Channel Myanmar

Comedy

L♡DK (2014) 6.1
L♡DK (2014)  မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေးKento Yamazakiပါပဲ။ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeကလူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင်ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီးရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကိုတာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်းရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲစောင့်ကြည့်လိုက်ပါဦးနော်။  File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

L♡DK (2014)

Bruce Almighty(2003) 6.8
Bruce Almighty(2003)  စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ.......တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / ...
movie

Bruce Almighty(2003)

2003
Mr. Vampire Saga 4 ( 1988 ) 6.4
Mr. Vampire Saga 4 ( 1988 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါ‌ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Mr. Vampire Saga 4 ( 1988 )

1988
Mr. Vampire 3 (1987) 7.1
Mr. Vampire 3 (1987) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie

Mr. Vampire 3 (1987)

Mr. Vampire 2 ( 1986 ) 5.9
Mr. Vampire 2 ( 1986 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Mr. Vampire 2 ( 1986 )

1986
Cocaine Crabs From Outer Space (2022)
Cocaine Crabs From Outer Space (2022) အခြားဂြိုဟ်ကနေရောက်လာတဲ့ကဏာန်းနှစ်ကောင်ကို ကမ္ဘာမြေပေါ်ကလူငယ်နှစ်ယောက်က လက်တည့်စမ်းပြီး မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ကိုကင်းတွေကျွေးလိုက်ပါတယ် ထိုဂဏန်းနှစ်ကောင်လည်းဆေးကွဲပြီး အသားကုန်ပတ်မွှေပြီးသောင်းကျန်းပါတော့တယ် အဲ့ကဏာန်းနှစ်ကောင်က အဖြူရောင်ရှိတဲ့အမှုန့်မှန်သမျှကို"ကိုကင်း"တွေလို့ထင်မှတ်သွားပြီး "ကိုကင်း"ရှူချင်တာကြောင့် လူတွေသတ်တဲ့အထိဖြစ်လာပါတော့တယ် ထိုအခြေအနေကို စုံထောက်ကြီး"ရိစ်"ကဝင်ရောက်ဖြေရှင်းပေးရပါတော့တယ်ဒီဇာတ်ကားဟာ budgetဇာတ်ကားဖြစ်တာကြောင့် ရိုက်ချက်တွေမှာ အခြားကားတွေလို အသက်ဝင်နေတဲ့ဂဏန်းတွေ CGI တွေ တွေ့ရမှာမဟုတ်ပါဘူး horror ကားကိုမှ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ အပျင်းပြေလောက်ပဲကြည့်လို့ကောင်းမယ့်ဇာတ်ကားပါ File size…(1.6 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Cocaine Crabs From Outer Space (2022)

Railroad Tigers (2016) 5.8
Railroad Tigers (2016)  ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ)အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ.... File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Railroad Tigers (2016)

2016
Face to Face (2023) 7.6
Face to Face (2023) ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်းအထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင်ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်ကနေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘောမတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာကအိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေစျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင်နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေအခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယားနှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက်မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေးကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်းပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီတစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင်ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay
movie

Face to Face (2023)

Baby Assassins 2 Babies (2023) 6.7
Baby Assassins 2 Babies (2023) Babe Assassins 2: Babies (2023) ========================== IMDb rating 6.7/10 Genre - Comedy, Action, Crimeဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်‌ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie

Baby Assassins 2 Babies (2023)

Mr. Vampire ( 1985 ) 7.6
Mr. Vampire ( 1985 ) အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie

Mr. Vampire ( 1985 )

Srimulat: Hidup Memang Komedi (2023) 7.1
Srimulat: Hidup Memang Komedi (2023) Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Srimulat: Hidup Memang Komedi (2023)

2023
Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
Sesuai Aplikasi / Fit in the App (2018) 6.1
Sesuai Aplikasi / Fit in the App (2018) Sesuai Aplikasi (2018) IMDb 6.1/10ဒီကားလေးကတော့ Tiktok မှာ trend ဖြစ်ခဲ့တဲ့ အင်ဒို သီချင်းလေး "အကို ဆရာ ဒါမူကြိုကျောင်းဆရာ" ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းလေးပါတဲ့ ဇာတ်ကားကောင်းလေးပါ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဘဝကို ထင်ဟတ်အောင်ရိုက်ကူးထားပြီး ဟာသလေးတွေနဲ့ပေါင်းဆက်လိုက်တော့ ကြည့်ရတာ ကြည်နူးစရာပါ အင်ဒိုကားလေးဖြစ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေက အရှေ့တောင်အာရှဆန်တယ် ဇာတ်လမ်းလေးကတော့ ပရက်စ် နဲ့ ဒူရက်စ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က Delivery ပို့ရတဲ့ ကောင်လေးနှစ်ယောက်ပေါ့ နှစ်ယောက်သား အိမ်ချင်းကပ်ရပ်နေကြပြီး ရိုးသားကြိုးစားပြီးမိသားစုကို ရှာဖွေကျွေးနေခဲ့ရာကနေ ဘဝရဲ့လောကဓံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်လာရချိန်မှာတော့ သူတို့တွေ ဘယ်လိုရုန်းကန်လှုတ်ရှားကြလဲဆိုတာ ကြည့်ရှုအားပေးလို့ရပါပြီ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အဓိကထားပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ မိသားစုနဲ့ အတူတူကြည့်မယ်ဆိုလဲ သင့်တော်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.3GB | 620MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Sesuai Aplikasi / Fit in the App (2018)

2018
Itutumba Ka Ng Tatay Ko (2024) 5.7
Itutumba Ka Ng Tatay Ko (2024) Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie

Itutumba Ka Ng Tatay Ko (2024)

2024
A Chinese Ghost Story 3 ( 1991 ) 6.7
A Chinese Ghost Story 3 ( 1991 ) Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ်A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

A Chinese Ghost Story 3 ( 1991 )

1991
Good Morning (1959) 7.8
Good Morning (1959) အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ...
movie

Good Morning (1959)

Mean Machine (2001) 6.4
Mean Machine (2001) "The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie

Mean Machine (2001)

We’re Going to Team Building (2023) 5.0
We’re Going to Team Building (2023)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး စိတ်အပန်းပြေစေမယ့်ကားလေးပါပဲ။ဇာတ်လမ်းကိုပြောရရင်တော့ ဘယ်အလုပ်မှာမဆို ပုံမှန်အတိုင်းဆိုရင်တော့ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့ဆိုပြီး ရာထူးချခံရတာတွေ အလုပ်ထုတ်ခံရတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲကမင်းသားကတော့ အလုပ်ကြိုးစားလွန်းလို့ဆိုပြီး သူနဲ့တွဲလုပ်ရတဲ့ အလုပ်ဖော်တွေကစိတ်ညစ်ပြီး သူဌေးကိုတိုင်တဲ့အတွက် သူဌေးက သူ့ကိုရာထူးချပြီး တစ်ယောက်တစ်မျိုးဂေါက်နေတဲ့ဝန်ထမ်းတွေရှိတဲ့ မြေအောက်ခန်းထဲက call centerထဲမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူခိုင်းလိုက်ပါတယ်။အဲဒီနောက် ထိုမြေအောက်ခန်းထဲမှာပဲ သူက တဖြည်းဖြည်းပျော်လာတဲ့အချိန်မှာ မနာလိုတဲ့ဝန်ထမ်းတစ်ယောက်က သူဌေးကိုထပ်သွားတိုင်တဲ့အခါ ထိုcall centerလေးပါ ပိတ်သိမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူလည်း ထိုcall centerလေးကိုမပိတ်သိမ်းအောင် သူ့ရဲ့ဂေါက်တောက်တောက်အလုပ်ဖော်တွေနဲ့ ဘယ်လိုတစ်လွဲတွေလုပ်ပြီး တားဆီးဖို့ကြိုးစားကြလဲဆိုတာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

We’re Going to Team Building (2023)

Problemista (2023) 7.0
Problemista (2023)  အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Problemista (2023)