Channel Myanmar

Comedy

Despicable Me 3 (2017) 6.2
Despicable Me 3 (2017) Despicable Me 3 (2017) Genre – Animation, Adventure, Comedy IMDB – 6.2/10Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ...
movie

Despicable Me 3 (2017)

4K HEVC
Love You to Debt (2024) 6.4
Love You to Debt (2024) ချစ်ကြွေးရှင် (၂၀၂၄)2014 တုန်းက ထွက်ရှိခဲ့တဲ့ The Worst of evilဒါရိုက်တာရဲ့ နာမည်ကြီးmovieတစ်ခုဖြစ်တဲ့ Man in Love ကို remake ပြန်ရိုက်ကူးထားတဲ့ Love You to Debt‌Bright နဲ့ Yayaလို castအလန်းဇယားတွေနဲ့ပွဲထုတ်ထားတဲ့အပြင် မနှစ်ကတည်းက trailerတွေသတင်းတွေကြည့်ပြီး မျှော်တလင့်လင့် စောင့်စားနေရသူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အကြွေးတောင်းရဖို့ဆို အသက်ကိုလောင်းကြေးထပ်ရဲတဲ့အထိ မိုက်ရူးရဲဆန်လွန်းတဲ့ အကြွေးတောင်းသမားလေး "ဘို"ဘဝမှာ ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ "ဘို" တစ်ယောက် "အော့" ဆီက အကြွေးသွားသိမ်းရာကနေ အော့ ရဲ့သမီးချောလေး"အင်မ်" နဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ....အဖေ့ရဲ့အကြွေးတွေနဲ့ ဆေးရုံစရိတ်တွေကြား အကြွေးနွံနစ်နေတဲ့ အင်မ် ကိုမှ တဇွတ်ထိုးဆန်တဲ့ဘိုက ချစ်မိသွားတဲ့အခါ အကြွေးသိမ်းတဲ့သူနဲ့ ကြွေးနွံနစ်နေတဲ့သူတို့နှစ်ယောက်ကြားက ချစ်ဇာတ်လမ်းလေးက ဘယ်လိုခရီးဆက်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားကြပါဦး(အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao တို့ပဲ ဖြစ်ပါတယ်)Genre..... Action, Comedy, ...
movie

Love You to Debt (2024)

Pattaapakal (2024) 7.7
Pattaapakal (2024) Pattaapakal (2024)"နေ့ခင်းကြောင်တောင်" =================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဝန်ကြီးတစ်ယောက်ရဲ့အိမ်မှာ ဖောက်ထွင်းမှုတစ်ခုဖြစ်သွားပါတယ်။ ဖောက်ထွင်းမှုဖြစ်တယ်ဆိုပေမဲ့ ပစ္စည်းတစ်ခုမှ အိမ်ထဲကနေပျောက်မသွားပါဘူး။ ဝန်ကြီးရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ပင်န်ဒရိုက်ဗ်တစ်ခုက လွဲလို့ပေါ့။ဝန်ကြီးဟာ အဲဒီ ဒရိုက်ဗ်ထဲကဒေတာတွေကို လူတွေကြားထဲပြန့်မသွားစေချင်တဲ့အတွက် ဘယ်သူမှထိန်းလို့မရတဲ့ ဘေဘီဆိုနဲ့ ရဲမှူးကို သူခိုးဖမ်းဖို့တာဝန်ပေးလိုက်ပါတယ်။အဲဒီလို ပင်န်ဒရိုက်ခိုးသွားတဲ့သူခိုးကို လိုက်ဖမ်းရင်း ဝန်ကြီးရယ်၊ ဂိုဏ်းစတားတစ်ယောက်ရယ်၊ သူခိုးတွေရယ် အချင်းချင်း ငြိကုန်ကြပုံကို ဒီရုပ်ရှင်ထဲမှာ ဟာသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Pattaapakal (2024)

License to Wed (2007) 5.3
License to Wed (2007) ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ.ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ.ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ )File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker
movie

License to Wed (2007)

The Great Actor (2016)
The Great Actor (2016) The Great Actor (2016) ***********************2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actorဇာတ်​ဆောင်​တွေအ​နေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်​ဆောင်ထားကြပါတယ်ပြဇာတ်သရုပ်​ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀​ကျော်ကြာ ​ခွေးဇာတ်​ကောင်အ​နေနဲ့ပဲ သရုပ်​ဆောင်ခဲ့ရပါတယ်ဒါ​ပေမဲ့ သူ့အိပ်မက်က ​အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်​ဆောင်တစ်​ယောက်ဖြစ်လာဖို့ပါပဲတစ်​နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူ​ရွေးပွဲတစ်ခု ရှိလာပါတယ်တစ်ဖက်မှာ Jang Sung pilဟာ ဇွဲ​ကောင်း​ပေမဲ့ တာဝန်မ​ကျေတဲ့ ...
movie

The Great Actor (2016)

Detective Chinatown 3 ( 2021 ) 5.4
Detective Chinatown 3 ( 2021 ) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 ...
movie

Detective Chinatown 3 ( 2021 )

Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
Honeymoon Express (2024) 7.7
Honeymoon Express (2024) Honeymoon Express ( 2024 ) ( အချစ်ရဲ့အမြန်ယာဉ် )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် ၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -ပြိုင်ကားတစ်စီးပေါ်မှာ အငြင်းပွားရန်ဖြစ်နေတဲ့လင်မယားကိုတွေ့ရပါလိမ့်မယ်။ တကယ်လို့ ဒီလင်မယားဟာ လူကြီးတွေစီစဉ်ပြီးလက်ထပ်ပေးထားလို့ ဒီလိုရန်ဖြစ်နေတာပဲလို့ သင်ထင်ရင် မှားပါလိမ့်မယ်။တကယ်တော့သူတို့ဟာ မြင်မြင်ချင်းချစ်မိပြီး မခွဲနိုင်မခွာနိုင်ဖြစ်လို့ လက်ထပ်ယူထားကြသူတွေပါ။ ဒါဆိုရင် ဘာကြောင့်များ လက်ထပ်ပြီးတဲ့နောက်မှာ ကြားလေသွေးရင်တောင် ဝေးတယ်ထင်တဲ့အချစ်ငှက်မောင်နှံကနေ မတည့်အတူနေဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားရပါလိမ့်။ လူတွေပြောကြသလို အိမ်ထောင်ရေးဆိုတာ အချစ်တို့ရဲ့အဆုံးသတ်ပဲ တကယ်ဖြစ်နေမလား။ဒီလင်မယားဟာလည်း ချစ်လို့ယူထားတဲ့အိမ်ထောင်ရေးကို အဆုံးမသတ်ချင်တဲ့အတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးပြထားပါတယ်။ တကယ်ပဲ အောင်မြင်ပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ ပျော်ရွှင်စွာလမ်းခွဲကြလေသတည်းဖြစ်မလားဆိုတာကိုတော့ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရည်းစားဘ၀မှာ အချစ်ဆိုတာ လတ်ဆတ်လန်းဆန်းပြီး ပျော်စရာကောင်းပေမဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆိုတာ ခြောက်သွေ့ညှိုးနွမ်းသွားတတ်ပါတယ်။ အကယ်၍သင့်မှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပြီ / ကြင်စဦးအိမ်ထောင် (သို့) အိမ်ထောင်သက်ကြာညောင်းနေပြီဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတချို့ကို ဟာသနှောရိုက်ကူးထားတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.26GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar ...
movie

Honeymoon Express (2024)

Who’s Yer Father? (2023)
Who’s Yer Father? (2023) ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ IMDB 5.9/10 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လယ်ရီက Prince Edward Island ကျွန်းရဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက စုံစမ်းရေးမှူးပါ။ ကျွန်းတစ်ကျွန်းလုံးမှာ သူတစ်ယောက်ပဲရှိတာဆိုတော့လည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး အမြဲကြွားဝါလေ့ရှိပါတယ်။ဒါပေမဲ့ တကယ်တမ်း သူ လိုက်စုံစမ်းပေးရတဲ့အမှုတွေကတော့ ဘိုးဘွားပိုင် အိုးခွက်ပန်းကန်တွေ ပျောက်ဆုံးမှုလောက်ပါပဲ။ ဒီလိုနဲ့ သာယာနေတဲ့သူ့ဘဝထဲကို ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတာကို ယူဆောင်ပေးဖို့ ရောက်လာခဲ့သူကတော့ လုခ်ပါ။ ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ လူချမ်းသာ လုခ်က သူ့ကို အမှုတစ်ခု လာအပ်ပြီး အဆင်ပြေရင် ဘောနပ်စ်တွေပါ ပေးမယ်ဆိုတာမို့ လယ်ရီတစ်ယောက် အချီကြီးပွမယ့်အမှုကို အားတက်သရောလိုက်ခဲ့ပါတော့တယ်။သူစုံစမ်းရမယ့် အမှုကတော့ ဂလန်းဆိုတဲ့ တံငါသည်က ပုစွန်တုပ်တွေကို လုခ်ဆီမရောင်းဘဲ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတာမို့ နောက်ကွယ်က ဝယ်သူကို ရှာပေးရမှာပဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ စုံစမ်းရင်း ရွန်ဒါဆိုတဲ့ ...
movie

Who’s Yer Father? (2023)

It’s for Your Own Good / Es Por Su Bein (2024)
It’s for Your Own Good / Es Por Su Bein (2024)  ပေါ့ပေါ့ပါးပါး မက္ကဆီကန်/စပိန် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်သက်လတ်ပိုင်းအရွယ် ယောင်းမသုံးယောက် Clara, Matis နဲ့ Nena တို့မှာ တူညီတဲ့အချက်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်စီ ကိုယ်စီပိုင်ဆိုင်ကြတာပါပဲClara ရဲ့ သားဖြစ်သူဟာ မဟုတ်မခံတဲ့ အမျိုးသမီးဝါဒီ feminist ကောင်မလေးနဲ့ တွဲတာကို အမေဖြစ်သူ Clara က တစ်စက်လေးမှ သဘောမကျပါဘူးMatis ရဲ့ သားဖြစ်သူကလည်း အသက်ပိုကြီးတဲ့ တစ်ခုလပ်မိခင်တစ်ယောက်နဲ့ တွဲနေတာဖြစ်ပြီး Nena ရဲ့ ဆယ်ကျော်သက် သားလေးကတော့ သူ့ရည်းစားကောင်မလေးကို အိမ်ခေါ်ပြီး လူလစ်တိုင်း တဂျိန်းဂျိန်းလုပ်နေတာ ဖြစ်ပါတယ်ဒါကြောင့် အမေသုံးယောက်သား တိုင်ပင်ပြီး သားတွေရဲ့ ကောင်မလေးတွေနဲ့ ဝေးအောင်လို့အစွမ်းကုန်ကြိုးစားကြရာမှာတော့ ... File size…(1.8 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

It’s for Your Own Good / Es Por Su Bein (2024)

Summer Solstice (2024)
Summer Solstice (2024)  လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre... Comedy, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie

Summer Solstice (2024)

Chicago (2002)
Chicago (2002)  IMDb - 7.2 Rt - 86%အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ...
movie

Chicago (2002)

About Schmidt (2024)
About Schmidt (2024)  IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie

About Schmidt (2024)

Dog Life / Perra Vida (2024)
Dog Life / Perra Vida (2024)  "အဲလက်စ်"ဟာဘဝမှာ သူ့ရဲ့ခွေးလေးအာဇူမီကလွဲရင် မိသားစုရော အလုပ်ရော အားလုံးကိုဆုံးရှူံးထားရသူပါ​"ရိုမီနာ"ဟာရှေ့နေတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကွဲအမျိုးသမီးပါ သူ့ရဲ့သမီးလေး"ဂျာဗီးရား"က သူမဆီကနေထွက်သွားပြီး သူ့အဖေဆီသွားနေမှာကိုစိုးရိမ်နေသူပါ"ဆိုဖာယာ"ကတော့ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး အချစ်ရေးမှာကံခေနေတာကြောင့် အခုချိန်အထိအိမ်ထောင်မကျသေးဘဲဖြစ်နေသူပါ"ကလော်ဒီယို"ကတော့ အတိတ်ကအမှားတစ်ခုကြောင့် ဘဝတစ်ခုလုံးပျက်စီးရမလိုဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတစ်ခုကိုပြန်လည်စတင်ဖို့ကြိုးစားနေသူပါတစ်နေ့မှာ အဲလက်စ်ရဲ့ခွေးလေးအာဇူမီကို ရိုမီနာတစ်ယောက် ကားနဲ့ဝင်တိုက်မိခဲ့တာကြောင့် ခွေးမချစ်ပေမဲ့လည်း သမီး​ဖြစ်သူကချစ်နေတာကြောင့်တာဝန်ယူစောင့်ရှောက်ထားရပါတယ် အဲ့ကနေစပြီး သူတို့လေးယောက်တွေ့ဆုံဖို့အကြောင်းဖန်လာပါတယ် နောက်ဆုံးမှာ ဘယ်သူနဲ့ဘယ်သူရဲ့ကြားမှာရင်ခုန်သံတွေနိုးကြားလာမလဲ သူတိူ့တွေရဲ့ပူပင်သောကတွေကိုရောကုစားနိုင်မလားဆိုတာကို ဟာသဆန်ဆန်အပျင်းပြေကြည့်ရှုရမှာပါ File size…(1.8 GB)/(968 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Dog Life / Perra Vida (2024)

First Kiss (2012) 6.2
First Kiss (2012) ပထမဆုံးအနမ်းတဲ့ ... လူနှစ်ယောက်ရဲ့ ပထမဆုံးအနမ်းကိုကြည့်ပြီး အဲဒီ့လူနှစ်ယောက်ဟာ ရှေ့လျောက်အတူတူ လက်တွဲလို့လို့ ရမရ ခန့်မှန်းလို့ရတယ်တဲ့ ... ဘတ်စ်ကားပေါ်မှာ မတော်တဆနမ်းမိခဲ့ကြတဲ့ အပျိုကြီးမမနဲ့ အထက်တန်းကျောင်းသားလေး သူတို့ရဲ့ အနာဂတ်လမ်းခရီးလမ်းက ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုတော့ အခုပဲ Download လုပ်ပြီး ကြည့်လိုက်ပါဒါကျွန်တော့်ရဲ့ ပထမဆုံးဘာသာပြန်တဲ့ မူဗီလေးပါခင်ဗျာ ... အားပေးကြပါဦး ... ကြည့်ပြီးရင်တော့ ကောင်းမကောင်း ကြိုက်မကြိုက်ဆိုတာကို မန့်ပေးသွားကြပါလား ..(ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ Tartee Poe ဖြစ်ပါတယ်)File Size         : 1.2GB, 645MB Quality           : 1080p WEB-DL, 720p WEB-DL Running Time : 1hr 43 minute Format           : Mp4 Genre             : Comedy, Romance Translator    : TarTee Poe Encoder         : Aaron 
movie

First Kiss (2012)

Saving Grace (2000) 6.9
Saving Grace (2000) Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာသိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။မိတ်ဆွေတွေရဲ့ကူညီမှု‌တွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ‌ရှုစားရမှာဖြစ်ပါတယ်။ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီးရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…    3.5 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

Saving Grace (2000)

Third Day (2024)
Third Day (2024)  တူရကီ အချစ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘဝမှာသူချစ်ရတဲ့သူနဲ့ပဲလက်တွဲမယ်လို့ဆုံးဖြတ်ထားတဲ့အယ်လီယာဟာ dating site တစ်ခုမှာ ဆီမိဟ် ဆိုတဲ့ကောင်လေးနဲ့ဆုံမိတယ်။ဆီမိဟ်ဟာ သူ့အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုပြီးယုံကြည်တဲ့အတွက်ဆီမိဟ်ရှိရာနေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတဲ့ မိခင်ဖြစ်သူကို အစ္စတန်ဘူမှာ အလုပ်အင်တာဗျူးရှိတယ် ၊ ခရီးသွားဖို့အချိန်သုံး‌ရက်လောက်ပေးပါဆိုပြီးတောင်းဆိုတယ်။မိခင်ဖြစ်သူကလည်း သုံးရက်ကျော်လို့မှပြန်မလာရင် ယောက်ျားပေးစားပစ်မယ်လို့ပြောတယ်။အယ်လီယာကလည်းသူ့အမေပြောတဲ့စကားကို လက်ခံပြီးအိမ်ကနေထွက်လာခဲ့တယ်။ဒီလိုနဲ့ ဆီမိဟ်တို့အိမ်ရောက်တဲ့အခါမှာ သူထင်ထားတဲ့သူနဲ့လွဲနေတဲ့အခါမှာတော့....  File size…1.93GB / 1.05GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Third Day (2024)

Hick (2011) 5.5
Hick (2011)  ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်ကပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…1.61GB / 740MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hick (2011)