Channel Myanmar

Comedy

A Difficult Year (2023) 6.2
A Difficult Year (2023) အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ်ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ"ဗယ်လန်တိုင်း"ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ...........ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား........ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

A Difficult Year (2023)

Say Anything… (1989) 7.3

Say Anything… (1989)

1989
Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Sometimes I Think About Dying (2023) 6.6
Sometimes I Think About Dying (2023)  ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက'ရေး'အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့....။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်...။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sometimes I Think About Dying (2023)

Frozen (2013) 7.4
Frozen (2013) Frozen (2013) IMDb - 7.4/10_____Rotten - 90% Won 2 Oscars. Another 79 wins & 59 nominations  Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ...
movie

Frozen (2013)

2013
4K HEVC
Frozen II (2019) 6.9
Frozen II (2019) Frozen II (2019)IMDB - 6.9/10_____Rotten - 77%  CM Fan တွေ အတွက် Frozen II ကို တင်ပေးလိုက်ပါတယ်... Little Neo မှ အကောင်းမွန်ဆုံး ဘာသာပြန်ပေးထားပါတယ် ဇတ်လမ်းအညွှန်းကတော့.... အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာ အယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ ကိုရောက်လာပါတော့တယ်။ အယ်လ်ဆာရဲ့ မိဘတွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲက ဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည် အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်း ခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူ အတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ ရုပ်ရှင်ကားကို Thit San Khant မှ Encode ပေးထားပါတယ်    File size…    4.1 GB  /  1.3 GB /  740 MB Quality… BluRay 4K /  1080p / 720p Format… mp4 / mkv Duration…. 1h 40m Genre ..... Animation/Adventure Subtitle…. Myanmar Subtitle ...
movie

Frozen II (2019)

2019
4K HEVC
The Book of Solutions (Le Livre Des Solutions) (2023) 6.3
The Book of Solutions (Le Livre Des Solutions) (2023) ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ...
movie

The Book of Solutions (Le Livre Des Solutions) (2023)

Jackpot (2013)
Jackpot (2013) Jackpot 2013 "လောင်းကြေး"အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်) File size…1.7GB/ 889MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Yunni ~ Alex
movie

Jackpot (2013)

2013
I’m Professional ( 2024 ) 5.8
I’m Professional ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောစဖွယ်ဖြစ်စေမယ့် I'm professional ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့ အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီး ထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။ အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးက ရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့ အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

I’m Professional ( 2024 )

[18+]Drive-Away Dolls (2024) 5.9
[18+]Drive-Away Dolls (2024)  No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင်နေရာမှာတော့ Once Upon a Time... in Hollywood ထဲကMargaret Qualley နဲ့ Miracle Workers စီးရီးထဲကGeraldine Viswanathan တို့ ပါဝင်ထားပါတယ်။အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း****************လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက်တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက်ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင်အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာအရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်ကသူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာလူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကိုအသေအလဲ လိုက်ယူနေတာလဲ၊ ...
movie

[18+]Drive-Away Dolls (2024)

Not Friends (2023) 7.8
Not Friends (2023) "သူငယ်ချင်း" မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄)"ပဲ" ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့ မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။ အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့် အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။ အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ "ပဲ" တစ်ယောက် အကြံအိုက်နေတာပေါ့။တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင် လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့ "ပဲ" တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ...၊ ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားက ဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်း‌တစ်စု ဖော်ထုတ်မိမလဲဆိုတာ ...
movie

Not Friends (2023)

2023
Bhari Taraganam (2023) 7.5
Bhari Taraganam (2023) Bhari Taraganam (2023) "လောကဇာတ်ခုံ" IMDb - 7.5/10ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.23GB / 1.03GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhari Taraganam (2023)

2023
Scrambled (2024)
Scrambled (2024)  ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်‌ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်‌တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်း‌တွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ ‌တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ... သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie

Scrambled (2024)

Mune: Guardian of the Moon (2014) 7.1
Mune: Guardian of the Moon (2014) Mune : Guardian of the Moon (2014)ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Mune: Guardian of the Moon (2014)

2014
American Dreamer (2022) 5.7
American Dreamer (2022)  GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင်Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကိုထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှcinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်းစီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက်မကောင်းရှာပါဘူး။တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်းနေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာနိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံးစျေးချိုချိုနဲ့သွားတွေ့ပါတယ်...ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကိုဝယ်လိုက်ပါတော့တယ်။ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီးတစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကိုဆိုက်လာပါလေရော။ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ File size…1.27GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

American Dreamer (2022)

The Sweet East (2023) 6.8
The Sweet East (2023) IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / ...
movie

The Sweet East (2023)

The In(famous) Youssef Salem (2023) 6.7
The In(famous) Youssef Salem (2023) IMdb rating - 6.7/10ဒီတစ်ခေါက်မှာတော့ ပရိတ်သက်ကြီးအတွက် comedy ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့..Youssef Salem ဆိုတဲ့စာရေးဆရာတစ်ယောက်ဟာ သူ့ရဲ့ဝတ္ထုအသစ်ကို ပြဿနာလှလှလေးတွေနဲ့အစပြုပြီး ထုတ်ဝေခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့ရဲ့ဝတ္ထုက သူတို့မိသားစုရဲ့ Algerian culture ကိုအခြေခံပြီးရေးသားထားတာပါ။ တစ်မိသားစုလုံးအကြောင်း ဒီဝတ္ထုထဲမှာပါဝင်နေတာပေါ့။Youssef Salem ရဲ့ဖခင်ဖြစ်သူက သူတို့မျိုးနွယ်ရဲ့ ဓလေ့ထုံးတမ်းကို ဂုဏ်သိက္ခာအဖြစ်သတ်မှတ်ထားတဲ့သူပါ။ Youssef Salem တစ်ယောက် သူ့ရဲ့ဝတ္ထုကမထင်မှတ်ဘဲပေါက်သွားတော့ သူ့မှာသူ့အဖေမသိအောင် သူ့မိသားစုမသိအောင် အလုပ်တွေရှုပ်ရင်း အရှုပ်တွေဖြစ်သွားတဲ့ပြဿနာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(862 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee 
movie

The In(famous) Youssef Salem (2023)

Megamind vs. the Doom Syndicate (2024)
Megamind vs. the Doom Syndicate (2024) 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ Megamind ရုပ်ရှင်ရဲ့ sequel အနေနဲ့ထွက်လာတဲ့ရုပ်ရှင်ပါ။ rating ကတော့မကောင်းလှဘူး။ဇာတ်လမ်းအကျဉ်းကတော့မက်ဂါမိုင်းက မက်ထရိုမြို့တော်ကြီးကို တိုက်တန်ရဲ့လက်ကနေ ကယ်တင်ပေးပြီးလိုက်တဲ့နောက်မှာတော့ သူကောင်းဘွဲ့ခံယူပြီး ဗီလိန်ဘ၀ကနေ ဟီးရိုးဘ၀ကိုရောက်ရှိသွားပါတယ်။ မက်ဂါမိုင်းတစ်ယောက် လူဆိုးကနေ သူရဲကောင်းဖြစ်သွားပြီဆိုတဲ့ သတင်းဟာ ထောင်ထဲရောက်နေတဲ့ မက်ဂါမိုင်း လူဆိုးဖြစ်စဉ်က လူဆိုးအဖွဲ့ဟောင်းဖြစ်တဲ့ Doom Syndicate လို့ခေါ်တဲ့ ဂြိုဟ်ဆိုးအဖွဲ့ဆီရောက်သွားပါတယ်။ဒီလိုနဲ့ ဂြိုဟ်ဆိုးအဖွဲ့လည်း သူတို့ရဲ့ဆရာဟောင်း မက်ဂါမိုင်း တစ်ချိန်ကပြောပြဖူးခဲ့တဲ့ မဟာဗျူဟာမြောက် လူဆိုးအစီအစဉ်ကြီးကိုအကောင်အ‌ထည်ဖော်ဖို့အတွက် ထောင်ဖောက်ပြီး ဆရာဖြစ်သူဆီတန်းတန်းမတ်မတ် ရောက်ရှိလာတဲ့အချိန်မှာတော့ ဟီးရိုးဘ၀ရောက်သွားပြီဖြစ်တဲ့ မက်ဂါမိုင်းတစ်ယောက် သူ့ရဲ့လူဆိုးအဖွဲ့ဟောင်းကို ဘယ်လိုရင်ဆိုင်ရဦးမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Animation, Comedy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Megamind vs. the Doom Syndicate (2024)

My Wife Is a Gangster 3 (2006) 6.4
My Wife Is a Gangster 3 (2006) My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး  ...
movie

My Wife Is a Gangster 3 (2006)

2006
My Wife Is A Gangster 2 (2003) 6.1
My Wife Is A Gangster 2 (2003) My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie

My Wife Is A Gangster 2 (2003)

2003