ်မှုတွေကြောင့် ဘဝပျက်ခဲ့ရပါတယ်။ အဲဒီမှာပဲ တခြားသူငယ်ချင်းဖြစ်တဲ့ ရီတာ့ဆီ သွားနေပြီး နောက် ထပ် ဆိုနီယာဆိုတဲ့တစ်ယောက်နဲ့ မိတ်ကပ်ပညာရှင် ၃ ယောက် သား မွဲတေပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ရပါတယ်။ဒီမှာတင် အရင်တုန်းက အန်နာ့ကို ဒုက္ခပေးတဲ့ အဲလက်စ်က မင်္ဂလာ ဆောင်ပွဲတစ်ခုကို မိတ်ကပ်လိမ်းပေးဖို့ ပြန်လည် ဆက်သွယ်ခဲ့ ရာမှာ အန်နာက သူ့ဆီ ပြန်မသွားချင်ပေမဲ့ ရီတာတို့က ဘိုင်ပြတ် နေကြတာကြောင့် လိမ်းဖို့ လက်ခံလိုက်ပြီး အဲလက်စ်ရဲ့ အမွှေအ နှောက်တွေအောက် ဘယ်လို ပြဿနာတက်ကြရမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ စပိန်စကားပြော မက်ဆီကို ရုပ်ရှင် ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.39 GB) / (568 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 21Min Subtitle...........Myanmar ...
movie

Making It Up [Maquillame Otra Vez] (2023)

2023
Keys to the Heart (2023) 6.4
Keys to the Heart (2023) Keys to the Heart (2023) ================== IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။ တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားက စားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက် ရတယ်။ အလုပ်ထုတ်ခံရလို့ မူး​အောင်သောက်တဲ့ညမှာပဲ ကားပါ အတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက် အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူ မမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါ တော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့ အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်း ကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အနေ​ဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီး ဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ် ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (589 MB) Quality............WEB-RIP 1080p / ...
movie

Keys to the Heart (2023)

2023
My Precious (2023) 7.4
My Precious (2023) My Precious (2023)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyes ရဲ့ thai remake version ‌ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။Bad Buddy ထဲက Ohm နဲ့ Nanon အပြင် Dangerous romance ထဲက ဟိုက်ပါလေး Chimon နဲ့ Only friendsထဲက စားဘဲလေး Neo ကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ...
movie

My Precious (2023)

2023
[18+] The Pursuit of Happiness (1988) 5.8
[18+] The Pursuit of Happiness (1988) The Pursuit of Happiness (1988)ယူဆူကီးနဲ့ ဝါကာကိုတို့ဟာ သက်လတ်ပိုင်းဇနီးမောင်နှံဖြစ်ပြီး ဆယ်ကျော်သက်သားနဲ့သမီးတို့လည်းရှိတဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လည်း နေ့တိုင်းစားနေကျဟင်းလျာကို ငြီးငွေ့လာသလိုမျိုး သူ့ဇနီးချောကိုရိုးအီလာတဲ့ ယူဆူကီးက အိမ်ထောင်ပြင်ပမှာအပျော်ရှာချင်လာပြီး ချာကိုဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်နဲ့ဇာတ်လမ်းရှုပ်ဖို့ပြင်လာပါတယ်။ချာကိုဟာ ကြေးစားမိန်းကလေးမဟုတ်ဘဲ အပိုဝင်ငွေရှာချင်တဲ့ ကျောင်းသူလေးတစ်ယောက်သာဖြစ်ပြီး ချွဲတတ်နွဲ့တတ်ခရာတတ်သူမို့ လူရိုးကြီး ယူဆူကီးဟာ အကြွေကြီးကြွေဆင်းလာတဲ့နောက် အိမ်ထောင်ရေးနဲ့အလုပ်ကိုပါထိခိုက်မလိုဖြစ်လာတဲ့အချိန်မှာတော့...။ခေါင်းစဉ်ကိုကြည့်ပြီး Will Smith ရဲ့ The Pursuit of Happyness နဲ့မမှားစေလိုပါ။ ဒီဇာတ်ကားကတော့ Pink Film မဆန်တဲ့ Pink Film တစ်ကားပဲဖြစ်ပြီး Mainstream ဇာတ်ကားတွေလိုမျိုး သဘာဝကျတဲ့ဇာတ်လမ်းဇာတ်ကွက် အလွမ်းအသောလေးတွေနဲ့ခံစားရမှာဖြစ်ပါတယ်။ မင်းသမီးနှစ်ယောက်လုံးကလည်း ရှယ်မိုက်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 735MB Quality - 1080p, 720p IMDb Rating - 5.8/10 Format ...
movie

[18+] The Pursuit of Happiness (1988)

1988
The Legend of Drunken Master (1994) 7.6
The Legend of Drunken Master (1994)   ဒီကားလေးကတော့ ၁၉၉၄ခုနှစ်က ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ ကားကောင်းလေးတွေထဲကတစ်ကားပါ......ဒီဇာတ်ကားမှာတော့ ဂျက်ကီချန်းက ခပ်ဆိုးဆိုးကောင်လေး လူလည်ကျတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အဖေနဲ့အတူ ခရီးတစ်ခုကနေအပြန် ရထားဘူတာမှာ သူတို့ဝယ်လာတဲ့ ဂျင်ဆင်းဘူးကို အခွန်မဆောင်ချင်တာနဲ့ ပြီးမှပြန်လိုက်ရှာမယ်ဆိုပြီး သူများသေတ္တာထဲခိုးထည့်လိုက်ပါရော.....အဲဒီလိုနဲ့ ရထားပေါ်ရောက်တော့ သူတို့ခိုးထည့်လာတဲ့ ဂျင်ဆင်းဘူးကို လိုက်ရှာရင်း ထုံးစံအတိုင်းအလွဲတွေဖြစ်တာကနေ ဂျင်ဆင်းဘူးအစား ရှေးဟောင်းပစ္စည်းကြီးကို မှားသယ်မိသွားပါလေရော.....အဲဒီမှာပဲ သူတို့နိုင်ငံကနေ ရှေးဟောင်းအမွေအနှစ်တွေကို ခိုးထုတ်နေတဲ့ အဖွဲ့နဲ့ပတ်သက်မိပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့....... File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn Khant
movie

The Legend of Drunken Master (1994)

1994
Jigarthanda (2014) 8.2
Jigarthanda (2014) Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB  / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie

Jigarthanda (2014)

2014
My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
Barnyard (2008) 5.6
Barnyard (2008) Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…  1.71 GB /  815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie

Barnyard (2008)

2006
First Sunday (2008)
First Sunday (2008) Rapper‌ လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့ နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။ အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက် တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။ ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရော ဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့ အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ဖို့ပါပဲ။ ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့ သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။ ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။ အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။ ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။ အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.83 GB /  871 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Crime , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

First Sunday (2008)

2008
Perfect Harmony (2022) 6.8
Perfect Harmony (2022)  သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ ...
movie

Perfect Harmony (2022)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

Old Dads (2023) 6.2
Old Dads (2023)  Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီးရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ်ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကိုအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်းသုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကိုရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင်ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့်အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင်ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက်ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီးပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.59GB / 735MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Old Dads (2023)

Wheels on Meals (1984) 7.0
Wheels on Meals (1984)    တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ...
movie

Wheels on Meals (1984)

Hot Pursuit (2015) 5.1
Hot Pursuit (2015) ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  1.57 GB /  739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Hot Pursuit (2015)

2015
The Conference (2023) 5.8
The Conference (2023) The Conference (2023)ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration ...
movie

The Conference (2023)

2023
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007