Channel Myanmar

Comedy

My Wife Is a Gangster (2001) My Wife Is a Gangster 1 6.5
My Wife Is a Gangster (2001) My Wife Is a Gangster 1 My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့.....ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး "အစ်ကိုကြီး" လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ...
movie

My Wife Is a Gangster (2001) My Wife Is a Gangster 1

2001
Camp Hideout (2023) 4.7
Camp Hideout (2023) Camp Hideout (2023) ================လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူ ဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲ ဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noah က စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအ ရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကို သိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခ မရောက်ဖို့ ကြိုးစားရပါတော့တယ်။ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်း ဖြစ်ပြီး သူငယ်ချင်း​တွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေး ကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (750 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie

Camp Hideout (2023)

2023
Drugstore June (2024) 5.5
Drugstore June (2024)  ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီးတင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးထဲမှာတော့ -ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန်အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန်မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန်ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန်စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန်နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ….တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင်ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင်ဝင်ရောက်​ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်….အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ..လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ.. File size…1.19GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie

Drugstore June (2024)

George and the Dragon (2004) 5.6
George and the Dragon (2004)  ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီးမင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီးအင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကိုရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီးသွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာသေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင်ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည်စတင်လာပါတော့တယ်။ File size…1.93GB / 1.09B Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

George and the Dragon (2004)

Alvin and the Chipmunks (2007)
Alvin and the Chipmunks (2007) ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက​ 3D effectဘာညာလည်းမသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန်အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာနာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေးသုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက်Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ...
movie

Alvin and the Chipmunks (2007)

2007
Alvin and the Chipmunks: The Squeakquel (2009)
Alvin and the Chipmunks: The Squeakquel (2009) ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက်ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်းထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက်မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့်​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာသွား​နေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်းရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီးအထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီးအ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက်စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေးသုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size…   2.6 ...
movie

Alvin and the Chipmunks: The Squeakquel (2009)

2009
Alvin and the Chipmunks: Chipwrecked (2011) 4.3
Alvin and the Chipmunks: Chipwrecked (2011) Alvin and the Chipmunks: Chipwrecked (2011) =================================ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါ Ian လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသ င်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူ ပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvin ဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။ အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့ သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပါပြီ။Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့ Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့ တယ်။ မခေသူလေးကလည်း " Alvin တဲ့ကွ ထိန်းလို့မရစေရဘူး " ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရော ကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် .... ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်း နောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvin တို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း ...
movie

Alvin and the Chipmunks: Chipwrecked (2011)

2011
Alvin and the Chipmunks: The Road Chip
Alvin and the Chipmunks: The Road Chip ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန်တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင်အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီးသူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့်​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Alvin and the Chipmunks: The Road Chip

2015
Narakasura (2023) 8.3
Narakasura (2023) Narakasura (2023) "နတ်ဆိုး"IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊ LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်"နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီး ရက်စက်တတ်တယ်" ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် "ရှီဗာ" ရဲ့ အမျက်ဒေါသနဲ့အတူ နောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား "ရှီဗာ" ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းတို့ သိလာကြပြီး...ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူက နှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ "ရှီဗာ" တစ်ယောက် နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ် File ...
movie

Narakasura (2023)

2023
Upadhyaksha (2024) 7.7
Upadhyaksha (2024) Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Upadhyaksha (2024)

2024
Merry Good Enough (2023) 5.6
Merry Good Enough (2023)  ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစုဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီးမိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာမိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ်အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်းသူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်းမိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…1.56GB / 741MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Merry Good Enough (2023)

Sound Party (2023) 7.9
Sound Party (2023) Sound Party (2023) သူ‌ဋ္ဌေးလောင်းအိပ်မက်IMDb-8.1/10 ရှေးတုန်းကဘုရင်တွေက သူတို့အစေခံတွေ အလုပ်လုပ်တာတော်ရင် ရွှေအိုး ၊ ရွှေဒင်္ဂါးပြားတွေဆုချကြတယ် ။ဒါပေမဲ့အသုံးမချတတ်တဲ့သူတွေက ဒါတွေကို အိမ်ထဲမှာပဲ ကျင်းတူးမြှုပ်ထိန်းသိမ်းရာကလွဲ ဘာမှမလုပ်တတ်ကြဘူးတဲ့ ။ဒီလိုနဲ့ ခေတ်အဆက်ဆက်ပြောင်းလာရင်း အိမ်ထဲတင်ရွှေအိုးတူးမိချမ်းသာသူတွေရှိလာကြတယ်။ ဒီ‌ဇာတ်ကားထဲက ကူးမားတို့မိသားစုကတော့ မျိုးနဲ့ရိုးနဲ့ တစ်မိသားစုလုံး ကြွယ်ဝချမ်းသာချင်စိတ်ပြင်းထန်ကြသူတွေ အပေါ်ကပြောခဲ့တဲ့အကြောင်းသိပြီး အိမ်ထဲပဲပတ်တူးရမလား တွေးတဲ့သူ...၊ တက်ကျမ်းတွေဖတ်အိပ်မက်တွေမက်ပြီး အကြီးကြီးတွေပဲ မှန်းတဲ့သူ...၊ ရှိသမျှဘုရားအကုန်လက်အုပ်ချီပူဇော်ပြီး အားတဲ့ဘုရားဆင်းမပါဆိုတဲ့ ကြွယ်ဝရေးအမြဲဆုတောင်းနေသူ....၊ ဒီလို လူမျိုးစုံပါနေတဲ့မိသားစုဟာ တစ်ရက်မှာတော့ ထိုင်တွေးလို့မဖြစ် လက်တွေ့အကောင်အထည်ဖော်မှဆိုပြီး ကြီးပွားချမ်းသာရေးနည်းလမ်းမျိုးစုံစဉ်းစားပြီး ကြိုးစားကြတော့တာပါပဲ...၊ကြီးပွားရေး ဒီလောက်ထိစိတ်အားထက်သန်နေတဲ့မိသားစု တကယ်အောင်မြင်ဖြစ်ထွန်းသွားမလား တလွဲတချော်တွေကြားက ဟာသဖျော်ဖြေမှုရနိုင်မလားဆိုတာ ရှုစားကြည့်ကြပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.44GB /1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sound Party (2023)

2023
Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

Chinese Zodiac (2012) 6.0
Chinese Zodiac (2012) ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ်ဂျက်ကီချန်းအနေနဲ့ "စတန့်အများဆုံး" နဲ့ "ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး" ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ်မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ်ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ ...
movie

Chinese Zodiac (2012)

2012
Thookudurai (2024) 6.8
Thookudurai (2024) Thookudurai (2024) "ရေတွင်းသရဲ"IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့် တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ ပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်း ဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ် ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာဇာတ်လမ်းအကျဥ်းကတော့... အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်က ဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက် ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲ ပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ်ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲအဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန် သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း...ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးက အားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Thookudurai (2024)

2024
Rob-B-Hood (2006) 6.6
Rob-B-Hood (2006) IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ "မွေးကင်းစကလေး" တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ ...
movie

Rob-B-Hood (2006)

Once Within a Time (2023)
Once Within a Time (2023)  လောကကြီးမှာ လုပ်ခဲ့ရတာတွေ မလုပ်ခဲ့ရတာတွေကို "ဖြစ်ခဲ့ရင်" "မဖြစ်ခဲ့ရင်"ဆိုတဲ့ အတွေးတွေ လူတိုင်းမှာအနဲနဲ့အများတော့ ရှိတတ်ကြစမြဲပါပဲ......အာဒံ နဲ့ ဧဝ သာ ပန်းသီးကို မစားခဲ့ရင် ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့ရင် ဂျပန်ကို အမေရိကန်ကသာ အနုမြူဗုံးမကျဲချခဲ့ရင် ဂျူးတွေကို ဟစ်တလာက အစုလိုက်အပြုံလိုက်သာမသတ်ခဲ့ရင်ဆိုတာကနေစပြီး......သူနဲ့ အစကတည်းကသာတွေ့ခွင့်ရခဲ့ရင် သူ့ကိုသာ မယူခဲ့ရင် သူသာငါ့ကိုမထားသွားခဲ့ရင် ဆိုတဲ့အထိ အနဲနဲ့အများတော့ရှိတတ်ကြစမြဲပါပဲ........ဒီရုပ်ရှင်လေးကတော့ ကမ္ဘာကြီးတစ်ခုရဲ့ အစကရယ် နောင်တရစရာ အမှတ်တရတွေနဲ့ ပျက်သုဉ်းသွားတဲ့ အဆုံးရယ် နောက်ထပ်အစပြုလာမဲ့ ကမ္ဘာကြီးရယ်ကို သရုပ်ဖော်ရိုက်ပြထားတာပါပဲ......ဇာတ်လမ်းအတွင်းမှာလည်း လက်ရှိ ကျွန်တော်တို့ကြုံတွေနေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို မီးမောင်းထိုးပြထားပြီး ရိုးသားအပြစ်ကင်းစင်တဲ့ကလေးငယ်လေးတွေရဲ့ မျှော်လင့်ချက်ကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ကားမို့......စကားမပြောပေမဲ့ စိတ်ထဲစွဲနေစေမဲ့ မက်ဆေ့ချ်လေးတော့ကျန်ခဲ့မှာပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ....... File size…(2.6 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….00:54:00 Genre...Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Once Within a Time (2023)

Players (2024) 5.6
Players (2024) Players (2024)ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့…လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ...
movie

Players (2024)

2024
Flypaper (2011) 6.4
Flypaper (2011) လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။(ရုပ်ရှင်အညွှန်းကို YeWai ...
movie

Flypaper (2011)

2011
Little Big Soldier (2010) 6.9
Little Big Soldier (2010) MDb 6.9/10 , RT -79တရုတ်ပြည် ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကို အခြေခံရိုက်ကူးထားတဲ့ Little Big Soldier လို့ခေါ်တဲ့ဂျက်ကီချမ်းရဲ့ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ အခုလို ပြည်မကြီးအဖြစ် မပေါင်းစည်းမိခင်ကာလမှာ တရုတ်ပြည်ကြီးဟာ စစ်တလင်းဖြစ်ပွားနေပြီး ပြည်နယ်တွေဟာလည်း သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြပါတယ်။ ချီ၊ ချူ၊ ရန်၊ ဟန်၊ ကျောင်၊ ဝေနဲ့ ချင်းတို့ကတော့ အင်အားအကြီးဆုံးပြည်နယ်နိုင်ငံတွေပါ။ တနေ့မှာတော့ စစ်မက်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဝေနိုင်ငံဟာ လီအန်းလို့ခေါ်တဲ့ နိုင်ငံငယ်လေးကို ကျူးကျော်သိမ်းပိုက်ဖို့ စစ်ချီလာနေတုန်း လီအန်းနိုင်ငံရဲ့ ဖီးနစ်တောင်ခြေအရောက်မှာ ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။ ၂ဖက်လုံး အပြင်းထန်စစ်တိုက်ပြီးသကာလမှာ ၂ဖက်လုံးအကျရှုံးများစွာနဲ့ လူပေါင်း ၃ထောင် သေဆုံးခဲ့ရပါတယ်။ဂျက်ကီချမ်းက လီအန်းနိုင်ငံရဲ့ အညတရ စစ်သည်တော်လေးပါ။ ဂျက်ကီဟာ ကံကောင်းထောက်မစွာနဲ့ ဖီးနစ်တောင် တိုက်ပွဲမှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ထိုအချိန်မှာ ရန်သူနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို တွေ့ပြီး (ရန်သူနိုင်ငံရဲ့ဗိုလ်ချုပ်ကြီးကို ...
movie

Little Big Soldier (2010)

2010