Channel Myanmar

Comedy

Shopgirl (2005)
Shopgirl (2005)  ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်...သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး...မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, ...
movie

Shopgirl (2005)

The Ice Harvest (2005)
The Ice Harvest (2005)  ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ...
movie

The Ice Harvest (2005)

C.R.A.Z.Y. (2005)
C.R.A.Z.Y. (2005) C.R.A.Z.Y 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် ...
movie

C.R.A.Z.Y. (2005)

Sweeter Than Chocolate (2023)
Sweeter Than Chocolate (2023)   ကမ္ဘာကြီးကိုတည်ဆောက်ထားတဲ့အရာဟာ မေတ္တာတရားပါလို့ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးကို အလှဆင်နေတဲ့အရာဟာ အချစ်ပါပဲ။ ဒီတော့အချစ်ကိုယုံကြည်တဲ့လောကသားတွေပီပီ အချစ်စစ်ဆိုတာကို right personဆိုတဲ့ညာလူကြီးကို တမ်းတကြသည်ပေါ့လေ။ဒါပေမဲ့ အချစ်စစ်ဟာ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ချစ်သူတစ်ရာတွေ့တောင် အချစ်စစ်တစ်ခုတွေ့ဖို့ရာ အင်မတန်ခက်ခဲပါသတဲ့။ How Sweet It is ဆိုတဲ့ ချောကလက်ဆိုင်လေးကတော့ အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်ဆိုတဲ့ သဘာဝတရားကြီးကို ဆန့်ကျင်နေပါသတဲ့။အဘိုးလက်ထက်ကတည်းက စတင်ခဲ့တဲ့ Sweetချောကလက်ဆိုင်က အထူးစပယ်ရှယ် Cupid chocolate ကိုစားလိုက်ရင် ကိုယ့်ရဲ့right person ကိုယ့်ရဲ့true loveကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိနေလို့ပါပဲ။ ဒါကိုမယုံချင်တဲ့ စုံစမ်းစစ်ဆေးရေးသတင်းထောက်လေး ဒင်းချေ့စ်တစ်ယောက် မက်လုံးတစ်ခုကြောင့် ချောကလက်ဆိုင်ကနေ သတင်းယူဖို့ဖြစ်လာတဲ့အခါ... ချောကလက်ဒဏ္ဍာရီကို အဆိုးမြင်နေတဲ့ဒင်းချေ့စ်နဲ့ မြားနတ်‌မောင် ချောကလက်ဖန်တီးရှင်မလေး လူစီဆွိတို့ How Sweet It is ဆိုတဲ့ဆိုင်လေးအကြောင်း သတင်းယူဖို့အတူအလုပ်လုပ်ရင်းနဲ့ cupid chocolate ကြောင့် ဆုံဆည်းခဲ့ရသူတွေကို အတူအင်တာဗျူးကြပါတော့တယ်။အရာရာကို ...
movie

Sweeter Than Chocolate (2023)

Little Manhattan (2005)
Little Manhattan (2005)  အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ဇာတ်လမ်းအကျဉ်း ဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက ...
movie

Little Manhattan (2005)

The Fall Guy (2024) 7.3
The Fall Guy (2024)  Action , Comedy , DramaIMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင်ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကိုပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt ,Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲပြေးကြည့်လိုက်ပါတော့..ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်...သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်...ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ...
movie

The Fall Guy (2024)

4K HEVC
The Details (2011) 6.1
The Details (2011) The Details (2011) ==================ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

The Details (2011)

The Girl Who Leapt Through Time (2006) 7.7
The Girl Who Leapt Through Time (2006) The Girl Who Leapt Through Time (2006) Genre – Adventure, Animation, Comedy IMDB – 7.7/10ဒီဇာတ်ကားလေးက အချိန်ခုန်ကူးနိုင်တဲ့ အထက်တန်းကျောင်းသူလေး မာကိုတိုရဲ့ အကြောင်းကိုပြောပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။စစချင်းတော့ ကျွန်တော်တော့ရဲ့ အဓိကဇာတ်ကောင် မာကိုတိုဟာ သူမရဲ့ အချိန်ခုန်ကူးနိုင်စွမ်းအသစ်ကိုအသုံးချပြီး သူမရဲ့ပြဿနာအသေးလေးတွေကိုပြင်ရင်ပျော်နေပါတယ်။ ဒါပေမဲ့ သူမဒီအစွမ်းကိုဆက်သုံးရင်းနဲ့ သူမရဲ့အပြုအမူတွေဟာ သူမအပြင် သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါထိခိုက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာပါတယ်။မာကိုတို ရဲ့ဒီအချိန်ခုန်ကူးနိုင်တဲ့ အစွမ်းဟာ သူမကို ခင်မင်မှုကြောင်း၊ အချစ်အကြောင်းနဲ့ တာဝန်ယူမှု စတဲ့ သင်ခန်းစာတွေကို သင်ပေးသွားတာတွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ သူမှာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့တွေ့ဆုံပြီးတော့ ဆုံးဖြတ်ချက်မချခင်ဘယ်လို သေချာတွေးတောသလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အရောင်အသွေးစုံပြီးတော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးကဘာကောင်းသလဲဆိုတော့ အချိန်ခရီးသွားတဲ့ အကြောင်းတစ်ခုကိုပဲ ပြသထားတာမဟုတ်ပဲနဲ့ သင့်ရဲ့ရွေးချယ်မှုတွေဟာ အနာဂါတ်ကိုဘယ်လို အကျိုးသက်ရောက်မှုရှိတယ်၊ ဘဝမှာ အတက်အကျတွေဆိုတာရှိတယ် စတဲ့အကြောင်းအရာတွေကိုပါ ပြသထားတာဖြစ်ပါတယ်။Anime ဇာတ်ကား တစ်ကားဆိုပေမဲ့ လူတိုင်း အသက်အရွယ် မရွေး ကြည့်ရှူ့ခံစားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အကုန်လုံး ချုံပြောရရင် ဒီဇာတ်လမ်းလေးက နှလုံးသားကိုနွေးထွေးမှုပေးတဲ့အပြင် အတွေးအခေါ်တွေကိုပါ လှုံ့စော်မှုပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1 GB / 537 MB Quality… BluRay 1080p ...
movie

The Girl Who Leapt Through Time (2006)

Kung Fu Yoga (2017) 5.2
Kung Fu Yoga (2017)  ဒီတစ်ခါတော့ ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်းရယ် တရုတ်နဲ့အိန္ဒိယကသရုပ်ဆောင်တွေများစွာရယ် ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက 2017ကထွက်ခဲ့တာဆိုပေမဲ့ ကြည့်ပြီးသားသူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.4 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Kung Fu Yoga (2017)

2017
My Apologies (2023)
My Apologies (2023)  အသေခွီရမယ့် တူရကီ Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Rating နည်းပေမယ့် တကယ်ကောင်းပြီး အသေခွီရမယ့်ကားပါလူလတ်ပိုင်းအရွယ် အာကင် ဟာ မီးပြတိုက်စောင့်တဲ့အလုပ်နဲ့အသက်မွေးတဲ့သူတစ်ယောက်ပေါ့ တချိန်လုံး တလွဲတွေလုပ်ပြီး ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လောင်းကစားကလည်းလုပ်ပါသေးတယ် ဘာကိုမှလည်းတာဝန်ယူချင်စိတ်မရှိတဲ့သူတစ်ယောက်ပေါ့တစ်နေ့တော့ လောင်းကစားအကြွေးနွံနစ်ပြီး ဘဏ်ကချေးငွေပြန်မဆပ်လို့ တရားဆွဲရာကနေ ထောင်ကျမယ့်အနေအထားရောက်လာပါတယ် ဒီအချိန်မှာပဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာရောက်နေတဲ့ သူနဲ့ စရိုက်တူ အဘိုးဖြစ်သူကတွေ့ချင်လို့ လှမ်းခေါ်ရာကနေသူ့ရဲ့အကြွေးတွေကိုဆပ်ပေးမယ် ဒါပေမယ့် သူဘဝမှာ တလွဲတွေအကြီးကြီးလုပ်ခဲ့ဖူးတဲ့သူ နှစ်ယောက်ကို တောင်းပန်စကားသွားပြောပြီး သူတို့က ခွင့်လွှတ်ပါတယ် ပြန်ပြောမှရမှာပါအဲဒီကစပြီး တောင်းပန်စကားပြောဖို့ သူ့ရဲ့စွန့်စားခန်းကြီးကိုစဖွင့်ရင်း နောက်ထပ် ဘယ်လိုအလွဲတွေနဲ့ ဆက်ပြီးခွီရဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

My Apologies (2023)

So My Grandma’s a Lesbian! (2019)
So My Grandma’s a Lesbian! (2019) So My Grandma’s A Lesbian [2019]အီဗာ့အဖွားနာမည်က ဆိုဖီယာ... ဖွားအေလုပ်သူ ဆိုဖီယာက တစ်သက်လုံးကမှ သူဟာ လိင်စိတ်တိမ်းညွတ်နေတဲ့ Lesbianတစ်ယောက်ဆိုတာကို ဘယ်တုန်းကမှ လူသိသူသိ မခံခဲ့ပါဘူး... ဒါပေမယ့် အသက်အရွယ်လည်း ၇၀ဝန်းကျင်ရောက်လာပြီဖြစ်တဲ့ အခါမှာတော့ ငယ်စဉ်ဆက်ကျော်သက်အရွယ်ကတည်းက သူချစ်ခဲ့ရတဲ့ ဆယ်လီယာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်သလို သူတို့ချစ်ခြင်းကိုလည်း ဖွင့်လှစ်ပြသဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်... ဒီသတင်းကို အီဗာ ကြားသိရချိန်မှာ ရှော့ရသွားပေမယ့် သူတကယ် သွေးတက်ရတာကတော့ သူ့ရဲ့ လောလောလတ်လတ် စေ့စပ်ထားတဲ့ ရှေးရိုးစွဲ စကော့တလန်သားလေး စတူးဝပ်နဲ့ မင်္ဂလာပွဲ ပျက်သုဉ်းသွားမယ့်အရေးကိုပါပဲ.... ဒီတော့ ချက်ချင်းပဲ အီဗာက ဖွားအေရှိရာ နယ်မြို့လေးကို လိုက်လာပြီးတော့ မင်္ဂလာပွဲမကျင်းပဖို့ ဘာသာရေးအရတားမြစ်ထားတဲ့ လိင်တူလက်ထပ်ပွဲကို လုပ်ပြီး မြို့ထဲမှာ ပွဲမရှာဖို့ အကြောင်းမျိုးစုံနဲ့ ဖျောင်းဖျပါတယ်... ဒီအချိန်မှာပဲ တစ်ဖက်က ဆယ်လီယာရဲ့ သားဖြစ်သူ ဂျော့ရှ်လည်း ရောက်လာပါတော့တယ်... ဂျော့ရှ်နဲ့ အီဗာက တစ်ချိန်တုန်းက ငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဂျော့ရှ်ကလည်း ဇာတ်လမ်းပြန်စလိုသူပါ... ဂျော့ရှ်ဟာလည်း အီဗာနည်းတူပဲ မင်္ဂလာပွဲကို ...
movie

So My Grandma’s a Lesbian! (2019)

2019
Broken Hearts Trip (2023)
Broken Hearts Trip (2023) Broken Hearts Trip (2023)Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ ...
movie

Broken Hearts Trip (2023)

2023
Ghostbusters: Afterlife (2021) 7.6
Ghostbusters: Afterlife (2021) Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie

Ghostbusters: Afterlife (2021)

4K HEVC
Ghostbusters (2016) 6.8
Ghostbusters (2016) Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie

Ghostbusters (2016)

2016
4K HEVC
Skiptrace (2016) 5.6
Skiptrace (2016)  ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie

Skiptrace (2016)

2016
Dazed and Confused (1993) 7.6
Dazed and Confused (1993)  ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိ‌သောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိ‌ခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ...
movie

Dazed and Confused (1993)

All Tied Up (1993) 4.5
All Tied Up (1993) Genre – Comedy, Crime၉၀ ဝန်းကျင်က အချောအမောတွေကို အမြင်တစ်မျိုးနဲ့ ပြန်ပြီးကြည့်ရှုရမယ့် ဟာသရိုမန့်စ်ကားလေး ဖြစ်ပါတယ်။ဘရိုင်ယန်ဆိုတဲ့ဘဲက အယ်အေကသတင်းစာတိုက်တစ်ခုက စာရေးဆရာ ဆော်ကြည်ဘဲတစ်ယောက်ပေါ့ဗျာ ဘားကနေ ဆော်ပေါင်းစုံကို သမပြီး ပတ်စားခဲ့လို့ မှတ်စုစာအုပ်နဲ့ပါ မှတ်ထားရတဲ့အထိရှိတယ်။ဒါပေမဲ့လည်း ဒီဘဲမှာ လင်ဒါဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိတယ် သူ့ကိုတော့ Playboy ဘဝကို စိတ်ကုန်ပြီး အတည်တကျ လက်ထပ်ယူဖို့ ဆန္ဒရှိတော့ စေ့စပ်လက်စွပ်လေး ဝယ်ထားပြီး ခရီးက ပြန်လာရင် ခွင့်ပန်မယ်ဆိုပြီး ကြံထားတာပေါ့လေ။ဒီလိုနဲ့ တစ်ညကျ သူ့ဘော်ဒါ ဂေါ်မစွံဘဲကြီးကို ဆော်လေးတစ်ပွေနဲ့ ချိတ်ပေးလိုက်ရာက ဒီဆော်လေးက သူ့ဘော်ဒါနဲ့တင် အားမရပဲ သူ့ဆီကိုပါ အိမ်ကူးလာပါတယ်။ ဒါပေမဲ့ လိမ်မာသွားတဲ့ ဘရိုင်ယန်တစ်ယောက်ကတော့ စားဘဲကြီးမလုပ်ခဲ့ပဲ လိမ်လိမ်မာမာနဲ့ ကောင်မလေးကို ဒီတိုင်း ပြန်အိပ်ခိုင်းလိုက်ပါတယ်။မနက်ကျတော့ ညအချိန်မှ ခရီးကပြန်လာရမယ့် ချစ်သူလင်ဒါက မနက်စောစော စပရိုက်စ်တိုက်ဖို့ ရောက်ချလာပြီး ဘရိုင်ယန့်ကို ဆော်တစ်ပွေနဲ့ တွေ့လိုက်တဲ့အခါမှာတော့ စိတ်ကောက်ပြီး သူ့ဘော်ဒါ ၂ ယောက်ဆီ ပြန်သွားတဲ့အခါ ဘရိုင်ယန်တစ်ယောက် လိုက်ချော့တော့ မယ်မင်းကြီးမ ၃ ယောက်သား ပူးပေါင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဘရိုင်ယန့်ကို ဖမ်းဆီးကြိုးတုပ် အိမ်မှာ ဖမ်းထားလိုက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပဲ ...
movie

All Tied Up (1993)

Foil (2023) 5.0
Foil (2023)  ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားဖို ဆုံးဖြတ်ပြီးကန္တာရထဲက ထူးဆန်းထွေလာအမည်တွင်တဲ့နေရာတစ်ခုဆီကို သွားကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဖို စွန့်စားခန်းထွက်လာကြတဲ့ရက်စ်နဲ့ ဒက်စ်တာဟာ လမ်းတစ်ဝက်မှာပဲမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ဒီလိုနဲ့ သူတိုဟာ ဂြိုဟ်သားပန်းကန်ပြားပျံက ကျလာတဲ့အရာတစ်ခုလို မှတ်ယူနိုင်တဲ့ ခဲပတ်စက္ကူစကို တွေ့လိုက်တဲ့အခါမှာ သူတိုရဲ့ကြားမှာ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိလာမလဲ..စွန့်စားခန်းဟာလည်း ဘယ်လို အလှည့်အပြောင်းရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…3.35GB/ 866MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Foil (2023)

Vidya Vasula Aham (2024)
Vidya Vasula Aham (2024) Vidhya Vasula Aham 2024 (အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်)ဘဝဆိုတာရှိလာခဲ့ရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ပါဝင်နေတယ်မလား။ အိမ်ထောင်ပြုရာမှာလည်း ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုလိုက်တာနဲ့ မိဘကပေးစားလို့ အိမ်ထောင်ပြုလိုက်ရတာဆိုပြီး ကွဲပြားပါသေးတယ်။ဒီဇာတ်လမ်းမှာတော့ အိမ်ထောင်မပြုချင်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိဘတွေက အိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်လွန်းလို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရာကနေ ချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ အေးရာအေးကြောင်းနေနေတဲ့ ဗာဆူဆိုတဲ့ကောင်လေးနဲ့ ဗီဒယာဆိုတဲ့ ကောင်မလေးတို့ဟာ မိဘတွေရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာပါတော့တယ်။ မယ်သီတာဟာ အိမ်ထောင်ဖက်ရှာဖို့အတွက် လေးတင်ရွေးချယ်သလိုမျိုးပဲ ဗီဒယာဆိုတဲ့ကောင်မလေးဟာလည်း အိမ်ထောင်ဖက်ကို သေချာရွေးချယ်ဖို့ ဖောင်ဖြည့်ခိုင်းပြီး ရွေးချယ်ပါတော့တယ်။ဒီလိုနဲ့ သူလိုချင်တဲ့အချက်နဲ့ကိုက်ညီတဲ့ ဗာဆူ့ကို ရွေးချယ်လိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်လို့လာခဲ့ပါတယ်။ သို့ပေမယ့်လည်း အတ္တတွေကို ရှေ့တန်းတင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်ပါ့မလား ..... သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လို တည်မြဲအောင် ညှိနှိုင်းကြမလဲ ......သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေရိုဆန်ပြီးတော့ ဘယ်လိုတွေ ချစ်စရာကောင်းနေမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်) File size… 1.73GB  / ...
movie

Vidya Vasula Aham (2024)

Thelma the Unicorn (2024) 6.2
Thelma the Unicorn (2024)  Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့2024 နောက်ဆုံးထွက် musical animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကိုအသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေမကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေးThelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေလက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာမတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေunicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေကပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ်မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲစတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.... File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle ...
movie

Thelma the Unicorn (2024)