Channel Myanmar

Comedy

Something You Said Last Night (2022) 5.6
Something You Said Last Night (2022) Something You Said Last Night (2022)~ IMDb - 5.6/10, RT - 93%, Meta - 78% ~ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 770MB Quality - 1080p, 720p IMDb Rating ...
movie

Something You Said Last Night (2022)

2022
OSS 117: Lost in Rio (2009)
OSS 117: Lost in Rio (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီ​ဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ...
movie

OSS 117: Lost in Rio (2009)

Doghouse (2009)
Doghouse (2009)  သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စား‌ပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ‌ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ❓ File size…(1.5 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi
movie

Doghouse (2009)

Tholvi F.C (2023) 7.5
Tholvi F.C (2023) Tholvi F.C.(2023) "တက်နိုင် ဖျားရောက်"IMDb - 8.4/10တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကို ဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ...။ Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ...။ ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ...။ စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ...။ အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ...။...စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။ သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB / 738MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Tholvi F.C (2023)

2023
Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
Landline (2017) 6.4
Landline (2017) Landline (2017) ============ IMDb Rating - 6.4/10ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေး တစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကို သိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ် ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်​အောင် ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာ ကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲ တွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊ သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံ စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Landline (2017)

2017
Expecting (or) Gus (2013) 5.1
Expecting (or) Gus (2013) Expecting (or) Gus (2013) ===================နှစ်တွေအကြာကြီး သူ့ခင်ပွန်းနဲ့ကလေးရဖို့ ကြိုးစားပေမဲ့မရခဲ့တဲ့ Lizzie နောက်ဆုံးတော့ သူ့ကလေးရဖို့အိပ်မက်ကို လက်လျှော့လု နီးပါးဖြစ်သွားတယ်။ အဲဒီအချိန် သူ့အချစ်ဆုံးသူငယ်ချင်း Andieက တော့ One night standနဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားလေရဲ့။ နောက်တော့ Andie လည်း သူ့ကိုယ်ဝန်ကို မဖျက်ချချင်တာမို့ သူ့ ကလေးကို Lizzieတို့လင်မယားကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်။Lizzieတို့လည်း လက်ခံခဲ့ပြီး တစ်ခုရှိတာက Andie ကိုယ်ဝန်ဆောင် နေတဲ့အချိန်အတွင်း Lizzie တို့အိမ်မှာ လာနေခွင့်ပြုရမှာဖြစ်နေတယ်။ ဒီလိုနဲ့ Andieနဲ့ Lizzie တို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေး က ကလေးမွေးပြီးတဲ့အထိ အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ရယ်မောရင်းဆက်လက်ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.5 GB) / (550 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Expecting (or) Gus (2013)

2013
Avenues (2017) 6.0
Avenues (2017) Avenues (2017) ============= IMDb Rating - 6.0/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.29 GB) / (529 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Theo Katt Encoder..........SWM
movie

Avenues (2017)

2017
Bubba Ho-tep (2002) 6.9
Bubba Ho-tep (2002) Bubba Ho-tep (2002)တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်‌စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် ...
movie

Bubba Ho-tep (2002)

2002
Group Sex (2010) 5.0
Group Sex (2010) Group Sex (2010) =============ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (830 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Alias Encoder..........SWM
movie

Group Sex (2010)

2010
Moon Maidens (2023) ၄.၅
Moon Maidens (2023) Moon Maidens (2023) ================အညွှန်းမစခင် ဇာတ်ကားမှာပါဝင်တဲ့လူကြီးပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊မိသားစုတွေနဲ့ အတူကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ဇာတ်လမ်းအဖွင့်မှာတော့ မက်စ်တစ်ယောက် အိမ်နီးချင်းမိန်းမနဲ့ ကုတင်ပေါ်ရောက်နေတာကို အလုပ်ခရီးကနေ စောပြန်လာတဲ့ မိန်းမက လက်ပူးလက်ကြပ်သွားတာနဲ့အစပြုထားပါတယ်။ ပြဿနာအကြီးအကျယ်တက်မလို့ရှိသေး၊ သူတို့အိမ်နားမှာ ကျ လာတဲ့ဥက္ကာခဲအပိုင်းအစကို သူ့မိန်းမက ကောက်ကိုင်လိုက်ရာ ကနေ အခြေအနေတွေပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။ဖောက်ပြန်လို့စိတ်ဆိုးရမဲ့အစား သူ့မိန်းမက အရမ်းတွေအလိုက် သိပြီး လင်ထိပ်ထားစံပုံစံမျိုးဖြစ်သွားပါတယ်။ ဒါ့အပြင် အဲ့ဥက္ကာခဲ အပိုင်းအစကို ဆွဲကြိုးလုပ်ပြီး တခြားမိန်းကလေးတွေကိုပါ လိုက် ဝတ်ခိုင်းရင်း အဲ့မိန်းကလေးတွေပါ ထူးထူးဆန်းဆန်းပြောင်းလဲကုန် တော့တာပါပဲ။ တစ်ဖက်မှာတော့ မက်စ်လုပ်နေတဲ့ ဂြိုဟ်တုစီမံကိန်း ကို ခိုးဖို့ကြံနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပါသေးတယ်။ ဆက်လက်ပြီး ဇာတ်သိမ်းနဲ့အဖြေကိုသိရအောင် ဇာတ်ကားကိုကြည့် ရှုခံစားလိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(720 MB) / (300 MB) Quality............WEB-DL 1080p / 720p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Sci-Fi Translator.......Ngwe Zin Encoder..........SWM
movie

Moon Maidens (2023)

2023
The War of the Roses (1989) 6.8
The War of the Roses (1989) The War of the Roses (1989)~ IMDb - 6.8/10, Rotten Tomatoes - 83% ~လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ...
movie

The War of the Roses (1989)

1989
It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie

It’s Complicated (2009)

2009
Punch (2011) 7.3
Punch (2011)  တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်  File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie

Punch (2011)

Selfie 69 (2016) 6
Selfie 69 (2016) Selfie 69 (2016)သမီးရည်စားရန်ဖြစ်ရာမှ စပြီး အသည်းကွဲကာ သူငယ်ချင်းတွေလူငယ်ပီပီ ဘယ်လို ပေါက်ကရတွေလုပ်ပြီး အလွဲလွဲအမှားမှားတွေဖြစ်မလဲကို ကြည့်ရှုရမယ့် ပညာပေးအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူငယ်ချင်းတွေ အသည်းကွဲ မူးရူးပြီး ဘယ်သူအရင်ဆုံးလက်ထပ်နိုင်မလဲ လောင်းကစားလုပ်ရာမှ နောက်ပိုင်းဖြစ်ပျက်မှုတွေမှတစ်ဆင့် သင်ခန်းစာများနဲ့တကွ ရသ အမျိုးမျိုးကို ခံစားကြည့်ရှုရမယ့် ပညာပေးလူကြီးဇာတ်ကားဖြစ်ပါတယ်။သူငယ်ချင်းအုပ်စု ၂ ဖွဲ့ဘယ်လိုမတူညီတဲ့ ဒုက္ခတွေ အလွဲလွဲ အမှားမှားတွေကို ဟာသအမြင်နဲ့ ခံစားပြီး မိဘအလိုလိုက်မှုကြောင့် ခြေဦးတည့်ရာ ပေါက်ကရတွေလုပ်ရင်း အချစ်ကိုတစ်ဖန်ပြန်လည်ရှာတွေ့နိုင်မလား အန္တရာယ်များတဲ့အမှောင်ဒုစရိုက်လောကဘက်ကို ရောက်သွားပြီး ဒုက္ခတစ်မျိုးစီနဲ့ သူငယ်ချင်း ၃ယောက် တစ်ယောက်တစ်မျိုးဆီ ဘယ်လို အလွဲတွေ သင်ခန်းစာ‌တွေကြားက အချစ်ကိုဘယ်လိုရှာကြမလဲ ဘယ်လိုမထင်မှတ်ဘဲတွေ့မလဲ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 810MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle ...
movie

Selfie 69 (2016)

2016
Angry Neighbors (2023)
Angry Neighbors (2023) Angry Neighbors (2022)ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ... လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ... အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by ...
movie

Angry Neighbors (2023)

2022
The Ordinaries (2022) 6.7
The Ordinaries (2022)  ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားကအရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီးဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားကrating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော်မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ်သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကိုဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာတွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေကရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက်ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက်ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံတစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီးအခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ...
movie

The Ordinaries (2022)

The Crusades (2023)
The Crusades (2023) The Crusades ဆိုတဲ့ ကားလေးကတော့ 2023 ခုနစ်မှာထွက်ရှိထားပြီး Comedy Drama အမျိုးအစားဖြစ်ပါတယ်။အထက်တန်းကျောင်းသားလူငယ်လေးတွေ ရက်သတ္တပတ်တစ်ခုအတွင်းရှာတဲ့ပြဿနာတွေ အချစ်ရေးကိစ္စတွေကိုရိုက်ကူးထားပြီးတော့ လူငယ်သဘာဝပြဿနာပတ်ရှာကြတာတွေ ပြိုင်ဘက်ကျောင်းအချင်းချင်းမတည့်ကြလို့ အုပ်စုဖွဲ့ရန်ဖြစ်ကြတာတွေ ပါတီပွဲတွေနဲ့ ရဲလိုက်ဖမ်းလို့ဗရမ်းဗတာ အသက်ထွက်မတတ်ပြေးရတာမျိုးတွေ လူငယ်သဘာဝရည်းစားအရှုပ်အရှင်းကိစ္စတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားတဲ့ ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.6 GB)/(893 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

The Crusades (2023)