Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
7.0
Angel-A (2005)
IMDb - 7/10နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994)ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါစေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။တစ်ရက် အီဖယ်တာဝါပေါ်ကနေပါ ပစ်ချမဲ့အထိ ခြိမ်းခြောက်လာတဲ့ အကြွေးရှင်တွေကြောင့် လူ့လောကကြီးမှာ မနေချင်တော့ပါဘူးဆိုပြီး တံတားပေါ်ကနေခုန်ချမယ်အလုပ် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးလေးတစ်ယောက်ဘေးမှာပေါ်လာပါတယ်။ သူ့လိုပဲ မိန်းကလေးကလည်း တံတားပေါ်ကခုန်ချမလို့ပါ။သူ ခုန်မချခင် ဟိုက ခုန်ချသွားလို့ အန်ဒရေတစ်ယောက် ကယ်လိုက်ရပါသေးတယ်။ဒီမှာပဲ မိန်းကလေးဖြစ်သူက အန်ဒရေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အန်ဒရေခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနားကနေ မခွာတော့ပါဘူး။ မိန်းကလေးရဲ့ အကူအညီနဲ့ အကြွေးတွေလိုက်ဆပ်ရာကနေ သိလိုက်ရတာက သူထင်သလို ဒုက္ခရောက်နေတဲ့ ကောင်မလေးမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ အိန်ဂျယ်လေးတစ်ပါးဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ သူတို့နှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ...
movie
Angel-A (2005)
Suze (2023)
The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy ...
movie
Suze (2023)
5.7
Old School ( 2024 )
သူငယ်ချင်းကြားက ခံစားချက်ဆိုတာ ရှင်းလင်းလို့ မရနိုင်ဘူး။ တစ်ခါတလေ သူအဆင်မပြေနေတာတွေ့ရင် သူ့ကို အဆင်ပြေစေချင်တယ်။ ဒါပေမဲ့ သူက အရမ်းအဆင်ပြေနေရင်တော့ စိတ်ထဲမှာ မနာလိုဖြစ်မိတယ်။တက္ကသိုလ် ဘွဲ့ရပြီး နှစ် ၂၀ ကြာ သူငယ်ချင်းပြန်လည်ဆုံဆည်းပွဲမှာ ရိုးသားတဲ့လီကျစ်ကျန့်ဟာ အောင်မြင်နေတဲ့ ကျန်းဖုန်းနဲ့ တွေ့ခဲ့တယ်။ တက္ကသိုလ်တုန်းက ကျန်းဖုန်းက လီကျစ်ကျန့်ရဲ့ အချစ်ဦးကို လုသွားပြီး သိုးသိုးဆိုတဲ့ ကလေးတစ်ယောက် မွေးထားပါတယ်။ဆုံဆည်းပွဲပြီးတော့ သူတို့နှစ်ယောက်သား ကားတစ်စီးတည်း အတူတူစီးခဲ့ပြီး ကားတိုက်မှု ဖြစ်ခဲ့ပါတယ်။ ကျန်းဖုန်းက လီကျစ်ကျန့်ကို ၅ သိန်းပေးမယ်လို့ ကတိပြုခဲ့ပြီး သူ့အစား အချုပ်ကျခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လီကျစ်ကျန့်ကလည်း မင်္ဂလာဆောင်ဖို့ အိမ်ဝယ်ဖို့ငွေ လိုနေတဲ့အတွက် သဘောတူခဲ့ပါတယ်။လီကျစ်ကျန့် အချုပ်ထဲက ထွက်လာမှ သိလိုက်ရတာက ကျန်းဖုန်းရဲ့ စီးပွားရေးက ကျရှုံးနေပြီး အကြွေးတွေ တင်နေပါတယ်။ သူ့ကို ကတိပြုထားတဲ့ ၅ သိန်းကို မရတဲ့အပြင် ကျန်းဖုန်းတစ်ယောက် သူ့သားနဲ့အတူ သူ့အိမ်ကို လိုက်လာပါတော့တယ်။လီကျစ်ကျန့်နဲ့ ကျန်းဖုန်းတို့ တစ်အိမ်တည်း အတူတူနေပြီးနောက် ဘယ်လိုပြဿနာတွေ ဖြစ်မလဲ...... ကျန်းဖုန်းရဲ့ အကြွေးရှင်ကရော အကြွေးတောင်းဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ...
movie
Old School ( 2024 )
6.1
Zero to Hero (2023)
ဂီတအမျိုးအစားတွေထဲမှာ Rock(ရော့ခ်) Country(ကန်းထရီး)Pop(ပေါ့ပ်) အစရှိသဖြင့်အများကြီးရှိသလို လူတိုင်းကလည်းကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ပြီးတော့ အဲ့လို ဂီတတွေကိုကြိုက်တဲ့လူတွေထဲမှာလည်း တစ်ချိန်ချိန်မှာအောင်မြင်ပြီးတော့ နာမည်ကြီးကျော်ကြားချင်တဲ့အိပ်မက်ရှိကြသူတွေလည်း ရှိကြမှာပါ။ဒါပေမယ့် ဘ၀ပေးအခြေအနေနဲ့ ကံတရားရဲ့မျက်နှာသာမပေးမှုတွေကြောင့် အိပ်မက်တွေကိုချောင်ထိုးထားရတဲ့လူတွေအတွက်အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကစိတ်ခွန်အားတက်ကြွစရာဖြစ်မှာပါ။ဇာတ်ကားလေးရဲ့နာမည်ကတော့ Zero To Hero ဖြစ်ပြီးIMDb Rating 6.1 ရရှိထားပါတယ်။ဇာတ်ကြောင်းလေးကတော့ ဟီးရိုးဆိုတဲ့ ရော့ခ်ကာကြီးအပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့မှာအရမ်းချစ်ရတဲ့ နယ်လ်ဆန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဟီးရိုးက အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ကာကြီးတစ်ယောက်အရမ်းဖြစ်ချင်နေသူဖြစ်ပြီး လက်ရှိမှာတော့ ထမင်းမငတ်အောင်တူရိယာအရောင်းဆိုင်လေးတစ်ဆိုင်မှာပဲ အလုပ်လုပ်ရင်းကျေနပ်နေရပါတယ်။ ဒါပေမယ့် လူကပဲအငြိမ်နေမယ်ပညာက အငြိမ်မနေဘူးဆိုတဲ့အတိုင်း ဆရာကြီးလုပ်မိလို့အလုပ်ပြုတ်သွားပါတော့တယ်။သူတို့မသိတဲ့ တခြားဖက်ခြမ်းမှာလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်ဆင်တူတဲ့ သူတို့နိုင်ငံရဲ့ အကောင်းဆုံးလူကြိုက်အများဆုံး အဆိုတော်က အလှအပအတွက်နဲ့ဆေးမှားထိုးမိပြီး ကိုမာဝင်သလိုပါဖြစ်သွားပါတော့တယ်။အဲ့ဒီ အဆိုတော်ရဲ့ နိုင်ငံလှည့်ဖျော်ဖြေပွဲကလည်း ရှိနေခဲ့ပြီးပွဲစီစဉ်သူတွေက ပွဲကိုမဖျက်ချင်တဲ့အတွက် ကြံရာမရဖြစ်နေတုန်း ရုပ်ချင်းချွတ်စွပ်တူတဲ့ ဟီးရိုးကိုတွေ့ပြီးနိုင်ငံရဲ့နာမည်အကြီးဆုံး အဆိုတော်တစ်ယောက်နေရာက နေသရုပ်ဆောင်ပြီးဖျော်ဖြေပေးရမယ်ဆိုတဲ့ အခွင့်အရေးကိုကမ်းလှမ်းလာတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရော ကိုယ့်ရဲ့အိပ်မက်တွေတကယ်ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကိုရောက်လာရင်ဆုပ်ကိုင်မှာလား လက်လွှတ်လိုက်မှာလားဆိုတာကိုဇာတ်ကားလေးကိုကြည့်ရင်းဖြေပေးသွားကြပါဦး။ File size…2.14GB / ...
movie
Zero to Hero (2023)
Steel Magnolias (1989)
ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို ...
movie
Steel Magnolias (1989)
6.3
The Voices (2014)
The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie
The Voices (2014)
5.5
The Perfect Escape (2023)
နှစ်ကူးအကြို ပိတ်ရက်လေးမှာ ဆွစ်ဇာလန်နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေးမှာ လာရောက်စုဝေးကြတဲ့ အကျင့်စရိုက်မတူ အနေအထားမတူညီကြတဲ့ လူပေါင်းစုံရဲ့ အဖြစ်အပျက် ပြဿနာလေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ပထမစုံတွဲကတော့ ကလေးလည်းရှိပြီး အိမ်ထောင်သက်တမ်းကြာပြီး တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတဲ့ လင်မယားတွေ ခပ်တည်တည်နဲ့ အွန်လိုင်းဒိတ်တင်းမှာ တခြားလူထင်ပြီး လာချိန်းတွေ့ရာကနေ နှစ်ယောက်သား ပြန်ပြီး တွေ့ကြရော။ဒုတိယစုံတွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ဇွတ်ရောအတင်းရော ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ကောင်မလေးနဲ့ သီချင်းတွေ ဖန်တီးရတာကို နှစ်ခြိုက်တဲ့ ကောင်လေးတို့အတွဲ။တတိယစုံတွဲကတော့ ကလေးအင်မတန်လိုချင်နေတဲ့ ကျောင်းဆရာမလေးရယ် အင်တာနက်မရှိ ဖုန်းမရှိရင် ဘယ်လိုမှမနေနိုင်ပဲ ဘဝကို လူမှုကွန်ရက်မှာ နှစ်မြုပ်ထားတဲ့ အင်ဖလူယန်ဆာမလေးတို့ရဲ့ လက်စ်ဘီယန်အတွဲ။နောက်ဆုံးအတွဲကတော့ ဒီအပန်းဖြေစခန်းလေးရဲ့ ပိုင်ရှင်လင်မယားဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဟိန္ဒူဘုရားတွေကိုးကွယ်ကြတာပါ။ဒီလိုနဲ့ စုံတွဲတိုင်း ပြဿနာ ပဋိပက္ခပေါင်းစုံနဲ့ နေကြတဲ့အခါ နှင်းမုန်တိုင်းကျပြီး အကုန်လုံး အိမ်ပြန်မရပဲ ပိတ်မိသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ File size…(1.5 GB)/(760 Mb) Quality….Webrip 1080p ...
movie
The Perfect Escape (2023)
5.8
Footloose (2011)
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Footloose (2011)
5.7
Lousy Carter (2023)
IMDb 5.8/10 ရရှိထားတဲ့ Comedy အမျိုးအစားLousy Carter ရုပ်ရှင်ဟာ ၂၀၂၄ မတ်လ ၂၉ ရက်ကမှထွက်ရှိထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Bob Byington ကရိုက်ကူးပေးထားပြီး David Krumholtz ၊ Martin Starr ၊Olivia Thirlby ၊ Jocelyn Deboer အစရှိသဖြင့်သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသက်ရှင်ဖို့နောက်ဆုံးခြောက်လသာကျန်ရှိတော့တဲ့အချိန်ကို ဟာသနှောပြီးဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အင်္ဂလိပ်ရသစာပေပါမောက္ခတစ်ဦးဖြစ်တဲ့လောက်စီကာတာဟာဘဝရဲ့ဘယ်နယ်ပယ်မှာမှထူးချွန်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ နာမည်နဲ့လိုက်အောင် ဘဝမှာအသုံးမကျသူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းဆရာဘဝကိုငြီးငွေ့ဖွယ်ရာဖြတ်သန်းနေပြီး သူရဲ့အန်နီမေးရှင်းရုပ်ရှင်ကလည်း မအောင်မြင်တာကြောင့်အန်နီမေတာအဖြစ်လည်း မရပ်တည်နိုင်ခဲ့ပါဘူး။ မိခင်ကိုယ်တိုင်ကအသုံးမကျသူလို့သတ်မှတ်ထားခဲ့သလို ဇနီးနဲ့လည်းအိမ်ထောင်ရေးအဆင်မပြေခဲ့ပါဘူး။ သူငယ်ချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလိုအသက်ငယ်တဲ့ကျောင်းသူလေးတစ်ယောက်ကိုပါကြိတ်ကြိုက်နေခဲ့တဲ့လောက်စီကာတာရဲ့ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့မှာအသက်ရှင်ဖို့ခြောက်လသာကျန်ရှိတော့တာကိုသိရှိလိုက်ရပြီး သေဖို့နီးကပ်လာတာနဲ့အမျှသူ့ဘဝက ဘာတွေပြောင်းလဲသွားဦးမှာလဲဆိုတာကြည့်ရှု့ခံစားရမှာပါ။ရုပ်ရှင်ရဲ့ဇာတ်သိမ်းကတော့ မမျှော်လင့်ထားတဲ့ဇာတ်သိမ်းလို့ပဲဆိုရမှာဖြစ်ပါတယ်။ File size…1.16GB / 481MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Lousy Carter (2023)
Northern Comfort (2023)
ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်စီးရမှာကို အလွန်ကြောက်ရွံ့တဲ့ဆာရာတစ်ယောက် တစ်နေ့မှာ သူမရဲ့ချစ်သူ မိသားစုနဲ့ခရီးသွားဖို့ ဖြစ်လာပါတော့တယ်။ မိမိလေယာဉ်စီးရတာကို အလွန်ကြောက်တတ်မှန်းမသိစေချင်တဲ့ဆာရာဟာ ချစ်သူမသိအောင် လေယာဉ်စီးမကြောက်တတ်အောင် လေ့ကျင့်ပေးတဲ့အတန်းကိုသွားတတ်ပါတော့တယ်။ခရီးစဉ်မတိုင်ခင် သင်တန်းနှင့်အတူ လေယာဉ်ကိုစမ်းသပ်စီးနင်းပြီး အကြောက်တရားကို ကျော်ဖြတ်ဖို့ကြိုးစားကာ ချစ်သူနဲ့အတူခရီးထွက်ဖို့ စီစဉ်ထားရာမှ ရုတ်တရတ် သင်တန်းအချိန်စာရင်း အပြောင်းအလဲဖြစ်သွားသောအခါ ဆာရာတစ်ယောက် ချစ်သူနဲ့အတူခရီးသွားနိုင်ပါ့မလား သင်တန်းနဲ့အတူ စမ်းသပ်စီးနင်းသော လေယာဉ်ခရီးစဉ်ကရော အဆင်ပြေချောမွေ့ပါ့မလား လေယာဉ်စီးရတာကြောက်သူတွေစုပြီး ဘယ်လိုတွေပြဿနာဖြစ်လာမလဲ စသည်တို့ကို ဟာသနှောကာပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Northern Comfort (2023)
Hot Rod (2007)
ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie
Hot Rod (2007)
Snooker Man (2024)
ဒီရုပ်ရှင်ကတော့ စနူကာချန်ပီယံတစ်ဦးဖြစ်တဲ့ ရိုနီအိုဆူလီဗန်နဲ့ ရုပ်ချင်းဆင်တဲ့ အတုဝိဇ္ဇာတစ်ဦးအဖြစ် လုပ်ကိုင်သူ စနူကာမန်းလို့သမုတ်ကြတဲ့ ဂျော်နီဘိုနာလို့အမည်ရတဲ့သူအကြောင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ရိုနီအိုဆူလီဗန်ရဲ့ UK ရဲ့ အဆင့် ၁၇ မြောက် ပုံစံတူ အတုဝိဇ္ဇာတစ်ဦးဖြစ်တဲ့ ဂျော်နီဟာ UK ရဲ့ အဆင့်အနိမ့်ဆုံး အတုဝိဇ္ဇာအေဂျင်စီတစ်ခုမှာအလုပ်လုပ်ပါတယ်။ဂျော်နီဟာ သူ့ရဲ့ပင်ကိုအရည်အချင်းအစစ်အမှန်ကိုပြသဖို့အတွက် ကမ္ဘာ့အဆင့် အသေးစားစနူကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နောက်မှာတော့ စနူကာမန်း ဂျော်နီရဲ့ နောက်ကြောင်း၊ အတုဝိဇ္ဇာ သရုပ်ဆောင်လောကအကြောင်း၊ အသေးစားစနူကာ အားကစားအကြောင်းတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.4 GB)/(773MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Snooker Man (2024)
Welcome Home, Brother! (2022)
ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲလုပ်ဖို့ပြန်သွားကြတာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေးနဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Welcome Home, Brother! (2022)
6.9
Polis Evo 3 (2023)
Polis Evo 3 (2023) IMDb - 6.9/10မလေးရှား ရုပ်ရှင်စီးရီးတွေထဲမှာ နံပါတ်တစ်နေရာယူထားတဲ့ Polis Evoရုပ်ရှင်စီးရီးရဲ့သုံးကားမြောက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျတ်အများကြီး သုံးမထားပေမဲ့ အဆင့်အတန်းရှိရှိ ပုံဖော်ရိုက်ကူးထားတဲ့အတွက် ကားတိုင်းမှာ ရုံတင်ငွေအဆပေါင်းများစွာပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေလည်း ဖြစ်ပါတယ်။ရှေ့နှစ်ကားမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အခွီဗားရှင်းတွေ ကြည့်ရှုခံစားခဲ့ရပြီး ဒီကားမှာဆိုရင်လည်း နောက်ထပ်မစ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အင်စပက်တာကိုင်ရဲ့ ပါတနာဟောင်း ရီဇာဆိုတဲ့လူက စစ်ဆင်ရေးတစ်ခုပြီးတဲ့နောက်ပိုင်းမှာ ရဲကနေ လူမိုက်ဖြစ်သွားခဲ့တယ်။ ဒါကို အင်စပက်တာကိုင်နဲ့ ဆာနီတို့တွေ လူမိုက်ခေါင်းဆောင်ဖြစ်သွားတဲ့ ရီဇာနဲ့ဖြေရှင်းရမှာပါ။ ရီဇာက ရဲအဖွဲ့ဝင်တွေကိုပဲ သတ်နေတော့ အဖွဲ့ဝင်ဟောင်းအတွက် ဒီတာဝန်က ကိုင့်ခေါင်းပေါ်ပဲ ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း ကိုင်နဲ့ဆာနီတို့ နှစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.6GB | 843MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ...
movie
Polis Evo 3 (2023)
2023
6.7
Polis Evo (2015)
Polis Evo 1 (2015) IMDb - 6.7/10အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Comedy, Crime Quality…. 1080p | 720p File size… 2.2GB | ...
movie
Polis Evo (2015)
2015
The Casagrandes Movie (2024)
netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက "တောင်တစ်လုံး" အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ ...
movie
The Casagrandes Movie (2024)
Blades of Glory (2007)
2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ်ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ "မတည့်အတူနေ"သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Blades of Glory (2007)
Windcatcher (2024)
ဇာတ်လမ်းအကျဉ်းကတော့ ပါစီလို့ခေါ်တဲ့ ဆယ်နှစ်သားကောင်လေးက အဖိုးဖြစ်သူရယ် အဒေါ်နှစ်ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ပါစီမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြေးရတာပါ။တစ်ရက်မှာတော့ ပါစီရယ် သူ့သူငယ်ချင်းတွေရယ်ဟာ ကျောင်းမှာသူတို့ကို အနိုင်ကျင့်တဲ့ဘူလီအုပ်စုကို ကျောင်းအပြေးပြိုင်ပွဲမှာ အနိုင်ပိုင်းဖို့ရာအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ ပါစီဟာ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေရဲ့အကူအညီနဲ့အတူ အပြေးပြိုင်ပွဲမှာအနိုင်ရဖို့ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေနဲ့ကြုံတွေ့ရမလဲ၊ ပါစီရဲ့ဝါသနာနဲ့ မိသားစုနောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေရှိနေမလဲ၊ နောက်ဆုံးမှာ ပါစီတစ်ယောက် အနိုင်ရသွားမလားဆိုတာကိုတော့ မိသားစုနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Family, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Windcatcher (2024)
5.8
The Pretty Official ( 2024 )
ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ် သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ် သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူ အရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့ သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။ တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့ သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကို တွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက် သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား...... တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကို ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Pretty Official ( 2024 )
Black Sheep (2007)
Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာ ချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရက်စက်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ရက်စက်တဲ့ ဖုတ်ကောင်အကြမ်းဖက်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီး သွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Black Sheep (2007)
First
31
32
33
34
35
Last
Previous
Next