Channel Myanmar

Comedy

Idiocracy 2006 6.6
Idiocracy 2006    ကျွန်တော်တို့ ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ အနာဂါတ်ဆိုတာကို ဉာဏ်ရည်ပိုမြင့်မားတဲ့လူတွေ တိုးတက်တဲ့ နည်းပညာတွေနဲ့ ပုံဖော်ကြတာကို တွေ့ကြမှာပါ။ ဒါပေမယ့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ဉာဏ်ရည်မြင့်မားမှုကို မပေးအပ်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲ? ဒီဇာတ်လမ်းမှာ ကြည့်လိုက်ရအောင်။၂၀၀၅ ခုနှစ်ကာလမှာ ပညာရှင်တွေဟာ ကမ္ဘာကြီးရဲ့ မဟာပြဿနာကြီးကို သတိထားမိခဲ့ပါပြီ။ အဲဒါကတော့ လူသားတွေရဲ့ ဉာဏ်ရည်ဟာ အချိန်နဲ့အမျှ လျော့ကျလာနေကြတာပါ။ အဲဒီပြဿနာကနေ ကယ်တင်နိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ သူတို့ခေတ်ရဲ့ အတော်ဆုံး အကောင်းဆုံးလူသားတွေကို နှစ်ပေါင်းများစွာ သိုလှောင်ထားနိုင်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမယ့် အဲဒီနည်းစနစ်ကို စမ်းသပ်ဖို့အတွက်ကိုတော့ ပထမဆုံးအနေနဲ့ လုံးဝမထူးခြားတဲ့ သာမာန်ဉာဏ်ရည်နဲ့ ဂျိုးဆိုတဲ့ ယောကျား်တစ်ယောက်နဲ့ ရီတာ ဆိုတဲ့ မိန်းမတစ်ယောက်ကို အရင်စမ်းသပ်ကြည့်ပါတယ်။ သူတို့၂ ယောက်ကို စမ်းသပ်ပြီးပြီးချင်းမှာပဲ အဲဒီစီမံကိန်း ရပ်ဆိုင်းသွားခဲ့ပြီး သူတို့ ၂ ယောက်ကို မေ့သွားကြပါတယ်။ သူတို့ ၂ ယောက်ပြန်နိုးလာတဲ့အချိန်ဟာ အနာဂါတ်နှစ် ...
movie

Idiocracy 2006

2006
Big Stan (2007) 6.2
Big Stan (2007) Big Stan (2007)_____IMDb - 6.2/10  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)  File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie

Big Stan (2007)

2007
Rumor Has It… (2005) 5.5
Rumor Has It… (2005) ဆာရာ ဟတ်တင်ဂါ တစ်ယောက် ကယ်လီဖိုးနီးယား မျာရှိတဲ့သူ့ ညီမ အန်နီ ရဲ့ မင်္ဂလာပွဲကို သွားခဲ့တယ်မင်္ဂလာအကြိုပွဲနေ့ မှာတော့ ဆာရာ တစ်ယောက်သူ့ အဖွားဆီကနေ သူ့ အမေက သူရဲ့ အဖေနဲ့ မင်္ဂလာမဆောင်ခင်တစ်ရက်မှာ သူရဲ့ အတန်းဖော်သူငယ်ချင်းတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်အဲ့ဒီနောက်ပိုင်းမှာတော့ ဆာရာဟာ သူ့ ရဲ့ ဖခင်အရင်းကဘယ်သူဖြစ်မလဲဆိုတာကို သိချင်လာတယ်သူ့ ညီမ မင်္ဂလာပွဲပြီးတဲ့အချိန်မှာတော့ ဆာရာတစ်ယောက်သူ့ အမေရဲ့ နောက်ကြောင်းကိုစပြီး စုံစမ်းဖို့ အတွက်ဆန်ဖရန် စစ္စကို မြို့ ကို ခရီးထွက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲသူ့ အဖေအရင်း ကကော ဘယ်သူဖြစ်မလဲဆိုတာ သိရအောင်ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ(ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)File Size : 750 MB / 330 MB Quality ...
movie

Rumor Has It… (2005)

2005
Casa Amor: Exclusive for Ladies (2015) 6.2
Casa Amor: Exclusive for Ladies (2015) Casa Amor: Exclusive for Ladies [NC-17]  ကဲဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် သောကြာနေ့လိုည မျိုးမှာ ပင်ပန်းခဲ့သမျှကို ရီမောရင်းပြေပြောက်စေဖို့အတွက် အချစ်ဟာသ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးမှာပါဝင်ထားတဲ့ မင်းသမီးကိုတော့ စီးရီးအကြိုက်ပရိတ်သတ် တွေဆိုရင်းနှီးနေကြမှာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ အလုပ်အပေါ် ရူးသွပ်စွဲလန်းလွန်းသူ ဘိုဟီး တစ်နေ့မှာတော့ ကံဇာတာတက်ပြီးအလုပ် ပရိုမိုးရှင်းအတွက်အခွင့်အရေး တစ်ခုရရှိလာပါ တော့တယ် အဲ့တာကတော့ ကုမ္ပဏီ ရဲ့ထုတ်ကုန်အသစ်ကို နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဆီကို တင်ပြမိတ်ဆက်ပေးရမှာပါ ဘဝအတွက်တက်လမ်း ကိုမြင်နေရတဲ့အတွက် ဘိုဟီးတစ်ယောက် အမှားမခံတော့တဲ့အခြေအနေမှာ ကံဆိုးစွာနဲ့ ကွန်ဒိုတစ်ခုထဲနေတဲ့ လူကြီးကစားစရာ ဆိုင်ပိုင်ရှင်နဲ့ ပါဆယ်ခြင်းမှားသွားပါတော့တယ် ကဲ ပရိတ်သတ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ကြတော့နော် တစ်ခုသတိပေးထားခြင်တာက အချစ်ဟာသဆိုပေမဲ့ Adult Scence တွေ ပေါပေါသီသီ ပါနေတာရယ် ဒိုင်ယာလော့ခ်တွေကကြမ်းတာမို့မိသားစုနဲ့မကြည့်ကြဖို့ တော့ပြောလိုက်ပါရပါရစေတော့ဗျာ   ဘာသာပြန်သူကတော့ ကိုကွန်ပိုက်ပါဗျာ  နမူနာကြည့်ရန်
movie

Casa Amor: Exclusive for Ladies (2015)

2015
Wolf Girl and Black Prince (2016) 5.8
Wolf Girl and Black Prince (2016)   သူငယ်ချင်းတွေကအတွဲကိုယ်စီနဲ့သာယာနေတဲ့အချိန် ကိုယ်က အချစ်ဆိုတာ ချိုနဲ့လားလို့ မေးယူရတဲ့လူတစ်ယောက်ဖြစ်နေရင် ဘာပဲဖြစ်ဖြစ် လူရှိန်အောင်လို့ Rsလိုလို ဘာလိုလိုညာပြောမိမယ်ထင်တာပဲနော်:P။ ဒီကားထဲက အဲရီကာလေးကလဲ အဲ့လိုလျှောက်ဖိန့်ပြီး တွေ့ကရာကောင်လေးတစ်ယောက်ပုံကို သူ့ချစ်သူပါဆိုပြီး ညာထားမိလိုက်ပါတယ်။ဖြစ်ချင်တော့ အဲ့ကောင်လေးက သူတို့ကျောင်းက စကီလေးတွေအသဲစွဲ ကောင်လေးဖြစ်နေတာကို သူမသိလိုက်တာပါပဲ။ သူ့သူငယ်ချင်းတွေက အဲ့ကောင်လေးကိုမှတ်မိပြီး အဲ့ကောင်လေးနဲ့မိတ်ဆက်ခိုင်းတော့ အဲရီကာတစ်ယောက် အကြံအဖန်ထုတ်ရပုံကိုဒီကားထဲမှာတွေ့ရမှာပါ ရှေ့လျောက် ဒီအေးတိအေးစက်ကောင်လေးရယ် အဲရီကာလေးရယ်ဘယ်လိုတွေ နှစ်ပါးသွားသလဲဆိုတာတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ဖို့တိုက်တွန်းပါရစေ။ချစ်ဖို့ကောင်းတဲ့ ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော် ပဲဖြစ်ပါတယ်)File Size : 800 MB / 400 MB Quality : Bluray 720P Running Time : 1hr 56minutes Format : Mp4 Genre :    Comedy, Drama, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw  Download Here Yoteshin Link  Download Here Bluray 720p (800 MB) Openload ...
movie


2016
I hate Luv Storys(2010)(မြန်မာစာတန်းထိုး)
I hate Luv Storys(2010)(မြန်မာစာတန်းထိုး) အချစ်ကိုယုံကြည်မှုမရှိတဲ့ကောင်လေးတစ်ယောက်ရယ် အချစ်ကိုဘာသာပြန်မှားနေတဲ့ကောင်မလေးတစ်ယောက်ရယ် လုပ်ငန်းခွင်မှာထိပ်တိုက်တွေ့ရင်း အချစ်ဆိုတာလှောင်ရယ်စရာလို့ထင်တဲ့ကောင်လေးရယ် အချစ်ဆိုတာ လူနေမှုဘ၀ပြည့်စုံမှ အချစ်လို့ထင်တဲ့ကောင်မလေးရယ် သူတို့ထင်ထားသလို အချစ်ဆိုတာ ဖြစ်မလာတဲ့ အချိန်မှာ ဘာဆက်ဖြစ်မလဲ ဇာတ်ကားရဲ့tempoအတက်အကျ ပရိတ်သတ်ကိုဆွဲဆောင်နိုင်မှုတွေပြောစရာမရှိလောက်အောင်ကောင်းပါတယ် ကုလားကားသီချင်းတွေပါနေကျဆိုပေမဲ့ ခုဇာတ်ကားထဲမှာ ထည့်သင့်တဲ့နေရာထည့်သင့်တဲ့အချိန် အားလုံး timing  ကိုက်လှပါတယ် သီချင်းထဲက သရုပ်ဆောင်ချက်တွေကလည်း ဇာတ်လမ်းရဲ့သရုပ်ဖော်ပုံစံဖြစ်နေလို့မကျော်သင့်ပါဘူး အကောင်းဆုံးကတော့မင်းသမီးရဲ့သရုပ်ဆောင်ချက်တွေကောင်းပါတယ် သူမရဲ့မျက်လုံးတွေကပဲ ဇာတ်လမ်းကိုဆွဲဆောင်နိုင်တယ်လို့ပြောရင်မမှားပါဘူး Drama comedyအမျိုးအစားဖြစ်ပါတယ် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါ IMDb rating 5,6/10 အထိရရှိထားပါတယ်။ (ဇာတ်ကားဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ Channel Myanmar ရဲ့ ပရိသတ်တယောက်ဖြစ်တဲ့ "Pyae Phyo" ပဲဖြစ်ပါတယ်။)Download or watch from Openload(900 Mb)  CM Link Small File Size(500Mb)
movie

I hate Luv Storys(2010)(မြန်မာစာတန်းထိုး)

Mourning Grave (2014) 6.1
Mourning Grave (2014) Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။ တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာ ဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ   သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ...
movie

Mourning Grave (2014)

2014
My Best Friend’s Wedding (2016) 5.1
My Best Friend’s Wedding (2016) My Best Friend's Wedding (2016)_____IMDb - 5.1/10   ဒီတစ်ခါ ဇာတ်ကားလေးကတော့ IMDb 5.1 ရရှိထားတဲ့ Romance/Comedy Chinese ဇာတ်ကားလေးဖြစ်ပါတယ် အဓိက သရုပ်ဆောင်တွေ အနေနဲ့ Ice Fantasy ဇာတ်ကားထဲက မင်းသား သရုပ်ဆောင် Shaofeng Feng နဲ့ နာမည်ကြီး တရုတ် မင်းသမီး Qi Shu တို့က သရုပ်ဆောင်ထားပါတယ်   ဇာတ်လမ်း အကျဉ်းပြောရရင် ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာရတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။တစ်နေ့ သူငယ်ချင်းကောင်လေးက တစ်ခြား ကောင်မလေးကို လက်ထပ်တော့မယ်လို့ ပြောလာတဲ့ အချိန်မှာ သူငယ်ချင်း ကောင်မလေးက မခံနိုင်ဖြစ်ပြီး သူ့သူငယ်ချင်း ကောင်လေးရဲ့ အချစ်တွေ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မရစေရဘူးဆိုပြီး ကြုံးဝါးကာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာ ထက်ရှူ့စားကြပါလို့..... ဇာတ်ကားလေးက ချစ်စရာကောင်းပါတယ် အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေးတွေ အတွက် ...
movie

My Best Friend’s Wedding (2016)

2016
Cat and Mouse (2003) 5.3
Cat and Mouse (2003) 2003 ခုနှစ်ကထွက်ရှိပြီး ပေါင်ချိန် ကျန်ကျောင်းကားကို ဟာသဘားရှင်းအနေနဲ့ရိုက်ကူးထားတဲ့ အချစ်ဟာသကား လေးကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသာကြီးကတော့ အသဲကျော် အန်ဒီပဲ ဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Zhan Zhao (Andy Lau) ဟာ ပေါင်လူကြီးမင်းရဲ့ ရုံးစာရေး ကိုယ်ရံတော် ငတိပါ တစ်နေ့မှာ သူဟာ ရုံးအားလပ်ရပ်မှာ သူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ထိုအချိန်မှာပဲ တရားသူကြီးပေါင်ကို လုပ်ကြံတဲ့ အမူတစ်ခုထွက်ပေါ်လာရာမှ ပေါင်လူကြီးမင်းကိုလုပ်ကြံမူကို Zhan Zhao (Andy Lau) ဟာ တားဆီးဖို့ကြိုးစားရင်း သူမျှော်လင့်ထားသလို ဖြစ်မလာပဲ သူငယ်လေးဟာ သောက်ကျိုးနည်း ချောတဲ့ကောင်မလေး ဖြစ်နေပြီး သူ့ကိုတိတ်တဆိတ် ကူညီပေးနေတဲ့သူဖြစ်လာတဲ့အခါမှာတော့ ..................... ဘာသာပြန်ကတော့ Chu Qiao ပါဗျ ။Download From Yoteshin Link
movie

Cat and Mouse (2003)

2003
Grown Ups 2 (2013) 5.4
Grown Ups 2 (2013) ဒီGrown ups 2 2013 ကားလေးကတော့ဟာသ မင်းသားကြီးAdam Sandlerရဲ့ 2010ကGrown ups ကားလေးရဲ့အဆက်ပါ Adam Sandlerဆိုရင်တော့ ဟာသကြိုက်ပရိသတ်ကြီးတို့မသိဘဲနေမှာမဟုတ်ပါဘူး နာမည်မသိရင်တောင်မှသူ့ကားတွေကိုတော့ရင်းရင်းနှီးနှီး တွေ့ဖူးမှာပါ ကဲအညွှန်းလေးကိုဆက်သွားရအောင် ဒီကားလေးမှာတော့Adam Sandlerဖြစ်တဲ့လန်နီဟာ သူရဲ့ဇာတိမြို့လေးမှာပြန်ပြီးနေထိုင်နေပါတယ် Grown Ups 1 မှာအသက်ကြီးကြီးအဘွားကြီးနဲ့ ယူထားတဲ့ရော့ကတော့ဒီကားမှာ သူ့မိန်းမနဲ့ကွဲပြီး ကျောင်းကားမောင်းနေပါတယ် ရော့ကို ဒီ2မှာတော့ အခန်းနည်းနည်းပဲတွေ့ရမှာပါ တခြားသူငယ်ချင်းတွေ ဖြစ်တဲ့ လန်မွန်ဆော့နဲ့မက်ကင်ဇီတို့ကလည်းကလေးတွေ လည်းကြီးပြင်းလာပြီးတော့ ဟစ်ဂင်ကတော့သူ့ရဲ့သား ဆိုပြီးတော့ ရထားနဲ့ရောက်လာခဲ့ပါတယ် တစ်နေ့မှာ လန်မွန်ဆော့ကို သူတို့ငယ်ငယ်ကခုန်ချနေကျ ချောက်ကမ်းပါးမှာခုန်ချခိုင်းဖို့သွားရင်းနဲ့ Twilightထဲက ဝံပုလွေမင်းသားဂျက်ကော့ ဖြစ်တဲ့အန်ဒီတို့အဖွဲ့နဲ့တွေ့ပြီးအရှက်တွေကွဲခဲ့ရပါတယ် ဂျက်ကော့ Taylor Launterကိုတော့ဒီထဲမှာ ပေါတော တော ကောလိပ်ကျောင်းသားအဖြစ်တွေ့ရမှာပါ အန်ဒီတို့အဖွဲ့ကိုဟစ်ဂင်ရဲ့သားဖြစ်သူကမကျေနပ် ဘဲအန်ဒီတို့နေတဲ့နေရာကိုဖျက်ဆီးခဲ့ပါတယ် အန်ဒီတို့ကလန်နီတို့လုပ်တယ်ထင်ပြီး လန်နီတို့ပါတီကို လာရောက်ဖျက်ဆီးပြီး နှစ်ဖွဲ့ချကြပုံများကို ပရိသတ်ကြီး သွားမစိဘဲကြည့်ရမှာပါ လန်နီအတွက် သတင်းဆိုးလား သတင်းကောင်းလားလို့ ပြောရမဲ့နေ့ရောက်လာပါတယ် သူ့မိန်းမမှာကိုယ်ဝန်ရှိနေ ...
movie

Grown Ups 2 (2013)

2013
Leap! (2016) 6.8
Leap! (2016) Leap! (2016)_____IMDb - 6.8/10၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ပဲရစ်မြို့တော် ။ ကောင်လေးကတော့ နာမည်ကျော် Gustave Eiffel ရဲ့အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကဇတ်ရုံမှာ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေးပြည့်စုံတဲ့ အထက်တန်းလွှာဖြစ်ရုံတင် မကပဲကြိုးစားအားထုတ်မူနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။ ပျော်ပျော်နေတတ်တဲ့ Félicie ရဲ့ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။ သူ့ရဲ့ ချစ်စရာ သူငယ်ချင်းလေး DeHaan ရဲ့ Victor နဲ့အတူပေါ့။ ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာကတော့ မှော်ဆန်တဲ့ ...
movie

Leap! (2016)

2016
Magic to Win (2011) 4.8
Magic to Win (2011)   ထူးခြားဆန်းပြားမှုတွေနဲ့ ကမ္ဘာကြီးထဲက ကိုယ်စီ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူသားတွေရဲ့စိတ်ဓာတ်နဲ့ဘဝနေထိုင်မှုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဘော်လီဘောအရှုံးကြောင့်စိတ်ညစ်နေတဲ့ ချန်မေစီတစ်ယောက် အမှတ်မထင် သူ့ရဲ့ဆရာ ပါမောက္ခကန်နဲ့တိုက်မိပီး သဘာဝလွန်မှော်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပါတယ် မှော်စွမ်းအားကို သူ့ရဲ့နေထိုင်မှုအတွက် လူငယ်ပီပီရမ်းသမ်းအသုံးချနေခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ မီးမှော်ဆရာရဲ့ မှော်အစွမ်းလုယူမှုကြောင့် မှော်အစွမ်းဆုံးရှုံးပီး ဝိညာဉ်ဘဝနဲ့ လေလွင့်နေတဲ့ မြေမှော်ဆရာလေး လင်းဖုန်းနဲ့အမှတ်မထင်တွေ့ဆုံရင်း မှော်ပညာလောကကအရှုပ်ထုပ်တွေအကြား ပါဝင်ခဲ့ရပြန်ပါတယ် အချစ်ဟာသလေးနဲ့ ထူးခြားမှုလေးတွေကို မြင်တွေ့နိုင်မှာပါ တစ်ဖက်မှာလည်း အတိတ်မှာ မိသားစုကိုဆုံးရှုံးခဲ့ရလို့ အတိတ်ကိုပြန်ရချင်ပီး ရုန်းမထွက်နိုင်တဲ့ မီးမှော်ဆရာလေးက မှော်တံခါးပေါက်ကိုဖွင့်ဖို့ မှော်ပညာရှင်တွေဆီကအစွမ်းတွေလိုက်စုပ်ရင်း သော့ချက်ကိုရှာဖွေနေခဲ့ပါတယ် ကဲ လင်းဖုန်းရဲ့ဝိညာဉ်ဘဝကို မေစီကယ်တင်နိုင်ပါ့မလား မီးမှော်ဆရာရဲ့လက်ထဲကနေရော ပြေးလို့လွတ်ကြမလား လောကမှာ ဘယ်လိုအချိန်တွေကပုံရိပ်တွေဖြစ်ပီး ဘယ်လိုအချိန်တွေကို တန်ဖိုးထားသင့်ပါသလဲ လူသားတစ်ယောက်အနေနဲ့ဖြစ်တည်လာရင် ကိုယ်ပိုင်အစွမ်းမရှိပါစေ လောကကြီးအတွက် အကျိုးပြုလုပ်ငန်းလေးတွေကို လုပ်က်ုင်ပီး လောကကြီးကို ကျေးဇူးဆပ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဟာသလေးရောပီး တင်ဆက်ထားတဲ့ကားကောင်းတစ်ကားပါ ပင်ပန်းထားသမျှတွေ အဝေးကိုခေတ္တလွှင့်ပစ်ဖို့ Magic To ...
movie

Magic to Win (2011)

2011
A Dog’s Purpose (2017) 5.2
A Dog’s Purpose (2017)   ဘေလီ လို့ ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့  ဟန်နာ တို့ ရဲ့ အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့ မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့  ဟန်နာ တို့  လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့  နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့ အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့  ဘေလီဟာ နောက်ဘ၀တစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘ၀ကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့ သူ့ ရဲ့ သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ...
movie

A Dog’s Purpose (2017)

2017
Babe (1995) 6.8
Babe (1995) ကဲ အားလုံး နောက်ကကြည့်ဖို့ 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Babe ဆိုတဲ့ ၀က်လိမ္မာ ကား လေးကိုတင်ဆက်ပေးမယ်  ဒီကားလေးက ၁၉၉၅ ခုနှစ်မှာ Best Movie Of the Year ဆုကိုရရှိခဲ့ပါတယ်တဲ့ ၁၉၉၀  ပတ်ဝန်းကျင်က မွေးခဲ့ကြတဲ့သူတွေဆို ဂျီးကပ်နေတဲ့ လေးထောင့် ဗီဒီိယို တိပ်ခွေကြီးတွေနဲ့ ကောင်းခန်းရောက်မှ တဂျစ်ဂျစ်နဲ့ လိုင်းတွေထနေတဲ့ပုံရိပ်တွေနဲ့ အတူကြည့်ရှူဖူးကြမှာပါ ကဲ ကျွန်တော် ဒီနေ့တင်ပေးမယ့် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘာတဲ့လဲဟေ့ Babe နော် ကဲအားလုံးနားထောင်ကြဗျာ ကြင်နာတတ်တဲ့ လယ်သမားကြီး ဟော့ဂတ်ဟာ ဒေသတွင်းတိရိစ္ဆာန်ပြိုင်ပွဲမှာ babe နဲ့အတူတူ ဆုရခဲ့ပါတယ်တဲ့ ကဲပရိတ်သတ်ကြီးရေ  တနေ့ ခရစ္စမတ်ပွဲမှာ တော့ ဟော့ဂတ်တယောက်နောင် နှစ်မှာလဲ babe နဲ့ အတူတူ ထပ်မံအနိုင်ရဖို့ ဘာဘာညာညာကြွားပါ တော့တယ် ကဲ ပရိတ်သတ်ကြီးရေ babe ကကော ဒီတိုင်းနေမယ် ထင်သလား ဗျ မနေပါဘူးတဲ့ ပရိတ်သတ်ကြီးရေ babe ဆိုတဲ့ သောက်ကမျင်းဝက်ဟာ သူနဲ့ အတူတူနေတဲ့ တိရိစ္ဆာန်တွေဆီက အတုယူသင်ယူဖို့ကြိုးစားသတဲ့ ပရိတ်သတ်ကြီးရေ တော်တော်  သောက်ကမျင်းတဲ့ ၀က်နော် ပရိတ်သတ်ကြီး ကဲ ပရိတ်သတ်ကြီးကော ဒီလိုသောက်ကမျင်း ၀က်တွေ့ဖူးကြလား အေး မတွေ့ဖူးရင် အခုချက်ချင်း ...
movie

Babe (1995)

1995
All Nighter (2017) 6.0
All Nighter (2017)   မာတင် ဆိုတဲ့ လူငယ်လေးဟာ တီးဝိုင်း အဖွဲ့ငယ် တစ်ခုတွင် ဘင်ဂျို တီးတဲ့ ဂီတ သမား ရိုးရိုးပေါပေါ စိတ်ထားကောင်းသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ မာတင် ရဲ့ ချစ်သူ ဂျင်းနီ ဟာ သူမ အဖေ ဖြစ်သူ မစ္စတာဂယ်လို နှင့် မာတင် အား စားသောက်ဆိုင် တစ်ခုတွင် ဆုံတွေ့၍ မိတ်ဆက်ပေးခဲ့ပါတယ်... စီးပွားရေးသမား မစ္စတာဂယ်လို နှင့် မာတင် တို့ ဟာ ယောက္ခမ နှင့် သားမက် အချိုးပြေပြေ တွေ့ဆုံမှုမဖြစ်ခဲ့ကြပါဘူး အလွဲလွဲအချော်ချော် နှင့် ပွဲပျက်ခဲ့ပါတယ်... သို့ နှင့် ထိုတွေ့ဆုံပွဲ အပြီး ၆ လအကြာမှာ မာတင် နှင့် ဂျင်းနီ တို့ဟာ လမ်းခွဲခဲ့ကြတယ်... ဇတ်လမ်းက ဒီမှာတင် ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး တစ်ရက်မှာ မာတင် ရဲ့ အိမ်ရှေ့ကို မစ္စတာဂယ်လို ရောက်လာပြီး သူ့သမီး ဂျင်းနီ ပျောက်သွားလို့ ...
movie

All Nighter (2017)

2017
Ozzy (2016) 5.6
Ozzy (2016) သူ့ရဲ့မိသားစုကအပန်းဖြေခရီးသွားတဲ့အခါ အိမ်ချစ်ခွေးလေးတစ်ကောင်ဖြစ်တဲ့Ozzy တစ်ကောင် ခွေးလေးတွေရဲ့ အကောင်းဆုံးသောအပန်းဖြေရာနေရာတစ်ခုလို့ကြေငြာထားတဲ့နေရာမှနေခဲ့ရပါတယ်....ဘာလို့လဲဆိုတော့ သူ့ကိုပါတစ်ခါတည်းခေါ်သွားလို့မရလို့ပါပဲ....တီဗွီမှာ အကောင်းဆုံးဆိုတဲ့ခွေးလေးတွေရဲ့အကောင်းဆုံးနေရာက တကယ်လည်းရောက်သွားတဲ့အခါမှာထောင်နန်းတစ်ခုသာဖြစ်တယ်ဆိုတာကို ခွေးလေး Ozzy သိလိုက်ရတဲ့အချိန်ကတော့တကယ်ကိုနောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ အဲ့ဒီခွေးထောင်လို့ပြောလို့ရမယ် နေရာမှာ သူ့လိုပဲခွေးလေးတွေအများကြီးရှိနေတာမို့လို့ပါ...ခွေးလေးတွေကို ဘာလို့ဖမ်းလဲ....ဘာလို့ဒီလိုချုပ်နှောင်ပြီးထောင်ချထားတာလဲ....အဖြေကတော့ရှင်းရှင်းလေးပါ ခွေးလေးတွေရဲ့ဇိမ်ခံနေရာလို့ကြေငြာထားပြီး ပိုင်ရှင်တွေကလာထားသွားတာနဲ့အကြောင်းအမျိုးမျိုးပြပြီးတော့ ခွေးလေးတွေကို လက်စဖျောက်ကာ ပြန်မပေးပဲထောင်ထဲထည့်တဲ့ ပိုင်ရှင်သူဌေးကြောင့်ပါ....ခွေးလေးကို ခိုင်းပြီးတော့ သူဟာ သူ့ရဲ့အလုပ်တွေကိုခိုင်းစေခဲ့ပါတယ်...အဲ တချို့ခွေးတွေဆို ထောင်ဆိုတဲ့အတိုင်း အရမ်းဆိုးလို့ တိုက်ပိတ်ခံထားရတာတွေတောင်ရှိပါတယ်....စားရတဲ့ ဟာတွေကလည်းတကယ့်ကို မသတီစရာတွေပါ...ဒါကြောင့် အိမ်မှာလိုတရနေပြီး ဇိမ်ကျနေတဲ့ ခွေးလေးOzzy တစ်ကောင်ဒီလိုဆိုးရွားလှတဲ့နေရာမှာရောက်လာတဲ့အခါနေလို့လုံးဝမရခဲ့ပါဘူး....ဘယ်လိုလုပ်ပြီးတော့ပျော်မှာလဲ...ဒီတော့ သူဘာလုပ်မလဲ ???လွယ်ပါတယ်....သူ Prison Break ကားထဲကလို နည်းလမ်းမျိုးစုံခေါင်းက ဉာဏ်ကာလာမျိုးစုံနဲ့ ထောင်ဖောက်တော့မှာပဲဖြစ်ပါတယ်...အဲ့ဒီတော့ ဒီကောင်လေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးတော့ ထောင်ဖောက်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်ဗျာ...ဒီကားလေးကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေကော တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်တဲ့သူတွေအတွက်အထူးရည်စူးပြီးတော့ တင်ဆက်ထားတာပဲဖြစ်ပါတယ်..တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်မှု့တွေ ကင်းဝေးကြပါစေ.....        Quality…..BluRay 1080pDuration…..01:30:00 Format…Mp4 File Size…1.65GB Encoder…..Moe Myint Lwin Translator…..May
movie

Ozzy (2016)

2016
Surf’s Up 2: WaveMania (2017) 4.8
Surf’s Up 2: WaveMania (2017) Rotten Tomatoes 68 percent ရထားတဲ့ 2017ခုနှစ်​ထွက်​animation,sport,comedyအမျိုးအစားကာတွန်းကား​လေးပါခင်​ဗျ နံပါတ်​တစ်​surf's up ရဲ့ဇတ်​​ကောင်​ဖြစ်​တဲ့ စွန့်​စားရတာကြိုက်​တဲ့codey ဟာ​ရေလွှာ​လျှောစီး​လောကကိုပြနိလာပြီးhang 5ဆိုတဲ့အဖွဲ့သား​တွေနဲ့အတူ ကမ္ဘ္ဘာ​ပေါ်မှာ​အကြီးမားဆုံး​ရေလှိုင်း​တွေရှ်​တဲ့tranchesဆိုတဲ့​ကမ်း​ခြေကိုရှာပုံ​တော်​ထွက်​တဲ့ကား​လေးဖြစ်​ပါတယ် ဒီကားရဲ့ထူးခြားချက်​​လေးတစ်​ခုက​တော့ အသံသရုပ်​​ဆောင်​​ပေးထားတဲ့သရုပ်​​ဆောင်​​တွေဟာနှယ်​နှယ်​ရရမဟုတ်​ပါဘူး Smackdown star​တွေဖြစ်​တဲ့john cena,triple h,undertakerတို့ဗျ.... အပြင်​မှာသာလူကြမ်းကြီး​တွေ ကားထဲမှာဘယ်​​လောက်​ခွီလဲဆိုတာ​တော့​ပြောမ​နေပါနဲ့...​ပြော​နေတာကြာပါတယ်​ မြန်​မြန်​​လေးသာ​ဒေါင်းကြည့်​ လိုက်​ကြပါ​တော့ ဒီကားကို carey nyeinမှဘာသာပြန်​​ပေးထားပါတယ်​​ File Size : 700 MB /300MB Quality :  Webdl 720P Running Time : 1hr 24minutes Format : Mp4 Genre :   Animation, Comedy, Family  Encoder : Thanhtike Z 
movie


2017
Jolly LLB 2 (2017) 7.7
Jolly LLB 2 (2017) ၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့က နေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။ ငွေလေးကြေးလေးဝင်ဖို့အ တွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝ ကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစင်္ကြံလမ်းမှာ ပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ ...
movie

Jolly LLB 2 (2017)

2017