Channel Myanmar

Comedy

Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

Guardian (2024) 7
Guardian (2024) Guardian (2024) အစောင့်အရှောက်IMDb-7.8/10‌မွေးတည်းကကံမကောင်းတဲ့ကောင်မလေးနဲ့ ရန်ငြိုးတွေကြောင့် သလင်းကျောက်ထဲထည့်ပိတ်ခံထားရတဲ့ ဝိညာဉ်ဆိုးတစ်ကောင် ဆုံတွေ့လာတဲ့ ကံကြမ္မာ...ရန်ငြိုးတွေနဲ့ ကလဲ့စားချေဖို့ပဲ စိုင်းပြင်းနေတဲ့ဝိညာဉ်တစ်ကောင်ကို ဂါထာမန္တန်တွေနဲ့ သလင်းကျောက်ထဲထည့်ပိတ်ပြီး ဒီသလင်းကျောက်ကို သွေးဆက်သတဲ့သူတွေရဲ့ အလိုဆန္ဒတွေကိုဖြည့်ဆည်းရမယ်လို့ လုပ်ထားခဲ့ကြတယ်အာပါနာဆိုတာကတော့ မွေးတည်းကအမြဲကံဆိုးနေရတဲ့ကောင်မလေး တစ်နေ့ကောလိပ်အလုပ်သင်သွားရင်း သံဆူးလို့ကျတဲ့သွေးက ဝိညာဉ်ကပ်နေတဲ့ကျောက်တုံးပေါ်ကျသွားတဲ့အချိန်မှာ ကံဆိုးမှုတွေပဲရှိခဲ့တဲ့သူ့ဘဝဟာ ပြောင်းပြန်အနေအထားပြောင်းလဲသွားခဲ့တယ်....စဖြစ်လာတည်းက သန္ဓေမမှန်တဲ့အစောင့်အရှောက်က အာပါနာ့ကိုဒီလိုပဲတစ်သက်လုံး ကံဆိုးမှုတွေကိုဖယ်ရှားနိုင်မှာလား အာပါနာ့ကိုရောထိခိုက်မှုတွေရှိနိုင်မလားဆိုတာတော့ မင်းသမီးချောလေးရဲ့ ထိတ်လန့်ဖွယ်အမူအရာတွေနဲ့အတူ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.1GB / 967MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Guardian (2024)

2024
Getting Even with Dad (1994)
Getting Even with Dad (1994) Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Getting Even with Dad (1994)

1994
All That Sex (2023)
All That Sex (2023) All That Se-x aka Caly Ten Seks [2023] (IMDb 4.5/10) 18+လူတွေမှာ လိင်ကိစ္စနဲ့ပက်သက်ပြီး လိုအင်ဆန္ဒတွေ အမျိုးမျိုး ရှိကြပါတယ်... တချို့က ရင်သားကြီးတာ ကြိုက်တယ် အရပ်ရှည်တာကြိုက်တယ် အသားလတ်တာကြိုက်တယ် မျက်လုံးလှတာကြိုက်တယ်... တကယ်တော့ ဒါတွေက အပေါ်ယံအဆင့် ရှိပါသေးတယ်... လိင်မှုကိစ္စမှာ ဒီထက်နက်နဲတာတွေ အများကြီးမှ အများကြီးရှိပြီးတော့ ပိုလည်း ရှုပ်ထွေးတာကို ဒီပိုလန်ဇာတ်ကားလေးက ရိုက်ကူးပြထားတာပါ...ဇာတ်ကားထဲမှာ စုံတွဲ ၅တွဲပါဝင်ပြီးတော့ သူတို့ စုံတွဲတစ်တွဲဆိီမှာ ကြုံတွေ့ရတဲ့ မတူညီတဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ရမ္မက်တွေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရိုက်ပြထားပါတယ်... ဒီလို အခက်အခဲတွေကြားကပဲ လိုအင်ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းသွားကြလဲ... တချို့ဟာ အဆင်ပြေဖို့ ကြိုးစားရင်းက သူတို့ဟာ သူတို့ရဲ့ ပါတနာတွေနဲ့ အံဝင်ခွင်ကျသူတွေ မဟုတ်ကြပါလားဆိုတာကို သတိထားမိကြရင်းက ဘဝကို ဘယ်လိုတွေ ဆက်လျှောက်လှမ်းသွားလဲ... လိင်မှုကိစ္စဟာ လူတစ်ယောက်ကို သူမထင်သူ တစ်ဦးပြောင်းသွားစေပါသလား... အစရှိသဖြင့် လိင်မှုဘဝနဲ့ပက်သက်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ...
movie

All That Sex (2023)

2023
Accidental Texan (2024) 5.6
Accidental Texan (2024) Accidental Texan (2024)၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်.....အညွှန်း ...
movie

Accidental Texan (2024)

2024
Too Much Love (2023)
Too Much Love (2023) Too Much Love (2023)Netflix ကနေထုတ်ထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ တူရကီကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖောရက်ပြောခဲ့သလိုပဲ ဘဝဆိုတာ ချောကလက်ဗူးလေးလိုပဲ မင်းဘာရလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ဘူးတဲ့ ဒါကိုကလဲ ဘဝရဲ့အဓိပ္ပာယ်နေမှာ။ ဒီဇာတ်ကားလေးမှာဆိုရင်လဲ လူငယ်တစ်ယောက်ပေတေလေလွင့်နေရာကနေ အချစ်နဲ့တွေ့ပြီး ဘဝကို ဘယ်လိုအနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Comedy ဆန်ဆန်လေးနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်နေ့ကျရင် ဇတ်ညွှန်းရေးမယ် ရုပ်ရှင်တွေရိုက်မယ်ဆိုပြီး အိပ်မက်တွေရှိတဲ့ ဂျော့ခွန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘဝမှာအချစ်နဲ့ပထမဆုံး စတင်ထိတွေ့မိခဲ့တဲ့အချိန်ကစပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ သူ့အချစ်အတွက် သူ့ဝါသနာနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ ဝေခွဲရခက်လာပါပြီ။ ဝါသနာကိုလဲ မစွန့်လွှတ်နိုင်သလို အချစ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ လူငယ်လေးတစ်ယောက် သူ့ဘယ်အရာတွေကိုဦးစားပေးပြီး ဘယ်အရာကိုလက်လွှတ်မှာလဲ နှစ်ခုလုံးကိုကော ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်လေးနဲ့ တင်ဆက်ထားတာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး ....အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.8GB | 988MB Format… mp4 Duration…. 1h ...
movie

Too Much Love (2023)

2023
My Zombabe (2024) 6.2
My Zombabe (2024) My Zombabe (2024) IMDb - 6.2/10နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကို ခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။ သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။ တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက် ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့ အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

My Zombabe (2024)

2024
Kurt Turns Evil (2008) 6.3
Kurt Turns Evil (2008) Kurt Turns Evil (2008) IMDb - 6.3/10၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့ မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p File size… 1.2GB| 631MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kurt Turns Evil (2008)

2008
Fuks 2 (2024) 5.5
Fuks 2 (2024) Fuks 2 (2024)ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ ...
movie

Fuks 2 (2024)

2024
The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Kung Fu Ping Pong ( 2024 ) 5.8
Kung Fu Ping Pong ( 2024 ) ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာ တင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်က အပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့ တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့ စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာ တရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက် ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီး စားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာ ခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့ စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ? သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေက လက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Kung Fu Ping Pong ( 2024 )

Chalet Girl (2011) 6.3
Chalet Girl (2011)  IMDB 6.3/10 Rotten Tomatoes 53%ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကိုပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်းမိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာသေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာအယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်းအကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့အခွင့်အရေး ရလာတဲ့အခါမှာတော့…သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမကဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက်ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Chalet Girl (2011)

The New Legend of Shaolin ( 1994 ) 6.3
The New Legend of Shaolin ( 1994 ) ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို ...
movie

The New Legend of Shaolin ( 1994 )

Target List (2023) 7.1
Target List (2023)  ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ...ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။ File size…(1.35 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, ...
movie

Target List (2023)

Barton Fink (1991) 7.6
Barton Fink (1991)  တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d'Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ.......စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre... ...
movie

Barton Fink (1991)

Madgaon Express (2024) 7.9
Madgaon Express (2024) Madgaon express (2024) " ဂိုအာသို့"IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာ အသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီး အောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်း ကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာက အမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီး လိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ.... မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမား အာယု့ရှ်တို့ ဂိုအာခရီးမှာ ...
movie

Madgaon Express (2024)

2024
A Tribe Called Judah (2023) 6.3
A Tribe Called Judah (2023)  Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော ...
movie

A Tribe Called Judah (2023)

Pegasus 2 ( 2024 ) 7.3
Pegasus 2 ( 2024 ) Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Pegasus 2 ( 2024 )

Pegasus ( 2019 ) 6.4
Pegasus ( 2019 ) ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

Pegasus ( 2019 )

2019