Channel Myanmar

Comedy

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) 6.6
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) Mickey's Magical Christmas: Snowed in at the House of Mouse (2001)ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of ...
movie

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

2001
Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

City Hunter (1993) 6.3
City Hunter (1993)  ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ------------------------------------------------------------------------ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ File size…(2.3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, ...
movie

City Hunter (1993)

Million to One (2023)
Million to One (2023)  " Million to one '' ဒီကားလေးကတော့ 2023 မှာထွက်ရှိထားတဲ့ romatic comedy အမျိုးအစားလေးဖြစ်ပါတယ်။အစားအသောက်အညွှန်းတွေ review ပေးတဲ့ ဆိုရှယ်မီဒီယာကြယ်ပွင့်လေး ဒရေးရှောက စားဖိုမှူးမလေးတစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပေမဲ့ သူအငြင်းခံလိုက်ရပါတယ်။ စာဖိုးမှူးမလေးဆီကနေ အငြင်းခံလိုက်ရပြီးတော့ သူ့အစ်ကိုဖြစ်သူက သူ့မင်္ဂလာပွဲလာခဲ့ဖို့ခေါ်လို့ ဒရေးတစ်ယောက်ဟာ အစ်ကိုရှိရာဆင်ခြေဖုံးမြို့လေးဆီသွားရင်း ဒီစားဖိုမှူးမလေးနဲ့ပြန်ဆုံခဲ့ပါတယ်။ အစ်ကိုဖြစ်သူ မင်္ဂလာပွဲအတွက် ကူညီပေးရင်း ဒရေးရှောတစ်ယောက် စားဖိုမှူးမလေးနဲ့ တဖြည်းဖြည်းနီးကပ်လာနိုင်ခဲ့ပေမယ့် တစ်ချို့ကိစ္စလေးတွေကိုဖြေရှင်းရမဲ့ အကြောင်းကပေါ်လာပါတော့တယ် File size…(1.2 GB)/(594 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre...Comedy, Drama, romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Million to One (2023)

Hunterrr (2015) 7.0
Hunterrr (2015) Hunterrr (2015)"အသက်၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ ဟန်ဆောင်ရပြီ လူတွေမသိအောင် အပြုံးလေးနဲ့ ရယ်ပြသည်။"ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ပြုရတာကို အယုံံအကြည်မရှိတဲ့ စားဘဲကြီးတစ်ယောက်ရဲ့အကြောင်းပေါ့ဗျာ။ကောလိပ်စတက်ကတည်းက မိန်းမလှလှလေးမြင်ရင် မနေနိုင်တဲ့ သူကြီးပေါ့။ အချစ်ကို အယုံအကြည်မရှိတဲ့သူဟာ မိန်းမတွေကို မူစကူဒူးဖို့လောက်သာ သိတဲ့သူပါ။တစ်နေ့တော့ ပါတီမှာ ကောင်မလေးတစ်ယောက်ကို မူစကူဒူးဖို့ကြိုးစားရင်းကနေ ဝိုင်းရိုက်ခံရပါတော့တယ်။ နောင်တတွေရပြီး နောက်နောင်မူစကူဒူးဖို့ မစဥ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ပါဘူး။ကဲ ဆက်လက်ပြီး ဒီလူကြီးရဲ့ဘဝမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရဦးမှာပဲဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Hunterrr (2015)

2015
Kuiko (2023) 6.8
Kuiko (2023) Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB  / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie

Kuiko (2023)

2023
Killing Gunther (2017) 5.0
Killing Gunther (2017)  နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး“Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့ Killing Gunther ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီးကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေသရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့်ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကိုဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင်ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ.. File size…2.07GB / 1.35GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action, Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn
movie

Killing Gunther (2017)

Our Christmas Mural (2023) 6.1
Our Christmas Mural (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ‌ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ...
movie

Our Christmas Mural (2023)

Haul Out the Holly: Lit Up (2023) 5.7
Haul Out the Holly: Lit Up (2023)  ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ ...
movie

Haul Out the Holly: Lit Up (2023)

Baby Shark’s Big Movie (2023)
Baby Shark’s Big Movie (2023)  Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin' Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီးသူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကိုBaby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်းနှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ...
movie

Baby Shark’s Big Movie (2023)

A Brush with Christmas (2022) 5.5
A Brush with Christmas (2022)  ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

A Brush with Christmas (2022)

Single in Seoul(2023) 7.0
Single in Seoul(2023) Single in Seoul(2023)*******************Lee Dong Wook  နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ....သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်...Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့  ဆယ်လီတစ်ယောက်ဆိုပါတော့..အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်...Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့.....ဘဝမှာ အိမ်သာတက်တောင် ဖုန်းလေးနဲ့ ချစ်သူဆီ စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့...သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကိုကျွန်မဘဲပါလို့  ဆိုရှဲမီဒီယာထက်မှာ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး...သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့ဆယ်လီတစ်ချို့နဲ့  စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့...ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့...File Size :(1.3GB) (536MB) Quality : Web-Dl 1080p/720p Format…mp4 Duration…01:43:00 Genre :  Romance, Comedy Subtitle : Myanmar ...
movie

Single in Seoul(2023)

Entergalactic (2022) 7.3
Entergalactic (2022) Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie

Entergalactic (2022)

2022
Mr. Nice Guy (1997) 6.2
Mr. Nice Guy (1997)  ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle ...
movie

Mr. Nice Guy (1997)

1997
80’s Buildup (2023) 4.4
80’s Buildup (2023) 80s Buildup 2023ဇာတ်လမ်းအကျဉ်းဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား ‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

80’s Buildup (2023)

2023
Christmas As Usual (2023) 5.4
Christmas As Usual (2023) Christmas As Usual (2023) ====================Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.39 GB) / (482 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Christmas As Usual (2023)

2023
World’s First Christmas (2023)
World’s First Christmas (2023) ဒီတစ်ခါမှာလည်း နောက်ထပ် ခရစ္စမတ်ဇာတ်ကားအသစ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘရာဇီးကားလေးပါဇာတ်လမ်းလေးကတော့သမီးနှစ်ယောက်ဖေဖေ ပိပ် နဲ့ သားနှစ်ယောက်မေမေတီနာတို့ဟာ လက်ထပ်ထားပြီး မိသားစုအသစ်ထူထောင်ထားကြပါတယ် မိသားစုနှစ်စု အတူတူပြောင်းနေရတဲ့အခါ ကလေးတွေကြားမှာအဆင်မပြေမှုတွေဖြစ်လာပြီး သူတို့ရဲ့ခရစ္စမတ်ပွဲဟာ အကျည်းတန်ခဲ့ပါတယ် အဲ့ဒါကြောင့် သမီးငယ်မာဂျူးဟာ စိတ်ဆိုးပြီး "ခရစ္စမတ်ကိုမုန်းတယ် ခရစ္စမတ်ကြီးပျောက်သွားပါစေ''ဆိုပြီးဆုတောင်းလိုက်ပါတယ် သူမရဲ့ဆုတောင်းဟာအမှန်တကယ်ဖြစ်လာပြီး သူမရဲ့မိသားစုကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ခရစ္စမတ်ဆိုတာဘာမှန်းမသိအောင်မေ့သွားပါတော့တယ်သူတို့မိသားစုဝင်တွေအားလုံးပေါင်းပြီ လူတွေကို ခရစ္စမတ်ကိုပြန်မှတ်မိအောင် ကြိုးစားကြပါတော့တယ် သူတို့တွေ အဆုံးသတ်မှာ ခရစ္စမတ်ကို ပြန်ရောက်လာအောင်လုပ်နိုင်မလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါဦး File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

World’s First Christmas (2023)

NAGA (2023)
NAGA (2023)  ဒီတစ်ခါတော့ ပိရိတ်သတ်ကြီးကို ဆော်ဒီ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Drama/Thriller အမျိုးအစား ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာရပ်တွေရဲ့ ဘာသာရေးအယူအဆတွေနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲမှာ ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက် မိဘတွေစည်းကမ်းကြီးကြီးနဲ့ တင်းကြပ်တဲ့ကြားထဲက ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ပြီးတော့ သဲကန္တာရထဲက ပါတီပွဲတစ်ပွဲကို ခိုးပြီး သွားရာကနေ မမျှော်လင့်ဘဲနဲ့ ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခတွေရောက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာပါအာရပ်တွေရဲ့တင်းကြပ်တဲ့ ဘာသာရေးအယူအဆတွေကြားမှာ လူငယ်တွေ တိတ်တိတ်လေးခိုးပြီး ပျော်ပါးကြပုံနဲ့ ဘဝရှင်သန်ပုံတွေကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.2 GB)/(993 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

NAGA (2023)

The Persian Version (2023)
The Persian Version (2023)  ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ "အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား"ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။"နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး"တဲ့။ တကယ်နာကျင်ရတဲ့အရာကို ...
movie

The Persian Version (2023)

Marmaduke (2010)
Marmaduke (2010) Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။  ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size…   2 GB ...
movie

Marmaduke (2010)

2010