Channel Myanmar

Comedy

Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Hanky Panky (2023)
Hanky Panky (2023)  Hanky Panky ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ American comedy horror ရုပ်ရှင်ဖြစ်ပါတယ်။ဆမ်ဆိုတဲ့သူဟာ နှင်းတောင်ကြားမှာရှိတဲ့ သစ်လုံးအိမ်လေးဆီကိုအားလပ်ရက်မှာအပန်းဖြေခရီးလာဖို့ စာပို့အဖိတ်ခံရလို့သွားဖြစ်ခဲ့ပါတယ်။မသိတဲ့လူတွေနဲ့အားလပ်ရက်မှာအတူနေရင်း ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးနဲ့ကြုံလာရတော့ ဆမ်နဲ့သူ့ရဲ့စကားပြောတဲ့လက်ကိုင်ပဝါလေးအပါအဝင် တခြားသူတွေဟာသစ်လုံးအိမ်ကနေအသတ်မခံရဖို့ထွက်ပြေးရင်း မကောင်းဆိုးဝါးကောင်ကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.8 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Hanky Panky (2023)

3 Bed, 2 Bath, 1 Ghost (2023)
3 Bed, 2 Bath, 1 Ghost (2023)  အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ...
movie

3 Bed, 2 Bath, 1 Ghost (2023)

Man of the House (2005)
Man of the House (2005)  တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway 
movie

Man of the House (2005)

Sweet Dreams (2024) 5.4
Sweet Dreams (2024) Sweet Dreams (2024) ================ IMDb - 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ... မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.16 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, ...
movie

Sweet Dreams (2024)

2024
Zara Hatke Zara Bachke (2023) 6
Zara Hatke Zara Bachke (2023) Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ်IMDb - 6.5/10ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ ...
movie

Zara Hatke Zara Bachke (2023)

2023
Música (2024)
Música (2024) အသစ်ထွက်ရှိလာတဲ့ ရွှေရင်အေး Musical/ အချစ်ကားလေး ဖြစ်ပြီး rating တွေလည်း ကောင်းတာမို့ ကြည့်ပျော်ရှုပျော် ဖြစ်မှာပါရူဒီမန်ကူဆို ဆိုတဲ့ youtuber တစ်ယောက်ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ဘဝ ဇာတ်လမ်းလေးပါပဲ မင်းသမီးကလည်း သူ wifey ပဲပေါ့ ရူဒီ ဆိုတဲ့ New Jersey ရောက် ဘရာဇီးသားလေးက ဂီတကို ဝါသနာထုံပြီး ရထားလမ်းဘေးမှာ ရုပ်သေးပြတဲ့ အလုပ်ကိုလည်း လုပ်ပါသေးတယ် ကျောင်းပြီးတော့မှာ ဖြစ်ပေမယ့် မေမေ့အိမ်မှာ အတူနေတုန်း၊ မာမားဘွိုင်းလေးပေါ့သူ့မှာ ပတ်ဝန်းကျင်က သာမန်အသံမျိုးစုံကို ဂီတနုတ်အဖြစ် ပြောင်းလဲပြီး Melody တွေပါ ဖန်တီးနိုင်တဲ့ အစွမ်းတစ်ခုလည်း ရှိပါသေးတယ် အမေရိကန်သူ ရည်းစားကောင်မလေးကတော့ သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ သူဌေးသမီးတစ်ယောက်ပါ ဒီလို ဆန့်ကျင်ဘက်စရိုက်နဲ့ သူတို့နှစ်ယောက် ပြဿနာတက်ရင်းကနေ ပြတ်သွားတဲ့အချိန်မှာငါးရောင်းတဲ့ ...
movie

Música (2024)

You, Me, and that Mountain Retreat (2023) 6.1
You, Me, and that Mountain Retreat (2023)  ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ်(You Me and that Mountain Retreat)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ..ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာအလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီintrovert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီးအလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကိုလျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲတွေ့ရပါတော့တယ်..ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူးသဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုးသမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေလုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကိုတောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ...ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကားရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင်ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက်စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ………..အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romanceဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...  File size…2.07GB / 947MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

You, Me, and that Mountain Retreat (2023)

The Waterboy (1998) 6.1
The Waterboy (1998)  American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie

The Waterboy (1998)

Bad Behaviour (2023) 5.0
Bad Behaviour (2023)  Bad Behavior ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ Dark Comedy, Drama ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်....A Beautiful Mind, Requiem For a Dream စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး A Beautiful Mindဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီးကြီးJennifer Connelly ရဲ့ အမေနဲ့သမီး ဇာတ်ကားလေးပဲဖြစ်ပါတယ်။Connelly သရုပ်ဆောင်ထားတဲ့ Lucy ဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ အမေရိကန်ကစိတ်ငြိမ်းချမ်းရေးကုသမှုစခန်းကို ဝင်ရောက်ခဲ့ပါတယ်။အဲဒီစခန်းမှာ သူ့ရဲ့ စိတ်ဒဏ်ရာတွေ အကြောက်တရားတွေကသူမကို ဘယ်လို ဒုက္ခပေးမလဲ သူနဲ့ ဝေးကွာနေတဲ့ စတန့်သရုပ်ဆောင် သူ့သမီးကြားမှာ ဘယ်လိုအဖုအထစ်တွေ ရှိမလဲသူနဲ့သူ့သမီး ပြန်ဆုံတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်....ဒီဇာတ်ကားက ဇာတ်လမ်းဆိုတာထက် ကြည့်တဲ့သူတွေအတွေးတွေနဲ့ မင်းသမီးနေရာမှာ ဝင်ရောက်ခံစားစေမဲ့emotional ဇာတ်ကားတစ်ကားဖြစ်လို့ အတွေးကောင်းကောင်းနဲ့မင်းသမီးရဲ့သရုပ်ဆောင်မှု ကောင်းကောင်းတွေကြားမျှောချင်သူတွေ ကြည့်သင့်ပါကြောင်း အသိပေးလိုက်ပါတယ်... File ...
movie

Bad Behaviour (2023)

A Match for the Prince (2023) 6.2
A Match for the Prince (2023) A Match for the Prince (2023) ====================== IMDb Rating - 6.2/10အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် ...
movie

A Match for the Prince (2023)

2023
Satu Hari Sebelum Raya (2023) 5.0
Satu Hari Sebelum Raya (2023) Satu Hari Sebelum Raya (2023) ==============================ဒီမလေးရှားရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့မတိုင်ခင် အကြိုနေ့မှာ မိဘမဲ့မောင်နှမနှစ်ယောက်ဖြတ်သန်းရတဲ့ တစ်နေ့တာကိုပြထားတဲ့ရုပ်ရှင်ပါပဲ။ အစ်နေ့ကားပေမဲ့ ခရစ္စမတ်ကားနဲ့တောင် တော်တော်လေး အရသာတူပါတယ်။ ခရစ္စမတ်ကားလို အငွေ့အသက်မျိုးနဲ့ပဲ မတူညီတဲ့တင်ဆက်မှုနဲ့ မြင်ရမယ့်ရုပ်ရှင်လို့ပြောလို့ရပါတယ်။အချိန်ကတော့ အစ်နေ့မတိုင်ခင် ၂ညအလိုပေါ့။ အဲဒီနေ့ညမှာ ကလေးလေးက သူ့အစ်မကို အစ်နေ့မှာ သူဝတ်စုံအသစ်ဝတ်ချင်တဲ့အကြောင်းပြောပြရင်းပူဆာတယ်။ သူတို့မောင်နှမဟာ အဖေရော အမေရော မရှိဘဲ နေလာရတာ နည်းနည်းတော့ကြာပြီ။ ရွာကလူတွေကလည်း သူတို့ကို မကြည့်ရှုပေးကြတော့ သူတို့ဘာသာပဲ ခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်။ သူ့မောင်လေးက ပူဆာလာတော့ သူအစ်မက သူတို့ရွာထဲက အလှူကြီးအတန်းကြီး ခမ်းခမ်းနားနားလုပ်နေတဲ့ သူဌေးကြီးဆီသွားပြီး ဝတ်စုံဖိုးလေးပေးဖို့ အသနားခံပေမဲ့ ဟိုကမပေးလိုက်ဘူး။ ဒီလိုနဲ့ နောက်နေ့ကျ သူတို့မောင်နှမ ရွာသူကြီးဆီရောက်လာခဲ့တယ်။ ရွာသူကြီးကလည်း လျှောက်လွှာတင်ရမယ် ဘာညာပြောပြီး မကူညီပြန်ဘူး။ဒီလိုနဲ့ ရွာထဲက လူတွေက သူတို့ကို မကူညီချင်ကြဘဲ နှိမ်ပဲနှိမ်ချချင်တာ သူတို့သိလိုက်တယ်။ ...
movie

Satu Hari Sebelum Raya (2023)

Bas Terakhir Malam Raya (2023) 8.7
Bas Terakhir Malam Raya (2023)   Bas Terakhir Malam Raya (  2023 ) ==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။  ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။  ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ...
movie

Bas Terakhir Malam Raya (2023)

Kalvan (2024) 6
Kalvan (2024) Kalvan 2024 ဆင်ရန်စွယ် IMDb 7.1ဇာတ်လမ်းအစမှာတော့ မင်းသားချောလေး ဂျီဗီပရာကတ်ရှ်ကူမား (ကမ်ဘာ)တို့ သူငယ်ချင်း၂ယောက်က ဘိုးဘွားရိပ်သာက အဘိုးကြီးတစ်ယောက်ကို တရားရုံးမှာမွေးစားခွင့်တောင်းနေပါတယ် မွေးစားခွင့်တရားဝင်ရခဲ့တော့ လူအများကချီးကျူးကြတာပေါ့ ခုလိုခေတ်ကြီးမှာ ကိုယ့်ဝမ်းစာရှာဖို့တောင်ခက်ခဲနေချိန် အဘိုးတစ်ယောက်ကိုပါတင်ကျွေးတယ်ဆိုပြီး သတင်းလည်းပျံ့နေတာပေါ့ ဒါပေမဲ့သူတို့ဒီလိုမွေးစားတာက အကြောင်းရှိပါတယ် ဒါကဘာများဖြစ်နိုင်မလဲကမ်ဘာတို့ရွာမှာ သစ်တောအုပ်ပိုင်တဲ့ဘောစိမ‌တစ်ယောက်ရှိပါတယ် ဒါပေမဲ့သူ့ပိုင်နက်ကနေ တောရိုင်းဘက်ကို မြေတွေခိုးခိုးယူရင်း တောထဲကတိရစ္ဆာန်တွေနေထိုင်ဖို့စားကျက်ကျဉ်းလာတော့ ဆင်တွေက မကြာခဏဆိုသလိုလူတွေအိမ်တွေဘက်ကျူးကျော်ရင်း ဆင်နင်းခံရလို့သေတဲ့လူတွေလည်းမနည်းမနောပေါ့ ဆင်နင်းခံရလို့တောထဲလူသေရင် တစ်ရွာလုံးသွားကြည့်ကြလို့ သူခိုးဖြစ်တဲ့ကမ်ဘာတို့အကြိုက်ပါပဲ ရွာထဲဘယ်သူမှမရှိချိန်တွေမှာ ပတ်ခိုးရင်းဘာလာနဲ့တွေ့ခဲ့တယ် ဘာလာလေးကို မြင်မြင်ချင်းချစ်မိတဲ့သူခိုးကမ်ဘာနဲ့ သူဋ္ဌေးသမီးဘာလာတို့ကရောဘာတွေဆက်ဖြစ်သွားမလဲ တစ်ကားလုံးက ကျော်ရက်စရာမရှိအောင်ကို စိတ်ခံစားချက်အဖုံဖုံပေးနိုင်တာကြောင့် လက်မလွှတ်ကြဖို့ညွှန်းဆိုရင်း(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 2.8GB / 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ ToMo ~ ...
movie

Kalvan (2024)

2024
Nothing Can’t Be Undone by a HotPot ( 2024 ) 6
Nothing Can’t Be Undone by a HotPot ( 2024 ) မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspense ရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာ လာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီး ပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့ နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါ အားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။(ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်) ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့ အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့ အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Crime , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Nothing Can’t Be Undone by a HotPot ( 2024 )

The Boys (2024) 7
The Boys (2024) The Boys (2024) "ငါးယောက်ပေါင်းလောင်းကျော်" IMDb - 9.1/10အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်) File size… ...
movie

The Boys (2024)

2024
Jangan Lupa Aku Cinta Padamu (2024) 6.2
Jangan Lupa Aku Cinta Padamu (2024)  Jangan Lupa Aku Cinta Padamu (2024)============================သင်က ည12နာရီ သန်းခေါင်ယံအချိန် အဝတ်လျှော်ဆိုင်အမှောင်ထဲမှာ တစ်ယောက်တည်းထိုင်ပြီး ကိုယ့်ရဲ့ အတိတ်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို နောင်တရနေတယ်ဆိုပါစို့။ ရုတ်တရက်ပဲ လူသူမရှိတဲ့ အဝတ်လျှော်ဆိုင်ကြီးက တီးလုံးသံတွေထွက်လာပြီး သင့်ရှေ့က အဝတ်လျှော်စက်တစ်လုံးက သင့်ကို စကားစပြောလာမည် ဆိုရင်ဖြင့်....။ဒီဇာတ်လမ်းက အချိန်ခရီးသွားစက်နဲ့ အတိတ်ကအချိန်ဆီကိုပြန်သွားရင်း ကိုယ့်ချစ်သူနဲ့အမှားတွေပြင်ဆင်ဖို့ကြိုးစားမဲ့ Amir ရဲ့ အရှုပ်တော်ဇာတ်ကို ဟာသဆန်စွာ ရိုက်ကူးထားတာဖြစ်ပြီး plotကောင်းတွေနဲ့ အချစ်စစ်ရဲ့ လှပမှုကို သိရှိခံစားရမဲ့ Mlaysia ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Jangan Lupa Aku Cinta Padamu (2024)

A Guilty Conscience (2023) 7.2
A Guilty Conscience (2023) A Guilty Conscience (2023) ======================= IMDb rating - 7.2, RT - 93% Awards - 4wins & 17 nominationsဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ‌ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:15:00 Genre_Crime , ...
movie

A Guilty Conscience (2023)

Sasquatch Sunset (2024) 5.9
Sasquatch Sunset (2024)  Sasquatch Sunset (2024) ခြေပြားကြီးတို့ မိသားစု ဒီရုပ်ရှင်ကိုတော့ နာမည်ကျော် ဒါရိုက်တာ ပရိုဂျူဆာAri Aster က ထုတ်လိုက်ခဲ့တာဖြစ်ပါတယ်။ Ari ကိုHereditary တို့ Midsommar တို့နဲ့ သိကြမှာပါ။မင်းသားကတော့ Social Network ကားတို့ Now You See Meတို့နဲ့ ရင်းနှီးနေကြမဲ့ Jesse Eisenberg ပါပဲ။ရုပ်ရှင်ကတော့ Sasquatch မိသားစုတစ်ခုအကြောင်းပါပဲ။Sasquatch ဆိုတာကို မသိရင်တောင် သူနဲ့ အဓိပ္ပါယ်တူတဲ့Bigfoot ကောင်ကြီးတွေဆိုရင် သိကြမှာပါ။ဒီရုပ်ရှင်က သူတို့ရဲ ဘဝနေထိုင်မှုအကြောင်းနဲ့ လူတွေရဲ့အမြင်အကြောင်းကို လေးလေးနက်နက်ရိုက်ပြထားတာပါပဲ။အပိုဆောင်းအနေနဲ့ကတော့ ခက်ခဲတဲ့ ဘာသာစကားအသုံးအနှုန်းတွေကို သေချာ ဘာသာပြန်ရှင်းပြပေးထားလို့အင်္ဂလိပ်စာ လေ့လာသူတွေလည်း ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ခံစားကြည့်လိုက်ပါဦး..................... (  Mr. Anderson  အထူးခံစားဘာသာပြန်ထားသည်  ) File size…1.64GB / 652MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action ...
movie

Sasquatch Sunset (2024)

The Moon and Back (2022)
The Moon and Back (2022)  ကောင်းတဲ့အမှတ်တရတွေနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာပဲ ပိတ်လှောင်မိနေတဲ့ ဆယ်ကျော်သက်မလေးရဲ့ ဖခင်ဆုံးပြီးဘဝအကြောင်းကိုရိုက်ထားတာဖြစ်ပြီး The moon and back ဆိုတဲ့ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ချစ်ခြင်းမေတ္တာရဲ့ တန်းခိုးစွမ်းအင်ကြီးမားပုံကို ဒီဇာတ်ကားမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေခံစားလို့ရမှာဖြစ်ပါတယ်။ဖခင်ရဲ့ကွန်ပြူတာရှင်းရင်းမှ တွေ့လိုက်ရတဲ့ဇာတ်လမ်းကလစ်ဒ်ဒီယာ့ကိုဘယ်လိုပြောင်းလဲပေးမှာလဲ၊ ချစ်ရတဲ့လူကိုဖခင်အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးလစ်ဒ်ဒီယာနဲ့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြားက သဘောထားကွဲလွဲမှုလေးတွေကရော ဘာတွေလဲ။ပျော်လိုက်၊ငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခုခုအဆင်မပြေရင်ဘဝမမည်တဲ့ လောကကိုသူတို့သားအမိတွေဘယ်လိုခွန်းအားတွေနဲ့ ရှေ့ဆက်လည်းဆိုတာကို လွမ်းဖွယ်ကြည်နူးဖွယ်တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် channel myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Theint 
movie

The Moon and Back (2022)