Channel Myanmar

Comedy

The Green Perfume (2022) 5.4
The Green Perfume (2022)  ဒီတစ်ခါမှာတော့ Green Perfume ဆိုတဲ့ပြင်သစ် ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်း....ပြင်သစ်ပြဇာတ်အဖွဲ့တစ်ခုဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကပြနေတုန်း ပြဇာတ်သရုပ်ဆောင်"ဗယ်လာ့ဒ်"ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ် သူမသေခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ "မာတင်"ကို "Green Perfume "ဆိုတဲ့အဖွဲ့အစည်းက သူ့ကိုလုပ်ကြံတာဖြစ်ကြောင်းပြောပြီးမှသေဆုံးသွားပါတယ်ရဲတွေက မာတင်ကိုသံသယဝင်ကြပြီး သံသယရှိသူအဖြစ်သတ်မှတ်ပြီး လိုက်ဖမ်းကြပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း လူဆိုးအဖွဲ့ကလည်း"မာတင်"ကို သူ့ကို "ဗယ်လာ့ဒ်"ကမသေခင်မှာဘာတွေပြောသွားလဲဆိုတာသိရဖို့ ပြန်ပေးဆွဲပါတယ် နှစ်ဖက်စလုံးရဲ့လိုက်လံရှာဖွေမှုခံရတဲ့ "မာတင်"တစ်ယောက် ဘယ်လိုတွေရင်တိုင်ရမလဲ သူ့ကိုကူညီပေးမယ့် "ကလယ်ယာ"ဆိုအမျိုးသမီးနဲ့တွေ့ဆုံပြီး ကလယ်ယာကရော သူ့ကိုအစွမ်းကုန်ကူညီပေးမလား"ဗယ်လာ့ဒ်"ကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာကို မာတင်တစ်ယောက်အဖြေရှာရပါတော့တယ် File size…(2.56 GB)/(1.13 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Green Perfume (2022)

Escaping The Madhouse ( 2024 ) 5.7
Escaping The Madhouse ( 2024 ) ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကို Escaping the Madhouse ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ယွင်ယင်မြို့ပေါ်မှာ လူတွေအများကြီးအဆိပ်မိသေဆုံးကုန်ကြတယ်။ ထောင်ရန်ဆိုတဲ့ လူငယ်စာဂျပိုးလေးကတော့ ဒီအဆိပ်ကိုဘယ်လိုဖြေရမလဲဦးနှောက်ခြောက်ခေါင်းစားနေတဲ့ ရေသူမျိုးနွယ်ဖြစ်တဲ့ ဝမ်အာမိန်းကလေးနဲ့တွေ့ဆုံတယ်။ဝမ်အာတို့ရေသူမျိုးနွယ်တွေကတော့ ကုန်းပေါ်မှာ ယွင်ယင်မြို့သားတွေကငါးလေးတွေကို မဆင်မခြင်လောဘတရားနဲ့ သတ်ဖြတ်နေမှုကြောင့် လက်စားချေဖို့အတွက် ကုန်းပေါ်တက်လာခဲ့တာဖြစ်တယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ရှီသခင်မဆီမှာ အိပ်မက်ဝိဉာဉ်ပုလွေလက်နက်တစ်ပါးရှိပြီး အိပ်မက်သမားတော်မျိုးနွယ်ကပဲ ဒီပုလွေကိုသုံးနိုင်တာကြောင့် ဒီမျိုးနွယ်ရဲ့အမွေဆက်ခံသူ လိုက်လံရှာဖွေဖို့အတွက်လည်း ကုန်းပေါ်တက်လာခဲ့တယ်။ဒီလိုနဲ့ ဒီမျိုးနွယ်ရဲ့မျိုးရိုးဆက်ခံသူက ဘယ်သူများဖြစ်မလဲ။ ဝမ်အာနဲ့ဒီထောင်ရန်သမားတော်လေးနဲ့ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ။ မြို့ပေါ်ကအဆိပ်မိနေတဲ့ပြည်သူတွေကော ဘယ်လိုဖြေဆေးရသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကနေ ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Escaping The Madhouse ( 2024 )

Mean Girls (2024) 6.1
Mean Girls (2024) အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ...
movie

Mean Girls (2024)

Kinky Boots (2005) 7.1
Kinky Boots (2005) Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။  တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size…    1.3 GB /  781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie

Kinky Boots (2005)

Food for the Heart (2023) 5.8
Food for the Heart (2023) Food for the Heart (2023) IMDb - 5.9/10"လီရာ" ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူပိုင်တဲ့ "The Loving Spoonful" အမည်ရှိ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းလေးကို စိတ်နှစ်ထားတဲ့ အမျိုးသမီးလေးပေါ့အရာရာကို သူ့အတွေးအခေါ်နဲ့ သူ့ခြေသူ့လက် လုပ်ချင်တယ်... ဝန်ထမ်းဆိုလို့ "ဖေး" ဆိုတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ပဲ ရှိပြီး ကိုယ်တိုင် နေ့မနားညမနား အလုပ်လုပ်ရလို့ သူမရဲ့ချစ်မေတ္တာတွေ အလုံးစုံကို customer တွေအတွက် သူမရဲ့ ဟင်းပွဲလေးတွေကနေ အနွေးဓာတ်ပေးဖို့ပဲ ပုံအပ်ထားသူလေး....တစ်ဖက်မှာလည်း တူမလေးအိုင်ဗီနဲ့ တူအရီးနှစ်ယောက်တည်း နေတဲ့ လူပျိုကြီး "အန်ကယ်အီလိုင်" တစ်ယောက် သူတို့တိုက်ခန်းကို ပြောင်းလာတယ် သူကတော့ ငွေကြေးပြေလည်မှုနဲ့ အမိမဲ့တူမလေးကို ဂရုတစိုက်ချစ်ပေးဖို့ဆိုတဲ့ ဟန်ချက်နှစ်ခုကို ဘက်မျှအောင် ညှိဖို့ အခက်အခဲဖြစ်နေသူပါအန်ကယ်အီလိုင်တစ်ယောက် တူမလေးကို နွေရာသီ လေ့လာရေးစခန်းမှာ ထားချင်ပေမဲ့ ဈေးကြီးလို့ မတတ်နိုင်တာကြောင့် တစ်ခုကြံရတော့တယ် ဒီလိုနဲ့ အစားအသောက် ဖန်တီးရှင် အပျိုကြီးမမနဲ့ ပရောဂျက်မန်နေဂျာ အန်ကယ်တို့ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာတယ်ပေါ့အရာရာ ...
movie

Food for the Heart (2023)

2023
Mind the Gap (2004) 7.0
Mind the Gap (2004) Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ ...
movie

Mind the Gap (2004)

Bhamakalapam 2 (2024) 8.3
Bhamakalapam 2 (2024) BhamaKalapam 2 (or) ပါလေရာငပိချက် IMDb - 8.2/10ဒီတစ်ခေါက်မှာတော့ ၂၀၂၂ကထွက်ရှိထားတဲ့ comedy Crime ဇာတ်လမ်း BhamaKalapamရဲ့အဆက် BhamaKalapam 2ကို တင်ဆက်ပေးချင်ပါတယ် အာနူပါးမားလို့ခေါ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဟင်းချက်စကေးကြောင့်နဲ့ ယူကျုမှာ နာမည်ကြီးနေပါတယ်။သူ့ရဲ့ မဆိုင်တဲ့ကိစ္စကို ဝင်ပါတတ်တဲ့အကျင့်ကြောင့်လည်း သူ့မှာစိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပါတယ်။ ဒီလိုနဲ့ အိမ်အလုပ်လုပ်လိုက် ယူကျုချန်နယ်လေးမှာတင်လိုက်နဲ့ တစ်ရက်တစ်ရက် ပျင်းနေတာနဲ့ သူ့ခင်ပွန်းဆီကနေ ခွင့်တောင်းပြီးတော့ ဟိုတယ်လေးတစ်ခုကိုဖွင့်လှစ်လိုက်ပါတော့တယ်။ပြီးတော့ ဟင်းချက်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်ကို ကမ္ဘာ့နာမည်ကြီးဟင်းချက်ပြိုင်ပွဲတစ်ခုမှာ လျှောက်လွှာလိုက်ရင်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်။ အာနူပါးမားဟာ ဟိုတယ်ကို သူ့ရဲ့အိမ်ဖော်ကောင်မလေး ရှီလ်ပါနဲ့အတူဖွင့်ရင်း တစ်ရက် သူတို့ဆိုင်မှာ လူဆိုးတစ်ယောက်က ခဏခဏလာတာကို သတင်းရသွားပြီးတဲ့နောက်မှာ ရဲတွေက လာရောက်ဖမ်းဆီးရင်း လူဆိုးက ထွက်ပြေးကာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆဖြစ်ကာ အာနူပါးမားဟာ ကားမောင်းသင်ရင်းလူဆိုးကို တိုက်မိသွားရာကနေ အဲဒီလူဆိုးက အာနူပါးမားကို လာရောက်ခြိမ်းခြောက်ပါတော့တယ်။တစ်ရက် သူတို့တွေ ဟိုတယ်က စားသောက်ဆိုင်လေးကိုဖွင့်ဖို့ပြင်တုန်း အအေးခန်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ရှိရင်း တိုင်ပတ်ကြပါတော့တယ်။အဲဒီအလောင်းက ဘယ်ကနေ ရောက်လာတာလဲ ......... သူများကိစ္စဆိုရင် ဝင်ပါတတ်တဲ့ အာနူပါးမားတစ်ယောက် ဒီအမှုကြီးနဲ့ ...
movie

Bhamakalapam 2 (2024)

2024
Kill Me If You Dare (2024)
Kill Me If You Dare (2024) Kill me if you dare (2024)ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။အညွှန်း နဲ့ ...
movie

Kill Me If You Dare (2024)

2024
Paper Man (2009)
Paper Man (2009)  ဖလင်ပိုစတာမှာ ကိုဒတ်ပူး(Ryan Reynolds)ကို ကြောင်တောင်ကျားဝတ်စုံနဲ့ မြင်လိုက်ရလို့ ဒီကားကို ဟာသကားလို့ မထင်လိုက်ပါနဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က အမ်မာကျောက်တုံးလေး Emma Stone နဲ့ Jeff Daniels တို့ဖြစ်ပြီး Deadpool ကတော့ Jeff Daniels ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအနေနဲ့ပဲ ပါဝင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Richard ဆိုတဲ့ သက်လတ်ပိုင်း စာရေးဆရာတစ်ယောက်က စာရေးသူတို့ထုံးစံ idea မထွက်ပဲ ဒီပျက်ရှင်ဝင်တဲ့အချိန်ကျရောက်နေပြီး အိမ်ထောင်ရေးလည်း မစိုပြေတော့တဲ့အချိန် မိန်းမဖြစ်သူနဲ့ နှစ်ဦးသဘောတူ ခေတ္တအိမ်ခွဲနေဖို့ ဆိပ်ကမ်းမြို့လေးကို ရောက်လာပါတယ်...ဒီအချိန်မှာပဲ သူ့လိုမျိုး lost soul တစ်ယောက်ဖြစ်တဲ့ ဖော်ရွေပေမယ့် တခါတလေ ဝမ်းနည်းနေတတ်တဲ့ ကောင်မလေး Abby(Emma Stone) နဲ့ သိကျွမ်းခဲ့တယ် ဒီစာကိုဖတ်ပြီး သတ်လတ်ပိုင်းယောကျာ်းနဲ့ ကျောင်းသူအရွယ်မိန်းကလေးတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ ထင်နေရင် သင်မှားသွားပါလိမ့်မယ်ဘာလို့ဆို ရိုမန့်တစ် interest ပုံစံဖော်ထားတာမဟုတ်ပဲ Abby ...
movie

Paper Man (2009)

The Diamond Heist ( 2024 ) 5.8
The Diamond Heist ( 2024 ) ဒီရုပ်ရှင်လေးကတော့ သိန်း ၂၀၀ တန် စိန်တုံးကို အုပ်စု ၂ စုက ဓားပြတိုက်ခဲ့ပြီး ကမောက်ကမ ဖြစ်သွားခဲ့တာက စပါတယ်။ လူရိုးကြီးတွေ ဖြစ်တဲ့ ကျန်းဟောက်နဲ့ ဝူအာဝေါ့ တို့ဟာ သမီးလေး ခယ်လဲ့ရဲ့ ခွဲစိတ်စရိတ်အတွက် မလုပ်စဖူး ရွှေဆိုင်ကို ဓားပြတိုက်ဖို့ လုပ်ခဲ့ပါတယ်။သူတို့နှစ်ယောက် တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ရွှေဆိုင်ကို ဖြတ်သွားတဲ့ ငွေသယ်ကားကို လုယက်ခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ အချိန်မှာ ဓားပြတွေက ကျန်းဟောက်တို့ကို အဖွဲ့သားတွေလို့ ထင်သွားပြီး တန်ဖိုးကြီးလှတဲ့ စိန်ထုပ်ကို ပစ်ပေးခဲ့ပြီး နှစ်ယောက်သား စိန်လုယက်မှုမှာ ပါဝင်ခဲ့ရပါတယ်။ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပြေးရင်း လွှားရင် စိန်ထုပ်ကြီးက ပျောက်သွားတဲ့အခါ...... ကျန်းဟောက်တို့ တစ်တွေ ခယ်လဲ့လေးအတွက် ခွဲစိတ်စရိတ်ကို ရဖို့ ဘယ်လို ဒုစရိုက်မှုတွေကို လုပ်မလဲ...... တခြားအဖွဲ့က ဓားပြတွေရဲ့ အန္တရာယ်ကိုရော ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ဟာသလေးတွေနဲ့ အပန်းဖြေ ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p ...
movie

The Diamond Heist ( 2024 )

Five Feet Detective ( 2024 )
Five Feet Detective ( 2024 ) ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့ နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့ အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲ ပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင် မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲ အရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။ မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။ အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။ ၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကို ဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Five Feet Detective ( 2024 )

A Walk in the Woods (2015) 6.4
A Walk in the Woods (2015) ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီးအက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆိုမတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော်ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာအဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော်ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကိုအတူစတင်ကြပါတော့တယ်။အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်းလမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းကမိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီးဝေဖန်ခံစားလိုက်ပါ။  File size…    2.3 GB /  742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ..... Comedy/Adventure Subtitle…. ...
movie

A Walk in the Woods (2015)

2015
Soul Kitchen (2009) 7.2
Soul Kitchen (2009) ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေအတွက် ဈေးနှုန်းသက်သာပြီး အဆင်ပြေတဲ့ Soul Kitchen လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဂျာမန်-ဂရိ စားဖိုမှုး ဇီနော့စ် ရဲ့ အချစ် အလွမ်း ဟာသ ဘဝ ဒုက္ခ တွေကို ဟာသလေးနှောပြီးရိုက်ထားတဲ့ Commedy/ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ....ဇာတ်အိမ်လေးကတော့ Soul Kitchen စားသောက်ဆိုင်မှာ ကိုယ်တိုင်ပိုင်ရှင် ကိုယ်တိုင် စားဖိုမှုးလုပ်နေတဲ့ ဇီနော့စ် ဟာတနေ့တော့ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပကိုထွက်သွားခဲ့တယ်သူလိုက်သွားဖို့လုပ်တော့...- ဆိုင်ကိုလက်လွှဲခဲ့ဖို့အကြံထုတ်ရ.... - သူ့ဆိုင်ကို ရတဲ့နည်းနဲ့ လုဖို့ကြိုးစားနေတဲ့ ငယ်သူငယ်ချင်း လူလည်ပန်ကာ ရန်ကနေလည်းကြောက်ရ..... - တစ်ပိုင်းလွတ်ငြိမ်းချမ်းသာနဲ့ ထောင်ကနေထွက်လာတဲ့ လက်ကြောမတင်းတဲ့ သူ့အစ်ကိုလောင်းကစားသမားရန်ကိုလည်း ကြောက်ရနဲ့ လူရိုး လူမှန် ဒေါသသမား ဇီနော့စ် တစ်ယောက် ဘယ်လို ဟာသအလွဲတွေကိုလုပ်ဦးမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

Soul Kitchen (2009)

Queen Elizabeth (2023) 6.9
Queen Elizabeth (2023) Queen Elizabeth (2023) "ငါသာလျှင် ဘုရင်မ"IMDb 7.5/10လူအုပ်ကြီးနဲ့စီတန်းလှည့်လည်လာတဲ့ ဈာပနတစ်ခု ဈာပနပေမဲ့ ဝမ်းနည်းကြပုံလည်းမပေါ် နိဗ္ဗာန်ယာဉ်ကို ပန်းတွေမှုန်နေအောင်စီခြယ်ထားပြီး လှဲနေသူကိုတော့ အလှဆုံးလေး ပြင်ဆင်ထားသတဲ့။။။နောက်ကြောင်းကိုပြန်ရရင် သူ(မ)ကအဲလိဇဘက်အိန်ဂျယ်တဲ့ ဒါပေမဲ့ကလေးတွေပေးထားတာကတော့ "နတ်ဆိုးအမျိုးသမီး" ဘာလို့ဒီလိုပေးရလဲဆိုတော့ ခေတ်စကားအတိုင်းပြောရရင်အပေါက်ဆိုးလို့ပါ အိမ်ကအိမ်ဖော်တွေကို သူနဲ့အမှိုက်ပုံးတစ်ခုတည်းအတူတူလာထည့်ရင်မကြိုက် အိမ်မှာဖုန်တစ်မှုန့်ရှိနေရင်မကြိုက် သူများတွေထက် အိမ်ဖော်ကိုရူပီ၅၀၀ပိုပေးပြီး အရာရာပြည့်စုံအောင်ဖြစ်နေစေချင်တဲ့အပျိုကြီးဒီဇိုင်းပေါ့ကုမ္ပဏီစီးအီးအိုလည်းဖြစ် တစ်ယောက်တည်းတောက်‌ပနေတဲ့ဒီအမျိုးသမီးအနား ဘယ်သူမှမကပ်ရဲကြ သူ(မ)ကိုကြိုက်ပေမဲ့ မချဉ်းကပ်ရဲကြတဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့ တော်လွန်းထက်မြက်လွန်းတဲ့ ဒီအမျိုးသမီးမှာ ရောဂါဆိုးကြီးပေါ်လာတဲ့အခါမှာတော့ ...ဘေးနားကလူတွေရဲ့ စိတ်ရင်းမှန်တွေ ထင်ထားသလိုမဖြစ်လာတဲ့ plot twist တွေနဲ့ ဆက်လက်ရှုစားကြပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~ V ~BpL ~Alex ~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB/ 690MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard ...
movie

Queen Elizabeth (2023)

2023
Moscow Square (Moszkva Ter) (2001) 7.8
Moscow Square (Moszkva Ter) (2001) IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့...၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ...
movie

Moscow Square (Moszkva Ter) (2001)

Honey, We Shrunk Ourselves(1997) 5.3
Honey, We Shrunk Ourselves(1997) Honey, We Shrunk Ourselves (1997) ===========================ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့ အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်)File Size..........(1.1 GB) / (4.2 ...
movie

Honey, We Shrunk Ourselves(1997)

1997
Marmalade (2023) 6.1
Marmalade (2023)  ဒီဇာတ်လမ်းလေးက အချစ်အတွက်ဆို ဘဏ်ဓားပြလည်းတိုက်မယ်၊ ထောင်လည်းဖောက်မယ်ဆိုတဲ့ နုံနုံအအကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဘာရွန်ဟာ လည်လည်ဝယ်ဝယ်မရှိတဲ့လူရိုးလေးဖြစ်ပြီး ရောဂါသည်အမေကြီးကိုပြုစုနေရသူပါ..။ငွေရေးကြေးရေးက သိပ်မပြေလည်လို့ မိခင်ကြီးရဲ့ဆေးဖိုးအတွက် ရုန်းရင်းကန်ရင်း တစ်နေ့မှာအလုပ်ဖြုတ်ခံလိုက်ရပါတယ်...။အဲ့ဒီနေ့မှာပဲ မာမလိတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီးအချစ်ရဲ့ ကြိုးဆွဲရာကတဲ့ရုပ်သေးဖြစ်ခဲ့ရပါတော့တယ်...။ဒီကောင်မလေးရဲ့ စေခိုင်းမှုကြောင့် နုံအအနဲ့ ချစ်မျက်ကန်းတစ်ယောက်ဖြစ်တဲ့ ဘာရွန်တစ်‌ယောက် ဘဏ်ဓားပြဘယ်လိုတိုက်မလဲထောင်ဘယ်လိုဖောက်မလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာမြင်တွေ့ရမှာပါ....။  File size…1.63GB / 769MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Marmalade (2023)

The Perfect Dinner (2022) 6.4
The Perfect Dinner (2022)  ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက အီတာလျံအစားအစာတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ အီတလီနိုင်ငံနာပိုလီမြို့နဲ့ ရောမမြို့ကို အခြေပြုရိုက်ကူးထားတဲ့ဟာသ၊ ဒရာမာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။အီတလီနိုင်ငံ နာပိုလီမြို့မှာ ကမ်မီလိုလို့ ခေါ်တဲ့ မာဖီးယားဂိုဏ်းကအုပ်စိုးနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ တခြားဒုစရိုက်မှုမျိုးစုံကို လုပ်နေပါတယ်။ကားမီရဲဆိုတဲ့ ကောင်လေးက ဖခင်ဆုံးပါးပြီးကတည်းကခေါင်းကိုင်ဖခင်ဖြစ်တဲ့ ကမ်မီလိုဂိုဏ်းခေါင်းဆောင်ကကြည့်ရှုစောင့်ရှောက်မှုအောက်မှာ နေခဲ့တာပါ။နဂိုစိတ်ကောင်းရှိတဲ့ ကားမီရဲက သူ့ပတ်ဝန်းကျင်က မကောင်းမှုလုပ်သူတွေနဲ့ သဟဇာတမဖြစ်တာ မထူးဆန်းပါဘူး။ တနေ့တော့သူငယ်ချင်းဟောင်းကို သေနတ်နဲ့ ပစ်သတ်ဖို့ ငြင်းဆန်ခဲ့တဲ့ကားမီရဲကို အပြစ်ပေးတဲ့အနေနဲ့ ရောမမြို့က ငွေကြေးခဝါချတဲ့စားသောက်ဆိုင်ကို ဟန်ပြဦးစီးဖို့ လွှတ်လိုက်ပါတယ်။ဟင်းလျာချက်ပြုတ်မှုမှာ တော်ပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်တဲ့ စားဖိုမှူး ကွန်ဆွယ်လို ဆိုတဲ့ မိန်းကလေးနဲ့ရောမမြို့မှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။မစ်ရှီလင်ကြယ်ပွင့်ရဖို့အထိ ရည်မှန်းချက်ကြီးတဲ့ ကွန်ဆွယ်လိုကိုကြိုက်မိသွားတဲ့ ကားမီရဲတစ်ယောက် ဘယ်လိုဘယ်ပုံရှေ့ဆက်ကြမလဲ ဆိုတာကို ဟာသလေးတွေနှောပြီး ရိုက်ကူးတင်ဆက်ထားတာကို ကြည့်ရှုရမှာပါ.. File size…2.13GB / 1.01GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie

The Perfect Dinner (2022)

Anyone But You (2023) 6.6
Anyone But You (2023) Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie

Anyone But You (2023)

2023
4K HEVC