Channel Myanmar

Comedy

Three Day Millionaire (2022)
Three Day Millionaire (2022)  ဂရင်းစဘီက ငါးဖမ်းသမား နဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ သူတို့ရထားတဲ့ လခတွေကို သုံးရက်တာ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက်လေးနဲ့ ဟော့ဟော့ရမ်းရမ်းသုံးမိလိုက်တဲ့အချိန် သူတို့နောက်ထပ် သင်္ဘောမတက်ရတော့ဘူးဆိုတာ သိလိုက်ရပါတယ်။ပိုက်ဆံလည်းပျက် မျှော်လင့်ချက်ကလည်း အင်မတန်နဲပါးလာတဲ့အခါမှာတော့ အကြီးမားဆုံး လုယက်မှုကြီးကျူးလွန်းဖို့ကြိုးစားကြပါတော့တယ် ဒါပေမဲ့ ဆိပ်ကမ်းကိုလည်း မပျက်စီးအောင်ထိန်းသိမ်းရမယ်ဆိုတော့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးလို့ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Boomer
movie

Three Day Millionaire (2022)

The Miracle Club (2023) 6.4
The Miracle Club (2023)  The Miracle Club ဇာတ်ကားဟု ၂၀၂၃ ခုနှစ်ထွက်Family Drama ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်...ဇာတ်လမ်းကျောရိုးလေးကတော့ အိုင်ယာလန်မြို့လေးတစ်မြို့က မိန်းမ ၄ ယောက်ဟာ ဘုရာကျောင်းရဲ့ဘာသာရေးခရီးစဉ်တစ်ခုနဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ နာမကျန်းသူတွေပြန်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပြင်သစ်က နေရာတစ်ခုကိုသွားရောက်ခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။ဒီခရီးစဉ်မှာ ပါဝင်ကြတဲ့ မိန်းမ ၄ ယောက်ဟာ အတိတ်နောက်ကြောင်းတွေ ဘယ်လိုရှိကြမလဲ သူတို့ရဲ့ကိုယ်စိတ်နာမကျန်းမှုတွေဟာ အံ့ဖွယ်ဖြစ်ရပ်တွေကြောင့်ပျောက်သွားနိုင်မလား ဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းဆိုပေမဲ့ နာမည်နဲ့လိုက်အောင်ကြည့်ရှုသူတွေကို ကိုယ်စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မဲ့feel good ဇာတ်ကားကောင်းလေး ဖြစ်တာမို့ စိတ်ခွန်အားတွေရအောင် ကြည့်လိုက်ကြရအောင်... File size…1.88GB / 609MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

The Miracle Club (2023)

Shri Swapankumarer Badami Hyenar Kobole (2024) 5.8
Shri Swapankumarer Badami Hyenar Kobole (2024) Shri Swapankumarer Badami Hyenar Kobole (2024)====================================ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။ စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ... စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ .... အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား.... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။File size_(1.4GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:26:00 Genre_Action, Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Char Ou
movie

Shri Swapankumarer Badami Hyenar Kobole (2024)

Annhi Dea Mazaak Ae (2024) 5
Annhi Dea Mazaak Ae (2024) Annhi Dea Mazaak Ae (2023) "အချစ်ဖြင့်စတင်သော..." IMDb - 5.7/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား...။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.3GB / 979MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Annhi Dea Mazaak Ae (2024)

2023
Squared Love All Over Again (2023)
Squared Love All Over Again (2023)   ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Squared Love All Over Again (2023)

Tied Up and Down ( 2024 ) 5.7
Tied Up and Down ( 2024 ) ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို လေလံတင်ရောင်းချရာကနေစပါတယ် ။ ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်း‌ချီတွေဟာ လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင် ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင် ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့ သူအပြင်မှာအလည်ထွက်နေတုန်း သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့..လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ? လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ? သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်‌ဇာတ်ကားကောင်းလေးဖြစ်တာမို့ အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Tied Up and Down ( 2024 )

(18+) Maps to the Stars (2014) 6.2
(18+) Maps to the Stars (2014)  ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ ...
movie

(18+) Maps to the Stars (2014)

Geethanjali Malli Vachindi (2024) 6.5
Geethanjali Malli Vachindi (2024) Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie

Geethanjali Malli Vachindi (2024)

2024
Unhappily Ever After (aka) Infelices para Siempre (2023) 5.3
Unhappily Ever After (aka) Infelices para Siempre (2023)  "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Unhappily Ever After (aka) Infelices para Siempre (2023)

Mother of the Bride (2024) 5.5
Mother of the Bride (2024)  ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ်ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကိုဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကိုရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surpriseတိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်းမကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲအချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ...ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကိုရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..  File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH ...
movie

Mother of the Bride (2024)

Prom Dates (2024) 5.5
Prom Dates (2024)  ဂျက်စ်...ကျောင်းကပွဲရဲ့ ဘုရင်မဖြစ်ဖို ငယ်ငယ်ကတည်းကအိပ်မက်ရှိခဲ့တဲ့ ဂျက်စ်…။ ငယ်ငယ်ချောချော ကျောင်းသူလေးတစ်ယောက် ဖြစ်တဲ့အလျောက် ကျောင်းဘုရင်မဘွဲရဖိုစိတ်ကြီးပြီး ရှက်တတ်တဲ့သူငယ်ချင်းဖြစ်သူကိုပါ သူလုပ်သမျှပါအောင်ခေါ်တတ်တဲ့ အမွှေစိန်မလေး။ဟန်နာ....မိန်းကလေးချင်း သဘောကျနေတဲ့စိတ်ကိုထုတ်မပြောရဲပေမဲ့ အနီးအနားက လူတွေအားလုံးကတော့သူဂေးနေကြောင်း သိနေပြီဖြစ်တဲ့ ဟန်နာ။ အူကြောင်ကြောင်နိုင်ပြီးတစ်လွဲတွေ လုပ်လေ့ရှိပေမဲ့ အချစ်ရဆုံး သူငယ်ချင်းအပေါ်တော့အပြည့်အဝသစ္စာရှိသူတစ်ယောက်ပေါ့။၁၃ နှစ်သမီးအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကျောင်းကပွဲညကိုပိုင်ရစေမယ်လို ကတိထားခဲ့ကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာကပွဲညမတိုင်ခင် ၂၄ နာရီ အလိုမှာပဲ သူတိုနဲ့ ကပွဲအတူသွားမဲ့ကောင်လေးတွေနဲ့ ပြတ်သွားခဲ့တဲ့အချိန်….သူတိုရဲ့ စိတ်ကူးအိပ်မက်ထဲက ကပွဲညလေးကိုရဖို ဘယ်လိုပြန်လည် အဖတ်ဆယ်မလဲဆိုတာကို အလွဲပေါင်းတစ်သိန်းနဲ့ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။   File size…1.27 GB/  614MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Prom Dates (2024)

Killer Kites (2023)
Killer Kites (2023)  ဒီဇာတ်လမ်းလေးကတော့ Killer Kites ဆိုတဲ့အတိုင်းပဲ စွန်တွေက လူတွေကိုလိုက်သတ်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အက်ဘီဆိုတဲ့ ကောင်မလေးက မိသားစုအမွေအနှစ်အနေနဲ့ စွန်တစ်ခုကို လက်ခံရရှိလိုက်ပါတယ်။ သူမရဲ့အဖွားက ထားရစ်ခဲ့တဲ့ အမွေပစ္စည်းတစ်ခုဖြစ်ပြီး သူမအတွက်အသုံးမဝင်တဲ့အတွက် ဘရိုင်ယန်လို့ခေါ်တဲ့သူမရဲ့အစ်ကိုကို အက်ဘီက စွန်လေးကို ပေးလိုက်ပါတော့တယ်။စွန်ကိုလက်ခံရရှိတဲ့ညမှာပဲ သူမရဲ့အစ်ကိုက အသတ်ခံရပြီးတဲ့နောက် သူမတို့မြို့မှာ ထူးခြားဆန်းကျယ်စွာ နဲ့ လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပါတော့တယ်။ သူမနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်အချို့ လူသတ်မှုတွေကို လိုက်လံ စုံစမ်းကြည့်လိုက်တဲ့အခါ သူမရဲ့ အဖွားချန်ထားခဲ့တဲ့ စွန်က လူတွေကိုလိုက်သတ်နေတာကို သိရှိသွားတဲ့အတွက် အဲ့ဒီစွန်ကို တားဆီး ဖို့ ဆောင်ရွက်ကြပုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Horror ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.4 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre...Horror, ...
movie

Killer Kites (2023)

Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

The Prince & Me 2: The Royal Wedding (2006)
The Prince & Me 2: The Royal Wedding (2006) The Prince & Me II : The Royal Wedding (2006)The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ........။ File size…(2.3 GB) / (1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by TMMT
movie

The Prince & Me 2: The Royal Wedding (2006)

A Hipster in Rural Spain (2024)
A Hipster in Rural Spain (2024)  ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / ...
movie

A Hipster in Rural Spain (2024)

Honeymoonish (2024) 5.5
Honeymoonish (2024)  ၂၀၂၄ ဧပြီလ ၃၀ ရက်ကမှထွက်ရှိထားတဲ့Honeymoonish ဆိုတဲ့ရုပ်ရှင်ကတော့ကူဝိတ်အချစ်ဟာသဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။ကူဝိတ်ရုပ်ရှင်ဆိုပေမယ့် Netflix က ထုတ်လုပ်ပေးထားပြီး လက်ဘနွန်နိုင်ငံရဲ့လှပတဲ့ရှု့မျှော်ခင်းပေါင်းများစွာကိုထည့်သွင်းရိုက်ကူးထားပါတယ်။ကူဝိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့Nour Al Ghandour နဲ့ Mahmoud Boushahri တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း*************** ဇာတ်လမ်းနာမည်အတိုင်း ပျားရည်ဆမ်းခရီးဆိုတာဟာပုံမှန်အားဖြင့် ချစ်သူနှစ်ဦးအတွက် ပျားရည်လိုချိုမြိန်မှုတွေပြည့်နှက်နေတဲ့ခရီးတစ်ခုလိုမှတ်ယူထားကြပေမယ့် နောနဲ့ဟာမတ်အတွက်တော့မဟုတ်ခဲ့ပါဘူး။ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်တဲ့ဟာမတ်ဟာ ကုမ္ပဏီပိုင်ရှင်ဖခင်က မြေးရအောင်မလုပ်ပေးနိုင်ရင် အမွေမပေးဘူးလို့ဆိုတာကြောင့်အချိန်တိုအတွင်း သတို့သမီးတစ်ယောက်ကိုအမြန်ရှာနေသူဖြစ်ပါတယ်။ နောကတော့ ချစ်သူက သစ္စာဖောက်ပြီးမိန်းမယူသွားတာကြောင့် ချစ်သူကိုလက်စားချေဖို့ အမြန်ဆုံးလက်ထပ်ချင်နေသူတစ်ယောက်ပါ။ ရည်ရွယ်ချက်တူတဲ့ဟာမတ်နဲ့နောဟာသူငယ်ချင်းလင်မယားနဲ့ချိတ်ဆက်ပေးမှုကတစ်ဆင့်အမြန်ဆုံးမင်္ဂလာဆောင်ပြီး လက်ဘနွန်ကို ပျားရည်ဆမ်းခရီးထွက်လာခဲ့ကြပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်ဘာမှမသိကြတဲ့ဟာမတ်နဲ့နောရဲ့ပျားရည်ဆမ်းခရီးဟာ ချိုမြိန်ရမယ့်အစား ခါးသက်တဲ့အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပါတော့တယ်။ File size…1.77GB / 869MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Honeymoonish (2024)

Better Off Dead…(1985) 7.1
Better Off Dead…(1985)  ဒီကားလေးကတော့ 1985 တုန်းကထွက်ထားတဲ့ Romance/Comedy ကားလေးဖြစ်ပါတယ် Romance/comedy. ဆိုပေမဲ့ comedy ဘက်ကို ပိုသွားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ကားလေးပါ ထွက်ထားတာကြာပြီ ဆိုပေမဲ့လည်း တော်တော်လေးရီရတဲ့ old but goldကားလေးပါဇာတ်လမ်းလေးကတော့ရှင်းပါတယ် Lane Myer က ကောင်မလေးပစ်တာခံရပြီးတော့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ပါ သူကသူ့ကိုသူအဆုံးစီရင်ဖို့ခနခနကြိုးစားရင်း မအောင်မြင်တာနဲ့ နောက်ဆုံးကောင်မလေးကိုပြန်ရအောင်လုပ်ရင်းနဲ့ဘယ်လိုတလွဲတွေဖြစ်မလည်း နောက်ဆုံး ကောင်မလေးနဲ့ ရောပြန်အဆင်ပြေသွားမှာလား? ဆိုတာကို ဟာသ နှောပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ် File size…(2.2 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Better Off Dead…(1985)

Billy Madison (1995) 6.3
Billy Madison (1995)  နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie

Billy Madison (1995)

Shaandaar (2015)
Shaandaar (2015) Shaandaar 2015 (ဖူးစာ)Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။ မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။ ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့ အာလီယားလေးကိုမြင်တော့ နှစ်သက်ရတဲ့ဆေးလိပ်ကိုတောင် ပစ်ချရတဲ့ထိ မြင်မြင်ချင်းသဘောကျသွားလေရဲ့။ကံကြမ္မာဖန်လေတော့ မင်္ဂလာပွဲစီစဉ်သူက ရှာဟစ်ဖြစ်နေပြီး ရှာဟစ်နဲ့အာလီယားတို့ကြား ဘယ်လိုဇာတ်လမ်းတွေ ဖြစ်တည်လာမလဲဆိုတာကတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…4.12GB / 1.53GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shaandaar (2015)

2015
Love at first bite (aka) Dragoste Pe Muchie De Cutit (2023) 5.2
Love at first bite (aka) Dragoste Pe Muchie De Cutit (2023)  ပိုလန်တာဟင်းဆိုတာက ​ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက ​မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့... File size…(1.4 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Love at first bite (aka) Dragoste Pe Muchie De Cutit (2023)