Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
Free Time (2023)
ဒရူးဆိုတဲ့လူတစ်ယောက်က အသက် ၃၀ နားကိုကပ်နေပြီဖြစ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ယောက်ပါ။ တစ်ရက်မှာ ဒရူးဟာ သူ့ဘ၀မှာ မခံစားဖူးသေးတဲ့လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ဖို့ရာ နှစ်တစ်နှစ်ရဲ့အလုပ်အများဆုံးအချိန်ကြီးမှာ သူ့ရဲ့ မနက် ၉ ည ၅ ကုမ္ပဏီ၀န်ထမ်းအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒရူးက တီးဝိုင်းတစ်ခုမှာလည်း ကီးဘုတ်တီးပါတယ်။ ကုမ္ပဏီကထွက်ပြီးတဲ့နောက်မှာ ဒရူးဟာ ကုမ္ပဏီ၀န်ထမ်းဘ၀တုန်းကမလုပ်ခဲ့ရတဲ့အရာတွေကို စလုပ်ကြည့်ပါတယ်။ ညဖက် မမူးမချင်း ဘားတစ်ခုပြီးတစ်ခုပြောင်းထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းတာ၊ မနက်ခင်းမှာ မြစ်ကမ်းနားကို စက်ဘီးစီးထွက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတော့ တသက်နဲ့တကိုယ် အလုပ်နဲ့အကိုင်နဲ့ဖြစ်လာခဲ့တဲ့ ဒရူးတစ်ယောက်ဟာ သူအလုပ်ထွက်လိုက်ရတဲ့ရည်ရွယ်ချက်ကို နားလည်ဖို့ရာခက်လာပါတော့တယ်။ဆိုလိုချင်တာက သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပါ။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေက မနက် အလုပ်ကိုယ်စီနဲ့ အလုပ်ခွင်တွေမှာ ဆက်ကျင်လည်ပြီး ပိုက်ဆံရှာနေကြဆဲအချိန်မှာ သူကတော့ အသက် ၃၀ နားကပ်ခါနီးအရွယ်ရောက်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်လာတဲ့အလုပ်ကနေထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာကို သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မှာရှိနေတဲ့လွတ်လပ်မှုကို သူပျော်ပျော်ကြီးဆက်ခံစားနိုင်ပါဦးမလား၊ အများသူငှာလိုပဲ ကြွက်ပြေးလမ်းထဲပြန်၀င်ဖို့ရာကြိုးစားရတော့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 ...
movie
Free Time (2023)
7.1
Munjya (2024)
Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie
Munjya (2024)
E-San Love Story (2017)
E San Love Story (2017)ဒီတစ်ခါမှာလည်း CM က ဇာတ်ကားတစ်ကားနဲ့ ပြန်လာခဲ့ပြန်ပါပြီ။ ဒါပေမဲ့ သူကတော့ ပြန်မလာတော့ပါဘူး...။မစောင့်နဲ့နော်ပြောလို့ မစောင့်တုန်းကလည်း ပြန်မလာသလို စောင့်နေနော်ပြောလို့ စောင့်နေတော့လည်း ပြန်မလာပြန်ပါဘူး။ဇာတ်လမ်းထဲတင် ပြန်မလာတာမဟုတ်ဘဲ အပြင်လောကမှာလည်း ပြန်မလာမှာမို့ ညီကိုတို့ ကြည့်ဖို့ E-San Love Story ကို ဘာသာပြန် တင်ဆက်လိုက်ပေးပါတယ်။စောင့်နေနော်ပြောပြီး ထွက်သွားသူဟာ မြို့ကို ပြန်လာပေမဲ့ ဆီအန့်ဆီကိုတော့ ပြန်မလာခဲ့ပါဘူး။ ငယ်ရည်းစားကို ဆုံးရှုံလိုက်ရတဲ့ ဆီအန်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ဆိုင်သူတို့အတွက် အနာပေါ်ဆားဖြူးခံရင်း ကြည့်ရှူခံစားရမှာပါ။ဒါ့အပြင် ဟာသအရွှန်းဖောက် အရန်ဇာတ်ကောင်တွေလည်း ပါဦးမှာမို့ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ် 🥹🥹(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.6GB | 837MB Format… mp4 Duration…. 1h 34min Subtitle…. Myanm ar ...
movie
E-San Love Story (2017)
6.2
Collective Invention (2015)
Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူးဇာတ်လမ်းအကြောင်းကတော့ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီးငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by ...
movie
Collective Invention (2015)
6.0
A Dog Year (2009)
ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie
A Dog Year (2009)
Zorawar Di Jacqueline (2024)
Zorawar Di Jacqueline (2024)တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size…2.2GB/ 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Zorawar Di Jacqueline (2024)
6.7
Sixty Six (2006)
ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Sixty Six (2006)
Dagr (2024)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖို့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ လူဝီနဲ့သီရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်က လူအများကိုနှောင့်ယှက်တဲ့ဗီဒီယိုတွေရိုက်ပြီး အင်တာနက်မှာပြန်တင်တဲ့သူတွေဖြစ်ပါတယ်....ယခုအခါမှာတော့ သူတို့က သူတို့လပ်ခဲ့သမျှထဲအကြီးဆုံး ခိုးယူမှုကိုလုပ်ဖို့ဖြစ်လာပါတယ်...အဲ့ဒါကတော့ ကြော်ငြာ်ရိုက်ကူးရေးတစ်ခုမှာ အစားအသောက်လာပို့တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီး အဝတ်အစားအသုံးဆောင်တွေ၊ရိုက်ကူးရေးပစ္စည်းတွေကို ခိုးယူဖို့ပဲဖြစ်ပါတယ်...ခိုးယူပြီးတော့ရလာတဲ့ပိုက်ဆံတွေကို ပရဟိတအဖွဲ့တွေကိုပြန်လှူဖို့ပါ...ဒါပေမဲ့ သူတို့ရိုက်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှမတွေ့ရပဲ iPad တစ်လုံးတွေ့လို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ရင်းနဲ့မမျှော်လင့်ထားတာတွေဖြစ်ခဲ့တာကို သွားတွေ့ရပါတယ်...ထိုအခါ လူဝီနဲ့သီရာတို့ ဘာတွေဆက်ကြုံတွေ့ရမလဲ...ရိုက်ကူးရေးသမားတွေကရော ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ကြည့်ရှူခံစားကြပါခင်ဗျာ.... File size…(1.7 GB)/(936 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre... Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Dagr (2024)
The Biggest Fan/ Jadore Ce Que Vous Faites (2022)
ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား"ဂျရက်လန်ဗင်း"ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါမိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ် File size…(1.5 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Biggest Fan/ Jadore Ce Que Vous Faites (2022)
Longing (2024)
Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie
Longing (2024)
2024
6.7
Waqt (2005)
Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie
Waqt (2005)
2005
Chicken for Linda! (2023)
ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ်တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ်တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ်အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre... Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Chicken for Linda! (2023)
6.8
Salmon Fishing in the Yemen (2011)
cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်းယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေမွေးမြူဖို့ ကြိုးစားတာပါ။ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝကအားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန်ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီးသူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန်ကြတာပါ။ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက်အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်းဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီးတစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကိုနိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက်များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက်အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိတစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာအာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကိုဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက်ချိန်မှာတော့....။သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက်တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ ...
movie
Salmon Fishing in the Yemen (2011)
7.6
Elevator (2024)
Elevator (2024)ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. ...
movie
Elevator (2024)
4.4
Grrr.. (2024)
Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Grrr.. (2024)
5.7
999-9999 ( 2003 )
ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦး အလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်း တစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှ စိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှ လူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှ ကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ် လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။ 999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့ အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့ဝင်တစ်ဦးက အားလုံးရှေ့မှာပဲ စမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။ေနာက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေးဝယ် အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ် ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲ ချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက် ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကို ဘယ်လိုဖော်ထုတ်ပြီး အဖွဲ့ဝင်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ Filesize : 1.97 GB / 1.09 GB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Thriller , Horror , ...
movie
999-9999 ( 2003 )
2002
5.8
(18+) Spread (2009)
အလည်လွန်တဲ့ဘီးဘာဖြစ်လဲဆိုတာကိုလူတိုင်းသိမှာပါ ဒီကားမှာလဲ နစ်ကီဆို တဲ့ LA က fuck boy လေးက LA တခွင်မှာ စော်တွေကိုပြဲပြဲစင်အောင် ချူစားပြီးအသက်မွေးဝမ်းကြောင်းပြုနေတာပေါ့။ဒါပေမဲ့တစ်နေ့မှာ စမန်သာဆိုတဲ့ ရှေ့နေ့မဘောစိကို ချူစားနေရာကနေ ဆမန်သာဆိုတဲ့ သူရဲ့ မိန်းမ Version ကောင်မလေးနဲ့တွေ့လိုက်ရတဲ့ နောက်မှာ နစ်ကီဘာဖြစ်လဲ ။ မိန်းမကျမ်းကြေ နေတဲ့ နစ်ကီတစ်ယောက်ဘယ်လိုတွေ ကြုံရမလဲဆိုတာကို ဒီကားထဲမှာကြည့်လိုက်ပါဗျ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Nikobaby
movie
(18+) Spread (2009)
6
Trisha on the Rocks (2024)
Trisha on the Rocks (2024) "ပူပင်ကြောင့်ကြမဲ့ အချစ်"IMDb 6.5CM ပရိသတ်ကြီးအတွက် ရင်ကိုအေးစေမယ့် ဂူဂျာရတ် စကားပြော အချစ်/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Shaitaan (2024) က မင်းသမီး Janki Bodiwala က မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာလုပ် ပျော်ရာသွားတတ်တဲ့ တက်တက်ကြွကြွမိန်းကလေး ထရီရှာနေရာက ပါဝင်ထားပြီးဗစ်ရှဲလ်ကတော့ အရက်ပုန်းရောင်းချတဲ့ ကလေကချေဖြစ်ပါတယ်... တစ်ည ထရီရှာ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ အရက်လာပို့တဲ့ ဗစ်ရှဲလ်နဲ့ စကားပြောဖြစ်သွားပါတယ်အထက်တန်းလွှာက မိန်းကလေးဖြစ်ပေမယ့် ကလေကချေ ဗစ်ရှဲလ်ရဲ့ လွတ်လပ်တဲ့ဟန်နဲ့ စကားဖော်ရွေမှုကို သဘောကျသွားတဲ့အတွက် အဲဒီညမှာပဲ အချစ်ဇာတ်လမ်းခင်းလိုက်ကြပါတယ်မနက်မိုးလင်းတော့ သူတို့နှစ်ယောက်သဘောတူ တစ်ညတာကနေ အဆင့်ထပ်မတက်ဖို့ပြောကာ လမ်းခွဲလိုက်ပြီးနောက်မှာမှ ထရီရှာ သူ့ကိုမဖြစ်မနေ ပြန်လိုက်ရှာဖို့ လိုလာတဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.5GB / 1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Trisha on the Rocks (2024)
2024
6.2
Go Brother! ( 2018 )
အစ်ကို့ရဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေရတယ်လို့ ထင်နေတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့မွေးနေ့မှာ သူ့အစ်ကိုကိုသူ့ဘဝထဲကနေ ပျောက်သွားစေဖို့ဆုတောင်းခဲ့မိပါတယ်၊ နောက်တစ်နေ့ပြန်လည်နိုးထလာချိန်မှာတော့ အံ့အားသင့်ဖွယ်ကိစ္စကဆီးကြိုနေခဲ့ပါတယ်၊သူမရဲ့အစ်ကိုကသူမဘဝထဲကပျောက်ကွယ်သွားခဲ့ပြီး သူမသူငယ်ချင်းရဲ့အစ်ကိုဖြစ်နေတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာမလဲ.. သူမရဲ့အစ်ကိုကနောက်ကွယ်ကနေ ညီမလေးကိုဂရုစိုက်တာတွေ၊ဖြည့်ဆည်းပေးတာတွေကို မြင်လာရတဲ့အခါ သူမရဲ့အစ်ကိုကိုပြန်ရနိုင်ပါတော့မလား၊မောင်နှမနှစ်ယောက်ကြားကသံယောဇဉ်၊ အထူးသဖြင့်အစ်ကိုကညီမလေးအပေါ်ထားတဲ့ကြီးမားတဲ့ မေတ္တာတရားကို ဆွတ်ပျံကြည်နူးဖွယ်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်၊ ကျွန်တော့အမြင်အရတော့..ကြည့်ရင်းနဲ့အစ်ကိုမရှိတဲ့သူတွေလဲ အစ်ကိုတစ်ယောက်လောက်လိုချင်မိမှာဖြစ်ပြီး... အစ်ကိုရှိပြီးသားသူတွေလဲကိုယ့်ရဲ့အစ်ကိုကို ပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်.. Filesize : 1.74 GB / 949 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Comedy , Drama Runtime : 1h 53 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Go Brother! ( 2018 )
2018
6
YUM Investigation ( 2023 )
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါတစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ်တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ်ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.16 GB ...
movie
YUM Investigation ( 2023 )
First
3
4
5
6
7
Last
Previous
Next