Channel Myanmar
Comedy
Minions (2015) 6.4
Minions (2015) အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
movie
Minions (2015)
Tangled Ever After (2012) 7.6
movie
The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie
The Three Stooges (2012)
2012
ParaNorman (2012) 7.0
ParaNorman (2012) ParaNorman (2012) IMDb - 7.0/10_____Rotten - 89%    ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့  မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ... အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်... နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်... အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ... သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်... သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး... သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်... ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်... နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်...    ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့..... နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား... စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.... ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်... ရုပ်ရှင်ကားကို ...
movie
ParaNorman (2012)
2012
From Vegas to Macau II (2015) 4.6
From Vegas to Macau II (2015) From Vegas to Macau II (2015)_____IMDb - 4.6/10   ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။ မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။ မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။ ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ ...
movie
From Vegas to Macau II (2015)
2015
Due Date (2010)
Due Date (2010) မင်းသားတွေကတော့ Iron Man ထဲက စွယ်စုံရမင်းသား Robert Downey Jr နဲ့ Hangover ထဲက ငကြောင်ဇာတ်ရုပ်ပိုင်နိုင်တဲ့ Zach Galifianakis တို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။ဇာတ်လမ်းကတော့ အမေရိကန်အရှေ့ပိုင်းဒေသကို အလုပ်ကိစ္စနဲ့ရောက်နေတဲ့ ပီတာ(Robert Downey Jr) ဟာ မိန်းမမီးဖွားချိန်မီအောင်လို့ အမေရိကန်အနောက်ပိုင်းကို လေယဉ်နဲ့ပြန်ချိန်မှာ အီသန်(Zach Galifianakis)နဲ့ စတွေ့ခဲ့ပါတယ်။ အီသန်ကြောင့် လေယာဉ်စီးခွင့်အပိတ်ခံရပြီး ပိုက်ဆံလည်းမရှိ မှတ်ပုံတင်လည်းမရှိ ဒုက္ခရောက်ခဲ့ရပါတယ်။ နောက််မှာတော့ အီသန်ရဲ့ဖိတ်ခေါ်ချက်အရ ကားနဲ့အမေရိကန်နိုင်ငံကို ဖြတ်ပြီး မိုင် ၂၀၀၀ လောက် ခရီးအတူထွက်လာခဲ့ပြီး လမ်းမှာ အီသန်ကြောင့် ပီတာဒုက္ခရောက်ရပုံများကို ဟာသဖောက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားထဲမှာ နှစ်ယောက်စလုံးက သရုပ်ဆောင်သိပ်ကောင်းကြပြီး Zach Galifianakis ဟာ Hangover ထဲကအတိုင်း ငကြောင်ဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင်သွားနိုင်ပါတယ်။ Jamie Fox လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပါတယ်။ IMDb Rating ...
movie
Due Date (2010)