Channel Myanmar
Comedy
Part-time Spy (2017)
Part-time Spy (2017) Korea movies fan တို့အတွက် ၂၀၁၇  မတ်လကမှ ရုံတင်တဲ့ Action/comedy အမျိုးအစား ဇာတ်ကားလေးကို ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကိုးရီးယားမှာ Voice phishing scammers လို့ခေါ်တဲ့ဖုန်း၊ အင်တာနက်တွေနဲ့ချိတ်ဆက်ပြီး ကိုယ်ရဲ့ Personal အချက်အလက်တွေရယူပြီး အကြောင်းအမျိုးမျိုးပြနဲ့ လူတွေဆီကနေ ငွေတွေလိမ်ယူနေတဲ့သူတွေ ရှိပါတယ်။ ဒီလို လိမ်ယူတဲ့ သူတွေက Call Center လိုကုမ္ပဏီတောင် ထောင်ပြီးလိမ်စားနေကြတာပါ။ လူတွေရဲ့ လိုချင်လောဘကို ပျော့ကွက်အနေနဲ့နင်းပြီး လုပ်စားနေကြပါတယ်။ တစ်နေ့တော့ National Security Agengy ရဲ့ ညွှန်မှူးတစ်ယောက် ဒေါ်လာ ၅ သိန်းလောက်အလိမ်ခံလိုက်ရပါတယ်။ ဂျန်ရှီးယောင်းကတော့ NSA ကနှစ်နှစ်စာချုပ်နဲ့ ယာယီခန့်ထားတဲ့ တုံးတုံးအအ ၀န်ထမ်းမိန်းကလေး တစ်ယောက်ပါ။ အလုပ်လက်မဲ့နှုန်းမြင့်မားနေတဲ့ ကိုရီးယားမှာ ခက်ခက်ခဲခဲ ကြိုးစားရင်းမှ ဒီနေရာကိုရခဲ့သူတစ်ယောက်။ လောလောလတ်လတ်ပဲ စာချုပ်မပြည့်ခင်မှာ အလုပ်ထုတ်ခံလိုက် ရပါတယ်။ ညွှန်မှူးက သူအလိမ်ခံလိုက်ရတဲ့ငွေတွေ ...
movie
Part-time Spy (2017)
Dreadnaught (1981) 7.5
Dreadnaught (1981)   1981 ကထွက်ရှိခဲ့ပြီး IMDb မှာ 7.5 နဲ့ rotten tomatoes မှာ 95% ထိရရှိထားတဲ့ တရုပ်သိုင်းကားလေးတစ်ကား ကိုတင်ဆက်ပေး လိုက်ပါတယ် တရုတ်ကားကို မူရင်း ကန်တုံ အသံထွက်နဲ့ ရှာသော်လည်း တော်တော် ရှားပါးနေပြီမို့ အီး အသံထွက်နဲ့ သာတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူသတ်ဝရမ်းပြေး လူမိုက်ကြီး ကျားဖြူ ဟာ ရဲတွေလက်ကနေ ထွက်ပြေးရင်း ဇာတ်ပွဲအဖွဲ့တစ်ခုနဲ့ ဆုံစည်းမိပြီး ဇာတ်အဖွဲ့ရဲ့ တောက်တိုမည်ရ မော်စီ နဲ့ တွေ့ကြပါတော့တယ် မော်စီ ဆိုတာကလည်း ၀ရမ်းပြေးတွေ ပုန်းခို ဖို့ ပြေးဖို့ စီမံပေးနေတဲ့သူ ကဲ ပရိတ်သတ်ကြီးရေ မော်စီ တယောက်အသတ်ခံ လိုက်ရတယ်ဆိုရင် ဘာတွေဇာတ်ထပ်ရုပ်မလဲ သိခြင်လား သိခြင် ဒေါင်ကြည့်လိုက်တော့ Old But Gold တကားမို့ မရရှိတဲ့ကြားထဲက အကောင်းဆုံး ကွာလတီ ကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ကျော်မျိုးသူပါပဲ ခင်ဗျ :)Download Large File From Pcloud Download Small File From Pcloud
movie
Dreadnaught (1981)
1981
The Spy Next Door (2010) 5.4
movie
The Spy Next Door (2010)
Rudolf the Black Cat (2016) 8.0
Rudolf the Black Cat (2016) ဒီတစ်ခါတော့အကောင်းဆုံးဂျပန်ကာတွန်းကားလေးတစ် ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော်ကောင်းပြီးကျွန် တော်အတော်ကြိုက်မိတဲ့ကားလေးဆိုလည်းမမှားပါဘူး ဇတ်ကားစလယ်ဆုံးပရိတ်သတ်တွေကိုဆွဲဆောင်သွား မယ့်ဇတ်ကားလို့ပြောရင်မလွန်ပါဘူးဒီဇတ်ကားလေးမှာ ဇတ်လိုက်ကျော်ကြီးကတော့ကြောင်ကလေးယူဒေါ့ပါပဲ ဂီဖုကနေမတော်တဆကားမှားစီးရာကတိုကျိုကိုရောက် ရှိသွားတဲ့ကြောင်ကလေးယူဒေါ့ရဲ့စွန့်စားခန်းတွေကိုတဝ ကြီးကြည့်ရှုရမှာပါယူဒေါ့လေးတိုကျိုမှာဘယ်လိုနေထိုင် စားသောက်မလဲကံကောင်းထောက်မစွာနဲ့ပဲယူဒေါ့တစ် ယောက်ဖိုးရှုပ်ဆိုတဲ့ကြောင်ကြီးနဲ့တွေ့ခဲ့တယ်ကြောင် ကြီးရဲ့အကူအညီနဲ့မိမိရဲ့အိမ်ကိုပြန်နိင်ဖို့ကြိုးစားတဲ့ယူ ဒေါ့လေးကိုပရိတ်သတ်တွေသနားပြီးချစ်ကြမှာအသေအချာပါပဲမိမိအိမ်ကိုပြန်နိင်ဖို့ဂျပန်စာကြိုးစားသင်ယူတဲ့ ယူဒေါ့လေးရဲ့စိတ်ဓါတ်ကလည်းလေးစားစရာပါမိမိ ထက်အသက်ငယ်သူကိုသနားကြင်နာစွာစောင့်ရှောက် တဲ့ဖိုးရူပ်ရဲ့စိတ်ဓါတ်ဟာလည်းအတုယူစရာပါယူဒေါ့တစ် ယောက်မိမိရဲ့နေရပ်ကိုပြန်ရောက်နိင်မလားဘယ်လို တွေဆက်ဖြစ်မယ်ဆိုတာကတော့ပရိတ်သတ်တွေစောင့် ကြည့်ကြပါဒီဇတ်ကားဟာသာမန်ကာတွန်းကားလေး တစ်ကားလို့ကျွန်တော်တော့မထင်မိပါဘူးဘာတွေပဲကြုံ ကြုံကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြေရှင်းပြီးစာကိုလည်းကြိုးစား သင်ယူတဲ့ယူဒေါ့လေးရဲ့စိတ်ဓါတ်ကိုကလေးလေးတွေအတုယူဖွယ်ရိုက်ကူးပြထားတယ်လို့ထင်ပါတယ်လူသားချင်းမဆိုထားနဲ့တိရိစ္ဆာန်အချင်းချင်းတောင်ညှာတာသနားကူညီတတ်တဲ့စိတ်ထားလေးကလည်းလေးစားစရာပါသားသားမီးမီးလေးတို့သာမကသားသားမီးမီးတို့ရဲ့ဖေဖေမေမေတို့ပါအတူတူကြည့်သင့်တဲ့ဇတ်ကား ဖြစ်ပြီးကလေးတွေရဲ့စိတ်ဓါတ်ခွန်အားကိုမြင့်တင်ပေး နိင်ပြီးတိရိစ္ဆာန်ချစ်သူများလေးများအတွက်အကောင်းဆုံးဇတ်ကားလေးပါလို့နိဂုံးချူပ်ရင်းဘေကုန်ရကျိုးနပ် မယ့်ဇတ်ကားတစ်ကားလို့ညွန်းချင်ပါတယ်Download And Watch From V.I.P   Download Large File From Pcloud   Download Small File From Media Link  
movie
Rudolf the Black Cat (2016)
2016
Tarzan 2 (2005) 5.6
Tarzan 2 (2005) ဒီဇာတ်ကားလေးကတော့ IMdb rating 5.6 ရထားတဲ့ Animation ဇာတ်ကားလေးဖြစ်ပါတယ်။ Disney ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပြီး ကြည့်ရှု့မိသူတွေအတွက် မက်ဆေ့တွေ တစ်ပုံကြီးပေးထားပါတယ်။ တာဇံ တစ်ယောက်တောကြီးမျက်မည်းထဲမှာ oက်oံတွေနဲ့ အခက်ခဲတွေကို အတူကျော်ဖြတ်လာပြီး လူမှန်းသိတက်စ အရွယ်လဲရောက်ရော ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ ဆန်းစစ်မိလာပါတယ်။ လူရယ်ဆိုပေမဲ့ လူမမြင်ဘူးတဲ့ ကလေးတစ်ယောက်အတွက် သူ့ပတ်oန်းကျင်က တိရိစ္ဆာန်တွေကိုပဲ အတုယူကျင့်ကြံအားကျနေမိပါတယ်။ တစ်နေ့ သူ့ဘoတစ်ဆစ်ချိုးမှာ oက်oံမိသားစုနဲ့အတူ ခရီးသွားရင်း ချောက်ကြီးထဲကိုကျသွားပါတယ်.. အဲဒီနောက် တာဇံတစ်ယောက် ဘယ်လိုဆက်လက်ရုန်းကန်ပြီး ဘယ်လိုသင်ခန်းစာတွေရသွားမလားဆိုတာကို ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေ... (ဘာသာပြန်သူကတော့ စိုးရာဇာ ပဲဖြစ်ပါတယ်) File Size : 500 MB Quality : 720P Web Rip Running Time : 1hr 12minutes Format : Mp4 Genre :   Animation, Adventure, Comedy Encoder : Thanhtike Zaw
movie
Tarzan 2 (2005)
2005
Student of the Year (2012) 5.5
Student of the Year (2012) Shanaya Singhania.. တစ်​​ကျောင်​းလုံးရဲ queen လို့ ​ပြောရ​လောက်​​အောင်​ လှပပြီးနာမည်​​ကျော်​ကြားသူ Rohan Nanda ရဲ့ ရည်​းစား​Abhimanyu.. မိဘ​တွေ​သေဆုံးသွား​ပြီး အဘွား ရယ်​ သူ့ကိုမကြည်​ဖြူတဲ့အ​ဒေါ်နဲ့​နေရပြီး စာ​တော်​တဲ့​ကျောင်​းသား တစ်​​ယောက်​သူတို့သုံး​ယောက်​ ဒီ​ကျောင်​းမှာအတူတူ​တွေ့ဆုံကြြပြီ ပဋိပက္ခ ​တွေကြားက​နေပဲ အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​ခဲ့ကြပါတယ်​ဘယ်​လိုအ​ခြေအ​နေ​တွေနဲ့ပဲ ​ကျောင်​းကို​ရောက်​လာ​ရောက်​လာ ဒ​ီ​ကျောင်​းမှာ ​တတ်​နေကြတဲ့ ​ကျောင်​းသားတိုင်​း အလိုချင်​ဆုံးဆုက​တော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်​ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင်​ ပြိုင်​ပွဲ​တွေအများကြီး ယှဉ်​ပြိုင်​ပါတယ်​အဲ့ဒီယှဉ်​ပြိုင်​မှုမှာ သူတို့သူငယ်​ချင်​း​တွေပါဝင်​ယှဉ်​ပြိုင်​မိတဲ့အခါမှာ​တော့ အချင်​းချင်​းမသင်​့မြတ်​မှု​တွေ အတ္တ​တွေ မာနတရား​တွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်​ချင်​းသံ​ယောဇဉ်​ဆိုတာလည်း ပျက်​စီးသွားခဲ့ပါတယ်​ဒါ​ပေမယ်​့ ထင်​မှတ်​မထားတဲ့ ဆုဖုလား​ရဲ့​နောက်​ကွယ်​က တက္ကသိုလ်​ပါ​မ္ခောတစ်​ဦးရဲ့ စိတ်​သ​ဘောထားအမှန်​ကို သိရှိခဲ့ပြီးတဲ့အခါမှာ​တော့ ၁၀ နှစ်​​ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်​ချင်​း​တွေကြားက အာဃာတ ​တွေ​ပျောက်​ကွယ်​သွားပြီ ပြန်​လည်​​ပြေလည်​သွားတဲ့ အ​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ဇတ်​ကား​ကောင်​း​လေးတစ်​ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie
Student of the Year (2012)
2012
Wonderful Nightmare (2015) 6.9
Wonderful Nightmare (2015) ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။ တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေအားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ...ဇာတ်လမ်းလေးကတော့...• ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။ အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။မိသားစုဘဝကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ် တစ်ကိုယ်တည်း အပျိုကြီးဘဝပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။တကယ်လည်းအောင်မြင်တဲ့ဘဝ ထူထောင်နိုင်ခဲ့ပါတယ်... ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်းမုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့.. • တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီဘဝမကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ သူမဟာသေဆုံးချိန်မတိုင်ပဲ ကြားဘုံမှာ အလုပ်လုပ်နေတဲ့နတ်သားတွေရဲ့ မှားယွင်းချက်ကြောင့် ...
movie
Wonderful Nightmare (2015)
2015
Swiss Army Man (2016) 7.1
Swiss Army Man (2016) Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ဇာတ်လမ်းအကျဉ်းမှာထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Danielသည် လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က ...
movie
Swiss Army Man (2016)
2016
Cyrano Agency 2010 6.6
Cyrano Agency 2010 Cyrano Agency ဆိုတာ သာမာန်​ ​ crush က ကိုယ့်​ကို​ကြွေလာ​အောင်​ ဇာတ်​လမ်း​တွေဆင်​ ဇာတ်​ညွှန်း​တွေ​ရေးပြီး Service ​ပေး​နေတဲ့ ​အေဂျင်​စီ တစ်​ခုဖြစ်​ပါတယ်​ ​ခေါင်း​ဆောင်​​ဗျောင်​ဟွန်းရဲ့ အကွက်​ကျတဲ့ ဇာတ်​ကွက်​ဆင်​မှုတွေ​ကြောင့်​ အလုပ်​က အဆင်​​ပြေ​နေခဲ့ပါတယ်​ ဒါ​ပေမယ့်​ တစ်​​နေ့မှာ အလုပ်​လာအပ်​သူရယ့်​ crush က သူ လုံးဝ ​မေ့မရခဲ့တဲ့ သူ့ရည်းစား​ဟောင်းဖြစ်​​နေတဲ့အခါ. . . သူ့လုပ်​​ဖော်​ကိုင်​ဖက်​ က​လေးမကလည်း သူ့ကို အ​သေ​ကြွေ​နေတဲ့အခါ. . . မင်းသမီး​ချော ပတ်​ရှင်​​ဟေးကို​ အေဂျင်​စီက ခပ်​သွက်​သွက်​ ခပ်​ဆိုးဆိုး ​ကောင်​မ​လေးအဖြစ်​ ​တွေ့ရမှာဖြစ်​ပြီး ကိုရီးယားအချစ်​ဟာသ ကား​​ကောင်း​လေး တစ်​ကားလည်းဖြစ်​ပါတယ်​ FA ကွီးတို့ မွီးတို့လည်း ဒီကား​လေးထဲက အကွက်​​တွေ မှတ်​ထားပြီး အကျိုးရှိရှိ အသုံးချနိုင်​ကြပါ​စေလို့Quality…..BluRay 1080pDuration…..02:01:00Format…Mp4File Size…(868 MB , 493 MB)Translator…..Nway Khin KhinEncoder…..Moe Myint LwinDownload with VIP Link  Download with Pcloud  Download with Pcloud (Small Size)   
movie
Cyrano Agency 2010
2010
The 100 Year – Old Man Who Climbed Out the Window and Disappeared (2013) 7.1
The 100 Year – Old Man Who Climbed Out the Window and Disappeared (2013) The Hundred Year - Old Man who climbed out of the window and disappeared (2013) IMDb - 7.0/10_____Rotten - 68%    ကဲ...မိတ်ဆွေတို့ရေ..... ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့.....   "The Hundred Year - Old Man who climbed out of the window and disappeared"   ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ..."ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ" လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့...အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ ...
movie
The 100 Year – Old Man Who Climbed Out the Window and Disappeared (2013)
2013
The Watch (2012) 5.7
The Watch (2012) ကဲအခုတစ်ခါတော့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်ကားလေးက IMDb 5.7 တောင် ရထားပြီးတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တာပါ Sci-fi ကားတွေထဲမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ကားလေးမို့ မိသားစုနဲ့လဲ ကြည့်လို့အဆင်ပြေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ အီဗန်ဟာ အရောင်းမန်နေဂျာတယောက် ဖြစ်ပြီးတော့ အိုဟိုင်းအိုးမှာနေထိုင်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ရက်စက်တဲ့ ထူးဆန်းတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါမှာတော့ အိမ်နီးနားချင်း ၄ယောက်ပေါင်းပြီးတော့ အဖွဲ့ဖွဲ့ကာ မိသားစုကိုကာကွယ်ဖို့လုပ်ဆောင်ပါတော့တယ် ကဲ ဘယ်လို အလွဲတွေနဲ့ ၄ယောက်သား ဘာတွေလုပ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်ကြည့်လိုက်ပါတော့နော
movie
The Watch (2012)
2012
Little Boy ( 2015 ) 7.4
Little Boy ( 2015 ) IMDb Rate 7.4 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Boy ဇာတ်ကားဟာ ကလေးငယ်တစ်ယောက်ရဲ့ဖခင်အပေါ်မှာထားရှိတဲ့မေတ္တာတရားကိုဖော်ကျူးတဲ့ကားကောင်းလေးဖြစ်ပါတယ်အကျဉ်းချုဉ်းပြောရရင်တော့ အသက် ၈ နှစ်အရွယ်သာရှိတဲ့သားငယ်ဟာ အဖေနဲ့ဝေးကွာနေတဲ့အတွက် ဖခင်ဖြစ်သူအိမ်ပြန်လာစေဖို့ ကြိုးပမ်းခြင်းပါ..ဒါဟာလည်းဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပဲဖြစ်နိုင်ပါလိမ့်မယ်..ဒီတော့ ဒီစစ်ကြီးပြီးမှ ဖခင်အိမ်ပြန်ရောက်လာမှာဖြစ်တဲ့အတွက် ဘာမဆိုလုပ်ရလုပ်ရ လုပ်မယ့် သားငယ်ရဲ့ မဖြစ်နိုင်တာကိုယုံကြည်မှုတွေနဲ့အတူ ဒီဇာတ်လမ်းလေးဟာဖခင်တစ်ယောက်က သားအပေါ်ထားတဲ့မေတ္တာ..သားငယ်ရဲ့ဖခင်အပေါ်ချစ်ခြင်းတွေကိုဖေါ်ကျူးတင်ဆက်သွားမှာပါ   Download With Pcloud Link ( 680 MB )
movie
Little Boy ( 2015 )
2015
Rapture-Palooza (2013) 5.3
Rapture-Palooza (2013) Rapture-Paloozaကမ္ဘာပျက်သုဉ်းချိန်ရောက်ရှိလာပြီး လူသန်းနဲ့ချီ ကောင်းကင်ပေါ်ကို ရောက်ရှိသွားခဲ့ပေမယ့် Ben နဲ့ Lindsey စုံတွဲကတော့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ကျန်နေခဲ့ပါတယ်။ သွေးမိုးတွေရွာသွန်းပြီး စကားပြောတတ်တဲ့ ကျိုင်းကောင်တွေရှိတဲ့ပတ်ဝန်းကျင်မှာ ဖုတ်ကောင်အိမ်နီးချင်းရဲ့ အကူအညီနဲ့ ပုံမှန်ဘ၀ကို နေထိုင်ဖို့ကြိုးစားနေရတဲ့ Ben နဲ့ Lindsey တို့စုံတွဲကြား သားရဲကောင်ကြီး Beast ရောက်ရှိလာပြီး Lindsey ကို သဘောကျနေတဲ့အခါမှာတော့ .....။ဒီဇာတ်ကားက ထိတ်လန့်ဖို့ကောင်းတာထက် စိတ်ကူးယဉ်ဆန်တဲ့ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Paul Middleditchရဲ့ ဇာတ်လမ်းဖြစ်ပြီး Craig Robinson, Anna Kendrick, John Francis Daley တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Lionsgate Films ကနေဖြန့်ချိထားတာပါ။(ရုပ်ရှင်အညွှန်းကို T-club Myanmar Facebook မှကူးယူဖော်ပြပါသည်။)  File size…(800MB) and (340MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:24:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and ...
movie
Rapture-Palooza (2013)
2013
Bobby Jasoos (2014) 5.5
Bobby Jasoos (2014)   IMDb rating 5.5 ရရှိထားပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝုဒ် အချစ်ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘော်ဘီ ဟာ ဟိုက်ဒရာဘတ် မြို့ဟောင်းမှာနေထိုင်သူတစ်ယောက်ဖြစ်ပြီးတော့ စုံထောက်အလုပ်ကို ရူးသွပ်သူတယောက်ဖြစ်ပါတယ် ပြီးတော့ သူစုံထောက်လုပ်ခြင်တာက သူ့အဖေ သက်သေမပြနိုင်ခဲ့တဲ့ အမှုကို ဆက်လက်စုံစမ်း ဖော်ထုပ်ခြင်တာကြောင့်လဲဖြစ်ပါတယ် နောက်ဆုံးမှာတော့ သူဟာာ ချမ်းသာတဲ့ အလုပ်ရှုင်တယောက်နဲ့ ချိတ်ဆက်မိပြီး ငွေကြေးမြောက်မြားစွာပေးကာ သူ့သမီး၂ယောက်ကို စုံစမ်းခိုင်းတဲ့ အခါမှာတော့ ဘယ်လို ဟာတွေက ယုန်ထောင်ကြောင်မိ ပေါ်လာလေမလဲ ဆိုတာကို အလွဲလွဲအချော်မချော်တွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် ဘောလိဝူဒ်ဇာတ်မြူးကြိုက်တဲ့ ပရိတ်သတ်ကြီးအနေနဲ့ကတော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲဗျ :D
movie
Bobby Jasoos (2014)
2014
The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie
The Long Way Home (2015)
2015
Mission Milano (2016) 3.9
Mission Milano (2016) မင်းသားကြီး Andy Lau ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ စွန့်စား အက်ရှင် ဟာသ အမျိုးအစား ဟောင်ကောင်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.......လူးဝစ္စလော်ဟာ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူ သိများတဲ့ လူချမ်းသာ စွန့်ဦးတီ ထွင်လုပ်ငန်းရှင်တစ်ယောက်ပါ။ ဒီဂုဏ်ပုဒ်တွေရဲ့ နောက်ကွယ်မှာ တော့ သူဟာ ကိုယ်ခံပညာမာစ တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘိုး ဘေးဘီဘင်တွေက ချမ်းသာတဲ့ လူတွေဆီက ခိုးယူပြီး မရှိဆင်းရဲ သားတွေကို အလှူအတန်းပေးတဲ့ သူတော်ကောင်းသူခိုးတွေအဖြစ် အစဉ်အဆက်လုပ်ခဲ့ကြတာပါ။အမျိုးအဆွေတွေရဲ့ ကောင်းမွေကို လက်ခံရရှိထားတဲ့ လူးဝစ္စ လော်ဟာလည်း မတရားမှုတွေအ တွက် တိုက်ပွဲဝင်သလို အမှုမှန် ပေါ်ပေါက်ဖို့အတွက်လည်း ရဲတွေကို အကူအညီပေးပါတယ်။တစ်ရက်မှာတော့ လူးဝစ္စ ဟာ ဆွစ်ဇာလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေနဲ့ သီးနှံစိုက်ပျိုးမရတဲ့မြေမှာ တစ်မိနစ်အတွင်း သီးနှံစိုက်နိုင်တဲ့ Seed of God ကို တီထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်လွှားကာ စိုက်ပျိုးရေးလောကမှာ ...
movie
Mission Milano (2016)
2016
The Love Witch (2016) 6.8
The Love Witch (2016) IMDb (6.4/10)...Rotten Tomatoes (96%)RT 96% ရရှိထားလို့ ဒီဇာတ်ကားက သာမန်ကားတော့ မဟုတ်တာ သတိပြုမိမှာပါ။ခင်​ပွန်းသည်ရဲ့စွန့်​ပစ်​တာကိုခံလိုက်​ရတဲ့ မိန်းမတစ်​​ယောက်​ဟာ ​ယောက်ျားသားကြီးစိုးတဲ့မဟာဖိုဝါဒကိုအာခံပြီး​မှော်​ပညာနဲ့မိန်းမအဓိက၀ါဒီတစ်​​ယောက်​ဖြစ်​လာတဲ့ မိန်းမချောလေး Elaine အဖြစ် မင်းသမီး Samantha Robinson မှပါဝင်ထားပါတယ်။သူမဟာ ယောက်ျား​တွေကို အရူးအမူးစွဲလန်းသွား​အောင်​ ဆွဲဆောင်တယ်.. ဒီ​ယောကျာ်း​တွေဟာလဲ သူမနဲ့အကြောင်းပါပြီးတာနဲ့ သေနည်းအမျိုးမျိုးနဲ့ ​သေကုန်​တယ်​... သူမဟာ စိတ်ဝေဒနာသည်လို...စုန်းကဝေမလိုဖြစ်လာခဲ့ပြီး ရဲတွေကဒီလူသေမှုတွေကို လိုက်လံစုံစမ်းပါတယ်...အဲ့ဒီရဲကိုပါ ကဝေမ တဖြစ်လဲ မိန်းမချောလေး Elaine တစ်ယောက် အချစ်နတ်ဖမ်းစားပြီး ဘယ်လိုပြုစားမလဲဆိုတာ.........။(ဘာသာပြန်ထားသူကတော့ Mya Thin Kyi  ဖြစ်ပါတယ်။)  File size…(999MB) and (490MB) Quality…HD-Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (490MB)   
movie
The Love Witch (2016)
2016