Channel Myanmar

Comedy

Furry Vengeance (2010) 3.8
Furry Vengeance (2010) ဒီဇာတ်ကားလေးက Mummy မင်းသားကြီး Branden Fraser ရဲ့ ဟာသဇာတ်ကားလေးပါ။ အဟောင်းပေမယ့်ကောင်းလွန်းလို့ မရရအောင်လိုက်ရှာပြီး တင်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့  မင်းသားကြီး က အိမ်ခြံမြေ အကျိုးဆောင်ဆောက်လုပ်ရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့လူတစ်ဦး “ဒန်” အဖြစ်ပါဝင်ထားပါတယ်။  “ဒန်”က မိသားစုနဲ့အတူ ရော့ကီးစပင်းဆိုတဲ့ အမေရိကန်က တောကျကျနေရာလေးတစ်ခုကို ချီကာဂိုကနေ တစ်နှစ်စာချုပ်နဲ့ လာရောက် လုပ်ကိုင်နေပါတယ်။ ရော့ကီးစပင်း မှာ သိပ်လျင်သိပ်ထက်မြက်တဲ့ ရက်ကွန်းဝံတစ်ကောင်က တိရိစ္ဆာန်လေးတွေကို ဦးစီးနေရင်း သူတို့ရဲ့ တောတောင်ကို ကာကွယ်စောင့်ရှောက်နေပါတယ်။ အဲဒီနေရာလေးက မြို့ပြတည်ဆောက်ဖို့ နေရာတွေဈေးသက်သာတာကြောင့် ကုမ္ပဏီက မျက်စိကျနေပါတယ်။ ဒါကြောင့် မြို့ပြတည်ဆောက်ဖို့အကြံနဲ့ ဒန့်ကို ရာထူးတိုးပေးပြီး လေးနှစ်စီမံကိန်းစဖို့ ကြံစည်လာပါတော့တယ်။ အဲဒါကို ရက်ကွန်းဝံလေးကကြားပြီး မင်းသားကို ရှေ့ဆက် မလုပ်နိုင်အောင် ပညာတွေပြပါတော့တယ်။ မာမီတွေနဲ့တုန်းက ကြမ်းခဲ့အစွမ်းပြခဲ့သမျှ တိရိစ္ဆာန်လေးတွေနဲ့ကျမှ ဘယ်လောက်တောင် ပညာပြခံရတယ်ဆိုတာ  ပျော်ပျော်ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ တိရိစ္ဆာန်လေးတွေရဲ့ ...
movie

Furry Vengeance (2010)

2010
Planet Single (2016) 7.1
Planet Single (2016)   ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ပိုလန်ဟာသဇာတ်မြူးလေးပါ Tomek ဆိုတဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ တီဗီအစီစဉ်တင်ဆက်သူက ပါဖက်ဖြစ်တဲ့ဖူးစာရှင်ကို အွန်လိုင်းဝက်ဆိုဒ်ပေါ်မှာရှာဖွေနေတဲ့ အင်္ဂလိပ်စာဆရာမအပျိုကြီး Ania နဲ့ ဆုံတွေ့ခဲ့ပါတယ် မိန်းမတိုင်းကလိုချင်ကြပြီး ယောက်ျားတိုင်းက သူ့လိုဖြစ်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ Tomek က သူ့အတွက် Ania ကြွေအောင်လုပ်ဖို့ လွယ်ကူမယ်လို့ထင်ခဲ့ပြီး သူ့ရဲ့နောက်ထပ်ပရိုဂရမ်မှာ Ania ကိုရယ်အောင်လုပ်ဖို့ ရုပ်သေးပွဲတစ်ခုလုပ်ပေးခဲ့ပါတယ် ဒီတော့ Ania ကTomek အပေါ်အထင်ကြီးပြီးကြွေသွားမလား ဒါမှမဟုတ် သူရှာနေတဲ့အွန်လိုင်းကရည်းစားကိုရော ရှာတွေ့ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်လေးတွေနဲ့ ခပ်မြူးမြူးလေးရိုက်ပြထားပါတယ် ဟာသချစ်ပရိတ်သတ်တွေ တကယ်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ အားပေးကြပါဦး  File Size : (800 MB) and (430MB) Quality : Bluray 720p Running Time : 2hr 15minutes Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hardsub) Encode By ...
movie

Planet Single (2016)

2016
[18+] Mr. & Mrs. Player (2013) 5.3
[18+] Mr. & Mrs. Player (2013) အတည်တကျ အချစ်တစ်ခုကိုဘယ်တော့မှ မဆောက်တည်ဘဲ နာမည်ယူ အသည်းခွဲလုပ်နေတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားကာဆန်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်မလေးချီလင်းကို မြင်မြင်ချင်းပဲ ကြွေကျမြေခသွားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ အနေအထိုင်အမူအကျင့်တွေမတူညီကြတဲ့အခါမှာ အချစ်က မစရသေးဘူး..အဆုံးသတ်ရမလိုတွေဖြစ်လာတဲ့အခါ...။ချီလင်းဟာ ကာဆန်ကိုသူနဲ့အတူလာနေဖို့ခေါ်ပါတယ်။ဒါပေမယ့် ဒီအတိုင်းတော့မဟုတ်ပါဘူး...ရက်တစ်ရာတိတိ ဘယ်မိန်းမနဲ့မှ ဘာညာ ဘာညာတွေ မလုပ်ပါဘူးဆိုတဲ့ ကတိနဲ့ပါ။ဒီကတိကို ကာဆန်တစ်ယောက်တည်နိုင်မလား သူတို့ရဲ့ အချစ်လမ်းခရီးဟာဘာတွေဖြစ်လာမလဲဆိုတာကိုတော့....။ဇာတ်ကားထဲက မင်းသမီးတွေက ပေါက်စီတွေချည်းလှိမ့်ပိတ်ရောင်းနေလို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ ညီကိုတို့။(ရုပ်ရှင်အညွှန်းကို Han Htoo Zaw မှတင်ဆက်ပါသည်။)  File Size…(800MB) and (310MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Missy Win   
movie

[18+] Mr. & Mrs. Player (2013)

2013
The Hippopotamus (2017) 6.4
The Hippopotamus (2017)   ဒါကတော့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ The Hippotamus ဆိုတဲ့ comedy မျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် သတင်းစာတိုက်မှာအလုပ်လုပ်နေရတဲ့ ကဗျာဆရာ တက်ဒ်ဝေါလေ့စ်ကဆိုရင် ဝီစကီကိုအရမ်းနှစ်ခြိုက်တဲ့သူပါ တနေ့သူအလုပ်ပြုတ်သွားပြီးပိုက်ဆံမရှိလို့ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရည်းစားဟောင်းရဲ့သမီး ဂျိမ်းက သူ့ဆီရောက်လာပြီး အလုပ်တစ်ခုလာအပ်ပါတယ် ဂျိမ်းမှာသွေးကင်ဆာရှိနေပြီး သိပ်မကြာခင်သေဆုံးတော့မယ်လို့ဆရာဝန်တွေက ပြောပါတယ် ဒါပေမယ့် ဂျိမ်းကသူ့ဦးလေးမိုက်ကယ်လိုဂန်ပိုင်တဲ့ ဆွာ့ဖော့မှာနေခဲ့စဉ်က သူ့ရောဂါကို ကုသမှုခံယူခဲ့ရတဲ့ အံ့ဖွယ်ကိစ္စတွေရှိနေတယ်လို့ ပြောပါတယ် တက်ဒ်ကိုစရန်ငွေ ဒေါ်လာ ၂၅၀၀၀ ပေးပြီး အံ့ဖွယ်ကိစ္စတွေကို စုံစမ်းဖို့ စေလွှတ်လိုက်ပါတယ် တက်ဒ်ဟာ တစ်ချိန်က မိုက်ကယ်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် မိုက်ကယ့်ညီမရဲ့ရည်းစားဟောင်းလဲဖြစ်နေပါတယ် ဒီတော့ မိုက်ကယ်က တက်ဒ်အပေါ်ဘယ်လိုသဘောထားတွေရှိနေမလဲ တက်ဒ်တစ်ယောက် ဆွာ့ဖော့မှာ နေဖို့ဘယ်လိုကြိုးစားရမလဲ တက်ဒ်က သူဖော်ထုတ်စုံစမ်းရမယ့်အံ့ဖွယ်ကိစ္စတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတာပါ ဘယ်လိုအံ့ဖွယ်တွေတွေ့ရမှာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ ဒီဇာတ်ကားထဲမှာ အခုဖော်ပြထားတဲ့ ကာရိုက်တာတွေအပြင် တခြားအဓိကကာရိုက်တာတွေလဲ ပါဝင်ထားပါသေးတယ် အဲဒါတွေကိုတော့ အရသာပျက်သွားမှာစိုးလို့မပြောပြတော့ပါဘူး ...
movie

The Hippopotamus (2017)

2017
20 Once Again (2015) 6.7
20 Once Again (2015) FOD မင်းသားလေး လုဟန်ရဲ့ဇာတ်ကားလေးပါ။ ဒီကားလေးထဲမှာ “မောက်ကျင်း” ဆိုတဲ့မိန်းကလေး တစ်ဦးတည်းသောသားလေးကို မုဆိုးမဘ၀နဲ့ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်လာခဲ့တာ သားလေးတောင် တက္ကသိုလ်က ပါမောက္ခဖြစ်လို့ အဘွားအိုအရွယ်တောင် ရောက်လာခဲ့ပါပြီ။ စိတ်ရင်းကောင်းမွန်ပေမယ့် အဘွားကြီးပီပီ ပြစ်တောက်တောက် အပြောတွေကြောင့် ချွေးမမှာ စိတ်ဆင်းရဲနေတယ်။ တစ်နေ့တော့ သူ့ချွေးမရဲ့ကျန်းမာရေးအခြေအနေအရ အဘွားမောက်ကျွင်းကို ဘိုးဘွားရိပ်သာ ပို့ရတော့မယ့် အခြေအနေ ရောက်လာပါတယ်။ ဒီအတွက် ပူဆွေးဝမ်းနည်းနေတဲ့အဘွားအို နောက်တစ်နေ့နိုးလာချိန်မှာ သူရဲ့အလှပဆုံးအချိန်တွေဖြစ်တဲ့ အသက် ၂၀ အရွယ်ကို ပြန်ရောက်သွားတဲ့ အခါမှာတော့……… ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ  လူတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ အပယ်ခံလိုဖြစ်လာတတ်ပါတယ်။ အခက်အခဲများစွာဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ ဘ၀အတွေ့အကြုံအများအရ ဘ၀နေကွယ်ချိန်မှာ နောင်တရတတ်သူများရှိသလို နောင်တမရဘဲ ကောင်းမွန်စွာဖြတ်သန်းခဲ့ရသူများလည်း ရှိကြပါတယ်။ အပယ်ခံဘ၀ရောက်ပြီးမှ သင်ရော အသက်၂၀ အရွယ်ကို ဘ၀ကိုဘယ်လိုပြန်စချင်ပါသလဲ ဒီအဘွားရော ဘယ်လိုပြန်စမယ်ထင်လဲ အချစ်ရေးလား စီးပွားရေးလား နဂိုမိသားစုအရေးလား ကိုယ့်အတွက်ဖြတ်သန်းမလား သူများအတွက်ဖြတ်သန်းမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်...Quality…..BluRay 1080p Duration…..02:11:00 Format…Mp4 File Size…(923 MB , 421 ...
movie

20 Once Again (2015)

[18+] Mother’s Friend (2015)
[18+] Mother’s Friend (2015)   ကဲနောက်ထပ်လူကြီးကားတစ်ကားလေးပါ။ ဒီတခါတော့ကိုးရီးယားဖက်လှည့်တာပေါ့။ ဇာတ်လမ်းကတော့ကောင်းတယ်ဗျို့။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားလေးချွဲစူဟာသူမျှော်မှန်းတက္ကသိုလ်ကျောင်းသားဘ၀ကိုရတော့မယ်ဆိုပြီး အားကုတ်ကြိုးပမ်းနေချိန်မှာမမျှော်လင့်ဘဲ အိမ်တွင်းရေးပြဿနာကြောင့်အိမ်ပါဆုံးရှုံးသွားပြီး မိခင်ဖြစ်သူကသူ့ရဲ့သူငယ်ချင်းဖြစ်သူထံခေတ္တအပ်နှံခဲ့ရပါတယ်။ လူပျိုပေါက်ကအရွယ်ကျောင်းသားဖြစ်သူနဲ့အပျိုကြီးမမတို့ပဲနေတဲ့အိမ်လေးဟာတော့အချိန်တွေကြာလာတာနဲ့ အမျှလူပျိုပေါက်လေးအတွက်ခက်ခဲလာတာပါပဲ။ အကြောင်းအရင်းကတော့သူ့အမေသူငယ်ချင်းအပျိုကြီးကြောင့်ပါပဲ။ အဲတော့ဘာတွေဘယ်လိုကြောင့်ဇာတ်လမ်းတွေဖြစ်ခဲ့လဲ။ အပျိုကြီးမမကရောဘယ်လိုပုံစံမျိုးလဲ ။နောက်ဆုံးအဆုံးသတ်မှာဘယ်လိုပြီးဆုံးသွားမလဲဆိုတာတော့၁၈ယောက်စုပြီးကြည့်လိုက်ကြပါဦး။ ဇာတ်ကားကလည်းကောင်းသလိုမင်းသမီးကလည်းလန်းပါတယ်။ ကိုရီးယားကားတွေတော်တော်များများလိုပဲဟာသလေးတွေဘာလေးတွေ အရောအနှောတင်ဆက်ထားတဲ့အတွက်ကြည့်လို့ကောင်းပါတယ်။ 18+အခန်းတွေဖောဖောသီသီပါတဲ့အတွက်ကြောင့်မိသားစုနဲ့မကြည့်သင့်ပါဘူး။ 18+ဆိုတော့18+အတွက်ပေါ့နော့်(ပြောလည်းရတာမှမဟုတ်တာ:3)။ခွီရင်းကြည့်လိုက်ကြပါဦး။   (ဘာသာပြန်သူကတော့ အဘဖရိုင်းဒေးပါ)  File Size : (650 MB) and (240 MB) Quality : HDRip 720p Running Time : 1hr 20minutes Format : Mp4 Genre : Drama, Comedy,Adult Translated By A Ba Friday's Encode By Berry Htike 
movie

[18+] Mother’s Friend (2015)

[18+] Wrestling (2014)
[18+] Wrestling (2014) ကိုရီးယား Comedy ဇာတ်ကားဖြစ်ပေမယ့် Nudity တွေ အများကြီးပါတာကြောင့် အရွယ်ရောက်ပြီးသူများသာ ကြည့်သင့်ပါတယ်။Sex is zero ဇာတ်ကားထဲက မင်းသား Choi Seong-guk ကအဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးနှစ်လက်ကတော့ ကိုရီးယား Erotic ဇာတ်ကားတွေမှာ ပါနေကြဖြစ်တဲ့ Song Eun-Chae နဲ့  Ha Na-Kyung တို့ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မင်းသားက ထန်ဂိုဏ်းက ။ အဲဗားထန်နေတာ...။ကျောင်းဆရာဖြစ်ပေမယ့် ဇာတ်ရှုပ်တွေလဲ လုပ်သေးတယ်။ထန်ချက်ကလဲ တပည့်မလေးတောင် အလွတ်မပေးချင်သူပါ....သူတို့ရဲ့ထန်ကျောင်းကို Sexy ကျကျ ကျောင်းဆရာမအသစ်တစ်ယောက် ထပ်ရောက်လာတဲ့အခါ ထန်ဂိုဏ်းဝင် ကျောင်းဆရာလူပျိုကြီးတွေ ဘယ်လို ချဉ်းကပ်ကြမယ်..ဘယ်လိုတွေသောင်းကျန်းကြမယ်ဆိုတာ...။  File Size...(800MB) and (270MB) Quality...HD-Rip 720p Format...mp4 Duration...01:25:00 Subtitle...Myanmar Subtitle(Hardsub) Encoder...Nyeinsaeya Aung Translated by Saw Wunna  
movie

[18+] Wrestling (2014)

Going in Style (2017) 6.6
Going in Style (2017) Going in Style (2017)_______IMDb - 6.6/10    ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ)   File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie

Going in Style (2017)

2017
200 Pounds Beauty (2006) 6.8
200 Pounds Beauty (2006) 200 Pounds Beauty (2006)_____IMDb - 6.8/10    ဒီနေ့လဲ IMDb Rating (6.8) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက တချို့လဲကြည့်ဖူးလောက်ပြီ တချို့လဲမေ့နေလောက်ပြီ တချို့လဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ။ ကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။ ၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို ...
movie

200 Pounds Beauty (2006)

2006
At War For Love (2016) 7.1
At War For Love (2016) ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင် အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ … ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက် ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ… ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော… ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်... ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်... စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ…… နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်… ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ… စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး… စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ… သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်…… အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ...Quality…..BluRay 720p Duration…..01:39:00 Format…Mp4 File Size…(807 MB , 302 MB) Translator…..May Thazin Myint Encoder…..Moe Myint LwinDownload with Yoteshin Link Download with CM Cloud Download with Openload  Download with Openload (Small Size)
movie

At War For Love (2016)

2016
Bedtime Stories 2008 6.1
Bedtime Stories 2008 အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက   ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို”  စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။   ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့  ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie

Bedtime Stories 2008

2008
Our School E.T (2008)
Our School E.T (2008) ဇာတ်လမ်းအညွှန်း =========== 2008 ခုနှစ်က ထွက်ရှိခဲ့ ပြီး IMdb 6.2 ရထားတဲ့ ကိုရီးယား ဟာသကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပျိုမေတွေရဲ့ အသဲစွဲ မင်းသားကြီးဖြစ်ပြီး တခြား မင်းသားမင်းသမီးတွေကလည်း ပရိတ်သတ်ကြီးနဲ့သိပ်မစိမ်းလှတာမို့ ဇာတ်ကား ကောင်းလားမကောင်းလားဆိုတာကို ခန့်မှန်းမိကြမှာပါ ကဲလေတောင်တော်တော် ရှည်သွားပြီဗျာ ဇာတ်လမ်းအကျဉ်းလေးကတော့ အထက်တန်းကျောင်းမှာ နှစ်ပေါင်းများစွာ GYM နည်းပြလုပ်လာခဲ့တဲ့ ဆိုးဂန်း တယောက် တနေ့မှာတော့ဆရာလိုအပ်ချက်အရ သူမကျွမ်းကျင်တဲ့ အင်္ဂလိပ်စာ ကိုသင်ပြပေးဖို့အတွက် အကြောင်းဖန်လာတဲ့အခါမှာတော့ ဆိုးဂန်းတယောက် ဘယ်လိုများအခက်အခဲတွေ ကျော်ဖြတ်မလဲ ဘယ်လိုအလွဲတွေနဲ့များ ကြုံရမလဲဆိုတာတွေကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ကြရမှာပဲဖြစ်ပါတယ် ယခု ဇာတ်ကားလေးကို ဘာသာပြန် သူကတော့ မင်းပြည့်စုံဖြစ်ပြီး သူ ချစ်နေတဲ့တယောက်သောသူ မွေးနေ့အတွက် ဘာသာပြန်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ဇာတ်ကားအညွန်းကိုတော့ ရွေစည်းခုံဘုရားမှာ သွားရောက်ဖူးမျှော်ရင်းရေးသားခဲ့တာပါ ???? ဇာတ်ကားက ၂ပိုင်းဗျနော် လင့် တွေမယ် ၁ နဲ့ ၂ ပြထားတယ်ဗျ File size…(230MB) ...
movie

Our School E.T (2008)

The Edge of Seventeen (2016) 7.4
The Edge of Seventeen (2016)  ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာတွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝအလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)  File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
movie

The Edge of Seventeen (2016)

2016
Once Upon a Time in Venice (2017) 5.3
Once Upon a Time in Venice (2017)   ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)  File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw 
movie


2017
The DUFF (2015) 6.5
The DUFF (2015)   ဒီတစ်ခါတော့ comedy ကြိုက်တဲ့သူတွေအတွက် ဇာတ်မြူးလေးပါ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ The Duff ဆိုတဲ့ movie လေးပါ ဒီဇာတ်ကားထဲမှာတော့ ဘီယမ်ကာဆိုတဲ့ စာကြမ်းပိုးမလေးနဲ့ အရမ်းလန်းအရမ်းဟော့တဲ့ ဂျက်စ်နဲ့ကေဆီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ ဘီယမ်ကာဟာ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ duff ဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ် ဘီယမ်ကာရဲ့ငယ်သူငယ်ချင်း ခပ်ဟော့ဟော့ဘောလုံးအသင်းခေါင်းဆောင် ဝက်စလေက သူ့ကိုပြောပြတဲ့အခါ ဘီယမ်ကာတစ်ယောက် အတော်စိတ်အနှောက်အယှက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေရဲ့ duff အဖြစ်မနေနိုင်တော့ဘဲ သူကြိတ် crush နေတဲ့ကောင်လေး တိုဘီကိုဖွင့်ပြောရဲဖို့ကြိုးစားပါတော့တယ် ဒါကို ဝက်စလေကကူညီပေးခဲ့ပါတယ် အဲဒီအတောတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို ဟာသနှောပြီးရိုက်ထားတာပါ နောက်ဆုံးမှာတော့ စာကြမ်းပိုးလေးဘီယမ်ကာတစ်ယောက် လှလာပြီးသူ့ crush ရဲ့ အချစ်ကိုတကယ်ပဲရမလားဆိုတာကိုတော့ စောင့်ကြည့်ကြပါလို့   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်) File Size : (750 MB) and (300 MB) Quality : 720p Bluray Running ...
movie

The DUFF (2015)

2015