Channel Myanmar

Comedy

Wheel of Love (2023) 5.8
Wheel of Love (2023)  Ro လွန်းလို့မျက်ရည်ပါကျရမယ့် အချစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့  IMDb မှာ Rating5.8 အထိရရှိ ထားပါတယ်။ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ဆောင်ကတော့မက်စ်ဆိုတဲ့အားကစားဖိနပ်ကုမ္ပဏီပိုင်ရှင် မက်စ်ဖြစ်ပြီး သူကတော့အသက် ၄၄ ရှိပြီဖြစ်တဲ့ အချစ်ကိုတစ်ခါမှသေချာမခံစားဖူးပဲ ကောင်မလေးတွေကိုလိုက်ပလေးနေတဲ့စားဘဲကြီးပါ။ဒီနေ့တွေ့မနက်ဖြန်--သဘက်ခါထားသွားမယ်ဆိုတဲ့ စကားကသူ့ရဲ့လက်သုံးစကားဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးက ဂျူလီယာလို့ခေါ်တဲ့ဝှီးချဲလေးနဲ့ ကောင်မလေးကိုတွေ့လိုက်တဲ့အခါမှာတော့ သူ့အတွက်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီကောင်မလေးနဲ့ ရင်းနှီးခွင့်ရဖို့အတွက် မက်စ်ကိုယ်တိုင်ကဝှီးချဲနဲ့ခြေထောက်မသန်စွမ်းသလို ဟန်ဆောင်ပြီးကြိုးစားပါတော့တယ်။အချိန်တွေကြာလာတာနဲ့အမျှ မက်စ်ကသူ့ဘ၀မှာတစ်ခါမှမခံစားဖူးတဲ့ အချစ်ဆိုတဲ့အရာကြီးရဲ့စစ်မှန်တဲ့ အရသာကိုသိရှိလာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားမှာဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်ကြမလဲ။လိမ်ညာတာ လှည့်စားတာတွေကိုမကြိုက်တဲ့ ဂျူလီယာနဲ့ လိမ်ညာထားတဲ့မက်စ်တို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို ကြည့်ရမဲ့ဒရာမာကားလေးပဲဖြစ်ပါတယ်။ File size…2.11GB / 990MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wheel of Love (2023)

Can’t Buy Me Love (1987) 6.8
Can’t Buy Me Love (1987) Can't Buy Me Love (1987)ရော်နယ်လ်မီလာဆိုတဲ့ အပယ်ခံကျောင်းသားလေးက ငကြောင်စာဂျပိုးလေးတစ်ကောင်ဖြစ်ရတာကိုစိတ်ကုန်လာလို့ ကျောင်းမှာပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေးနဲ့ ဟန်ဆောင်တွဲပြီး လူရာဝင်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်လာအောင်ကြိုးစားမှုကို ပုံဖော်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဆယ်ကျော်သက်ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ရော်နယ်လ်ဟာ စင်ဒီမန်စီနီလို့ခေါ်တဲ့ ကျောင်းနေဖက် ပန်းဖွားမယ်ခေါင်းဆောင် အချောအလှလေးရဲ့အိမ်မှာ မြက်ရိတ်ပေးတဲ့ကောင်လေးဖြစ်တယ်။ တစ်နေ့ စင်ဒီက ပါတီတစ်ခုကို သူ့အမေမသိအောင် ခိုးဝတ်သွားတဲ့ သူ့အမေရဲ့လည်သာအပေါ်ထပ်မှာ ဝိုင်စွန်းလာခဲ့တယ်။ ပြန်လျှော်လို့လည်းမရ၊ ဆိုင်ရှင်နဲ့လည်း အပေးအယူလုပ်မရဖြစ်နေတဲ့စင်ဒီ့ကို မြင်လိုက်ရတဲ့ရော်နယ်လ်ဟာ သူမြက်ရိတ်လို့ရလာတဲ့ပိုက်ဆံထဲက အဝေးကြည့်‌မှန်ပြောင်းဝယ်ဖို့လုပ်ထားတဲ့ ဒေါ်လာတစ်ထောင်ကို စင်ဒီသူနဲ့တစ်လဟန်ဆောင်‌တွဲပြီး လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ဖို့အတွက် အပေးအယူလုပ်ခဲ့တယ်။ သူတို့ရဲ့ ဟန်ဆောင်အချစ်ခရီးလမ်းလေးမှာတွေ့ကြုံရတဲ့ အချိုးအကွေ့တွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးထဲမှာတော့ အောင်မြင်မှုဒဏ်မခံနိုင်ဘဲ အသက်၄၄မှာတင် ဆေးလွန်ပြီဂ အသက်ဆုံးရှုံးသွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ပင်ကိုသဘာဝအချောအလှလေး Amanda Peterson နဲ့ လူပျိုပေါက်အရွယ်ကတည်းက လန်ထွက်နေပြီး အခုထိကို ချောနေ၊ ခန့်နေဆဲဖြစ်တဲ့ မင်းသားကြီး ...
movie

Can’t Buy Me Love (1987)

1987
Why Did I Get Married? (2007) 5.9
Why Did I Get Married? (2007) Why Did I Get Married?ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ပြောရင် မှားမဖြစ်ပါဘူး။ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်ကစုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်းအဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့“သူက Right Person လား”ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ်သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားကအချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ...
movie

Why Did I Get Married? (2007)

2007
A Maple Valley Christmas (2022) 6.3
A Maple Valley Christmas (2022)  IMDb 6.3/10ခရစ္စမတ်လည်း နီးပြီဆိုတော့ အိမ်တွင်းအောင်းပြီးကြည့်ပြီးခရစ္စမတ်ကားကောင်းလေးတစ်ကားကို Channel Myanmar ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းအကျဥ်းကတော့ Maple Valley လယ်တောရဲ့ သမီးကြီး ဖြစ်တဲ့အန်ရီကာ နဲ့ မြေကွက်လေလံဝယ်ဖို့လာတဲ့ သူဌေးသားလေး အေရွန်တို့ရဲ့အချစ်ဇာတ်လမ်းလေးပါပဲ ။မိသားစုသမိုင်းကြောင်းကြောင့် မြေကွက်ကို မဖြစ်မနေလိုချင်နေတဲ့ အန်ရီကာနဲ့ ခေါင်းမာတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ အေရွန်တို့ ဘယ်လိုတွေ ညှိယူပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ခရစ္စမတ်နောက်ခံနဲ့ ကြည့်ရှုရမှာပါ ။ဒီဇာတ်လမ်းမှာတော့ ညီအစ်မအချင်းချင်း သားအဖအချင်းချင်း အလုပ်အတူတူတွဲလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေနဲ့ အဲဒီကတောက်ကဆတွေကိုဘယ်လိုညှိယူရင်း ရှေ့ဆက်သွားကြမလဲဆိုတာကိုလည်း ထည့်သွင်းထားပါသေးတယ် ။ခရစ္စမတ်မှာ အရသာရှိတာတွေစားရင်း မိသားစုနဲ့အတူ ချစ်သူနဲ့အတူ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကား ဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ ။  File size…1.75GB/ 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 25m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

A Maple Valley Christmas (2022)

Mr. Monk’s Last Case: A Monk Movie (2023) 7.4
Mr. Monk’s Last Case: A Monk Movie (2023)  Mr. Monk's Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေအများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ seriesမကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenicmemory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ...
movie

Mr. Monk’s Last Case: A Monk Movie (2023)

Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023
Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
One and Only ( 2023 ) 7.0
One and Only ( 2023 ) CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie

One and Only ( 2023 )

Elf (2003) 7.1
Elf (2003)  ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie

Elf (2003)

Lady Ballers (2023) 6.4
Lady Ballers (2023)  ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola
movie

Lady Ballers (2023)

Envy (2004) 4.8
Envy (2004) Envy (2004) ==========“လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား?2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအ‌ပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ...
movie

Envy (2004)

2004
Gurren Lagann the Movie: Childhood’s End (2008) 7.7
Gurren Lagann the Movie: Childhood’s End (2008) Gurren Lagann the Movie: Childhood's End (2008) ====================================2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း ဖြစ်ခဲ့ပါသေးတယ်။" ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား " ဆိုတာကတော့ ..... Giha ရွာက အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ် Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ " မြေပေါ်ကို တက်လို့မဖြစ်ဘူး " ဆိုတဲ့ ...
movie

Gurren Lagann the Movie: Childhood’s End (2008)

2008
Looking for Her (2022) 6.6
Looking for Her (2022) Looking for Her (2022) ================= IMDb Rating - 6.6/10Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင် မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်း သူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြော လိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်း ဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်း သတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာ ပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စား ကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကို လိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / (563 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Looking for Her (2022)

2022
The Heartbreak Kid (2007) 5.8
The Heartbreak Kid (2007) The Heartbreak Kid (2007) ====================လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေ ချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ right person နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာ right personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေး ကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့ wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီ ကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထား ခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျို ကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ ...
movie

The Heartbreak Kid (2007)

2007
Heaven’s Seven (2002) 6.1
Heaven’s Seven (2002) Heaven's Seven (2002)ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ်စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....Lei Wutyi Tun Encoder ..... Aaron
movie

Heaven’s Seven (2002)

2002
Heaven’s Seven 2 (2005) 6.5
Heaven’s Seven 2 (2005) Heaven's Seven 2 (2005)ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုး‌ခဲ့တဲ့ခေတ်ပါ ဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ် ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ် တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ်သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ် ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ် အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ် ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲသူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်း န့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | 720p File size…1h 28min Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Fake Love Encoder ...
movie

Heaven’s Seven 2 (2005)

2005
Little Miss Rawther (2023) 7.9
Little Miss Rawther (2023) Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Little Miss Rawther (2023)

2023
Night of the Demons 2 (1994) 5.9
Night of the Demons 2 (1994) Night of the Demons 2 (1994) =====================Night of the Demons 2 မှာတော့ 1 ထဲမှာ မိစ္ဆာဝင်ပူးခံရတဲ့ အန်ဂျလာရဲ့ညီမဖြစ်တဲ့ မယ်လစ်ဆာဟာ စည်းကမ်းတင်းကြပ် တဲ့ ခရစ်ယာန်ကျောင်းကို အပို့ခံလိုက်ရပါတယ်။ အန်ဂျလာရဲ့ ကိစ္စကပြီးသွားခဲ့ပေမဲ့ ဟောလ်အိမ်ကြီးရဲ့ ကောလဟာလတွေ က ပြီးမသွားခဲ့ပါဘူး။လူတွေရဲ့ အန်ဂျလာကို ဟောလ်အိမ်ကြီးမှာတွေ့ခဲ့တယ်ဆိုတဲ့ စကားတွေက မယ်လစ်ဆာတက်နေတဲ့ စိန့်ရီတာကျောင်းအထိ ပြန့်သွားခဲ့ပြီး အရဲစွန့်သွားချင်တဲ့သူတွေ ရှိလာခဲ့ပါတယ်။ ဟော လိုးဝင်းညကိုရောက်တော့ ကျောင်းမှာကပွဲလုပ်တဲ့အခါမှာ မယ် လစ်ဆာရဲ့သူငယ်ချင်းတစ်သိုက်က ဆရာတွေလစ်တဲ့အချိန်မှာ ကျောင်းရဲ့ အဆောင်ကနေ ခိုးထွက်ပြီး ပါတီတစ်ခုကိုသွားတက် ကြပါတယ်။ ပါတီလုပ်မယ့်နေရာက ဟောလ်အိမ်ဖြစ်နေတာကို သူတို့တွေအားလုံး သိလိုက်တဲ့အခါမှာတော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(2.14 GB) / (862 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Horror Translator.......Kasashi Encoder..........SWM
movie

Night of the Demons 2 (1994)

1994
Night of the Demons (1988) 6.1
Night of the Demons (1988) Night of the Demons (1988) ==================== IMDb Rating – 6.1/10၁၉၈၈ ခုနှစ်တုန်းက Trilogy အလိုက် ထွက်ရှိခဲ့တဲ့ သရဲကားလေး တစ်ကား တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟောလိုဝင်းညလေးတစ် ညမှာ အတွဲနှစ်တွဲရယ်၊ သူငယ်ချင်း ၃ ယောက်ရယ်၊ နှာဘူးပြီး ပါလာ တဲ့ကောင်တစ်ကောင်ရယ်တို့က အူကြောင်ကြောင်မ ၂ ယောက်လုပ် တဲ့ ပါတီပွဲကို သွားကြရာကနေ ဇာတ်လမ်းစပါတယ်။သူတို့ ပါတီဆိုတာ တခြားနေရာမဟုတ်ပဲ ရှေးခေတ်အဆက်ဆက်က တည်းက လူသေအလောင်းများကို အလှဆင် မြုပ်နှံသဂြိုလ်ပေးခဲ့တဲ့ ရှေးဟောင်းအိမ်ပျက်ကြီးတစ်ခု ဖြစ်ပြီး ဖုန်းဆိုးမြေတစ်ခုလို နေရာကြီး ပေါ့လေ။ အဲဒါကို အုပ်စုလိုက် မှန်တစ်ချပ်ကို အသုံးပြုပြီး သရဲခေါ်ကြ ရာကနေ မကောင်းဆိုးဝါး စွမ်းအင်တစ်ခုကို သွားနိုးလိုက်သလို ဖြစ်ပြီး ကြောက်မက်ဖွယ်အရာတွေ နိုးထလာတဲ့အခါမှာတော့….။ ၁၉၈၀ ကာ လကျော် သရဲကားတွေဆိုတော့ ကိုယ်လုံးတီးတချို့နဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့် ရှုရန်မသင့်တော်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.5 GB) ...
movie

Night of the Demons (1988)

1988
30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)
30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)  နဂါးပုံတက်တူးနဲ့ကောင်မလေးရဲ့ကိုယ်ထဲက နတ်ဆိုးနဲ့ သဘာလွန်ဖြစ်ရပ်‌တွေရဲ့ ညပေါင်း ၃၀ ဆိုတဲ့ ၂၀၁၃တုန်းကထွက်ရှိထားတဲ့ ပေါက်တတ်ကရ ဟာသရုပ်ရှင်ဖြစ်ပါတယ်။အယ်ရန်ဂေလန်နဲ့ ဒေနာဂေလန်တို့ဟာ လင်မယားနှစ်ယောက်ပါ။ လစ်ဇ်ဂေလန်ကတော့ နဂါးပုံတက်တူးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေတပုံတပင်နဲ့ အယ်ရန်ဂေလန်ရဲ့မယားပါသမီးပါ။ဒီလိုနဲ့ သူတို့မိသားစုဟာ ဒေနာဂေလန် ငယ်စဉ်ကကြီးပြင်းခဲ့တဲ့နေအိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ထူးခြားတဲ့အရာတစ်ခုကတော့ အိမ်ရဲ့မြေအောက်ခန်းထဲမှာ ဒေနာရဲ့အဖေဟာ ရုပ်ရှင်အဖွဲ့တစ်ခုလုံးကို အပနှင်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဒေနာအနေနဲ့ ဒီကိစ္စသိရှိထားပြီး သူတို့မိသားစု အဲဒီနေအိမ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ အိမ်မှာ ထူးဆန်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာတဲ့နောက်မှာတော့ သူတို့မိသားစုအနေနဲ့ ဘယ်လိုဆက်ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ညစ်တီးညစ်ပတ် ပေါက်လွတ်ပဲစား အခွီဟာသတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေ ညစ်ပတ်ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့ သတိပြုပေးပါ) File size…(724 MB) Quality….Webrip 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

30 Nights of Paranormal Activity With the Devil Inside the Girl With the Dragon Tattoo (2013)